HomeEntertainmentFilmThe Batman ရုပ်ရှင်ထဲကဒီဇိုင်းနဲ့ လုံးဝမတူညီတဲ့ Penguin ရဲ့ အသုံးမပြုဖြစ်လိုက်တဲ့ Concept Art

The Batman ရုပ်ရှင်ထဲကဒီဇိုင်းနဲ့ လုံးဝမတူညီတဲ့ Penguin ရဲ့ အသုံးမပြုဖြစ်လိုက်တဲ့ Concept Art

The Batman ရုပ်ရှင်မှာ အသုံးမပြုဖြစ်လိုက်တဲ့ Concept Art တွေကိုတော့ မကြာသေးခင်ကပဲ မြင်တွေ့ခဲ့ရပါတယ်။ အဲဒီ Concept Art တွေထဲက Penguin ရဲ့ပုံစံကတော့ ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ခဲ့ရတာနဲ့ လုံးဝမတူညီတာကို တွေ့ရပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Riddler ဟာ အဓိကဗီလိန် ဖြစ်ပြီး Penguin က အရံလောက်သာ ပါဝင်ခဲ့ပေမယ့်လည်း အသစ်ထွက်ရှိလာမယ့် Sequel ထဲမှာတော့ Penguin ဟာ ပိုမိုအရေးကြီးတဲ့ နေရာမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။

Penguin နေရာမှာတော့ နာမည်ကြီး သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့ Colin Farrell က ပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကောင်အတွက် သူ့ရဲ့နဂိုရုပ်ကိုတောင် မမှတ်မိလောက်အောင် ပြောင်းလဲထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲက ပုံစံ ဖြစ်လာဖို့အတွက် သူဟာ Body Suit ကို ဝတ်ဆင်ခဲ့ရသလို အထူးမိတ်ကပ်တွေလည်း နာရီနဲ့ချီပြီး ပြင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း မူလတုန်းက စီစဉ်ထားတဲ့ Penguin ရဲ့ ဒီဇိုင်းကတော့ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့ ပုံစံနဲ့ လားလားမှ မသက်ဆိုင်ပါဘူး။

 

View this post on Instagram

 

A post shared by Glyn Dillon (@glyn__dillon)

The Batman ရုပ်ရှင်ရဲ့ Costume Designer တစ်ယောက်ဖြစ်တဲ့ Glyn Dillon ကတော့ အင်စတာဂရမ်ပေါ်မှာ ဒီရုပ်ရှင်အတွက် အသုံးမပြုဖြစ်လိုက်တဲ့ Concept Art တွေကို မျှဝေပေးခဲ့ပါတယ်။ ဒီ Concept Art တွေထဲမှာတော့ Alfred ၊ Riddler ၊ Catwoman နဲ့ Penguin တို့အတွက် အစောပိုင်းမှာ ဖန်တီးခဲ့တဲ့ ဒီဇိုင်းတွေ ပါဝင်ပါတယ်။ အဲဒီထဲမှာမှ အထူးခြားဆုံးကတော့ Penguin ပဲ ဖြစ်ပါတယ်။

အစောပိုင်း ဒီဇိုင်းတွေထဲမှာတော့ Penguin ဟာ နှာခေါင်းကျိူးနေရုံ သက်သက်ပဲ ဖြစ်ပြီး ကျွန်တော်တို့ မြင်တွေ့ခဲ့ရသလို ရုပ်ဆိုးဆိုးပုံစံမျိူး မဟုတ်ပါဘူး။ ဒီ Concept Art ထဲက ဒီဇိုင်းမှာတော့ သူဟာ ပိန်ပိန်ပါးပါးနဲ့ ဖက်ရှင်ကျကျ ဝတ်ဆင်ထားသူ တစ်ယောက်ပုံစံပဲ ဖြစ်ပါတယ်။

ဒီအချက်ကြောင့်ပဲ အရင်တုန်းက ဒါရိုက်တာ Matt Reeves နဲ့ Colin Farrell တို့ဟာ Penguin ဇာတ်ကောင်ကို The Godfather ရုပ်ရှင်ထဲက Fredo ကို အခြေခံပြီး ဖန်တီးထားတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစောပိုင်းဒီဇိုင်းထက် ရုပ်ရှင်ထဲက ဒီဇိုင်းကတော့ ကောမစ်ထဲက ပုံစံနဲ့ ပိုမိုဆင်တူပြီး ထူးခြားတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်လာစေခဲ့ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular