HomeCelebs Update NewsInternationalမထင်မှတ်တဲ့အကြောင်းရင်းတွေနဲ့ ကာရိုက်တာကို လက်လွှတ်ခဲ့ရတဲ့ သရုပ်ဆောင်များ 

မထင်မှတ်တဲ့အကြောင်းရင်းတွေနဲ့ ကာရိုက်တာကို လက်လွှတ်ခဲ့ရတဲ့ သရုပ်ဆောင်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

သရုပ်ဆောင်တွေဟာ လုပ်ကွက်တွေအများကြီး ရှိတဲ့ ဇာတ်ကောင်တွေနေရာမှာ ကမ်းလှမ်းခံရတောင် သူတို့ဟာ အဲ့ဒီဇာတ်ကောင်နေရာမှာ သေချာပေါက် သရုပ်ဆောင်ရမယ်လို့ သတ်မှတ်ထားလို့ မရပါဘူး။ ကံမကောင်းရင် အကြောင်းအမျိူးမျိူးကြောင့်နဲ့ သူတို့ကို ကမ်းလှမ်းထားတဲ့ ဇာတ်ကောင်နေရာကနေ လွဲချော်သွားခဲ့တာမျိူးတွေလည်း ရှိကြပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ အကြောင်းအမျိူးမျိူးကြောင့်နဲ့ သူတို့သရုပ်ဆောင်ရမယ့် ဇာတ်ကောင်နဲ့ လွဲသွားကြတဲ့ သရုပ်ဆောင်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Nicole Kidman
photo via screenrant

Nicole Kidman ဟာ ၂၀၀၁ ခုနှစ်တုန်းက ဒါရိုက်တာ David Fincher ရိုက်ကူးမယ့် Panic Room ဆိုတဲ့ ဇာတ်ကားထဲမှာ Meg Altman ဆိုတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ပဲ သူမဟာ ရိုက်ကူးရေးစဖို့အတွက် ရက်ပိုင်းအလိုလောက်မှ အဲ့ဒီဇာတ်ကောင်နေရာကို လက်လွှတ်လိုက်ရပါတယ်။ အကြောင်းကတော့ သူမရဲ့ ဒူးမှာ ဒဏ်ရာရထားတာကြောင့်ဖြစ်ပြီး အဲ့ဒီဇာတ်ကောင်ကို သရုပ်ဆောင်ဖို့အတွက် လုံလုံလောက်လောက် မလှုပ်ရှားနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

Moulin Rouge ဇာတ်ကားကို ရိုက်နေတဲ့အချိန်ကတည်းက အဲ့ဒီဒဏ်ရာရနေခဲ့တာ ဖြစ်ပြီးတော့ အဲ့ဒီကားထဲမှာ သည်းခံပြီးတော့ အကောင်းဆုံး သရုပ်ဆောင်ခဲ့ပါတယ်လို့ သူမကိုယ်တိုင်က ပြောခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီဇာတ်ကားကို ရိုက်နေတဲ့အချိန်တုန်းက မနက် (၃) နာရီလောက်ထိ သရုပ်ဆောင်နေရတုန်းဖြစ်ပြီး သူမဟာ အရမ်းပင်ပန်းပြီး နားချင်နေပေမယ့်လည်း ဒါရိုက်တာကို နောက်ထပ်တစ်ခန်း ထပ်ပြီးရိုက်ခိုင်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သရုပ်ဆောင်နေရင်းနဲ့ သူမဟာ လဲကျပြီးတော့ ဒူးမှာ ဒဏ်ရာရသွားခဲ့ပါတယ်။

(2) Will Smith
photo via screenrant

ဒါရိုက်တာ Quentin Tarantino ဟာ Will Smith ကို Django Unchained ဇာတ်ကားမှာ သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ အဓိကဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ချင်တာကြောင့် အဲ့ဒီကမ်းလှမ်းမှုကို လက်မခံခဲ့ပါဘူး။ ဒါရိုက်တာ Quentin Tarantino ကမ်းလှမ်းခဲ့တဲ့ ဇာတ်ကောင်ကတော့ Django ဖြစ်ပေမယ့်လည်း သူဟာ အဲ့ဒီဇာတ်ကောင်ကို အဓိကဇာတ်ကောင်လို့ မသတ်မှတ်ထားတာကြောင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

သူ့ရဲ့အယူအဆနဲ့သူ ဖြစ်ပေမယ့်လည်း အဲ့လိုမျိူး အဓိကဇာတ်ကောင် ကမ်းလှမ်းခံရတာကို လက်မခံခဲ့တာကတော့ အနည်းငယ်ကြောင်တောင်တောင် ဖြစ်စေပါတယ်။ အဲ့ဒါကြောင့် သူ့အစား Jamie Foxx နဲ့ အဲ့ဒီဇာတ်ကားကို ရိုက်တဲ့အချိန်မှာ‌တော့ box office (၄၅၂) သန်း ရခဲ့တဲ့အပြင် တစ်ခြားဆုတွေလည်း ရခဲ့ပါတယ်။ အဲ့လိုဇာတ်ကားကို လက်လွှတ်ခံပြီးတော့ သူ သရုပ်ဆောင်ဖို့ ရွေးချယ်ခဲ့တဲ့ ဇာတ်ကားကတော့ After Earth ပဲ ဖြစ်ပါတယ်။

(3) Megan Fox
photo via screenrant

Megan Fox ဟာ ဒါရိုက်တာ Michael Bay ရိုက်ကူးခဲ့တဲ့ Transformers ဇာတ်လမ်းမှာ သရုပ်ဆောင်ပြီးတဲ့ နောက်ပိုင်းမှာတော့ သူမဟာ တစ်ချို့ဇာတ်ကောင်တွေအတွက် ကမ်းလှမ်းမှုတွေ ရရှိခဲ့ပါတယ်။ အဲ့လိုမျိူး ကမ်းလှမ်းမှုတွေ ရခဲ့ပေမယ့်လည်း အခုလိုနာမည်ကြီးရုပ်ရှင်ဖြစ်တဲ့ Transformers မှာ ဆက်ပြီး သရုပ်ဆောင်ခဲ့ရင် ပိုပြီးတော့ အောင်မြင်မှုတွေ ရလာနိုင်ပါတယ်။ ဒါပေမယ့်လည်း သူမကတော့ ၂၀၀၉ ခုနှစ်မှာ Jennifer’s Body ဆိုတဲ့ ဇာတ်ကားနဲ့ ၂၀၁၀ ခုနှစ်မှာ Jonah Hex ဆိုတဲ့ ဇာတ်ကားကို သရုပ်ဆောင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ Transformers: Dark of the Moon ထဲမှာ သူမကို ပြန်ပြီး သရုပ်ဆောင်ဖို့အတွက် စီစဉ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အကြောင်းတစ်ခုကြောင့် သူမနေရာမှာ Rosie Huntington-Whiteley ကို အစားထိုးလိုက်ပါတယ်။ အဲ့ဒါကတော့ သူမဟာ “ဒါရိုက်တာ Michael Bay ဟာ ရိုက်ကွင်းမှာဆိုရင် Hitler နဲ့တူအောင် နေချင်ပြီးတော့ တကယ်လည်း Hitler နဲ့ တူပါတယ်” ဆိုပြီးတော့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာကြောင့် ဖြစ်ပါတယ်။

(4) Charlize Theron
photo via screenrant

ဟောလိဝုဒ်ဇာတ်ကားတွေမှာ သရုပ်ဆောင်ရတာ ခက်ခဲပေမယ့်လည်း ဟောလိဝုဒ် musical ရုပ်ရှင်တွေကို သရုပ်ဆောင်ဖို့က ပိုပြီးတော့တောင် ခက်ခဲပါတယ်။ အဲ့လိုမျိူး သရုပ်ဆောင်ဖို့ဆိုရင် သရုပ်ဆောင်ရင်းနဲ့ ကတတ်ဖို့လိုသလို သီချင်းဆိုတတ်ဖို့လည်း လိုအပ်ပါသေးတယ်။ အနည်းဆုံးတော့ သရုပ်ဆောင်တာနဲ့ ကတာမှာ အရည်အချင်းရှိဖို့လိုအပ်ပြီးတော့ သီချင်းဆိုတာကတော့ auto-tune နဲ့ ပြင်ဆင်လို့ ရပါတယ်။ ၂၀၀၂ ခုနှစ်မှာ ထွက်ခဲ့တဲ့ Chicago ဇာတ်ကားထဲက Roxie Hart ဆိုတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့ကို သူမဟာ အကောင်းဆုံး လုပ်ပြနိုင်ခဲ့တာကြောင့် အဲ့ဒီနေရာမှာ သရုပ်ဆောင်ဖို့ သေချာသလောက် ဖြစ်နေခဲ့ပါတယ်။

အစကတော့ ဒါရိုက်တာ Nicholas Hytner နဲ့ ဒီဇာတ်ကားကို ရိုက်ဖို့အတွက် စီစဉ်ခဲ့တာ ဖြစ်ပေမယ့်လည်း နောက်ပိုင်းမှာတော့ အကြောင်းတစ်မျိူးကြောင့် ဒါရိုက်တာ Rob Marshall နဲ့ ပြောင်းလဲရိုက်ကူးခဲ့ပါတယ်။ အဲ့လိုမျိူး ဒါရိုက်တာ ပြောင်းလဲသွားတာကြောင့် သူမဟာ အဲ့ဒီဇာတ်ကောင်နေရာကို ဆုံးရှုံးသွားပြီး သူမနေရာကို Renee Zellweger နဲ့ ပြောင်းလဲလိုက်ပါတယ်။ သူမကတော့ ဒီဇာတ်ကောင်ကို သရုပ်ဆောင်ဖို့အတွက် အကောင်းဆုံးကြိုးစားခဲ့ပြီးတော့ ဒါရိုက်တာ ပြောင်းလဲသွားတာကြောင့် အဲ့ဒီဇာတ်ကောင်ကို လက်လွှတ်လိုက်ရတာဟာ တော်တော်လေးတော့ ဒေါသဖြစ်ဖို့ ကောင်းပါတယ်။

(5) Christian Bale
photo via screenrant

Bale ဟာ ၂၀၀၀ ခုနှစ်မှာ ထွက်ခဲ့တဲ့ American Psycho ဇာတ်ကားထဲမှာ သရုပ်ဆောင်ဖို့ကို တော်တော်လေးကို ကြိုးစားခဲ့ရပြီး အဲ့ဒီဇာတ်ကောင်နေရာက နှုတ်ထွက်ပေးခဲ့ရပြီးမှ ကံကောင်းစွာနဲ့ သရုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါရိုက်တာ Mary Harron ဟာ Patrick Bateman ဆိုတဲ့ ဇာတ်ကောင်နေရာဟာ Bale နဲ့လုံးဝကို လိုက်ဖက်တဲ့ ဇာတ်ကောင်တစ်ခုဆိုတာ သိတာကြောင့် သူ့ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထုတ်လုပ်သူတွေကတော့ Leonardo လိုမျိူး ပိုပြီးတော့ နာမည်ကြီးတဲ့ သရုပ်ဆောင်တစ်ယောက်ကို လိုချင်ခဲ့ပါတယ်။

အဲ့ဒါကြောင့်ပဲ ထုတ်လုပ်သူတွေဟာ Bale ကို သရုပ်မဆောင်ခိုင်းတော့ဘဲ Leonardo ကိုပဲ ရအောင် သရုပ်ဆောင်ခိုင်းမယ်ဆိုပြီး မရရတဲ့နည်းနဲ့ ကြိုးစားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Bale ဟာလည်း အဲ့ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့အတွက် လက်လွှတ်လိုက်ရတာ လအနည်းငယ်ကြာသွားပြီးတဲ့အချိန်ကျမှ Leonardo ကလည်း အဲ့ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့ကို ငြင်းဆိုခဲ့ပါတယ်။ အဲ့ဒီအချိန်ကျမှ ထုတ်လုပ်သူတွေဟာ လက်လျှော့လိုက်ပြီးတော့ Bale ကိုပဲ သရုပ်ဆောင်ခိုင်းဖို့ ဆုံးဖြတ်လိုက်ကာ သူ့ကိုပြန်ပြီးတော့ ကမ်းလှမ်းခဲ့ပါတယ်။

(6) Sylvester Stallone
photo via screenrant

၁၉၈၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ Beverly Hills Cop ဆိုတဲ့ ဇာတ်ကားရဲ့ အဓိကဇာတ်ကောင်နေရာမှာ Stallone ကို သရုပ်ဆောင်ဖို့အတွက် အရင်ဆုံးကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ဇာတ်ညွှန်းကို ဖတ်ကြည့်ပြီးတော့ ပိုပြီးတော့ အက်ရှင်ကားဆန်တဲ့ပုံစံနဲ့ ဇာတ်ညွှန်းတစ်ခုလုံးကို အစအဆုံးပြန်ရေးခဲ့ပါတယ်။

သူပြောင်းလဲရေးလိုက်တဲ့ ဇာတ်ညွှန်းဟာ ထုတ်လုပ်သူတွေနဲ့ အဆင်မပြေတဲ့အပြင် အဲ့ဒီဇာတ်ညွှန်းအတိုင်း ရိုက်ရင် ပိုပြီးတော့လည်း အကုန်အကျများမှာ ဖြစ်တာကြောင့် သူတို့ဟာ အဲ့ဒီဇာတ်ညွှန်းကို ပယ်ချခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ နောက်ပိုင်းမှာ အဆင်မပြေဖြစ်လာပြီးတော့ သူ့ရဲ့နေရာမှာ Eddie Murphy ကိုအစားထိုးပြီးတော့ ဇာတ်လမ်းကို ရိုက်ကူးခဲ့ပါတယ်။

(7) Ryan Gosling
photo via screenrant

La La Land ဇာတ်ကားမှာ Ryan Gosling သရုပ်ဆောင်ခဲ့ရတဲ့ ဇာတ်ကောင်ဟာ သူ့ကို ပိုပြီးတော့ အောင်မြင်မှုတွေ ရစေခဲ့ပေမယ့်လည်း အရင်တုန်းက အဲ့လိုမျိူး သူ့ကို ပိုပြီးတော့ အောင်မြင်မှုတွေရစေမယ့် ဇာတ်ကောင်တစ်ခုကို လွဲချော်ခဲ့ဖူးပါတယ်။ အဲ့ဒါကတော့ ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့တဲ့ The Lovely Bones ဇာတ်ကားထဲက Jack Salmond ဆိုတဲ့ ဇာတ်ကောင်ပဲ ဖြစ်ပါတယ်။ အဲ့လိုမျိူး လွဲချော်သွားရတဲ့အကြောင်းကတော့ သူနဲ့ဒါရိုက်တာတို့ဟာ အဲ့ဒီဇာတ်ကောင်နဲ့ ပတ်သက်ပြီး အနည်းငယ်နားလည်မှု လွဲခဲ့တာကြောင့် ဖြစ်ပါတယ်လို့ သူဟာ ပြောခဲ့ဖူးပါတယ်။

သူကတော့ အဲ့ဒီဇာတ်ကောင်ဟာ ပေါင် (၂၁၀) လောက်ရှိသင့်တယ်လို့ ယူဆပြီးတော့ ရိုက်ကူးရေးမစခင် အချိန်မှာ အလေးချိန်တက်လာအောင် ပြုလုပ်ခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ အဲ့ဒီဇာတ်ကောင်ဟာ အဲ့လိုမျိူးဝနေသင့်တယ်လို့ ဒါရိုက်တာကတော့ မထင်ထားပါဘူး။ အဲ့ဒါကြောင့်ပဲ ရိုက်ကူးရေးစတော့မယ့်အချိန်မှာ Ryan ဟာ ဖက်တီးတစ်ယောက်လိုမျိူး ပုံစံနဲ့ရောက်လာတဲ့အချိန်မှာတော့ ဒါရိုက်တာဟာ လုံးဝကို အံ့ဩသွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူတို့နှစ်ယောက်ဟာ နားလည်မှုလွဲသွားတာကို သိပေမယ့်လည်း ဝိတ်ပြန်ချဖို့ အချိန်မလောက်တော့တာကြောင့် Mark Wahlberg ကို သရုပ်ဆောင်ခိုင်းခဲ့ရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

သ႐ုပ္ေဆာင္ေတြဟာ လုပ္ကြက္ေတြအမ်ားႀကီး ရွိတဲ့ ဇာတ္ေကာင္ေတြေနရာမွာ ကမ္းလွမ္းခံရေတာင္ သူတို႔ဟာ အဲ့ဒီဇာတ္ေကာင္ေနရာမွာ ေသခ်ာေပါက္ သ႐ုပ္ေဆာင္ရမယ္လို႔ သတ္မွတ္ထားလို႔ မရပါဘူး။ ကံမေကာင္းရင္ အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္နဲ႔ သူတို႔ကို ကမ္းလွမ္းထားတဲ့ ဇာတ္ေကာင္ေနရာကေန လြဲေခ်ာ္သြားခဲ့တာမ်ိဴးေတြလည္း ရွိၾကပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္နဲ႔ သူတို႔သ႐ုပ္ေဆာင္ရမယ့္ ဇာတ္ေကာင္ေနရာကို လႊဲသြားၾကတဲ့ သ႐ုပ္ေဆာင္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Nicole Kidman
photo via screenrant

Nicole Kidman ဟာ ၂၀၀၁ ခုႏွစ္တုန္းက ဒါ႐ိုက္တာ David Fincher ႐ိုက္ကူးမယ့္ Panic Room ဆိုတဲ့ ဇာတ္ကားထဲမွာ Meg Altman ဆိုတဲ့ ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ ကမ္းလွမ္းခံခဲ့ရပါတယ္။ ဒါေပမယ့္လည္း ကံမေကာင္းစြာနဲ႔ပဲ သူမဟာ ႐ိုက္ကူးေရးစဖို႔အတြက္ ရက္ပိုင္းအလိုေလာက္မွ အဲ့ဒီဇာတ္ေကာင္ေနရာကို လက္လႊတ္လိုက္ရပါတယ္။ အေၾကာင္းကေတာ့ သူမရဲ႕ ဒူးမွာ ဒဏ္ရာရထားတာေၾကာင့္ျဖစ္ၿပီး အဲ့ဒီဇာတ္ေကာင္ကို သ႐ုပ္ေဆာင္ဖို႔အတြက္ လုံလုံေလာက္ေလာက္ မလႈပ္ရွားႏိုင္တာေၾကာင့္ပဲ ျဖစ္ပါတယ္။

Moulin Rouge ဇာတ္ကားကို ႐ိုက္ေနတဲ့အခ်ိန္ကတည္းက အဲ့ဒီဒဏ္ရာရေနခဲ့တာ ျဖစ္ၿပီးေတာ့ အဲ့ဒီကားထဲမွာ သည္းခံၿပီးေတာ့ အေကာင္းဆုံး သ႐ုပ္ေဆာင္ခဲ့ပါတယ္လို႔ သူမကိုယ္တိုင္က ေျပာခဲ့ပါတယ္။ ဒါ့အျပင္ အဲ့ဒီဇာတ္ကားကို ႐ိုက္ေနတဲ့အခ်ိန္တုန္းက မနက္ (၃) နာရီေလာက္ထိ သ႐ုပ္ေဆာင္ေနရတုန္းျဖစ္ၿပီး သူမဟာ အရမ္းပင္ပန္းၿပီး နားခ်င္ေနေပမယ့္လည္း ဒါ႐ိုက္တာကို ေနာက္ထပ္တစ္ခန္း ထပ္ၿပီး႐ိုက္ခိုင္းခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ သ႐ုပ္ေဆာင္ေနရင္းနဲ႔ သူမဟာ လဲက်ၿပီးေတာ့ ဒူးမွာ ဒဏ္ရာရသြားခဲ့ပါတယ္။

(2) Will Smith
photo via screenrant

ဒါ႐ိုက္တာ Quentin Tarantino ဟာ Will Smith ကို Django Unchained ဇာတ္ကားမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ ကမ္းလွမ္းခဲ့ပါတယ္။ ဒါေပမယ့္လည္း သူဟာ အဓိကဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ခ်င္တာေၾကာင့္ အဲ့ဒီကမ္းလွမ္းမႈကို လက္မခံခဲ့ပါဘူး။ ဒါ႐ိုက္တာ Quentin Tarantino ကမ္းလွမ္းခဲ့တဲ့ ဇာတ္ေကာင္ကေတာ့ Django ျဖစ္ေပမယ့္လည္း သူဟာ အဲ့ဒီဇာတ္ေကာင္ကို အဓိကဇာတ္ေကာင္လို႔ မသတ္မွတ္ထားတာေၾကာင့္ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့ပါတယ္။

သူ႔ရဲ႕အယူအဆနဲ႔သူ ျဖစ္ေပမယ့္လည္း အဲ့လိုမ်ိဴး အဓိကဇာတ္ေကာင္ ကမ္းလွမ္းခံရတာကို လက္မခံခဲ့တာကေတာ့ အနည္းငယ္ေၾကာင္ေတာင္ေတာင္ ျဖစ္ေစပါတယ္။ အဲ့ဒါေၾကာင့္ သူ႔အစား Jamie Foxx နဲ႔ အဲ့ဒီဇာတ္ကားကို ႐ိုက္တဲ့အခ်ိန္မွာ‌ေတာ့ box office (၄၅၂) သန္း ရခဲ့တဲ့အျပင္ တစ္ျခားဆုေတြလည္း ရခဲ့ပါတယ္။ အဲ့လိုဇာတ္ကားကို လက္လႊတ္ခံၿပီးေတာ့ သူ သ႐ုပ္ေဆာင္ဖို႔ ေ႐ြးခ်ယ္ခဲ့တဲ့ ဇာတ္ကားကေတာ့ After Earth ပဲ ျဖစ္ပါတယ္။

(3) Megan Fox
photo via screenrant

Megan Fox ဟာ ဒါ႐ိုက္တာ Michael Bay ႐ိုက္ကူးခဲ့တဲ့ Transformers ဇာတ္လမ္းမွာ သ႐ုပ္ေဆာင္ၿပီးတဲ့ ေနာက္ပိုင္းမွာေတာ့ သူမဟာ တစ္ခ်ိဳ႕ဇာတ္ေကာင္ေတြအတြက္ ကမ္းလွမ္းမႈေတြ ရရွိခဲ့ပါတယ္။ အဲ့လိုမ်ိဴး ကမ္းလွမ္းမႈေတြ ရခဲ့ေပမယ့္လည္း အခုလိုနာမည္ႀကီး႐ုပ္ရွင္ျဖစ္တဲ့ Transformers မွာ ဆက္ၿပီး သ႐ုပ္ေဆာင္ခဲ့ရင္ ပိုၿပီးေတာ့ ေအာင္ျမင္မႈေတြ ရလာႏိုင္ပါတယ္။ ဒါေပမယ့္လည္း သူမကေတာ့ ၂၀၀၉ ခုႏွစ္မွာ Jennifer’s Body ဆိုတဲ့ ဇာတ္ကားနဲ႔ ၂၀၁၀ ခုႏွစ္မွာ Jonah Hex ဆိုတဲ့ ဇာတ္ကားကို သ႐ုပ္ေဆာင္ခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ Transformers: Dark of the Moon ထဲမွာ သူမကို ျပန္ၿပီး သ႐ုပ္ေဆာင္ဖို႔အတြက္ စီစဥ္ခဲ့ပါေသးတယ္။ ဒါေပမယ့္လည္း အေၾကာင္းတစ္ခုေၾကာင့္ သူမေနရာမွာ Rosie Huntington-Whiteley ကို အစားထိုးလိုက္ပါတယ္။ အဲ့ဒါကေတာ့ သူမဟာ “ဒါ႐ိုက္တာ Michael Bay ဟာ ႐ိုက္ကြင္းမွာဆိုရင္ Hitler နဲ႔တူေအာင္ ေနခ်င္ၿပီးေတာ့ တကယ္လည္း Hitler နဲ႔ တူပါတယ္” ဆိုၿပီးေတာ့ အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့တာေၾကာင့္ ျဖစ္ပါတယ္။

(4) Charlize Theron
photo via screenrant

ေဟာလိဝုဒ္ဇာတ္ကားေတြမွာ သ႐ုပ္ေဆာင္ရတာ ခက္ခဲေပမယ့္လည္း ေဟာလိဝုဒ္ musical ႐ုပ္ရွင္ေတြကို သ႐ုပ္ေဆာင္ဖို႔က ပိုၿပီးေတာ့ေတာင္ ခက္ခဲပါတယ္။ အဲ့လိုမ်ိဴး သ႐ုပ္ေဆာင္ဖို႔ဆိုရင္ သ႐ုပ္ေဆာင္ရင္းနဲ႔ ကတတ္ဖို႔လိုသလို သီခ်င္းဆိုတတ္ဖို႔လည္း လိုအပ္ပါေသးတယ္။ အနည္းဆုံးေတာ့ သ႐ုပ္ေဆာင္တာနဲ႔ ကတာမွာ အရည္အခ်င္းရွိဖို႔လိုအပ္ၿပီးေတာ့ သီခ်င္းဆိုတာကေတာ့ auto-tune နဲ႔ ျပင္ဆင္လို႔ ရပါတယ္။ ၂၀၀၂ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Chicago ဇာတ္ကားထဲက Roxie Hart ဆိုတဲ့ ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ကို သူမဟာ အေကာင္းဆုံး လုပ္ျပႏိုင္ခဲ့တာေၾကာင့္ အဲ့ဒီေနရာမွာ သ႐ုပ္ေဆာင္ဖို႔ ေသခ်ာသေလာက္ ျဖစ္ေနခဲ့ပါတယ္။

အစကေတာ့ ဒါ႐ိုက္တာ Nicholas Hytner နဲ႔ ဒီဇာတ္ကားကို ႐ိုက္ဖို႔အတြက္ စီစဥ္ခဲ့တာ ျဖစ္ေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ အေၾကာင္းတစ္မ်ိဴးေၾကာင့္ ဒါ႐ိုက္တာ Rob Marshall နဲ႔ ေျပာင္းလဲ႐ိုက္ကူးခဲ့ပါတယ္။ အဲ့လိုမ်ိဴး ဒါ႐ိုက္တာ ေျပာင္းလဲသြားတာေၾကာင့္ သူမဟာ အဲ့ဒီဇာတ္ေကာင္ေနရာကို ဆုံးရႈံးသြားၿပီး သူမေနရာကို Renee Zellweger နဲ႔ ေျပာင္းလဲလိုက္ပါတယ္။ သူမကေတာ့ ဒီဇာတ္ေကာင္ကို သ႐ုပ္ေဆာင္ဖို႔အတြက္ အေကာင္းဆုံးႀကိဳးစားခဲ့ၿပီးေတာ့ ဒါ႐ိုက္တာ ေျပာင္းလဲသြားတာေၾကာင့္ အဲ့ဒီဇာတ္ေကာင္ကို လက္လႊတ္လိုက္ရတာဟာ ေတာ္ေတာ္ေလးေတာ့ ေဒါသျဖစ္ဖို႔ ေကာင္းပါတယ္။

(5) Christian Bale
photo via screenrant

Bale ဟာ ၂၀၀၀ ခုႏွစ္မွာ ထြက္ခဲ့တဲ့ American Psycho ဇာတ္ကားထဲမွာ သ႐ုပ္ေဆာင္ဖို႔ကို ေတာ္ေတာ္ေလးကို ႀကိဳးစားခဲ့ရၿပီး အဲ့ဒီဇာတ္ေကာင္ေနရာက ႏႈတ္ထြက္ေပးခဲ့ရၿပီးမွ ကံေကာင္းစြာနဲ႔ သ႐ုပ္ေဆာင္ခဲ့ရတာ ျဖစ္ပါတယ္။ ဒါ႐ိုက္တာ Mary Harron ဟာ Patrick Bateman ဆိုတဲ့ ဇာတ္ေကာင္ေနရာဟာ Bale နဲ႔လုံးဝကို လိုက္ဖက္တဲ့ ဇာတ္ေကာင္တစ္ခုဆိုတာ သိတာေၾကာင့္ သူ႔ကို ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ထုတ္လုပ္သူေတြကေတာ့ Leonardo လိုမ်ိဴး ပိုၿပီးေတာ့ နာမည္ႀကီးတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ကို လိုခ်င္ခဲ့ပါတယ္။

အဲ့ဒါေၾကာင့္ပဲ ထုတ္လုပ္သူေတြဟာ Bale ကို သ႐ုပ္မေဆာင္ခိုင္းေတာ့ဘဲ Leonardo ကိုပဲ ရေအာင္ သ႐ုပ္ေဆာင္ခိုင္းမယ္ဆိုၿပီး မရရတဲ့နည္းနဲ႔ ႀကိဳးစားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Bale ဟာလည္း အဲ့ဒီဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ လက္လႊတ္လိုက္ရတာ လအနည္းငယ္ၾကာသြားၿပီးတဲ့အခ်ိန္က်မွ Leonardo ကလည္း အဲ့ဒီဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ကို ျငင္းဆိုခဲ့ပါတယ္။ အဲ့ဒီအခ်ိန္က်မွ ထုတ္လုပ္သူေတြဟာ လက္ေလွ်ာ့လိုက္ၿပီးေတာ့ Bale ကိုပဲ သ႐ုပ္ေဆာင္ခိုင္းဖို႔ ဆုံးျဖတ္လိုက္ကာ သူ႔ကိုျပန္ၿပီးေတာ့ ကမ္းလွမ္းခဲ့ပါတယ္။

(6) Sylvester Stallone
photo via screenrant

၁၉၈၄ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Beverly Hills Cop ဆိုတဲ့ ဇာတ္ကားရဲ႕ အဓိကဇာတ္ေကာင္ေနရာမွာ Stallone ကို သ႐ုပ္ေဆာင္ဖို႔အတြက္ အရင္ဆုံးကမ္းလွမ္းခဲ့တာ ျဖစ္ပါတယ္။ သူမဟာ ဇာတ္ၫႊန္းကို ဖတ္ၾကည့္ၿပီးေတာ့ ပိုၿပီးေတာ့ အက္ရွင္ကားဆန္တဲ့ပုံစံနဲ႔ ဇာတ္ၫႊန္းတစ္ခုလုံးကို အစအဆုံးျပန္ေရးခဲ့ပါတယ္။

သူေျပာင္းလဲေရးလိုက္တဲ့ ဇာတ္ၫႊန္းဟာ ထုတ္လုပ္သူေတြနဲ႔ အဆင္မေျပတဲ့အျပင္ အဲ့ဒီဇာတ္ၫႊန္းအတိုင္း ႐ိုက္ရင္ ပိုၿပီးေတာ့လည္း အကုန္အက်မ်ားမွာ ျဖစ္တာေၾကာင့္ သူတို႔ဟာ အဲ့ဒီဇာတ္ၫႊန္းကို ပယ္ခ်ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ေနာက္ပိုင္းမွာ အဆင္မေျပျဖစ္လာၿပီးေတာ့ သူ႔ရဲ႕ေနရာမွာ Eddie Murphy ကိုအစားထိုးၿပီးေတာ့ ဇာတ္လမ္းကို ႐ိုက္ကူးခဲ့ပါတယ္။

(7) Ryan Gosling
photo via screenrant

La La Land ဇာတ္ကားမွာ Ryan Gosling သ႐ုပ္ေဆာင္ခဲ့ရတဲ့ ဇာတ္ေကာင္ဟာ သူ႔ကို ပိုၿပီးေတာ့ ေအာင္ျမင္မႈေတြ ရေစခဲ့ေပမယ့္လည္း အရင္တုန္းက အဲ့လိုမ်ိဴး သူ႔ကို ပိုၿပီးေတာ့ ေအာင္ျမင္မႈေတြရေစမယ့္ ဇာတ္ေကာင္တစ္ခုကို လြဲေခ်ာ္ခဲ့ဖူးပါတယ္။ အဲ့ဒါကေတာ့ ၂၀၀၉ ခုႏွစ္မွာ ထြက္ခဲ့တဲ့ The Lovely Bones ဇာတ္ကားထဲက Jack Salmond ဆိုတဲ့ ဇာတ္ေကာင္ပဲ ျဖစ္ပါတယ္။ အဲ့လိုမ်ိဴး လြဲေခ်ာ္သြားရတဲ့အေၾကာင္းကေတာ့ သူနဲ႔ဒါ႐ိုက္တာတို႔ဟာ အဲ့ဒီဇာတ္ေကာင္နဲ႔ ပတ္သက္ၿပီး အနည္းငယ္နားလည္မႈ လြဲခဲ့တာေၾကာင့္ ျဖစ္ပါတယ္လို႔ သူဟာ ေျပာခဲ့ဖူးပါတယ္။

သူကေတာ့ အဲ့ဒီဇာတ္ေကာင္ဟာ ေပါင္ (၂၁၀) ေလာက္ရွိသင့္တယ္လို႔ ယူဆၿပီးေတာ့ ႐ိုက္ကူးေရးမစခင္ အခ်ိန္မွာ အေလးခ်ိန္တက္လာေအာင္ ျပဳလုပ္ခဲ့ပါတယ္။ ကံမေကာင္းစြာနဲ႔ပဲ အဲ့ဒီဇာတ္ေကာင္ဟာ အဲ့လိုမ်ိဴးဝေနသင့္တယ္လို႔ ဒါ႐ိုက္တာကေတာ့ မထင္ထားပါဘူး။ အဲ့ဒါေၾကာင့္ပဲ ႐ိုက္ကူးေရးစေတာ့မယ့္အခ်ိန္မွာ Ryan ဟာ ဖက္တီးတစ္ေယာက္လိုမ်ိဴး ပုံစံနဲ႔ေရာက္လာတဲ့အခ်ိန္မွာေတာ့ ဒါ႐ိုက္တာဟာ လုံးဝကို အံ့ဩသြားခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာ သူတို႔ႏွစ္ေယာက္ဟာ နားလည္မႈလြဲသြားတာကို သိေပမယ့္လည္း ဝိတ္ျပန္ခ်ဖို႔ အခ်ိန္မေလာက္ေတာ့တာေၾကာင့္ Mark Wahlberg ကို သ႐ုပ္ေဆာင္ခိုင္းခဲ့ရပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular