HomeUncategorizedThe Boys Season 3 အပိုင်း(၆)ထဲက စိတ်ဝင်စားစရာအချက်များ

The Boys Season 3 အပိုင်း(၆)ထဲက စိတ်ဝင်စားစရာအချက်များ

The Boys Season 3 အပိုင်း(၆)ကတော့ မကြာသေးခင်ကပဲ ထွက်ရှိခဲ့ပါတယ်။ ဒီအပိုင်းကတော့ ကောမစ်ထဲက Herogasm ဆိုတဲ့ Storyline ကို ပြန်လည်ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ဒီအပိုင်းထဲမှာတော့ Butcher နဲ့ Hughie တို့ဟာ Soldier Boy ကို သိမ်းသွင်းပြီး Homelander ကို သုံးယောက်အတူ ရင်ဆိုင်ခဲ့ကြပါတယ်။ သူတို့သုံးယောက် ပူးပေါင်း တိုက်ခိုက်ကြတဲ့အခါမှာတော့ Homelander ကို အနိုင်ယူဖို့ နီးစပ်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ Homelander ဟာ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ဇာတ်လမ်းကို စိတ်ဝင်တစား ကြည့်ရှုနေတာကြောင့် ပရိသတ်တွေ သတိမထားမိလိုက်တဲ့ အပိုင်း(၆)ထဲက စိတ်ဝင်စားစရာတွေကို ဖော်ပြပေးချင်ပါတယ်။

(1) Gal Gadot ကို Parody လုပ်ခဲ့တဲ့ The Boys

photo via screenrant

ကိုဗစ်ရောဂါဟာ တစ်ကမ္ဘာလုံးကို ကူးစက်ပျံ့နှံ့နေတဲ့ အချိန်မှာတော့ Gal Gadot ဟာ သီချင်းတစ်ပုဒ်ကို အွန်လိုင်းပေါ်တင်ပြီး ဆယ်လီများစွာကလည်း အဲဒီသီချင်းကို ဆက်လက်သီဆိုခဲ့ကြပါတယ်။ Natalie Portman ၊ Zoe Kravitz ၊ Lynda Carter ၊ Pedro Pascal ၊ Mark Ruffalo ၊ Kristen Wiig တို့အပြင် တခြားနာမည်ကြီးဆယ်လီတွေကလည်း ပါဝင်သီဆိုခဲ့ကြပါတယ်။ ဒီအပိုင်းထဲမှာတော့ The Boys ဟာ အဲဒီအချက်ကို Parody ပြုလုပ်ထားတာ တွေ့ရပါတယ်။

အဲဒါကတော့ The Deep ဟာ Soldier Boy ရဲ့ တိုက်ခိုက်မှုကြောင့် ကြောက်လန့်နေကြတဲ့ ပြည်သူတွေကို စိတ်သက်သာရစေဖို့အတွက် John Lennon ရဲ့ နာမည်ကျော်သီချင်း “Imagine” ကို သီဆိုခဲ့တာပဲ ဖြစ်ပါတယ်။ ဒီသီချင်းကို ဆိုခဲ့ကြတဲ့သူတွေထဲမှာတော့ A-Train နဲ့ Black Noir တို့လည်း ပါဝင်နေပြီး အပြင်လောက နာမည်ကြီးဆယ်လီတွေဖြစ်တဲ့ Patton Oswalt ၊ Josh Gad ၊ Mila Kunis ၊ Ashton Kutcher ၊ Elizabeth Banks ၊ Kumail Nanjiani ၊ Aisha Tyler နဲ့ Rose Byrne တို့လည်း ပါဝင်ထားပါသေးတယ်။

(2) Soldier Boy ရဲ့ True Color

photo via screenrant

အပိုင်း(၆)ထဲမှာတော့ Soldier Boy ဟာ Hughie နဲ့စကားပြောနေရင်း သူ့ရဲ့တကယ့်စိတ်ရင်းအမှန် ပေါ်လွင်သွားပါတယ်။ အဲဒါကတော့ Soldier Boy ဟာ Bill Cosby ဆိုတဲ့အမည်ကို Mention သွားတာပဲ ဖြစ်ပါတယ်။ Bill Cosby ကတော့ နာမည်ကြီး Comedian တစ်ယောက်ဖြစ်ပြီး သူဟာ အမျိူးသမီးတွေများစွာကို သောက်စရာထဲမှာ ဆေးခပ်ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကျူးလွန်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဒီအမှုနဲ့ပဲ ၂၀၁၈ ခုနှစ်မှာ အကျဉ်းကျသွားခဲ့ပါတယ်။

ဒီအပိုင်းထဲမှာတော့ Soldier Boy ဟာ Bill ရဲ့ နာမည်ကို Mention ခဲ့ရုံသာမကဘဲ Bill ဟာ “တကယ့်ယောက်ျားအစစ်ပဲ” လို့ပြောသွားသလို “ခပ်ပြင်းပြင်းအရက်တွေ” လို့လည်း ပြောသွားပါသေးတယ်။ ဒီအချက်ကြောင့်ပဲ Bill ရဲ့ပြစ်မှုတွေမှာ Soldier Boy ဟာလည်း တစိတ်တပိုင်းအနေနဲ့ ပါဝင်နေနိုင်ပါတယ်။ လောလောဆယ်မှာတော့ Soldier Boy ဟာ Hughie တို့ဘက်မှာ ရှိနေပေမယ့်လည်း နောက်ပိုင်းမှာတော့ ဘယ်လို ပြောင်းလဲသွားမလည်းဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

(3) Herogasm

photo via screenrant

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ ဒီအပိုင်းကတော့ ကောမစ်ထဲက အငြင်းပွားဖွယ်ရာ Storyline တစ်ခုဖြစ်တဲ့ Herogasm ကို ပြန်လည် ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီပွဲထဲမှာတော့ Supe တွေဟာ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ အရာအားလုံးကို ပြုလုပ်ကြပြီး အရက်တွေ၊ ဆေးတွေအပြင် သူတို့လိုချင်သမျှ အရာအားလုံးကိုလည်း ဒီပွဲမှာ ရရှိနိုင်ပါတယ်။ ဒီပွဲထဲမှာတော့ Supe တွေအပြင် လိင်လုပ်သားတွေလည်း ပါဝင်နေပါတယ်။

သို့သော်လည်း ဒီအပိုင်းဟာ ကောမစ်ထဲကလောက်တော့ မကြမ်းပါဘူး။ ဒီအပိုင်းထဲက Herogasm ကို ပြုလုပ်တဲ့နေရာကတော့ TNT Twin ရဲ့အိမ် ဖြစ်ပြီး ကောမစ်ထဲမှာတော့ Supe တွေဟာ ကျွန်းတစ်ခုပေါ်မှာ စုစည်းပြီး ပြုလုပ်ကြတာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအပိုင်းဟာလည်း ပရိသတ်တွေ မျှော်လင့်ထားသလို ရှော့ခ်ရစရာတွေ ပါဝင်နေတာတော့ အမှန်ပဲ ဖြစ်ပါတယ်။

(4) ပြန်လည်ပါဝင်လာတဲ့ Love Sausage

photo via screenrant

ကောမစ်ထဲက အထူးဆန်းဆုံး Supe တွေထဲမှာ ပါဝင်တဲ့ Love Sausage ဟာ Season 2 မှာ စတင်ပါဝင်လာခဲ့ပြီး ဒီအပိုင်းထဲမှာလည်း ပြန်လည် ပါဝင်လာပါတယ်။ Season 2 ထဲမှာတော့ Love Sausage ဟာ M.M ၊ Kimiko နဲ့ Frenchie တို့ကို သူ့ရဲ့ရှည်လျားလွန်းတဲ့ လိင်တံနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။ ဒီအပိုင်းထဲမှာတော့ M.M နဲ့ Starlight တို့ဟာ Soldier Boy ကို စုံစမ်းဖို့အတွက် TNT Twin ရဲ့အိမ်ကို သွားရောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ သူတို့နှစ်ယောက်ကို ထွက်ပြီးကြိုဆိုတဲ့သူကတော့ Love Sausage ပဲ ဖြစ်ပါတယ်။ သူဟာ ‌အဲဒီစံအိမ်ပေါက်ကွဲမှုမှာလည်း အသက်ရှင်သန်နိုင်ခဲ့ပါသေးတယ်။ စိတ်မကောင်းစရာကတော့ သူ့ရဲ့လိင်တံဟာ မီးကျွမ်းသွားတာပဲ ဖြစ်ပါတယ်။

(5) Herogasm ထဲမှာ ပါဝင်လာတဲ့ Supe အသစ်

photo via screenrant

ဒီအပိုင်းထဲက Herogasm ပါတီကတော့ ကောမစ်ထဲကနဲ့ ယှဉ်လိုက်ရင် အလွန်သေးငယ်ပါတယ်။ ကောမစ်ထဲမှာတော့ Seven နဲ့ Payback တို့လို နာမည်ကြီး စူပါဟီးရိုးအဖွဲ့ဝင်တွေလည်း ဒီပါတီထဲမှာ ပါဝင်နေပါတယ်။ Herogasm ကို ပြသနေတဲ့ ဇာတ်ဝင်ခန်းတွေထဲက တစ်နေရာမှာတော့ လူတစ်ယောက်ဟာ ရေခဲတွေနဲ့ sex-toy ပုံစံပြုလုပ်နေတာ တွေ့ခဲ့ရပါတယ်။ သူကတော့ Cold Snap ပဲ ဖြစ်ပါတယ်။ ဒီပွဲထဲမှာတော့ Hero တွေများစွာ ပါဝင်နေပေမယ့်လည်း အသစ်ပါဝင်လာတယ်လို့ တရားဝင် အတည်ပြုထားတာကတော့ Cold Snap တစ်ယောက်ပဲ ဖြစ်ပါတယ်။

(6) Stormfront ကို နာဇီမှန်း မသိသေးတဲ့ Soldier Boy

photo via screenrant

Soldier Boy ဟာ Hughie တို့နဲ့အတူ TNT Twin အိမ်ကို ရောက်သွားတဲ့ အချိန်မှာတော့ Herogasm ပွဲကို လွန်ခဲ့တဲ့ နှစ်(၇၀)လောက်က သူနဲ့ Liberty တို့အတူ စတင်တည်ထောင်ခဲ့တာလို့ ပြောပြခဲ့ပါတယ်။ Season 2 ထဲမှာတော့ Stormfront ရဲ့ မူလ Identity ဟာ Liberty ဖြစ်နေတယ်လို့ သိခဲ့ရပါတယ်။ လောလောဆယ်မှာတော့ Soldier Boy ရဲ့ ပြောဆိုပုံကို ကြည့်ရရင် သူဟာ Liberty ကို နာဇီမှန်း သိပုံမပေါ်ပါဘူး။ Hughie နဲ့ Butcher တို့ကလည်း အဲဒီအကြောင်းကို ဘာမှဆက်မပြောခဲ့ကြပါဘူး။

ဒါကတော့ The Boys Season 3 အပိုင်း(၆)ထဲက စိတ်ဝင်စားစရာအချက်တချို့ကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ယခုလို ဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular