HomeEntertainmentFilmပထမဆုံး ရုံတင်တဲ့နေ့မှာတင် ဒေါ်လာ(၂၁)သန်းကျော် ရရှိခဲ့တဲ့ The Batman ရုပ်ရှင်

ပထမဆုံး ရုံတင်တဲ့နေ့မှာတင် ဒေါ်လာ(၂၁)သန်းကျော် ရရှိခဲ့တဲ့ The Batman ရုပ်ရှင်

The Batman ရုပ်ရှင်ကတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ရုံစတင်ခဲ့ပြီး ရုံတင်တင်ချင်းမှာပဲ ဝင်ငွေ ဒေါ်လာ (၂၁.၆)သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီစံချိန်ကတော့ ယခင်က ထွက်ရှိခဲ့တဲ့ Joker ၊ Aquaman နဲ့ The Suicide Squad တို့ထက် ပိုပြီးမြင့်မားနေပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Twilight ထဲက Edward အဖြစ် လူသိများခဲ့တဲ့ မင်းသား Robert Pattinson က Bruce Wayne အနေနဲ့ ပါဝင်ထားပါတယ်။

photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Bruce Wayne ရဲ့ Batman ဖြစ်ခါစ အချိန်ကို မြင်တွေ့ရမှာဖြစ်ပြီး အဲ့ဒီအချိန်မှာတော့ Gotham မြို့သူမြို့သားတွေကို ကွင်းဆက်လူသတ်သမားတစ်ယောက် ဖြစ်တဲ့ Riddler က တိုက်ခိုက်နေပါတယ်။ ဒါကြောင့်ပဲ Batman ဟာ Riddler ကို ခြေရာခံနိုင်ဖို့အတွက် Catwoman နဲ့ ပူးပေါင်းကာ လိုက်လံစုံစမ်းရပါတော့တယ်။ ဒီလိုစုံစမ်းနေရင်း Wayne မိသားစုနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကိုလည်း တဖြည်းဖြည်းနဲ့ ရှာတွေ့လာပါတော့တယ်။

Variety သတင်းဌာနရဲ့ ဖော်ပြချက်အရ The Batman ရုပ်ရှင်ဟာ စတင်ပြီး ရုံတင်တဲ့ နေ့မှာတင် ဒေါ်လာ (၂၁.၆)သန်း ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါကတော့ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့တို့မှာ ပြသခဲ့တဲ့ အထူးပွဲတွေက ဝင်ငွေတွေကိုပါ ထည့်တွက်ထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ ကိုဗစ်ဖြစ်နေတဲ့ ကာလအတွင်း ရုံတင်တင်ချင်း ဝင်ငွေအများဆုံး ရုပ်ရှင်တွေရဲ့ စာရင်းမှာ ဒုတိယနေရာက ရပ်တည်နေပါတယ်။ ပထမနေရာမှာ ရပ်တည်နေတာကတော့ ကနဦး ရုံတင်ဝင်ငွေ ဒေါ်လာသန်း(၅၀) ရရှိထားတဲ့ Spider-Man: No Way Home ရုပ်ရှင်ပဲ ဖြစ်ပါတယ်။

Photo Credit: Warner Bros. Pictures/ DC Films

The Batman ရုပ်ရှင်ကတော့ ကိုဗစ်မဖြစ်ခင် ကာလမှာ ရုံတင်ခဲ့တဲ့ တခြား DC ရုပ်ရှင်တွေကိုပါ ကျော်တက်သွားပါတယ်။ ရုံတင်တင်ချင်း နေ့မှာတော့ Joker က ဒေါ်လာ (၁၃.၃)သန်း၊ Aquaman က ဒေါ်လာ (၁၃.၇)သန်းနဲ့ The Suicide Squad က ဒေါ်လာ (၂၀.၅)သန်းတို့ အသီးသီး ရရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ The Batman ဟာ အဲ့ဒီရုပ်ရှင်သုံးကားလုံးကို ကျော်တက်သွားပြီး Box Office မှာလည်း အခြေအနေကောင်းလာမယ်ဆိုတာ မလွဲမသွေပါပဲ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular