HomeEntertainmentFilmThe Boys ဇာတ်လမ်းတွဲထဲမှာ Jared Padalecki ကို Cameo ပါဝင်စေချင်တဲ့ Jensen

The Boys ဇာတ်လမ်းတွဲထဲမှာ Jared Padalecki ကို Cameo ပါဝင်စေချင်တဲ့ Jensen

The Boys ဇာတ်လမ်းတွဲကို ဖန်တီးသူဖြစ်တဲ့ Eric Kripke နဲ့ Season 3 မှာ Soldier Boy အဖြစ် ပါဝင်လာတဲ့ Jensen Ackles တို့ကတော့ Jared Padalecki ကို Cameo ပါဝင်စေချင်တယ်လို့ ပြောလာပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ စူပါဟီးရိုး ဇာတ်လမ်းတစ်ခု ဖြစ်ပေမယ့်လည်း ကျွန်တော်တို့ ပုံမှန်မြင်တွေ့နေကျ ပုံစံမျိူးမဟုတ်ဘဲ Marvel နဲ့ DC တို့ရဲ့ နာမည်ကြီးဟီးရိုးတွေကို ‌Parody ပြုလုပ်ထားတာ ဖြစ်ပြီး သွေးထွက်သံယို ဇာတ်ဝင်ခန်းတွေများစွာ ပါဝင်နေတဲ့ R-Rated ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲရဲ့ ဖန်တီးသူဖြစ်တဲ့ Eric Kripke ကတော့ Supernatural ဇာတ်လမ်းတွဲကိုလည်း ဖန်တီးခဲ့သူ ဖြစ်ပါတယ်။ Supernatural ဇာတ်လမ်းတွဲထဲမှာတော့ Jensen Ackles နဲ့ Jared Padalecki တို့ဟာ Dean နဲ့ Sam ညီအစ်ကိုတွေအဖြစ် အတွဲညီညီ ပါဝင်ထားကြပါတယ်။ ဒါကြောင့် Eric Kripke ဟာ The Boys ဇာတ်လမ်းတွဲကို ဖန်တီးနေတဲ့ အချိန်မှာတော့ Jensen Ackles ကိုလည်း Soldier Boy အဖြစ် ပါဝင်ဖို့ ဖုန်းကနေတဆင့် ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။

photo via screenrant

Variety သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Eric နဲ့ Jensen တို့နှစ်ယောက်လုံးဟာ Jared Padalecki ကို Cameo အဖြစ် ပါဝင်စေချင်တဲ့အကြောင်း ပြောပြခဲ့ပါတယ်။

“Eric: Jared ကို cameo ပါဝင်စေချင်တယ်ဗျ။ သူ့ကို အမြဲတမ်း ဒီဇာတ်လမ်းတွဲက ကြိုဆိုနေပါတယ်။ လောလောဆယ်တော့ သူက အပိုင်းတွေ အများကြီးပါတဲ့ သူ့ရဲ့ကိုယ်ပိုင် ဇာတ်လမ်းတွဲမှာ ပါဝင်နေပါတယ်။ အဲဒါကြောင့် သူက တစ်နှစ်ပတ်လုံး အလုပ်လုပ်နေရပြီး အဲဒီဇာတ်လမ်းတွဲရဲ့ Spin-Off တစ်ခုကိုလည်း ထုတ်လုပ်သူအနေနဲ့ ပါဝင်ထားသေးတယ်လေ။ ဒါကြောင့် သူက အရမ်းအလုပ်များနေပြီး ဘယ်အချိန်မှာ အားလည်းဆိုတာတောင် သိဖို့မလွယ်ပါဘူး။ ဒါပေမယ့် သူသာ အားလပ်ခဲ့မယ်ဆိုရင်တော့ သူ့ကို The Boys ထဲမှာ ထည့်သွင်းချင်ပါတယ်…”

“Jensen: ကျွန်တော်တို့အားလုံး သိထားကြသလိုပဲ Jared က သူ့ရဲ့ကိုယ်ပိုင် ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်နေပြီးတော့ အဲဒီဇာတ်လမ်းတွဲရဲ့ Spin-off ကိုလည်း ထုတ်လုပ်သူအနေနဲ့ ပါဝင်ထားသေးတယ်လေ။ သူကတော့ သေချာပေါက်ကို အလုပ်များနေတာပါ …”

photo via screenrant

Eric နဲ့ Jensen တို့ ပြောခဲ့သလိုပဲ Jared ဟာ CW ရဲ့ Walker ဇာတ်လမ်းတွဲမှာ ပါဝင်နေပြီး Prequel ဇာတ်လမ်းတွဲ ဖြစ်တဲ့ Walker: Independence ကိုလည်း ထုတ်လုပ်သူအနေနဲ့ ပါဝင်ထားပါတယ်။ ဒီအချက်တွေကြောင့်ပဲ သူဟာ မအားမလပ် ဖြစ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အသစ်ထွက်ရှိလာမယ့် The Boys Season 4 မှာတော့ Jeffrey Dean Morgan ကလည်း Cameo အနေနဲ့ ပါဝင်လာမယ်လို့ သတင်းထွက်နေပြီး Jared ကလည်း အလားတူပဲ ပါဝင်လာနိုင်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular