HomeEntertainmentFilmAvengers: Infinity War ရဲ့ box-office ကို ကျော်တက်မယ့် Top Gun: Maverick

Avengers: Infinity War ရဲ့ box-office ကို ကျော်တက်မယ့် Top Gun: Maverick

Top Gun: Maverick ရုပ်ရှင်ကတော့ စံချိန်တွေကို ဆက်တိုက် ချိုးဖြတ်နေပြီး သူ့အရှေ့မှာ ဝင်ငွေစံချိန်တင်ထားတဲ့ နာမည်ကြီးဇာတ်ကားတွေကိုလည်း ဆက်တိုက် ကျော်တက်နေပါတယ်။ အခုလည်း Top Gun: Maverick ရဲ့ အမေရိကန်ပြည်တွင်း ရုံတင်ဝင်ငွေဟာ Avengers: Infinity War ကို ကျော်တက်ဖို့ ပြင်နေပြီ ဖြစ်ပါတယ်။

Top Gun: Maverick ကတော့ ၁၉၈၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Top Gun ရုပ်ရှင်ရဲ့အဆက် ဖြစ်ပြီး နှစ်ပေါင်းသုံးဆယ်ကျော်အကြာမှ ထွက်ရှိလာတဲ့ sequel လည်း ဖြစ်ပါတယ်။ မင်းသားကြီး Tom Cruise ရဲ့ သရုပ်ဆောင်မှု၊ ဇာတ်လမ်းဇာတ်ကွက်နဲ့ အဆင့်မြင့် ရိုက်ကူးရေး နည်းပညာတွေကို ပေါင်းစပ်ထားတဲ့ ဒီဇာတ်ကားဟာ ပရိသတ်တွေနဲ့ ရုပ်ရှင်ဝေဖန်ရေးတွေရဲ့ အကြိုက်တွေ့မှုကို ရရှိနေပါတယ်။

Photo Credit: Paramount Pictures

ဒါကြောင့်လည်း (၁၂)ပတ်ကြာ ရုံတင်နေရတာ ဖြစ်ပြီး တော်တော်နဲ့လည်း ရုံချဖို့ မဖြစ်နိုင်သေးပါဘူး။ ဒါကြောင့်ပဲ ရုံတင်ဝင်ငွေမှာတော့ တဟုန်ထိုး တိုးတက်နေပြီး အမေရိကန်ရဲ့ ပြည်တွင်းဝင်ငွေအများဆုံး ရုပ်ရှင်ဆယ်ကားထဲမှာ ပါဝင်နေပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းကတော့ Titanic ရုပ်ရှင်ရဲ့စံချိန်ကို ကျော်တက်ပြီး ပြည်တွင်းဝင်ငွေအများဆုံး နံပါတ်(၇)နေရာမှာ ရပ်တည်နေခဲ့ရာက အခုဆိုရင်တော့ နံပါတ်(၆)နေရာမှာ ရှိနေတဲ့ Avengers: Infinity War ကိုပါ ကျော်တက်တော့မှာ ဖြစ်ပါတယ်။

The Hollywood Reporter သတင်းဌာနရဲ့ ဖော်ပြချက်အရ Top Gun: Maverick ဟာ ယခုတစ်ပတ်ရဲ့ box-office မှာလည်း ထပ်မံမြင့်တက်လာပြီး အမေရိကန်ပြည်တွင်း ဝင်ငွေအနေနဲ့ ဒေါ်လာ(၆.၆)သန်းကျော် ထပ်မံရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ယခုလက်ရှိ အသစ်စက်စက် ရုံတင်နေကြတဲ့ ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ Bodie Bodies Bodies နဲ့ Fall တို့ရဲ့ ဝင်ငွေကိုပါ ကျော်တက်နေတာ ဖြစ်ပြီး Brad Pitt ရဲ့ ရုပ်ရှင်ကားသစ်ဖြစ်တဲ့ Bullet Train ရဲ့ ဝင်ငွေကိုပါ တစ်ဝက်လောက် သွားယှဉ်နိုင်နေတာ ဖြစ်ပါတယ်။

Photo Credit: Marvel Studios/ Disney Studios

ဒါကြောင့်ပဲ Top Gun: Maverick ဟာ မကြာခင်အချိန် ရက်ပိုင်းအတွင်းမှာပဲ ပြည်တွင်းဝင်ငွေမှာ ဒေါ်လာသန်း(၇၀၀) ရရှိပြီး Avengers: Infinity War ကို ကျော်တက်မယ်လို့ ခန့်မှန်းနေကြပါတယ်။ Avengers: Infinity War ကတော့ ပြည်တွင်းဝင်ငွေမှာ ဒေါ်လာ(၆၇၈.၈)သန်း ရရှိထားပြီး US ရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကား(၁၀)ကားထဲမှာ နံပါတ်(၆)နေရာက ရပ်တည်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မကြာခင်မှာတော့ Top Gun: Maverick ဟာ ဒီပမာဏကို ကျော်တက်တော့မှာ သေချာသလောက် ဖြစ်နေပါပြီ။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular