HomeEntertainmentFilmပထမဆုံးထွေလာ ထွက်ရှိလာတဲ့ Teen Wolf: The Movie

ပထမဆုံးထွေလာ ထွက်ရှိလာတဲ့ Teen Wolf: The Movie

ရုပ်ရှင်ချစ်ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ Teen Wolf ဇာတ်လမ်းတွဲကတော့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲ ပြီးဆုံးသွားပြီး ငါးနှစ်ခန့်ကြာတဲ့ အချိန်မှာတော့ ရုပ်ရှင်တစ်ကား ထပ်မံထွက်ရှိလာဦးမှာ ဖြစ်ပြီး ယခုအချိန်မှာတော့ ပထမဆုံး ထွေလာလည်း ထွက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ မူလသရုပ်ဆောင်တွေ အားလုံးနီးပါး ပြန်လည်ပါဝင်ထားပြီး Stiles အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Dylan O’Brien တစ်ယောက်ပဲ ပြန်လည်မပါဝင်တာ ဖြစ်ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ကိုတော့ ဇာတ်လမ်းတွဲအပြီး (၁၃)နှစ်အကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ အံ့အားသင့်စရာကတော့ Season 3 မှာ သေဆုံးသွားခဲ့တဲ့ Allison လည်း ပြန်လည်ပါဝင်ထားတာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဇာတ်လမ်းအကျဉ်းကို မသိရသေးပေမယ့် ထွေလာထဲမှာ မြင်တွေ့ရသလောက်ဆိုရင်တော့ Allison ဟာ တစ်နည်းနည်းနဲ့ ပြန်လည်ရှင်သန်လာပြီး မူလဇာတ်ကောင်တွေကို တိုက်ခိုက်နေပါတယ်။

မကြာသေးခင်ကပဲ Paramount+ ဟာ ဒီရုပ်ရှင်ရဲ့ ပထမဆုံးထွေလာကို ထုတ်ပေးလိုက်ပါတယ်။ ဒီထွေလာထဲမှာတော့ Allison ဟာ သူမရဲ့ရည်းစားဟောင်းဖြစ်တဲ့ Scott ကိုတောင် မမှတ်မိတော့ဘဲ တိုက်ခိုက်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် Allison ရဲ့ ဖခင်ကိုယ်တိုင်ကတောင် သူမဟာ တကယ့် Allison မဖြစ်နိုင်ဘူးလို့ ပြောသွားပါတယ်။ ဒီထွေလာကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

ထွေလာထဲမှာ မြင်တွေ့ရသလောက်ဆိုရင်တော့ Allison ဟာ ဒီဇာတ်လမ်းရဲ့ အဓိကသော့ချက် ဖြစ်နေပြီး Scott နဲ့ Allison ရဲ့ဖခင် Chris တို့ဟာ ဒီကိစ္စရဲ့အမှန်တရားကို ဖော်ထုတ်ဖို့ Beacon Hills ကို ပြန်ရောက်လာကြပါတယ်။ ဒါကြောင့်ပဲ ဒီထွေလာထဲမှာ မြင်တွေ့ခဲ့ရတဲ့ Allison ဟာ တကယ့် Allison အစစ်လား၊ အခြားတစ်ခုခုက သူမအယောင်ဆောင်ထားတာလား ဆိုတာတော့ ရုံတင်မှပဲ သိရှိရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၆)ရက်နေ့မှာ Paramount+ ကနေ ပြသသွားမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular