HomeEntertainmentFilmThe Batman ထဲက Joker ရဲ့မျက်နှာ စုတ်ပြတ်နေရတဲ့အကြောင်းရင်းကို ရှင်းပြထားတဲ့ ဒါရိုက်တာ Matt Reeves

The Batman ထဲက Joker ရဲ့မျက်နှာ စုတ်ပြတ်နေရတဲ့အကြောင်းရင်းကို ရှင်းပြထားတဲ့ ဒါရိုက်တာ Matt Reeves

The Batman ရုပ်ရှင်ထဲက Joker ရဲ့ Deleted Scene ကို ပြန်လည် ထုတ်လုပ်တဲ့ အချိန်မှာတော့ ဒါရိုက်တာ Matt Reeves ဟာ ဒီဇာတ်ကောင်ရဲ့ရောဂါနဲ့ နောက်ကြောင်းကို ရှင်းပြခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Robert Pattinson ဟာ Batman ဖြစ်တာ သိပ်မကြာသေးဘဲ အဓိကဗီလိန်ကတော့ Paul Dano သရုပ်ဆောင်ထားတဲ့ ကွင်းဆက်လူသတ်သမား Riddler ဖြစ်ပါတယ်။

photo via screenrant

Riddler ဟာ အဖမ်းခံရပြီး နောက်မှာတော့ သူ့ရဲ့ဘေးခန်းက အကျဉ်းသား နောက်တစ်ယောက်နဲ့ စကားပြောနေတာကို ပြသသွားပါတယ်။ အဲဒီအကျဉ်းသားကတော့ Batman ရဲ့ အကြီးမားဆုံး ဗီလိန်ဖြစ်တဲ့ Joker ပဲ ဖြစ်ပြီး Barry Keoghan က သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင် ထွက်လာပြီး သိပ်မကြာခင်မှာပဲ Batman ဟာ Joker နဲ့ စကားပြောနေတဲ့ Deleted Scene တစ်ခုကို ထုတ်ပေးခဲ့ပါတယ်။

မကြာသေးခင်ကပဲ ဒါရိုက်တာ Matt Reeves ဟာ အဲဒီ Deleted Scene ကို အခြေခံပြီး Joker ရဲ့ မျက်နှာဟာ ဘာကြောင့် အခုလို ပျက်စီးနေရတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ Matt Reeves ရဲ့ ပြောပြချက်အရ Joker ရဲ့ ဒီဗားရှင်းဟာ ၁၉၂၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဂျာမနီရုပ်ရှင် The Man Who Laughs ထဲက Gwynplaine ကို မှီငြမ်းပြီး ဖန်တီးထားတာလို့ ဆိုပါတယ်။

ဒီ Joker ဟာ မွေးကတည်းက Degenerative Disease ကို ခံစားနေရတာကြောင့် သူဟာ အမြဲတမ်း ကြောက်ဖို့ကောင်းတဲ့ အပြုံးကို ပြုံးနေသလို ဖြစ်နေတာလို့ ဆိုပါတယ်။ Degenerative Disease ကတော့ ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေနဲ့ ကိုယ်အင်္ဂါတွေကို ထိခိုက်စေတာ ဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ ပိုမိုဆိုးရွားလာစေတဲ့ ရောဂါပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူဟာ ကလေးဘဝကတည်းက လူထူးဆန်းတစ်ယောက်လို ဖြစ်နေခဲ့ပါတယ်။ ယခုလို ကောမစ်ဗားရှင်းတွေ၊ Live Action ဗားရှင်းတွေနဲ့ မတူညီတဲ့ Joker ကိုတော့ အသစ်ထွက်ရှိလာမယ့် The Batman 2 ထဲမှာ ပိုမိုမြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular