HomeCharacterTitan ဂြိုဟ်ပေါ်မှာ ပထမဆုံး လူသတ်သမား ဖြစ်လာခဲ့တဲ့ Thanos

Titan ဂြိုဟ်ပေါ်မှာ ပထမဆုံး လူသတ်သမား ဖြစ်လာခဲ့တဲ့ Thanos

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Thanos ဟာ Marvel universe ထဲက ကြောက်စရာအကောင်းဆုံး ဗီလိန်တွေထဲက တစ်ယောက်ဖြစ်ပြီးတော့ သူသတ်ဖြတ်ခဲ့တာကို ခံခဲ့ရတဲ့ လူတွေလည်း အများကြီး ရှိပါတယ်။ သူဟာ ဂြိုဟ်ပေါင်းများစွာကို ကျူးကျော်သတ်ဖြတ်ခဲ့ပြီး လူတွေအများကြီးကိုလည်း သတ်ဖြတ်ခဲ့ကာ Avengers တွေကိုလည်း အလွယ်တကူပဲ Infinity War မှာ အနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ အားလုံးသိကြတဲ့အတိုင်း Infinity Stone တွေ စုစည်းပြီးတော့ စကြဝဌာတစ်ခုလုံးမှာရှိတဲ့ သက်ရှိတစ်ဝက်ရဲ့ ဖြစ်တည်မှုကို ဖျောက်ဖျက်ချင်တာပဲ ဖြစ်ပါတယ်။ အဲ့ဒါတွေထက်ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ခုကတော့ သူဟာ Titan ဂြိုဟ်ပေါ်မှာ ပထမဆုံး လူသတ်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

အဲ့ဒီအကြောင်းတွေကိုတော့ Thanos Rising ဆိုတဲ့ မီနီကောမစ်စီးရီးထဲမှာ ဖော်ပြခဲ့ပါတယ်။ အဲ့ဒီဇာတ်လမ်းထဲမှာတော့ Thanos ရဲ့ငယ်ဘဝ အကြောင်းကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ သူဟာ ကလေးဘဝတုန်းကတော့ ရှက်ကြောက်ပြီး ကြင်နာတတ်တဲ့ သူတစ်ယောက် ဖြစ်ကာ ငြိမ်းငြိမ်းချမ်းချမ်းပဲ နေထိုင်ချင်သူ တစ်ယောက် ဖြစ်ပါတယ်။

photo via screenrant

ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ စိတ်မကောင်းစရာ ဖြစ်ရပ်တွေအများကြီး ဖြစ်ခဲ့တဲ့အပြင် သူဟာ Lady Death နဲ့ ပတ်သက်တဲ့ အကြားအမြင်တွေကို ရခဲ့တာကြောင့် အခုလိုဗီလိန်တစ်ယောက် ဖြစ်လာတာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့ရဲ့သူငယ်ချင်းတွေ အားလုံးကို သတ်သွားတဲ့ ပုတ်သင်ညိုတွေ အကုန်လုံးကို ပြန်လည်လက်စားချေဖို့အတွက် Lady Death ဟာ မြှောက်ပေးခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ အဲ့ဒီပုတ်သင်ညိုတွေ အကုန်လုံးကို သတ်ပစ်ခဲ့ပါတယ်။

အဲ့ဒီအချိန်ကနေ စပြီးတော့ သူဟာ သတ်ဖြတ်မှုတွေကို စတင်လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းမှာ သူတို့ဂြိုဟ်ပေါ်က လူတွေကိုပါ သတ်ဖြတ်ပစ်ခဲ့ပါတယ်။ အစတုန်းကတော့ သူဟာ တစ်ခြားသူတွေရဲ့ ခန္ဓာကိုယ်တွေကို စမ်းသပ်ခဲ့ပြီး သူနဲ့ ဘာတွေ ကွာခြားနေလည်း ဆိုတာကို သိချင်တာကြောင့် စမ်းသပ်မှုတွေ ပြုလုပ်ရုံသက်သက်ပဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ ပုံမှန် တစ်ခြားသူတွေကို ဖမ်းဆီးရင်းနဲ့ သူတစ်ယောက်တည်း စမ်းသပ်မှုတွေ ပြုလုပ်ပြီး သတ်ပစ်ခဲ့ပါတယ်။ Titan ဂြိုဟ်ပေါ်မှာ နေထိုင်သူတွေကတော့ ငြိမ်းချမ်းရေးတစ်ခုကိုပဲ သိပြီးတော့ သူတို့တွေဟာ သတ်ဖြတ်တယ်ဆိုတာကို ဘာမှန်းတောင် မသိကြပါဘူး။

photo via screenrant

Thanos ဟာ သူစမ်းသပ်ခဲ့တဲ့သူတွေရဲ့ အလောင်းတွေကို သေချာလျှို့ဝှက်ပြီး မြေမြှပ်ခဲ့ပေမယ့်လည်း တဖြည်းဖြည်းနဲ့ အဲ့ဒီလူတွေ ပျောက်ဆုံးနေတဲ့အကြောင်းဟာ သူ့ရဲ့အဘိုးဖြစ်သူ Chronos ဆီကို ရောက်သွားခဲ့ပါတယ်။ Chronos ဟာ သူတို့မျိူးနွယ်ထဲမှာ စစ်တိုက်ခဲ့ဖူးပြီး သတ်ဖြတ်တယ်ဆိုတာကို သိတဲ့ လူအနည်းစုထဲက တစ်ယောက် ဖြစ်ပါတယ်။

အဲ့ဒါကြောင့်ပဲ Chronos ဟာ တစ်ယောက်ယောက်က လူတွေသတ်ပစ်နေတယ်လို့ သံသယရှိတာကြောင့် Thanos အဖေရဲ့ ဆရာကို အဲ့ဒီလူပျောက်နေတဲ့ အကြောင်းကို စုံစမ်းခိုင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ ငြင်းဆိုခဲ့ပြီး Chronos ကို အရှိတရားကို လက်ခံခိုင်းခဲ့ပါတယ်။ ဒါ့အပြင် သူဟာ “ငါတို့တွေက Titan ဂြိုဟ်ပေါ်မှာ လူမသတ်ကြဘူး။ ပြီးတော့ ဒီဂြိုဟ်မှာနေထိုင်တဲ့သူတွေကလည်း သတ်ဖြတ်တယ်ဆိုတာကို ဘာမှန်းတောင် သိကြတာ မဟုတ်ဘူး။” ဆိုပြီးတော့ ပြောခဲ့ပါသေးတယ်။

photo via screenrant

အဲ့လိုမျိူး သူတို့နှစ်ယောက် ငြင်းခုံနေတာကို Thanos ဟာ ကြားသွားပြီး နောင်တရကာ နောက်ထပ်ဘယ်တော့မှ လူမသတ်ဖို့အတွက် ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့်လည်း သူဟာ သတ်ဖြတ်နေရတာကို စွဲလမ်းနေပြီး လူတွေထပ်သတ်လိုက် နောင်တတွေရလိုက်နဲ့ ဘယ်တော့မှ လူထပ်မသတ်တော့ဘူးဆိုပြီး ဆုံးဖြတ်လိုက် ဖြစ်နေခဲ့ပါတယ်။ အဲ့လိုနဲ့ နောက်ပိုင်းမှာတော့ သူဟာ Titan ဂြိုဟ်ပေါ်မှာ လူသန်းပေါင်းများစွာကို သတ်ပစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ စကြဝဌာတစ်ခုလုံးမှာရှိတဲ့ သက်ရှိတစ်ဝက်ကိုတောင် သတ်ပစ်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ခရစ်ယာန်ကျမ်းစာထဲက Cain ဟာ ကမ္ဘာပေါ်မှာ ပထမဆုံးလူသတ်သမား ဖြစ်လာခဲ့သလိုမျိူး သူဟာလည်း Titan ဂြိုဟ်ပေါ်က ပထမဆုံးလူသတ်သမား ဖြစ်လာခဲ့ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Thanos ဟာ Marvel universe ထဲက ေၾကာက္စရာအေကာင္းဆုံး ဗီလိန္ေတြထဲက တစ္ေယာက္ျဖစ္ၿပီးေတာ့ သူသတ္ျဖတ္ခဲ့တာကို ခံခဲ့ရတဲ့ လူေတြလည္း အမ်ားႀကီး ရွိပါတယ္။ သူဟာ ၿဂိဳဟ္ေပါင္းမ်ားစြာကို က်ဴးေက်ာ္သတ္ျဖတ္ခဲ့ၿပီး လူေတြအမ်ားႀကီးကိုလည္း သတ္ျဖတ္ခဲ့ကာ Avengers ေတြကိုလည္း အလြယ္တကူပဲ Infinity War မွာ အႏိုင္ခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ သူ႔ရဲ႕ရည္႐ြယ္ခ်က္ကေတာ့ အားလုံးသိၾကတဲ့အတိုင္း Infinity Stone ေတြ စုစည္းၿပီးေတာ့ စၾကဝဌာတစ္ခုလုံးမွာရွိတဲ့ သက္ရွိတစ္ဝက္ရဲ႕ ျဖစ္တည္မႈကို ေဖ်ာက္ဖ်က္ခ်င္တာပဲ ျဖစ္ပါတယ္။ အဲ့ဒါေတြထက္ပိုၿပီးေတာ့ စိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္တစ္ခုကေတာ့ သူဟာ Titan ၿဂိဳဟ္ေပၚမွာ ပထမဆုံး လူသတ္ခဲ့သူ တစ္ေယာက္လည္း ျဖစ္ပါတယ္။

အဲ့ဒီအေၾကာင္းေတြကိုေတာ့ Thanos Rising ဆိုတဲ့ မီနီေကာမစ္စီးရီးထဲမွာ ေဖာ္ျပခဲ့ပါတယ္။ အဲ့ဒီဇာတ္လမ္းထဲမွာေတာ့ Thanos ရဲ႕ငယ္ဘဝ အေၾကာင္းကို ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။ သူဟာ ကေလးဘဝတုန္းကေတာ့ ရွက္ေၾကာက္ၿပီး ၾကင္နာတတ္တဲ့ သူတစ္ေယာက္ ျဖစ္ကာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းပဲ ေနထိုင္ခ်င္သူ တစ္ေယာက္ ျဖစ္ပါတယ္။

photo via screenrant

ဒါေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ စိတ္မေကာင္းစရာ ျဖစ္ရပ္ေတြအမ်ားႀကီး ျဖစ္ခဲ့တဲ့အျပင္ သူဟာ Lady Death နဲ႔ ပတ္သက္တဲ့ အၾကားအျမင္ေတြကို ရခဲ့တာေၾကာင့္ အခုလိုဗီလိန္တစ္ေယာက္ ျဖစ္လာတာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူ႔ရဲ႕သူငယ္ခ်င္းေတြ အားလုံးကို သတ္သြားတဲ့ ပုတ္သင္ညိဳေတြ အကုန္လုံးကို ျပန္လည္လက္စားေခ်ဖို႔အတြက္ Lady Death ဟာ ေျမႇာက္ေပးခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ အဲ့ဒီပုတ္သင္ညိဳေတြ အကုန္လုံးကို သတ္ပစ္ခဲ့ပါတယ္။

အဲ့ဒီအခ်ိန္ကေန စၿပီးေတာ့ သူဟာ သတ္ျဖတ္မႈေတြကို စတင္လုပ္ေဆာင္ခဲ့ၿပီး ေနာက္ပိုင္းမွာ သူတို႔ၿဂိဳဟ္ေပၚက လူေတြကိုပါ သတ္ျဖတ္ပစ္ခဲ့ပါတယ္။ အစတုန္းကေတာ့ သူဟာ တစ္ျခားသူေတြရဲ႕ ခႏၶာကိုယ္ေတြကို စမ္းသပ္ခဲ့ၿပီး သူနဲ႔ ဘာေတြ ကြာျခားေနလည္း ဆိုတာကို သိခ်င္တာေၾကာင့္ စမ္းသပ္မႈေတြ ျပဳလုပ္႐ုံသက္သက္ပဲ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ ပုံမွန္ တစ္ျခားသူေတြကို ဖမ္းဆီးရင္းနဲ႔ သူတစ္ေယာက္တည္း စမ္းသပ္မႈေတြ ျပဳလုပ္ၿပီး သတ္ပစ္ခဲ့ပါတယ္။ Titan ၿဂိဳဟ္ေပၚမွာ ေနထိုင္သူေတြကေတာ့ ၿငိမ္းခ်မ္းေရးတစ္ခုကိုပဲ သိၿပီးေတာ့ သူတို႔ေတြဟာ သတ္ျဖတ္တယ္ဆိုတာကို ဘာမွန္းေတာင္ မသိၾကပါဘူး။

photo via screenrant

Thanos ဟာ သူစမ္းသပ္ခဲ့တဲ့သူေတြရဲ႕ အေလာင္းေတြကို ေသခ်ာလွ်ိဳ႕ဝွက္ၿပီး ေျမျမႇပ္ခဲ့ေပမယ့္လည္း တျဖည္းျဖည္းနဲ႔ အဲ့ဒီလူေတြ ေပ်ာက္ဆုံးေနတဲ့အေၾကာင္းဟာ သူ႔ရဲ႕အဘိုးျဖစ္သူ Chronos ဆီကို ေရာက္သြားခဲ့ပါတယ္။ Chronos ဟာ သူတို႔မ်ိဴးႏြယ္ထဲမွာ စစ္တိုက္ခဲ့ဖူးၿပီး သတ္ျဖတ္တယ္ဆိုတာကို သိတဲ့ လူအနည္းစုထဲက တစ္ေယာက္ ျဖစ္ပါတယ္။

အဲ့ဒါေၾကာင့္ပဲ Chronos ဟာ တစ္ေယာက္ေယာက္က လူေတြသတ္ပစ္ေနတယ္လို႔ သံသယရွိတာေၾကာင့္ Thanos အေဖရဲ႕ ဆရာကို အဲ့ဒီလူေပ်ာက္ေနတဲ့ အေၾကာင္းကို စုံစမ္းခိုင္းခဲ့ပါတယ္။ ဒါေပမယ့္လည္း သူဟာ ျငင္းဆိုခဲ့ၿပီး Chronos ကို အရွိတရားကို လက္ခံခိုင္းခဲ့ပါတယ္။ ဒါ့အျပင္ သူဟာ “ငါတို႔ေတြက Titan ၿဂိဳဟ္ေပၚမွာ လူမသတ္ၾကဘူး။ ၿပီးေတာ့ ဒီၿဂိဳဟ္မွာေနထိုင္တဲ့သူေတြကလည္း သတ္ျဖတ္တယ္ဆိုတာကို ဘာမွန္းေတာင္ သိၾကတာ မဟုတ္ဘူး။” ဆိုၿပီးေတာ့ ေျပာခဲ့ပါေသးတယ္။

photo via screenrant

အဲ့လိုမ်ိဴး သူတို႔ႏွစ္ေယာက္ ျငင္းခုံေနတာကို Thanos ဟာ ၾကားသြားၿပီး ေနာင္တရကာ ေနာက္ထပ္ဘယ္ေတာ့မွ လူမသတ္ဖို႔အတြက္ ဆုံးျဖတ္လိုက္ပါတယ္။ ဒါေပမယ့္လည္း သူဟာ သတ္ျဖတ္ေနရတာကို စြဲလမ္းေနၿပီး လူေတြထပ္သတ္လိုက္ ေနာင္တေတြရလိုက္နဲ႔ ဘယ္ေတာ့မွ လူထပ္မသတ္ေတာ့ဘူးဆိုၿပီး ဆုံးျဖတ္လိုက္ ျဖစ္ေနခဲ့ပါတယ္။ အဲ့လိုနဲ႔ ေနာက္ပိုင္းမွာေတာ့ သူဟာ Titan ၿဂိဳဟ္ေပၚမွာ လူသန္းေပါင္းမ်ားစြာကို သတ္ပစ္ခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ စၾကဝဌာတစ္ခုလုံးမွာရွိတဲ့ သက္ရွိတစ္ဝက္ကိုေတာင္ သတ္ပစ္တဲ့အထိ ျဖစ္လာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ခရစ္ယာန္က်မ္းစာထဲက Cain ဟာ ကမာၻေပၚမွာ ပထမဆုံးလူသတ္သမား ျဖစ္လာခဲ့သလိုမ်ိဴး သူဟာလည္း Titan ၿဂိဳဟ္ေပၚက ပထမဆုံးလူသတ္သမား ျဖစ္လာခဲ့ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular