HomeEntertainmentFilmTerminator 2 ထဲက T-1000 အကြောင်း ပရိသတ်အများစု မသိလောက်သေးတဲ့အချက်များ

Terminator 2 ထဲက T-1000 အကြောင်း ပရိသတ်အများစု မသိလောက်သေးတဲ့အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဒါရိုက်တာ James Cameron ရဲ့ နာမည်ကျော်လက်ရာ ဖြစ်တဲ့ Terminator ဇာတ်ကားတွေဟာ အက်ရှင်ပရိသတ်တွေအတွက် အကြိုက်ဆုံးစာရင်းဝင် ဇာတ်ကားတွေ ဖြစ်ပါတယ်။ ဒီထဲကမှ Terminator 2: Judgement Day ဇာတ်ကားထဲမှာတော့ ပရိသတ်တွေ နှစ်သက်ခဲ့ရတဲ့ ဗီလိန်တစ်ယောက် ပါဝင်ခဲ့ပါတယ်။ Robert Patrick သရုပ်ဆောင်ထားတဲ့ T-1000 android စက်ရုပ်ဟာ ရုပ်ရှင်သမိုင်းမှာတော့ အထင်ကရ ဗီလိန်စာရင်းထဲမှာပါ ပါဝင်ခဲ့တာပါ။

Terminator ဇာတ်ကားတွေ တစ်ကားပြီးတစ်ကား အသစ်ထွက်ရှိလာတာနဲ့အမျှ စမ်းသပ်မှုအသစ်တွေနဲ့ Terminator မော်ဒယ်လ်အသစ်တွေ ပါဝင်လာပေမယ့် T-1000 ကတော့ ပရိသတ်ကြားထဲမှာ အထင်ကရအဖြစ်ဆုံးပါပဲ။ ဒီဇာတ်ကောင်နဲ့ ပတ်သက်လို့ ပရိသတ်အများစု မသိလောက်သေးတဲ့ စိတ်ဝင်စားစရာအချက်တွေကတော့ …

သူ့ရဲ့ သားရဲတိရစ္ဆာန်လို အပြုအမူ ဖြစ်ပေါ်လာပုံ
Photo via screenrant

T-1000 ဟာ အမဲလိုက်၊ သတ်ဖြတ်တဲ့ မုဒ်ကို ပြောင်းလဲလိုက်ချိန်မှာတော့ လူသားတွေရဲ့ အပြုအမူတွေကို ဘေးချိတ်လိုက်ပြီး သားရဲတစ်ကောင် အမဲလိုက်နေသလိုပဲ လှုပ်ရှားပြုမူပါတော့တယ်။ ဒါဟာ ဒါရိုက်တာ James Cameron နဲ့ သရုပ်ဆောင် Robert Patrick တို့ တိုင်ပင်ပြီး ထည့်သွင်းထားတဲ့ အသေးစိတ်ကျမှုတစ်ခု ဖြစ်ပါတယ်။ T-1000 ဟာ စက်ရုပ် သိပ်မဆန်သလို T-800 လောက်လည်း မနှေးကွေးပါဘူး။ သူဟာ သွက်လက်လျင်မြန်စွာနဲ့ လှုပ်ရှားနိုင်သူ ဖြစ်ပါတယ်။

ဒီဇာတ်ကားထဲက မင်းသား Robert Patrick ရဲ့ သရုပ်ဆောင်မှုဟာ တကယ်တော့ သိန်းငှက်ရဲ့ ခေါင်းလှုပ်ရှားမှုကို မှီငြမ်းပြီး ရယူထားတာ ဖြစ်ပါတယ်။ T-1000 ရဲ့ အနောက်ကို လှည့်ကြည့်ပုံတွေ၊ ပစ်မှတ်နောက်ကို လိုက်တဲ့ပုံစံတွေဟာ သိန်းငှက်တစ်ကောင်ရဲ့ ခေါင်းလှုပ်ရှားမှုအတိုင်း ဖြစ်နေတာကို တွေ့ရမှာပါ။ ဒါ့အပြင် သူ့ရဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေနဲ့ ကိုယ်နေဟန်ထားကတော့ ငါးမန်းတွေရဲ့ တည်ငြိမ်တဲ့ လှုပ်ရှားမှုကနေ ရယူထားတာ ဖြစ်ပါတယ်။

မျက်တောင်လုံးဝမခတ်ပါဘူး။
Photo via screenrant

ဒီဇာတ်ကောင်အတွက် Robert Patrick ဟာ အထူးလေ့ကျင့်မှုတစ်ခုအနေနဲ့ မျက်တောင်လုံးဝမခတ်မိအောင် လေ့ကျင့်ခဲ့ရတယ်လို့ သိရပါတယ်။ အေးတိအေးစက်နဲ့ တွက်ချက်မှုတွေပဲ သိတဲ့ android တစ်ရုပ်အတွက် သေနတ်သံ ကြားရသည်ဖြစ်စေ၊ သေနတ်ပစ်လိုက်သည်ဖြစ်စေ သေသေချာချာ သတိထားကြည့်ရင် လုံးဝမျက်တောင်မခတ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒါတင်မက Arnold သရုပ်ဆောင်ထားတဲ့ T-800 ကို နောက်က ကားနဲ့လိုက်တဲ့အခန်းနဲ့ ရင်ဆိုင်တိုက်ခိုက်ကြတဲ့ အခန်းတွေမှာလည်း T-1000 ဟာ လုံးဝမျက်တောင်မခတ်ပါဘူး။ ရှားရှားပါးပါး ရဲသားတစ်ယောက်အဖြစ် ဟန်ဆောင်ထားချိန်မှာသာ မျက်တောင်ခတ်သွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

T-1000 အရည်ပျော်သွားတဲ့အခန်းဟာ CGI မဟုတ်ပါဘူး။
Photo via screenrant

အေးခဲပြီး တစစီပြိုကွဲသွားပြီးနောက်မှာတော့ သံစက်ရုံထဲက အပူချိန်ကြောင့် T-1000 ပြန်လည်ဖွဲ့စည်း ပုံပေါ်လာတဲ့အခန်းကို မှတ်မိကြဦးမယ် ထင်ပါတယ်။ T-1000 ရဲ့ ခန္ဓာကိုယ် အရည်ပျော်ကျနေတဲ့အခန်းကိုတော့ အများစုဟာ CGI လို အထူးပြုလုပ်ချက်တွေနဲ့ ရိုက်ကူးထားတယ်လို့ ထင်မိကြပါလိမ့်မယ်။ တကယ်တမ်းမှာတော့ Terminator 2 ဟာ အဲဒီအချိန်ကာလရဲ့ ရုပ်ရှင်လောကမှာ အထူးပြုလုပ်ချက်တွေနဲ့ ပတ်သက်လို့ လုံးလုံးလျားလျား ပြောင်းလဲတော်လှန်ပစ်ခဲ့တာတွေ ရှိပါတယ်။

ဒီဇာတ်ဝင်ခန်းရဲ့ နောက်ကွယ်က အမှန်တရားကတော့ CGI သုံးထားတာ မဟုတ်ဘဲ ကုန်ကျစရိတ်သက်သာစွာနဲ့ လက်တွေ့ကျတဲ့ effect ကိုသာ အသုံးပြုထားပါတယ်။ T-1000 ရဲ့ အရည်ပျော်ကျသွားတဲ့ သတ္ထုရည်ပုံစံမျိုး ရရှိဖို့ မာကျူရီအရည်ကို အသုံးပြုထားပြီး အားပြင်းတဲ့ dryer နဲ့ အရည်အိုင်လေးတွေ ကွဲထွက်သွားအောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အဲဒီနောက် အတည့်ရိုက်ကူးပြီးသား ဇာတ်ဝင်ခန်းကို နောက်ပြန်ရစ်တဲ့ effect နဲ့ T-1000 ပြန်လည်ဖွဲ့စည်းလာပုံကို ဖန်တီးထားတာ ဖြစ်ပါတယ်။

သတ္ထုစက်ရုံထဲမှာ ချွေးလုံးဝမထွက်တဲ့ နောက်ကွယ်က လျှို့ဝှက်ချက်
Photo via screenrant

မပြောပလောက်ဘူးဆိုပေမယ့် အသေးစိတ် တိကျတဲ့အချက်တစ်ခုကတော့ ဒီဇာတ်ကားရဲ့ ဇာတ်သိမ်းကာနီး သတ္ထုစက်ရုံထဲက အခန်းမှာတော့ T-1000 အဖြစ် သရုပ်ဆောင်ထားတဲ့ Robert Patrick ဟာ လုံးဝချွေးမထွက်တာကို သတိပြုမိရင် သိနိုင်ပါလိမ့်မယ်။ ဒီလိုပူလောင်နေတဲ့ သတ္ထုစက်ရုံထဲမှာ သရုပ်ဆောင်ကို ချွေးမထွက်အောင် ပြုလုပ်ထားပေးနိုင်တဲ့ နောက်ကွယ်မှာ လျှို့ဝှက်ချက် ရှိပါတယ်။ အဲဒါကတော့ အဲဒီစက်ရုံဟာ တကယ် ပူအိုက်မနေလို့ပါပဲ။

စက်ရုံထဲက ပူလောင်နေတဲ့ သံရည်ပူတွေနဲ့ သတ္ထုတွေကို ပြသတဲ့အခန်းမှာ တကယ်တော့ မီးအလင်းအမှောင်နဲ့ အသေးစိတ်ကျတဲ့ နောက်ခံရိုက်ကွင်း ပြင်ဆင်မှုတွေကို အသုံးပြုပြီး ကြည့်ရှုသူတွေအနေနဲ့ ပူလောင်နေတယ်လို့ ထင်ရအောင် လှည့်စားထားတာ ဖြစ်ပါတယ်။

တကယ်ကတော့ စက်ရုံထဲမှာ အေးတောင်အေးနေတဲ့အတွက် Sarah Connor အဖြစ် သရုပ်ဆောင်တဲ့ Linda Hamilton နဲ့ John Connor အဖြစ် သရုပ်ဆောင်တဲ့ Edward Furlong တို့ကို ချွေးထွက်နေတဲ့ ပုံစံဖြစ်အောင် စပရေးနဲ့ မှုတ်ပြီး ချွေးအတုတောင် ဖန်တီးပေးခဲ့ရတယ်လို့ သိရပါတယ်။

Terminator တွေဟာ အချင်းချင်း စကားမပြောကြပါဘူး။
Photo via screenrant

အက်ရှင်ကားတွေရဲ့ ထုံးစံအတိုင်းဆိုရင်တော့ ဇာတ်လိုက်နဲ့ ဗီလိန်တို့ဟာ အချင်းချင်း ထေ့ငေါ့တာတွေနဲ့ စကားနာထိုးတာမျိုးတွေ ပါဝင်ရမှာပါ။ ဒီလိုအပြန်အလှန် ငြင်းခုန်မှုမျိုး ထည့်သွင်းပေးလိုက်ခြင်းအားဖြင့် ဇာတ်လိုက်နဲ့ ဗီလိန်ဆိုတဲ့ ဇာတ်ကောင်နှစ်ခုကို ပိုပြီးထင်ထင်ရှားရှား ကွက်ကွက်ကွင်းကွင်း မြင်ရမှာ ဖြစ်ပါတယ်။ သို့သော်လည်း Terminator 2: Judgement Day ထဲမှာတော့ ဒီဖော်မြူလာကို ချိုးဖြတ်ထားပါတယ်။

T-1000 ဟာ T-800 ကို စကားတစ်လုံးမှ မပြောသွားတာကို သတိထားကြည့်ရင် သိနိုင်ပါလိမ့်မယ်။ တစ်ကားလုံးမှာ T-800 က သူ့ရဲ့ ပြိုင်ဘက်ကို တစ်ခွန်းတည်း ပြောပြီး နာမည်ကြီးခဲ့တဲ့ ဒိုင်ယာလော့ခ်ကတော့ “Hasta la vista, baby” ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ T-1000 ဟာ အေးခဲသွားပြီ ဖြစ်တဲ့အတွက် သူပြောတဲ့စကားကိုလည်း ကြားလိုက်ပုံ မရပါဘူး။

ဒါကတော့ Terminator 2: Judgement Day ထဲက T-1000 နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာအချို့ပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ အမှတ်ရနေတဲ့ ဇာတ်ဝင်ခန်းလေးတွေ ရှိရင်လည်း ပြန်လည်ဆွေးနွေးပေးခဲ့ပါဦး။

Glasgow
(Zawgyi Version)

ဒါရိုက္တာ James Cameron ရဲ့ နာမည္ေက်ာ္လက္ရာ ျဖစ္တဲ့ Terminator ဇာတ္ကားေတြဟာ အက္ရွင္ပရိသတ္ေတြအတြက္ အႀကိဳက္ဆုံးစာရင္းဝင္ ဇာတ္ကားေတြ ျဖစ္ပါတယ္။ ဒီထဲကမွ Terminator 2: Judgement Day ဇာတ္ကားထဲမွာေတာ့ ပရိသတ္ေတြ ႏွစ္သက္ခဲ့ရတဲ့ ဗီလိန္တစ္ေယာက္ ပါဝင္ခဲ့ပါတယ္။ Robert Patrick သ႐ုပ္ေဆာင္ထားတဲ့ T-1000 android စက္႐ုပ္ဟာ ႐ုပ္ရွင္သမိုင္းမွာေတာ့ အထင္ကရ ဗီလိန္စာရင္းထဲမွာပါ ပါဝင္ခဲ့တာပါ။

Terminator ဇာတ္ကားေတြ တစ္ကားၿပီးတစ္ကား အသစ္ထြက္ရွိလာတာနဲ႔အမၽွ စမ္းသပ္မႈအသစ္ေတြနဲ႔ Terminator ေမာ္ဒယ္လ္အသစ္ေတြ ပါဝင္လာေပမယ့္ T-1000 ကေတာ့ ပရိသတ္ၾကားထဲမွာ အထင္ကရအျဖစ္ဆုံးပါပဲ။ ဒီဇာတ္ေကာင္နဲ႔ ပတ္သက္လို႔ ပရိသတ္အမ်ားစု မသိေလာက္ေသးတဲ့ စိတ္ဝင္စားစရာအခ်က္ေတြကေတာ့ …

သူ႔ရဲ့ သားရဲတိရစၧာန္လို အျပဳအမူ ျဖစ္ေပၚလာပုံ
Photo via screenrant

T-1000 ဟာ အမဲလိုက္၊ သတ္ျဖတ္တဲ့ မုဒ္ကို ေျပာင္းလဲလိုက္ခ်ိန္မွာေတာ့ လူသားေတြရဲ့ အျပဳအမူေတြကို ေဘးခ်ိတ္လိုက္ၿပီး သားရဲတစ္ေကာင္ အမဲလိုက္ေနသလိုပဲ လႈပ္ရွားျပဳမူပါေတာ့တယ္။ ဒါဟာ ဒါရိုက္တာ James Cameron နဲ႔ သ႐ုပ္ေဆာင္ Robert Patrick တို႔ တိုင္ပင္ၿပီး ထည့္သြင္းထားတဲ့ အေသးစိတ္က်မႈတစ္ခု ျဖစ္ပါတယ္။ T-1000 ဟာ စက္႐ုပ္ သိပ္မဆန္သလို T-800 ေလာက္လည္း မေႏွးေကြးပါဘူး။ သူဟာ သြက္လက္လ်င္ျမန္စြာနဲ႔ လႈပ္ရွားနိုင္သူ ျဖစ္ပါတယ္။

ဒီဇာတ္ကားထဲက မင္းသား Robert Patrick ရဲ့ သ႐ုပ္ေဆာင္မႈဟာ တကယ္ေတာ့ သိန္းငွက္ရဲ့ ေခါင္းလႈပ္ရွားမႈကို မွီျငမ္းၿပီး ရယူထားတာ ျဖစ္ပါတယ္။ T-1000 ရဲ့ အေနာက္ကို လွည့္ၾကည့္ပုံေတြ၊ ပစ္မွတ္ေနာက္ကို လိုက္တဲ့ပုံစံေတြဟာ သိန္းငွက္တစ္ေကာင္ရဲ့ ေခါင္းလႈပ္ရွားမႈအတိုင္း ျဖစ္ေနတာကို ေတြ႕ရမွာပါ။ ဒါ့အျပင္ သူ႔ရဲ့ ခႏၶာကိုယ္လႈပ္ရွားမႈေတြနဲ႔ ကိုယ္ေနဟန္ထားကေတာ့ ငါးမန္းေတြရဲ့ တည္ၿငိမ္တဲ့ လႈပ္ရွားမႈကေန ရယူထားတာ ျဖစ္ပါတယ္။

မ်က္ေတာင္လုံးဝမခတ္ပါဘူး။
Photo via screenrant

ဒီဇာတ္ေကာင္အတြက္ Robert Patrick ဟာ အထူးေလ့က်င့္မႈတစ္ခုအေနနဲ႔ မ်က္ေတာင္လုံးဝမခတ္မိေအာင္ ေလ့က်င့္ခဲ့ရတယ္လို႔ သိရပါတယ္။ ေအးတိေအးစက္နဲ႔ တြက္ခ်က္မႈေတြပဲ သိတဲ့ android တစ္႐ုပ္အတြက္ ေသနတ္သံ ၾကားရသည္ျဖစ္ေစ၊ ေသနတ္ပစ္လိုက္သည္ျဖစ္ေစ ေသေသခ်ာခ်ာ သတိထားၾကည့္ရင္ လုံးဝမ်က္ေတာင္မခတ္တာကို ေတြ႕ရမွာ ျဖစ္ပါတယ္။

ဒါတင္မက Arnold သ႐ုပ္ေဆာင္ထားတဲ့ T-800 ကို ေနာက္က ကားနဲ႔လိုက္တဲ့အခန္းနဲ႔ ရင္ဆိုင္တိုက္ခိုက္ၾကတဲ့ အခန္းေတြမွာလည္း T-1000 ဟာ လုံးဝမ်က္ေတာင္မခတ္ပါဘူး။ ရွားရွားပါးပါး ရဲသားတစ္ေယာက္အျဖစ္ ဟန္ေဆာင္ထားခ်ိန္မွာသာ မ်က္ေတာင္ခတ္သြားတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။

T-1000 အရည္ေပ်ာ္သြားတဲ့အခန္းဟာ CGI မဟုတ္ပါဘူး။
Photo via screenrant

ေအးခဲၿပီး တစစီၿပိဳကြဲသြားၿပီးေနာက္မွာေတာ့ သံစက္႐ုံထဲက အပူခ်ိန္ေၾကာင့္ T-1000 ျပန္လည္ဖြဲ႕စည္း ပုံေပၚလာတဲ့အခန္းကို မွတ္မိၾကဦးမယ္ ထင္ပါတယ္။ T-1000 ရဲ့ ခႏၶာကိုယ္ အရည္ေပ်ာ္က်ေနတဲ့အခန္းကိုေတာ့ အမ်ားစုဟာ CGI လို အထူးျပဳလုပ္ခ်က္ေတြနဲ႔ ရိုက္ကူးထားတယ္လို႔ ထင္မိၾကပါလိမ့္မယ္။ တကယ္တမ္းမွာေတာ့ Terminator 2 ဟာ အဲဒီအခ်ိန္ကာလရဲ့ ႐ုပ္ရွင္ေလာကမွာ အထူးျပဳလုပ္ခ်က္ေတြနဲ႔ ပတ္သက္လို႔ လုံးလုံးလ်ားလ်ား ေျပာင္းလဲေတာ္လွန္ပစ္ခဲ့တာေတြ ရွိပါတယ္။

ဒီဇာတ္ဝင္ခန္းရဲ့ ေနာက္ကြယ္က အမွန္တရားကေတာ့ CGI သုံးထားတာ မဟုတ္ဘဲ ကုန္က်စရိတ္သက္သာစြာနဲ႔ လက္ေတြ႕က်တဲ့ effect ကိုသာ အသုံးျပဳထားပါတယ္။ T-1000 ရဲ့ အရည္ေပ်ာ္က်သြားတဲ့ သတၳဳရည္ပုံစံမ်ိဳး ရရွိဖို႔ မာက်ဴရီအရည္ကို အသုံးျပဳထားၿပီး အားျပင္းတဲ့ dryer နဲ႔ အရည္အိုင္ေလးေတြ ကြဲထြက္သြားေအာင္ ျပဳလုပ္ထားတာ ျဖစ္ပါတယ္။ အဲဒီေနာက္ အတည့္ရိုက္ကူးၿပီးသား ဇာတ္ဝင္ခန္းကို ေနာက္ျပန္ရစ္တဲ့ effect နဲ႔ T-1000 ျပန္လည္ဖြဲ႕စည္းလာပုံကို ဖန္တီးထားတာ ျဖစ္ပါတယ္။

သတၳဳစက္႐ုံထဲမွာ ေခၽြးလုံးဝမထြက္တဲ့ ေနာက္ကြယ္က လၽွို႔ဝွက္ခ်က္
Photo via screenrant

မေျပာပေလာက္ဘူးဆိုေပမယ့္ အေသးစိတ္ တိက်တဲ့အခ်က္တစ္ခုကေတာ့ ဒီဇာတ္ကားရဲ့ ဇာတ္သိမ္းကာနီး သတၳဳစက္႐ုံထဲက အခန္းမွာေတာ့ T-1000 အျဖစ္ သ႐ုပ္ေဆာင္ထားတဲ့ Robert Patrick ဟာ လုံးဝေခၽြးမထြက္တာကို သတိျပဳမိရင္ သိနိုင္ပါလိမ့္မယ္။ ဒီလိုပူေလာင္ေနတဲ့ သတၳဳစက္႐ုံထဲမွာ သ႐ုပ္ေဆာင္ကို ေခၽြးမထြက္ေအာင္ ျပဳလုပ္ထားေပးနိုင္တဲ့ ေနာက္ကြယ္မွာ လၽွို႔ဝွက္ခ်က္ ရွိပါတယ္။ အဲဒါကေတာ့ အဲဒီစက္႐ုံဟာ တကယ္ ပူအိုက္မေနလို႔ပါပဲ။

စက္႐ုံထဲက ပူေလာင္ေနတဲ့ သံရည္ပူေတြနဲ႔ သတၳဳေတြကို ျပသတဲ့အခန္းမွာ တကယ္ေတာ့ မီးအလင္းအေမွာင္နဲ႔ အေသးစိတ္က်တဲ့ ေနာက္ခံရိုက္ကြင္း ျပင္ဆင္မႈေတြကို အသုံးျပဳၿပီး ၾကည့္ရႈသူေတြအေနနဲ႔ ပူေလာင္ေနတယ္လို႔ ထင္ရေအာင္ လွည့္စားထားတာ ျဖစ္ပါတယ္။

တကယ္ကေတာ့ စက္႐ုံထဲမွာ ေအးေတာင္ေအးေနတဲ့အတြက္ Sarah Connor အျဖစ္ သ႐ုပ္ေဆာင္တဲ့ Linda Hamilton နဲ႔ John Connor အျဖစ္ သ႐ုပ္ေဆာင္တဲ့ Edward Furlong တို႔ကို ေခၽြးထြက္ေနတဲ့ ပုံစံျဖစ္ေအာင္ စပေရးနဲ႔ မႈတ္ၿပီး ေခၽြးအတုေတာင္ ဖန္တီးေပးခဲ့ရတယ္လို႔ သိရပါတယ္။

Terminator ေတြဟာ အခ်င္းခ်င္း စကားမေျပာၾကပါဘူး။
Photo via screenrant

အက္ရွင္ကားေတြရဲ့ ထုံးစံအတိုင္းဆိုရင္ေတာ့ ဇာတ္လိုက္နဲ႔ ဗီလိန္တို႔ဟာ အခ်င္းခ်င္း ေထ့ေငါ့တာေတြနဲ႔ စကားနာထိုးတာမ်ိဳးေတြ ပါဝင္ရမွာပါ။ ဒီလိုအျပန္အလွန္ ျငင္းခုန္မႈမ်ိဳး ထည့္သြင္းေပးလိုက္ျခင္းအားျဖင့္ ဇာတ္လိုက္နဲ႔ ဗီလိန္ဆိုတဲ့ ဇာတ္ေကာင္ႏွစ္ခုကို ပိုၿပီးထင္ထင္ရွားရွား ကြက္ကြက္ကြင္းကြင္း ျမင္ရမွာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း Terminator 2: Judgement Day ထဲမွာေတာ့ ဒီေဖာ္ျမဴလာကို ခ်ိဳးျဖတ္ထားပါတယ္။

T-1000 ဟာ T-800 ကို စကားတစ္လုံးမွ မေျပာသြားတာကို သတိထားၾကည့္ရင္ သိနိုင္ပါလိမ့္မယ္။ တစ္ကားလုံးမွာ T-800 က သူ႔ရဲ့ ၿပိဳင္ဘက္ကို တစ္ခြန္းတည္း ေျပာၿပီး နာမည္ႀကီးခဲ့တဲ့ ဒိုင္ယာေလာ့ခ္ကေတာ့ “Hasta la vista, baby” ဆိုတဲ့ စကားပဲ ျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ T-1000 ဟာ ေအးခဲသြားၿပီ ျဖစ္တဲ့အတြက္ သူေျပာတဲ့စကားကိုလည္း ၾကားလိုက္ပုံ မရပါဘူး။

ဒါကေတာ့ Terminator 2: Judgement Day ထဲက T-1000 နဲ႔ ပတ္သက္တဲ့ စိတ္ဝင္စားစရာအခ်ိဳ႕ပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ အမွတ္ရေနတဲ့ ဇာတ္ဝင္ခန္းေလးေတြ ရွိရင္လည္း ျပန္လည္ေဆြးေႏြးေပးခဲ့ပါဦး။

Glasgow
RELATED ARTICLES

Most Popular