HomeEntertainmentFilmသိပ်မကြာခင်မှာ ရိုက်ကူးရေး စတင်တော့မယ့် The Boys Season 3

သိပ်မကြာခင်မှာ ရိုက်ကူးရေး စတင်တော့မယ့် The Boys Season 3

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Boys ဇာတ်လမ်းတွဲထဲက Hughie Campbell နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Jack Quaid ဟာ ရိုက်ကူးရေးအတွက် ကနေဒါနိုင်ငံကို ခရီးသွားနေတဲ့ပုံကို အင်စတာဂရမ်ပေါ်မှာ တင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီဇာတ်လမ်းတွဲဟာ မကြာခင်မှာ ရိုက်ကူးရေး စတင်တော့မယ် ဆိုတာကို သိခဲ့ရပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၉ ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး လူအကြည့်အများဆုံး ဇာတ်လမ်းတွဲတွေထဲက တစ်ခု ဖြစ်လာခဲ့ပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ Garth Ennis နဲ့ Darick Robertson တို့ ဖန်တီးခဲ့တဲ့ The Boys ကောမစ်ကို Live Action အဖြစ် ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ Season 2 ထဲမှာတော့ ပရိသတ်တွေကို အံ့ဩသွားစေတဲ့ လှည့်ကွက်တွေ ပါဝင်ခဲ့သလို မေးခွန်းတွေများစွာလည်း ထွက်ပေါ်လာစေခဲ့ပါတယ်။ ဒါကြောင့်ပဲ ပရိသတ်တွေ အများစုကတော့ season 3 ကို စောင့်မျှော်နေကြပါတယ်။ ဒါ့အပြင် season 3 ထဲမှာတော့ Dean Winchester လို့ လူသိများကြတဲ့ Jensen Ackles ဟာလည်း Solider Boy နေရာမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ Season 3 ကိုတော့ ဒီနှစ်ကုန်လောက်မှာ စတင်ကြည့်ရှုရမယ်လို့ ယူဆလို့ရပါတယ်။

သိပ်မကြာခင်တုန်းက Jack Quaid ဟာ The Boys season 3 ရိုက်ကူးမယ့် ကနေဒါနိုင်ငံကို ခရီးသွားနေတဲ့ ဓာတ်ပုံကို အင်စတာဂရမ်ပေါ်မှာ တင်ခဲ့ပါတယ်။ Jack ဟာ The Boys season 3 ရိုက်ကူးဖို့အတွက် သွားနေတယ်လို့ တိုက်ရိုက်မပြောပေမယ့်လည်း သူ့ရဲ့ caption ကို ဖတ်ကြည့်လိုက်ရင် သိသာပါတယ်။ ဒါ့အပြင် သူဟာ ကနေဒါနိုင်ငံမှာ Q ဝင်နေတာကိုလည်း အင်စတာဂရမ် story မှာ တင်ခဲ့ပါသေးတယ်။

photo via jack_quaid/instagram

ဒီသတင်းကတော့ ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုပဲ ဖြစ်ပြီး ဇန်နဝါရီလကုန်ပိုင်းလောက်မှာ စတင်ရိုက်ကူးသွားမယ်လို့ ထင်ပါတယ်။ ကနေဒါကို ခရီးသွားသူတွေဟာ (၁၄) ရက် Q ဝင်ရပြီး Jack ကတော့ နောက်နှစ်ပတ်နေရင် စတင်ရိုက်ကူးလို့ ရပြီ ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ထပ်မံနှောင့်နှေးမှုတွေ မရှိခဲ့ဘူးဆိုရင်တော့ ရိုက်ကူးရေးဟာ နွေဦးလောက်မှာ ပြီးဆုံးသွားပါလိမ့်မယ်။ ဒါကြောင့်ပဲ ပရိသတ်တွေအနေနဲ့ season 3 ကို ဒီနှစ်ကုန်လောက်မှာ စတင်ကြည့်ရှုနိုင်မယ်လို့ ယူဆရပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

The Boys ဇာတ္လမ္းတြဲထဲက Hughie Campbell ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ Jack Quaid ဟာ ႐ိုက္ကူးေရးအတြက္ ကေနဒါႏိုင္ငံကို ခရီးသြားေနတဲ့ပုံကို အင္စတာဂရမ္ေပၚမွာ တင္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီဇာတ္လမ္းတြဲဟာ မၾကာခင္မွာ ႐ိုက္ကူးေရး စတင္ေတာ့မယ္ ဆိုတာကို သိခဲ့ရပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၉ ခုႏွစ္မွာ စတင္ထြက္ရွိခဲ့ၿပီး လူအၾကည့္အမ်ားဆုံး ဇာတ္လမ္းတြဲေတြထဲက တစ္ခု ျဖစ္လာခဲ့ပါတယ္။

photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ Garth Ennis နဲ႔ Darick Robertson တို႔ ဖန္တီးခဲ့တဲ့ The Boys ေကာမစ္ကို Live Action အျဖစ္ ျပန္လည္ဖန္တီးထားတာ ျဖစ္ပါတယ္။ Season 2 ထဲမွာေတာ့ ပရိသတ္ေတြကို အံ့ဩသြားေစတဲ့ လွည့္ကြက္ေတြ ပါဝင္ခဲ့သလို ေမးခြန္းေတြမ်ားစြာလည္း ထြက္ေပၚလာေစခဲ့ပါတယ္။ ဒါေၾကာင့္ပဲ ပရိသတ္ေတြ အမ်ားစုကေတာ့ season 3 ကို ေစာင့္ေမွ်ာ္ေနၾကပါတယ္။ ဒါ့အျပင္ season 3 ထဲမွာေတာ့ Dean Winchester လို႔ လူသိမ်ားၾကတဲ့ Jensen Ackles ဟာလည္း Solider Boy ေနရာမွာ ပါဝင္လာမွာ ျဖစ္ပါတယ္။ Season 3 ကိုေတာ့ ဒီႏွစ္ကုန္ေလာက္မွာ စတင္ၾကည့္ရႈရမယ္လို႔ ယူဆလို႔ရပါတယ္။

သိပ္မၾကာခင္တုန္းက Jack Quaid ဟာ The Boys season 3 ႐ိုက္ကူးမယ့္ ကေနဒါႏိုင္ငံကို ခရီးသြားေနတဲ့ ဓာတ္ပုံကို အင္စတာဂရမ္ေပၚမွာ တင္ခဲ့ပါတယ္။ Jack ဟာ The Boys season 3 ႐ိုက္ကူးဖို႔အတြက္ သြားေနတယ္လို႔ တိုက္႐ိုက္မေျပာေပမယ့္လည္း သူ႔ရဲ႕ caption ကို ဖတ္ၾကည့္လိုက္ရင္ သိသာပါတယ္။ ဒါ့အျပင္ သူဟာ ကေနဒါႏိုင္ငံမွာ Q ဝင္ေနတာကိုလည္း အင္စတာဂရမ္ story မွာ တင္ခဲ့ပါေသးတယ္။

photo via jack_quaid/instagram

ဒီသတင္းကေတာ့ ပရိသတ္ေတြအတြက္ သတင္းေကာင္းတစ္ခုပဲ ျဖစ္ၿပီး ဇန္နဝါရီလကုန္ပိုင္းေလာက္မွာ စတင္႐ိုက္ကူးသြားမယ္လို႔ ထင္ပါတယ္။ ကေနဒါကို ခရီးသြားသူေတြဟာ (၁၄) ရက္ Q ဝင္ရၿပီး Jack ကေတာ့ ေနာက္ႏွစ္ပတ္ေနရင္ စတင္႐ိုက္ကူးလို႔ ရၿပီ ျဖစ္ပါတယ္။ ကိုဗစ္ေၾကာင့္ ထပ္မံေႏွာင့္ေႏွးမႈေတြ မရွိခဲ့ဘူးဆိုရင္ေတာ့ ႐ိုက္ကူးေရးဟာ ေႏြဦးေလာက္မွာ ၿပီးဆုံးသြားပါလိမ့္မယ္။ ဒါေၾကာင့္ပဲ ပရိသတ္ေတြအေနနဲ႔ season 3 ကို ဒီႏွစ္ကုန္ေလာက္မွာ စတင္ၾကည့္ရႈႏိုင္မယ္လို႔ ယူဆရပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular