HomeEntertainmentFilmMCU ထဲမှာ Thanos ဟာ Infinity Stone တွေကို အချိန်ဘယ်လောက်ကြာအောင် ရှာဖွေခဲ့ရလဲ?

MCU ထဲမှာ Thanos ဟာ Infinity Stone တွေကို အချိန်ဘယ်လောက်ကြာအောင် ရှာဖွေခဲ့ရလဲ?

Marvel Cinematic Universe ထဲမှာတော့ Thanos ဟာ Universe ကြီးထဲက သက်ရှိတစ်ဝက်ကို ဖျောက်ပစ်ဖို့အတွက် Infinity Stone တွေကို ရှာဖွေခဲ့ပါတယ်။ Marvel စတူဒီယိုကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Thor ရုပ်ရှင်မှာတည်းက Thanos တည်ရှိနေကြောင်းကို အရိပ်အမြွက် ပြသခဲ့တာ ဖြစ်ပါတယ်။ The Avengers ရုပ်ရှင်ရဲ့ Credit Scene ထဲမှာတော့ Thanos စတင်ပါဝင်လာပြီး သူ့ရဲ့အဓိက ရည်ရွယ်ချက်ကတော့ Infinity Stone တွေကို ရှာဖွေဖို့ဆိုတာ သိခဲ့ရပါတယ်။ Avengers: Infinity War ထဲမှာတော့ Thanos ဟာ Stone ခြောက်ခုလုံးကို ရရှိသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ သူဟာ အဲ့ဒီ Stone တွေကို အချိန်ဘယ်လောက်ကြာကြာ ရှာဖွေခဲ့ရလည်းဆိုတာ ဖော်ပြပေးချင်ပါတယ်။

photo via screenrant

Thanos ကတော့ Infinity Saga ရဲ့ အဓိက ဗီလိန်တစ်ယောက် ဖြစ်ပေမယ့်လည်း သူနဲ့ပတ်သက်ပြီး မသိရသေးတဲ့ အချက်တွေများစွာ ရှိပါတယ်။ သိရသလောက် ဆိုရင်တော့ သူဟာ Titan ဂြိုဟ်ကြီး ပျက်စီးသွားပြီးနောက်မှာ Universe ထဲက တခြားဂြိုဟ်တွေလည်း သူ့ရဲ့ဂြိုဟ်လို အဖြစ်အပျက်မျိူး မကြုံရအောင် ကယ်တင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ သူဟာ Gamora ရဲ့ ဂြိုဟ်ဖြစ်တဲ့ Zen-Whoberi ကို ရောက်ရှိတဲ့အချိန်မှာတော့ သူ့လက်ထဲမှာ Stone တွေ မရှိသေးတာကြောင့် သူ့ရဲ့စစ်တပ်ကိုပဲ အသုံးပြုပြီး အဲ့ဒီဂြိုဟ်မှာရှိတဲ့ သက်ရှိတစ်ဝက်ကို သတ်ဖြတ်စေခဲ့ပါတယ်။

အဲ့ဒီအချိန်မှာတော့ Gamora ဟာ အသက်ဆယ်နှစ် ဝန်းကျင်လောက်ပဲ ရှိပါသေးတယ်။ အဲ့ဒီနောက်မှာတော့ Thanos ဟာ သူမကို မွေးစားခဲ့ပြီး နောက်ထပ် နှစ်(၂၀)လောက် ကြာသွားတဲ့ အချိန်မှာတော့ Vormir ဂြိုဟ်ပေါ်မှာ Soul Stone ကို ရရှိဖို့အတွက် သူမကို စတေးပစ်ခဲ့ပါတယ်။ Thanos ဟာ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Avengers ရုပ်ရှင်မှာတည်းက Mind Stone ကို ပိုင်ဆိုင်နေပြီ ဖြစ်ပြီး အချိန်တွေအားလုံးကို တွက်ကြည့်လိုက်ရင်တော့ သူဟာ Stone ခြောက်ခုလုံး ရရှိဖို့အတွက် အနည်းဆုံး နှစ်(၂၀)ဝန်းကျင်လောက် ရှာဖွေခဲ့ရတယ်လို့ ယူဆနိုင်ပါတယ်။

photo via screenrant

MCU ဟာ Thanos ရဲ့ Origin ကိုသာ သေချာပြသခဲ့မယ်ဆိုရင် Stone ခြောက်ခုကို အချိန် ဘယ်လောက်ကြာအောင် ရှာဖွေခဲ့ရလည်းဆိုတာကို ခန့်မှန်းဖို့ ပိုမိုလွယ်ကူပါလိမ့်မယ်။ ဒါပေမယ့်လည်း ဒါရိုက်တာ Joe နဲ့ Anthony Russo တို့ဟာ Avengers: Infinity War ထဲမှာတော့ MCU တစ်ခုလုံးရဲ့ ဇာတ်ကောင်တွေကို ပေါင်းစည်းပေးဖို့ တာဝန်ရှိနေတာကြောင့် Thanos ရဲ့ အကြောင်းကို သေချာ မပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်အများစုကလည်း Thanos ရဲ့ Origin ကို ပိုပြီးနက်နက်နဲနဲ မြင်ချင်နေကြပါတယ်။ ဒါကြောင့် Marvel စတူဒီယိုအနေနဲ့လည်း ဆန္ဒရှိမယ်ဆိုရင်တော့ Prequel ရုပ်ရှင်၊ ဒါမှမဟုတ် Thanos ရဲ့ ညီဖြစ်သူ Eros ရဲ့ ဇာတ်လမ်းထဲမှာ သူ့ရဲ့ဘဝနဲ့ ဇာစ်မြစ်အကြောင်းကို သေသေချာချာ ဖော်ပြနိုင်ပါသေးတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular