HomeCharacterလူအများစု မသိလောက်သေးတဲ့ Thanos ရဲ့ ကောမစ်ထဲက စွမ်းအားများ

လူအများစု မသိလောက်သေးတဲ့ Thanos ရဲ့ ကောမစ်ထဲက စွမ်းအားများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Thanos ဟာ Marvel ဟီးရိုးတွေအတွက် အနိုင်ယူဖို့ အခက်ခဲဆုံး ဗီလိန်တစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် Thanos ဟာ စကြဝဠာတစ်ခုလုံးက မရေတွက်နိုင်လောက်တဲ့ သက်ရှိတွေကိုလည်း သတ်ဖြတ်ခဲ့ပါသေးတယ်။ သို့ပေမယ့် Avengers ၊ Guardians of the Galaxy ၊ Silver Surfer ၊ Adam Warlock ၊ Captain Marvel နဲ့ Squirrel Girl တို့ အပါအဝင် တစ်ခြားဇာတ်ကောင်အချို့ကတော့ အကြောင်းအမျိူးမျိူးနဲ့ Thanos ကို အနိုင်ယူခဲ့ကြဖူးပါတယ်။ သို့သော်လည်း Thanos မှာ ထုတ်မသုံးဘဲ လျှို့ဝှက်ထားတဲ့ စွမ်းအားတွေ ရှိနေပြီး တချို့စွမ်းအားတွေဆိုရင် မမြင်ရတာကြာပြီဖြစ်တာကြောင့် ပရိသတ်တွေကတောင် မေ့လျော့နေကြပါပြီ။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ လူအများစု မသိလောက်သေးတဲ့ ကောမစ်ထဲက Thanos ရဲ့ စွမ်းအားတွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) သူ့ရဲ့ရန်သူတွေ အပါအဝင် သူ့ကိုယ်သူလည်း ကိုယ်ပွားနိုင်ပါတယ်။
photo via cbr

Thanos ဟာ Eternal နဲ့ Deviant မျိူးရိုးဗီဇတွေ ပူးပေါင်းပြီး မွေးဖွားလာတာကြောင့် ဉာဏ်ရည် အလွန်မြင့်မားပါတယ်။ ဒါ့အပြင် သူဟာ mystical art တွေကို ကျွမ်းကျင်သူ ဖြစ်ပြီး Lady Death ကိုလည်း စွဲလန်းလွန်းတာကြောင့် Titan ဂြိုဟ်ပေါ်မှာ တားမြစ်ထားတဲ့ black art ကိုပါ ကျွမ်းကျင်သွားပါတယ်။ ဒီအချက်တွေကို အသုံးပြုပြီး သူ့ရဲ့ခွန်အားကိုလည်း မြှင့်တင်ခဲ့ပါသေးတယ်။ ဒါတင်မကသေးဘဲ သူ့ကိုယ်သူတင် မဟုတ်ဘဲ သူ့ရဲ့ရန်သူတွေရဲ့ ပုံစံအတိုင်း ကိုယ်ပွားတွေလည်း ထုတ်နိုင်ပါသေးတယ်။ ဒါ့အပြင် သူ့ရန်သူတွေရဲ့ပုံစံနဲ့ ကိုယ်ပွားထုတ်လိုက်ရင် သူ့ရန်သူတွေ အသုံးပြုမယ့် ဗျူဟာတွေကိုပါ ခန့်မှန်းနိုင်ပါတယ်။

(2) ဒြပ်ပစ္စည်းတွေကိုလည်း အက်တမ်အရွယ်အစားထိ ထိန်းချုပ်နိုင်ပါတယ်။
photo via cbr

Thanos မှာ ဒြပ်ပစ္စည်းတွေကို အက်တမ်အရွယ်အစားထိ ထိန်းချုပ်နိုင်တဲ့ စွမ်းအားတစ်ခုလည်း ရှိပါသေးတယ်။ ဒီစွမ်းအားကိုတော့ Captain Marvel ကောမစ်ရဲ့ Vol 1 #26 ထဲမှာ ပြသခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီကောမစ်ထဲမှာတော့ Skragg နဲ့ Super Skrull တို့ဟာ Thanos ရဲ့ ခိုင်းစေမှုအရ Rick Jones နဲ့ The Thing တို့ကို မျှားခေါ်လာခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ Rick Jones နဲ့ the Thing တို့ကို စွန့်ပစ်ထားတဲ့ အဆောက်အအုံတစ်ခုထိ ရောက်အောင် မျှားခေါ်လာပြီး အဲ့ဒီနေရာမှာတော့ Thanos ဟာ သူတို့ကို တိတ်တဆိတ် စောင့်ကြည့်နေပါတယ်။ ဒါပေမယ့်လည်း Rick Jones နဲ့ the Thing တို့ကို ဖျက်ဆီးမယ့် Skragg ရဲ့ အစီအစဉ်က ပျက်စီးသွားတဲ့အချိန်မှာတော့ Thanos ဟာ ချက်ချင်းပဲ Skragg ကို ကျောက်တုံးအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။ ဒီအဖြစ်အပျက်ကို မြင်လိုက်ရတဲ့ အချိန်မှာတော့ Rick Jones နဲ့ The Thing တို့တောင် အံ့ဩသွားကြပါတယ်။

(3) သူ့အနားမှာ ရှိတဲ့သူတွေရဲ့ စိတ်ကိုလည်း ထိန်းချုပ်လို့ ရပါတယ်။
photo via cbr

Thanos ဟာ မွေးရာပါ တယ်လီပသီ စွမ်းအားကို ရရှိထားတာကြောင့် သူ့အနားမှာ ရှိသူတွေရဲ့ စိတ်ကို ထိန်းချုပ်နိုင်ပါတယ်။ ဒီစွမ်းအားကိုတော့ Avengers Assemble ကောမစ်ရဲ့ Vol 2 #4 ထဲမှာ မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီကောမစ်ထဲမှာတော့ Thanos ဟာ Hulk ရဲ့ စိတ်ကို ထိန်းချုပ်ပြီး Avengers တွေနဲ့ ပြန်လည်တိုက်ခိုက်စေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Maria Hill ကြောင့် Hulk ဟာ စိတ်ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်သွားခဲ့ရပါတယ်။ ဒါ့အပြင် Drax ကိုလည်း ရူးသွားအောင် ပြုလုပ်ခဲ့ဖူးပါသေးတယ်။

(4) သူ့ရဲ့ အသိစိတ်ကိုလည်း တစ်ခြားခန္ဓာကိုယ်ထဲ လွှဲပြောင်းလို့ ရပါတယ်။
photo via cbr

Thanos Legacy #1 ဆိုတဲ့ ကောမစ်ထဲမှာတော့ Gamora ဟာ Thanos ကို ခေါင်းဖြတ်ပြီး သတ်ပစ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Thanos ရဲ့ ညီဖြစ်သူ Eros က သူ့ရဲ့ခေါင်းမရှိတော့တဲ့ ခန္ဓာကိုယ်ကြီးကို ထိန်းသိမ်းထားခဲ့ပါတယ်။ တကယ်တော့ Thanos ဟာ သေသွားတာ မဟုတ်ဘဲ သူ့ရဲ့အသိစိတ်ကို သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Eros က အဲ့ဒီခန္ဓာကိုယ်ကို သိမ်းထားတဲ့ အချိန်မှာတော့ သူ့ရဲ့အသိစိတ်ကို Eros ရဲ့ ခန္ဓာကိုယ်ထဲကို လွှဲပြောင်းခဲ့ပါတယ်။

ဒါပေမယ့်လည်း Thanos ဟာ အားနည်းနေတာကြောင့် Eros ရဲ့ ခန္ဓာကိုယ်ကို အပြည့်အဝ မထိန်းချုပ်နိုင်ဘဲ အိပ်ပျော်နေသလို ဖြစ်နေပါတယ်။ သေခြင်းရဲ့ နတ်ဘုရားမဖြစ်တဲ့ Hela ကလည်း Thanos ကို ပြန်လည်အသက်သွင်းပေးဖို့ သူ့ရဲ့ခန္ဓာကိုယ်ကို Eros ဆီကနေ ခိုးယူခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Thanos ရဲ့ ခေါင်းကိုပါ ရှာတွေ့သွားပြီး Thanos ကို ပုံမှန်အတိုင်း ပြန်ဖြစ်စေခဲ့ပါတယ်။

(5) သေဆုံးပြီးသား လူတွေကိုလည်း ထိန်းချုပ်နိုင်ပါတယ်။
photo via cbr

Thanos ဟာ Lady Death နဲ့ ပတ်သက်မှုတွေကြောင့် Legions of Dead ကို ထိန်းချုပ်နိုင်တဲ့ စွမ်းအား ရရှိလာခဲ့ပါတယ်။ Thanos: The Infinity Finale ကောမစ်ကို ဖြစ်လာစေမယ့် ဇာတ်လမ်းတစ်ခုမှာတော့ Annihilus ဟာ စကြဝဠာကြီးကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ပါတယ်။ Lady Death ကလည်း အမြဲတမ်း မျှခြေဖြစ်နေတာကို လိုချင်တာကြောင့် ချစ်သူရဲ့ဆန္ဒကို ဖြည့်ဆည်းဖို့ Thanos က Annihilus ကို တားဆီးခဲ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ Annihilus ဟာ Adam Warlock ကို ဖမ်းဆီးပြီး သူ့ရဲ့စွမ်းအားတွေကို အသုံးပြုကာ စကြဝဠာကြီးကို ဖျက်ဆီးဖို့ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Adam Warlock ဟာ reality တွေအားလုံးကို မတော်တဆ ဖျက်ဆီးလိုက်မိသွားပါတယ်။ ဒါကြောင့်ပဲ Thanos ကတော့ အချိန်နောက်ပြန်သွားပြီး Legions of Dead တွေကို ထိန်းချုပ်ကာ Annihilus ကို အနိုင်ယူခဲ့ပါတယ်။

(6) သူ့ရဲ့ ရန်သူတွေကိုလည်း ကျိန်စာတိုက်နိုင်ပါတယ်။
photo via cbr

Thanos ဟာ ကျိန်စာတိုက်နိုင်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားပေမယ့်လည်း ဒီစွမ်းအားကို အသုံးပြုတာကတော့ အလွန်ရှားပါတယ်။ Funeral For a Freak ဆိုတဲ့ ကောမစ်ထဲမှာတော့ Deadpool ဟာ Vanessa ရဲ့ သေဆုံးမှုကို လက်စားချေနေရင်းနဲ့ သူကိုယ်တိုင် သေလုနီးပါး ဖြစ်သွားပါတယ်။ အဲ့ဒီအချိန်မှာတော့ Deadpool နဲ့ Lady Death တို့ဟာ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားသွားကြပါတယ်။

Thanos ကတော့ ဒီအချက်ကို လုံးဝလက်မခံနိုင်ဘဲ Gemini ကြယ်ကို အသုံးပြုပြီး T-Ray နဲ့ Deadpool ကို ပြန်လည်အသက်သွင်းပေးခဲ့ပါတယ်။ ဒါ့အပြင် Deadpool ကို Lady Death က စိတ်ဝင်စားမှု မရှိတော့အောင် Deadpool ရဲ့ ပင်ကိုစရိုက်ကို ဖျောက်ပစ်ဖို့တောင် ကြိုးစားခဲ့ပါသေးတယ်။ အဲ့ဒီအစီအစဉ်က မအောင်မြင်တော့တဲ့ အချိန်မှာတော့ Deadpool ကို ဘယ်တော့မှ မသေအောင် ကျိန်စာတိုက်ခဲ့ပြီး Lady Death နဲ့ မနီးစပ်အောင် ပြုလုပ်ခဲ့ပါတယ်။

(7) ထာဝရ အသက်ရှင်နိုင်စွမ်း
photo via cbr

Eternal တွေဟာ ဘယ်တော့မှ အသက်မကြီးသလို ရောဂါတွေကလည်း သူတို့အပေါ်မှာ သက်ရောက်မှု မရှိတာကြောင့် မသေမျိူး ဖြစ်နေကြပါတယ်။ ဒါပေမယ့်လည်း Thanos ရဲ့ ထာဝရ အသက်ရှင်နိုင်စွမ်းကတော့ Lady Death အပေါ်မှာ ထားရှိတဲ့ သူ့ရဲ့ချစ်ခြင်းကြောင့် ဖြစ်ပါတယ်။ Lady Death ဟာ Silver Surfer ကို သူမရဲ့ ခင်ပွန်းအဖြစ် လိုချင်တဲ့အချိန်မှာတော့ Thanos ကို အကူအညီတောင်းခဲ့ပါတယ်။

ထုံးစံအတိုင်း Thanos ကလည်း မနာလိုဖြစ်သွားပြီး Silver Surfer ကို သတ်ကာ Lady Death အတွက် လက်ဆောင်အဖြစ် Silver Surfer ရဲ့ အလောင်းကို ယူလာခဲ့ပါတယ်။ ဒါပေမယ့်လည်း Lady Death ဟာ သူ့ကို မသိကျိူးကျွန် ပြုနေတာကြောင့် Thanos အနေနဲ့ Silver Surfer ကို အသက်ပြန်သွင်းပေးဖို့ကလွဲပြီး ရွေးချယ်စရာ မရှိခဲ့ပါဘူး။ ဒီအဖြစ်အပျက်တွေဟာ Lady Death ကို အလွန်ဒေါသထွက်သွားစေပြီး သူမရဲ့ ပိုင်နက်ထဲကနေ Thanos ကို ပိတ်ပင်ခဲ့ပါတယ်။ ဒီအချက်ကြောင့်ပဲ Thanos ဟာ မသေမျိူးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

(8) Cosmic စွမ်းအင်တွေ ပစ်ထုတ်နိုင်ခြင်း
photo via cbr

Thanos ဟာ cosmic စွမ်းအင်တွေကို စုပ်ယူပြီး ပြန်လည်ပစ်ထုတ်နိုင်တဲ့ စွမ်းအားကိုလည်း ပိုင်ဆိုင်ထားပါတယ်။ Legendary Star-Lord #4 ကောမစ်ထဲမှာတော့ Peter Quill ဟာ Mandalay Gem ရဲ့ အကူအညီနဲ့ Thanos ကို တိုက်ခိုက်ခဲ့ပါတယ်။ Thanos ကတော့ သေလုမျောပါး ဖြစ်နေတဲ့အချိန်မှာ သူ့ရဲ့ခန္ဓာကိုယ်ကနေ လကိုတောင် ပျက်စီးသွားစေမယ့် စွမ်းအင်တွေ အများကြီး ထွက်လာလိမ့်မယ်လို့ Peter ကို ပြောပြခဲ့ပါတယ်။ ဒါတင်မက Thanos ဟာ သူ့ရဲ့ မျက်လုံးကနေလည်း စွမ်းအင်တွေကို ပစ်ထုတ်နိုင်ပါသေးတယ်။ သူ့ရဲ့ စွမ်းအင်တွေ ပစ်ထုတ်မှုဟာ အလွန်စွမ်းအားကြီးတာကြောင့် Galactus ကိုတောင် အလဲထိုးနိုင်ခဲ့ပါတယ်။

ဒါကတော့ ကောမစ်ထဲမှာပဲ တွေ့ရပြီး သိပ်သုံးစွဲလေ့ မရှိတဲ့ Thanos ရဲ့ စွမ်းအားတွေပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင် ဆံရစ်ဝိုင်းပေ့ချ်ကို Like and Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Thanos ဟာ Marvel ဟီး႐ိုးေတြအတြက္ အႏိုင္ယူဖို႔ အခက္ခဲဆုံး ဗီလိန္တစ္ေယာက္ ျဖစ္ပါတယ္။ ဒါ့အျပင္ Thanos ဟာ စၾကဝဠာတစ္ခုလုံးက မေရတြက္ႏိုင္ေလာက္တဲ့ သက္ရွိေတြကိုလည္း သတ္ျဖတ္ခဲ့ပါေသးတယ္။ သို႔ေပမယ့္ Avengers ၊ Guardians of the Galaxy ၊ Silver Surfer ၊ Adam Warlock ၊ Captain Marvel နဲ႔ Squirrel Girl တို႔ အပါအဝင္ တစ္ျခားဇာတ္ေကာင္အခ်ိဳ႕ကေတာ့ အေၾကာင္းအမ်ိဴးမ်ိဴးနဲ႔ Thanos ကို အႏိုင္ယူခဲ့ၾကဖူးပါတယ္။ သို႔ေသာ္လည္း Thanos မွာ ထုတ္မသုံးဘဲ လွ်ိဳ႕ဝွက္ထားတဲ့ စြမ္းအားေတြ ရွိေနၿပီး တခ်ိဳ႕စြမ္းအားေတြဆိုရင္ မျမင္ရတာၾကာၿပီျဖစ္တာေၾကာင့္ ပရိသတ္ေတြကေတာင္ ေမ့ေလ်ာ့ေနၾကပါၿပီ။ ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ လူအမ်ားစု မသိေလာက္ေသးတဲ့ ေကာမစ္ထဲက Thanos ရဲ႕ စြမ္းအားေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(1) သူ႔ရဲ႕ရန္သူေတြ အပါအဝင္ သူ႔ကိုယ္သူလည္း ကိုယ္ပြားႏိုင္ပါတယ္။
photo via cbr

Thanos ဟာ Eternal နဲ႔ Deviant မ်ိဴး႐ိုးဗီဇေတြ ပူးေပါင္းၿပီး ေမြးဖြားလာတာေၾကာင့္ ဉာဏ္ရည္ အလြန္ျမင့္မားပါတယ္။ ဒါ့အျပင္ သူဟာ mystical art ေတြကို ကြၽမ္းက်င္သူ ျဖစ္ၿပီး Lady Death ကိုလည္း စြဲလန္းလြန္းတာေၾကာင့္ Titan ၿဂိဳဟ္ေပၚမွာ တားျမစ္ထားတဲ့ black art ကိုပါ ကြၽမ္းက်င္သြားပါတယ္။ ဒီအခ်က္ေတြကို အသုံးျပဳၿပီး သူ႔ရဲ႕ခြန္အားကိုလည္း ျမႇင့္တင္ခဲ့ပါေသးတယ္။ ဒါတင္မကေသးဘဲ သူ႔ကိုယ္သူတင္ မဟုတ္ဘဲ သူ႔ရဲ႕ရန္သူေတြရဲ႕ ပုံစံအတိုင္း ကိုယ္ပြားေတြလည္း ထုတ္ႏိုင္ပါေသးတယ္။ ဒါ့အျပင္ သူ႔ရန္သူေတြရဲ႕ပုံစံနဲ႔ ကိုယ္ပြားထုတ္လိုက္ရင္ သူ႔ရန္သူေတြ အသုံးျပဳမယ့္ ဗ်ဴဟာေတြကိုပါ ခန႔္မွန္းႏိုင္ပါတယ္။

(2) ျဒပ္ပစၥည္းေတြကိုလည္း အက္တမ္အ႐ြယ္အစားထိ ထိန္းခ်ဳပ္ႏိုင္ပါတယ္။
photo via cbr

Thanos မွာ ျဒပ္ပစၥည္းေတြကို အက္တမ္အ႐ြယ္အစားထိ ထိန္းခ်ဳပ္ႏိုင္တဲ့ စြမ္းအားတစ္ခုလည္း ရွိပါေသးတယ္။ ဒီစြမ္းအားကိုေတာ့ Captain Marvel ေကာမစ္ရဲ႕ Vol 1 #26 ထဲမွာ ျပသခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေကာမစ္ထဲမွာေတာ့ Skragg နဲ႔ Super Skrull တို႔ဟာ Thanos ရဲ႕ ခိုင္းေစမႈအရ Rick Jones နဲ႔ The Thing တို႔ကို မွ်ားေခၚလာခဲ့ပါတယ္။

သူတို႔ႏွစ္ေယာက္ဟာ Rick Jones နဲ႔ the Thing တို႔ကို စြန႔္ပစ္ထားတဲ့ အေဆာက္အအုံတစ္ခုထိ ေရာက္ေအာင္ မွ်ားေခၚလာၿပီး အဲ့ဒီေနရာမွာေတာ့ Thanos ဟာ သူတို႔ကို တိတ္တဆိတ္ ေစာင့္ၾကည့္ေနပါတယ္။ ဒါေပမယ့္လည္း Rick Jones နဲ႔ the Thing တို႔ကို ဖ်က္ဆီးမယ့္ Skragg ရဲ႕ အစီအစဥ္က ပ်က္စီးသြားတဲ့အခ်ိန္မွာေတာ့ Thanos ဟာ ခ်က္ခ်င္းပဲ Skragg ကို ေက်ာက္တုံးအျဖစ္ ေျပာင္းလဲပစ္လိုက္ပါတယ္။ ဒီအျဖစ္အပ်က္ကို ျမင္လိုက္ရတဲ့ အခ်ိန္မွာေတာ့ Rick Jones နဲ႔ The Thing တို႔ေတာင္ အံ့ဩသြားၾကပါတယ္။

(3) သူ႔အနားမွာ ရွိတဲ့သူေတြရဲ႕ စိတ္ကိုလည္း ထိန္းခ်ဳပ္လို႔ ရပါတယ္။
photo via cbr

Thanos ဟာ ေမြးရာပါ တယ္လီပသီ စြမ္းအားကို ရရွိထားတာေၾကာင့္ သူ႔အနားမွာ ရွိသူေတြရဲ႕ စိတ္ကို ထိန္းခ်ဳပ္ႏိုင္ပါတယ္။ ဒီစြမ္းအားကိုေတာ့ Avengers Assemble ေကာမစ္ရဲ႕ Vol 2 #4 ထဲမွာ ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။ အဲ့ဒီေကာမစ္ထဲမွာေတာ့ Thanos ဟာ Hulk ရဲ႕ စိတ္ကို ထိန္းခ်ဳပ္ၿပီး Avengers ေတြနဲ႔ ျပန္လည္တိုက္ခိုက္ေစခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ Maria Hill ေၾကာင့္ Hulk ဟာ စိတ္ထိန္းခ်ဳပ္မႈေအာက္ကေန လြတ္ေျမာက္သြားခဲ့ရပါတယ္။ ဒါ့အျပင္ Drax ကိုလည္း ႐ူးသြားေအာင္ ျပဳလုပ္ခဲ့ဖူးပါေသးတယ္။

(4) သူ႔ရဲ႕ အသိစိတ္ကိုလည္း တစ္ျခားခႏၶာကိုယ္ထဲ လႊဲေျပာင္းလို႔ ရပါတယ္။
photo via cbr

Thanos Legacy #1 ဆိုတဲ့ ေကာမစ္ထဲမွာေတာ့ Gamora ဟာ Thanos ကို ေခါင္းျဖတ္ၿပီး သတ္ပစ္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Thanos ရဲ႕ ညီျဖစ္သူ Eros က သူ႔ရဲ႕ေခါင္းမရွိေတာ့တဲ့ ခႏၶာကိုယ္ႀကီးကို ထိန္းသိမ္းထားခဲ့ပါတယ္။ တကယ္ေတာ့ Thanos ဟာ ေသသြားတာ မဟုတ္ဘဲ သူ႔ရဲ႕အသိစိတ္ကို သူ႔ရဲ႕ခႏၶာကိုယ္ထဲမွာ ပိတ္ထားခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Eros က အဲ့ဒီခႏၶာကိုယ္ကို သိမ္းထားတဲ့ အခ်ိန္မွာေတာ့ သူ႔ရဲ႕အသိစိတ္ကို Eros ရဲ႕ ခႏၶာကိုယ္ထဲကို လႊဲေျပာင္းခဲ့ပါတယ္။

ဒါေပမယ့္လည္း Thanos ဟာ အားနည္းေနတာေၾကာင့္ Eros ရဲ႕ ခႏၶာကိုယ္ကို အျပည့္အဝ မထိန္းခ်ဳပ္ႏိုင္ဘဲ အိပ္ေပ်ာ္ေနသလို ျဖစ္ေနပါတယ္။ ေသျခင္းရဲ႕ နတ္ဘုရားမျဖစ္တဲ့ Hela ကလည္း Thanos ကို ျပန္လည္အသက္သြင္းေပးဖို႔ သူ႔ရဲ႕ခႏၶာကိုယ္ကို Eros ဆီကေန ခိုးယူခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ Thanos ရဲ႕ ေခါင္းကိုပါ ရွာေတြ႕သြားၿပီး Thanos ကို ပုံမွန္အတိုင္း ျပန္ျဖစ္ေစခဲ့ပါတယ္။

(5) ေသဆုံးၿပီးသား လူေတြကိုလည္း ထိန္းခ်ဳပ္ႏိုင္ပါတယ္။
photo via cbr

Thanos ဟာ Lady Death နဲ႔ ပတ္သက္မႈေတြေၾကာင့္ Legions of Dead ကို ထိန္းခ်ဳပ္ႏိုင္တဲ့ စြမ္းအား ရရွိလာခဲ့ပါတယ္။ Thanos: The Infinity Finale ေကာမစ္ကို ျဖစ္လာေစမယ့္ ဇာတ္လမ္းတစ္ခုမွာေတာ့ Annihilus ဟာ စၾကဝဠာႀကီးကို ဖ်က္ဆီးဖို႔ ႀကိဳးစားခဲ့ပါတယ္။ Lady Death ကလည္း အၿမဲတမ္း မွ်ေျချဖစ္ေနတာကို လိုခ်င္တာေၾကာင့္ ခ်စ္သူရဲ႕ဆႏၵကို ျဖည့္ဆည္းဖို႔ Thanos က Annihilus ကို တားဆီးခဲ့ရပါတယ္။

အဲ့ဒီေနာက္မွာေတာ့ Annihilus ဟာ Adam Warlock ကို ဖမ္းဆီးၿပီး သူ႔ရဲ႕စြမ္းအားေတြကို အသုံးျပဳကာ စၾကဝဠာႀကီးကို ဖ်က္ဆီးဖို႔ ျပဳလုပ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း Adam Warlock ဟာ reality ေတြအားလုံးကို မေတာ္တဆ ဖ်က္ဆီးလိုက္မိသြားပါတယ္။ ဒါေၾကာင့္ပဲ Thanos ကေတာ့ အခ်ိန္ေနာက္ျပန္သြားၿပီး Legions of Dead ေတြကို ထိန္းခ်ဳပ္ကာ Annihilus ကို အႏိုင္ယူခဲ့ပါတယ္။

(6) သူ႔ရဲ႕ ရန္သူေတြကိုလည္း က်ိန္စာတိုက္ႏိုင္ပါတယ္။
photo via cbr

Thanos ဟာ က်ိန္စာတိုက္ႏိုင္တဲ့ စြမ္းအားကို ပိုင္ဆိုင္ထားေပမယ့္လည္း ဒီစြမ္းအားကို အသုံးျပဳတာကေတာ့ အလြန္ရွားပါတယ္။ Funeral For a Freak ဆိုတဲ့ ေကာမစ္ထဲမွာေတာ့ Deadpool ဟာ Vanessa ရဲ႕ ေသဆုံးမႈကို လက္စားေခ်ေနရင္းနဲ႔ သူကိုယ္တိုင္ ေသလုနီးပါး ျဖစ္သြားပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Deadpool နဲ႔ Lady Death တို႔ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ စိတ္ဝင္စားသြားၾကပါတယ္။

Thanos ကေတာ့ ဒီအခ်က္ကို လုံးဝလက္မခံႏိုင္ဘဲ Gemini ၾကယ္ကို အသုံးျပဳၿပီး T-Ray နဲ႔ Deadpool ကို ျပန္လည္အသက္သြင္းေပးခဲ့ပါတယ္။ ဒါ့အျပင္ Deadpool ကို Lady Death က စိတ္ဝင္စားမႈ မရွိေတာ့ေအာင္ Deadpool ရဲ႕ ပင္ကိုစ႐ိုက္ကို ေဖ်ာက္ပစ္ဖို႔ေတာင္ ႀကိဳးစားခဲ့ပါေသးတယ္။ အဲ့ဒီအစီအစဥ္က မေအာင္ျမင္ေတာ့တဲ့ အခ်ိန္မွာေတာ့ Deadpool ကို ဘယ္ေတာ့မွ မေသေအာင္ က်ိန္စာတိုက္ခဲ့ၿပီး Lady Death နဲ႔ မနီးစပ္ေအာင္ ျပဳလုပ္ခဲ့ပါတယ္။

(7) ထာဝရ အသက္ရွင္ႏိုင္စြမ္း
photo via cbr

Eternal ေတြဟာ ဘယ္ေတာ့မွ အသက္မႀကီးသလို ေရာဂါေတြကလည္း သူတို႔အေပၚမွာ သက္ေရာက္မႈ မရွိတာေၾကာင့္ မေသမ်ိဴး ျဖစ္ေနၾကပါတယ္။ ဒါေပမယ့္လည္း Thanos ရဲ႕ ထာဝရ အသက္ရွင္ႏိုင္စြမ္းကေတာ့ Lady Death အေပၚမွာ ထားရွိတဲ့ သူ႔ရဲ႕ခ်စ္ျခင္းေၾကာင့္ ျဖစ္ပါတယ္။ Lady Death ဟာ Silver Surfer ကို သူမရဲ႕ ခင္ပြန္းအျဖစ္ လိုခ်င္တဲ့အခ်ိန္မွာေတာ့ Thanos ကို အကူအညီေတာင္းခဲ့ပါတယ္။

ထုံးစံအတိုင္း Thanos ကလည္း မနာလိုျဖစ္သြားၿပီး Silver Surfer ကို သတ္ကာ Lady Death အတြက္ လက္ေဆာင္အျဖစ္ Silver Surfer ရဲ႕ အေလာင္းကို ယူလာခဲ့ပါတယ္။ ဒါေပမယ့္လည္း Lady Death ဟာ သူ႔ကို မသိက်ိဴးကြၽန္ ျပဳေနတာေၾကာင့္ Thanos အေနနဲ႔ Silver Surfer ကို အသက္ျပန္သြင္းေပးဖို႔ကလြဲၿပီး ေ႐ြးခ်ယ္စရာ မရွိခဲ့ပါဘူး။ ဒီအျဖစ္အပ်က္ေတြဟာ Lady Death ကို အလြန္ေဒါသထြက္သြားေစၿပီး သူမရဲ႕ ပိုင္နက္ထဲကေန Thanos ကို ပိတ္ပင္ခဲ့ပါတယ္။ ဒီအခ်က္ေၾကာင့္ပဲ Thanos ဟာ မေသမ်ိဴးတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

(8) Cosmic စြမ္းအင္ေတြ ပစ္ထုတ္ႏိုင္ျခင္း
photo via cbr

Thanos ဟာ cosmic စြမ္းအင္ေတြကို စုပ္ယူၿပီး ျပန္လည္ပစ္ထုတ္ႏိုင္တဲ့ စြမ္းအားကိုလည္း ပိုင္ဆိုင္ထားပါတယ္။ Legendary Star-Lord #4 ေကာမစ္ထဲမွာေတာ့ Peter Quill ဟာ Mandalay Gem ရဲ႕ အကူအညီနဲ႔ Thanos ကို တိုက္ခိုက္ခဲ့ပါတယ္။ Thanos ကေတာ့ ေသလုေမ်ာပါး ျဖစ္ေနတဲ့အခ်ိန္မွာ သူ႔ရဲ႕ခႏၶာကိုယ္ကေန လကိုေတာင္ ပ်က္စီးသြားေစမယ့္ စြမ္းအင္ေတြ အမ်ားႀကီး ထြက္လာလိမ့္မယ္လို႔ Peter ကို ေျပာျပခဲ့ပါတယ္။ ဒါတင္မက Thanos ဟာ သူ႔ရဲ႕ မ်က္လုံးကေနလည္း စြမ္းအင္ေတြကို ပစ္ထုတ္ႏိုင္ပါေသးတယ္။ သူ႔ရဲ႕ စြမ္းအင္ေတြ ပစ္ထုတ္မႈဟာ အလြန္စြမ္းအားႀကီးတာေၾကာင့္ Galactus ကိုေတာင္ အလဲထိုးႏိုင္ခဲ့ပါတယ္။

ဒါကေတာ့ ေကာမစ္ထဲမွာပဲ ေတြ႕ရၿပီး သိပ္သုံးစြဲေလ့ မရွိတဲ့ Thanos ရဲ႕ စြမ္းအားေတြပဲ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ ဆံရစ္ဝိုင္းေပ့ခ်္ကို Like and Follow လုပ္ေပးထားပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular