HomeEntertainmentFilmThe Boys Season 3 မှာ မြင်တွေ့ရနိုင်တဲ့ အဓိက Plot များ

The Boys Season 3 မှာ မြင်တွေ့ရနိုင်တဲ့ အဓိက Plot များ

The Boys ဇာတ်လမ်းတွဲကတော့ ၂၀၁၉ ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး ယခုလက်ရှိမှာ ပရိသတ်တွေကြားထဲ ရေပန်းစားနေတဲ့ ဟီးရိုးတွေကို Parody ပုံစံ ပြန်လည် ဖန်တီးထားတာ ဖြစ်ပါတယ်။ ပုံမှန်မြင်တွေ့နေကျ Parody တွေကတော့ ဟာသဆန်ဆန်နဲ့ တလွဲတွေ ဖြစ်နေတာကို မြင်တွေ့ရတာ ဖြစ်ပြီး ဒီဇာတ်လမ်းတွဲကတော့ တခြားရှုထောင့်အသစ်ကနေ ပြသထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ Season 3 ကတော့ ဇွန်လ (၃)ရက်နေ့မှာ Amazon Prime ကနေ စတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ Season အသစ်ရဲ့ အဓိက Plot က ဘာဖြစ်နိုင်မလည်းဆိုတာ ခန့်မှန်းထားတဲ့ သီအိုရီတွေကို ဖော်ပြပေးချင်ပါတယ်။

Homelander Clone ဖြစ်နေတဲ့ Black Noir

photo via screenrant

ဒီသီအိုရီကတော့ ရေပန်းအစားဆုံးတစ်ခု ဖြစ်ပြီး ကောမစ်ထဲကအချက်ကို တိုက်ရိုက် အဆိုပြုထားတာ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Vought ဟာ Homelander ရဲ့ DNA ကို အသုံးပြုပြီး ပိုမိုအမိန့်နာခံကာ စိတ်ပိုင်းဆိုင်ရာ ခံစားမှု မရှိတဲ့ Clone ကို ဖန်တီးခဲ့ပါတယ်။ နောက်ပြီး အဲဒီ Clone ကိုတော့ Black Noir နေရာမှာ အစားထိုးခဲ့ပါတယ်။ Black Noir ကတော့ Superhuman Strength ၊ Agility ၊ Hearing နဲ့ Speed တို့ပဲ ပိုင်ဆိုင်ထားသလို စကားလည်း မပြောဘဲ မျက်နှာဖုံးကိုလည်း တစ်ခါမှမချွတ်ခဲ့တာကြောင့် Homelander Clone အနေနဲ့ Black Noir နေရာမှာ အလွယ်တကူ ဟန်ဆောင်နေနိုင်တာ ဖြစ်ပါတယ်။

Lamplighter ဟာ မသေသေးပါဘူး။

photo via screenrant

ဒီသီအိုရီကလည်း ကောမစ်အတိုင်းပဲ တိုက်ရိုက် ယူဆထားတာ ဖြစ်ပြီး ကိုယ့်ကိုယ်ကို မီးရှို့သတ်သေသွားတဲ့ Lamplighter ဟာ အသက်ရှင်နေသေးတယ်လို့ ဆိုပါတယ်။ ကောမစ်ထဲမှာတော့ Lamplighter သေဆုံးသွားတဲ့ အချိန်မှာပဲ Compound V နဲ့ ပြန်လည် အသက်ရှင်စေခဲ့ပါတယ်။
ဒါပေမယ့်လည်း သူဟာ ဇွန်ဘီလိုပုံစံမျိူး ဖြစ်နေပြီး ဦးနှောက်ကလည်း သာမန်လူတစ်ယောက်လို အလုပ်မလုပ်နိုင်တော့ပါဘူး။ Vought ကတော့ သူတို့ကို တစ်နည်းနည်းနဲ့ တိုက်ခိုက်ဖို့ ကြိုးစားတဲ့ စွမ်းအားရှိသူတွေကို ဥပမာပြဖို့အတွက်ပဲ Lamplighter ကို အသက်ရှင်လျက် ထားထားတာ ဖြစ်ပါတယ်။

Ryan က ဗီလိန် ဖြစ်သွားပါမယ်။

photo via screenrant

Season 2 ထဲက အံ့ဩစရာတစ်ခုကတော့ Ryan ဟာ Stormfront ကို သူ့ရဲ့လေဆာတွေနဲ့ တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအချက်ကြောင့်ပဲ သူဟာ မရည်ရွယ်ဘဲ သူ့ရဲ့အမေကိုပါ သတ်မိသလို ဖြစ်သွားပါတယ်။ ဒီအဖြစ်အပျက်ကြောင့်ပဲ Ryan ဟာ ဗီလိန် ဖြစ်လာမယ်ဆိုတဲ့ သီအိုရီ ထွက်ပေါ်လာပါတယ်။

Season 2 ရဲ့ အဆုံးသတ်မှာတော့ Butcher ဟာ Ryan ကို အစိုးရဆီ အပ်နှံခဲ့ပါတယ်။ ဒါကြောင့်ပဲ Ryan ဟာ တစ်ယောက်တည်း အထီးကျန်နေပြီး သူ့ရဲ့အမေကို သတ်မိလိုက်တဲ့ အပြစ်စိတ်တေွ ခံစားနေရမယ့်အပြင် Homelander ရဲ့သား ဖြစ်တာကြောင့် အစိုးရကလည်း သူ့ကို စမ်းသပ်မှုတွေ ပြုလုပ်နိုင်ပါသေးတယ်။ ဒီအချက်တွေ အားလုံးကြောင့်ပဲ Ryan ဟာ စိတ်ဖောက်ပြန်သွားပြီး Homelander ရဲ့ ပုံစံအတိုင်း ဖြစ်လာမယ်လို့ ဆိုပါတယ်။

Butcher တို့အဖွဲ့ စွမ်းအားရရှိသွားပါမယ်။

photo via screenrant

ဒီသီအိုရီကလည်း ရေပန်းစားနေပြီး Season 2 ထဲမှာဆိုရင် The Boys တို့အဖွဲ့ဟာ The Seven ကို သူတို့ကိုယ်တိုင် စွမ်းအားမရှိဘဲ မယှဉ်ပြိုင်နိုင်ဘူးဆိုတာ ပြသသွားပါတယ်။ ကောမစ်ထဲမှာ ဆိုရင်တော့ The Boys တို့ဟာ သူတို့ကိုယ်တိုင် Compound V ကို ထိုးခဲ့ကြပြီး Homelander နဲ့ ရင်ဆိုင်ခဲ့ပါတယ်။

အဲဒီဇာတ်လမ်းရဲ့ အဆုံးသတ်မှာတော့ Butcher ဟာ Homelander Clone ဖြစ်တဲ့ Black Noir ရဲ့ အရိုးခေါင်းထဲက ဦးနှောက်ကို ဆွဲထုတ်ကာ သတ်ပစ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Butcher ကိုယ်တိုင်ကပဲ အကြောင်းအမျိူးမျိူးကြောင့် ဗီလိန် ဖြစ်လာပါတယ်။ ဒါကြောင့်ပဲ Hughie တို့ဟာ Butcher ကို ပြန်လည် တိုက်ခိုက်ရပါတော့တယ်။

Stormfront ပြန်လည် ပါဝင်လာပါဦးမယ်။

photo via screenrant

Season 2 ထဲမှာတော့ Stormfront ဟာ Ryan ရဲ့ တိုက်ခိုက်မှုကြောင့် ခြေတွေ၊ လက်တွေ ပြတ်သွားပြီး မျက်နှာတစ်ခုလုံးနီးပါး ပျက်စီးသွားပေမယ့်လည်း သေသွားတာကိုတော့ မပြသသွားပါဘူး။ ဒါ့အပြင် သူမဟာ အသက်ရှင်နေတာလည်း သာမန်လူတွေထက် ကြာမြင့်နေပြီ ဖြစ်တာကြောင့် အဲ့ဒီဒဏ်ရာတွေကို Healing လုပ်သွားပြီး ပြန်လည် ပါဝင်လာနိုင်ပါသေးတယ်။ ဒီနေရာမှာ သရုပ်ဆောင်ထားတဲ့ Aya Cash ကိုယ်တိုင်ကလည်း ပြန်လည် ပါဝင်ချင်သေးတယ်လို့ ပြောထားတာကြောင့် Stormfront ကို ပြန်လည် မြင်တွေ့ရဦးမလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒါကတော့ The Boys season 3 မှာ မြင်ရနိုင်ချေရှိတဲ့ ဇာတ်လမ်း၊ ဇာတ်ကွက်တွေပဲ ဖြစ်ပါတယ်။ ဘယ်ဇာတ်ကွက်ကို စာဖတ်သူတို့ အကြည့်ချင်ဆုံးလည်းဆိုတာ ကောမန့်မှာ ဆွေးနွေးပေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular