HomeEntertainmentFilmThe Boys Season (4) Premiere (၃)ပိုင်းထဲက စိတ်ဝင်စားစရာ Easter Egg များ

The Boys Season (4) Premiere (၃)ပိုင်းထဲက စိတ်ဝင်စားစရာ Easter Egg များ

The Boys Season 4 ကိုတော့ ဇွန်လ (၁၃)ရက်နေ့မှာ စတင်ထုတ်လွှင့်နေပြီး premiere အနေနဲ့ အပိုင်း(၁)၊ (၂)၊ (၃)ကို တပါတည်း ထုတ်လွှင့်ပေးခဲ့ပါတယ်။ ဒီသုံးပိုင်းလုံးမှာ The Boys ရဲ့ထုံးစံအတိုင်း ခပ်ကြမ်းကြမ်း၊ ခပ်ဆန်းဆန်း ဇာတ်ဝင်ခန်းတွေ ပါဝင်ပြီး စိတ်ဝင်စားစရာ easter-egg တွေလည်း ပါဝင်ပါတယ်။ အဲဒီထဲက တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

The Seven အဖွဲ့ရဲ့ Potential Hero List

Image Credit: Amazon Prime

Starlight နဲ့ Queen Maeve တို့ Seven အဖွဲ့က ထွက်သွားပြီးနောက်မှာတော့ အဖွဲ့ထဲမှာ လစ်ဟာနေတဲ့ နေရာတွေ ပေါ်လာပါတယ်။ ဒါ့အပြင် Black Noir ဟာလည်း Homelander လက်ချက်နဲ့ ကိစ္စတုံးသွားပေမယ့် ဒါကိုလူတွေ မသိစေချင်တဲ့အတွက် Vought ကတော့ Noir အသက်ရှင်နေသလို လူစားထိုးထားပါတယ်။

အဖွဲ့ထဲမှာ ဟီးရိုးအသစ်တွေခေါ်ဖို့ လိုအပ်နေတဲ့အတွက် အပိုင်း(၁)မှာတော့ သင့်တော်တဲ့ Supe (၂၅)ယောက်ရဲ့ စာရင်းကို Ashley က Homelander တို့ဆီကို ပြသခဲ့ပါတယ်။ အဲဒီ(၂၅)ယောက်ထဲမှာတော့ Homelander မျက်စိကျပြီး ရွေးချယ်လိုက်တဲ့ Sister Sage လည်း ပါဝင်သလို Gen V မှာ မိတ်ဆက်ခဲ့တဲ့ Tek Knight ဆိုတဲ့ Supe ကာရိုက်တာလည်း ပါဝင်ပါတယ်။ Tek Knight ကတော့ DC ရဲ့ Batman ကို သရော်ထားတဲ့ The Boys version supe တစ်ယောက် ဖြစ်ပါတယ်။

လျှော့တွက်ထားလို့မရတဲ့ Stormchaser အဖွဲ့

Image Credit: Amazon Prime

အပိုင်း(၁)မှာတော့ လူထုအများစုဟာ နှစ်ခြမ်းကွဲသွားတာ တွေ့ရပါတယ်။ Starlight ကို အားပေးတဲ့ Starlighters အဖွဲ့နဲ့ Homelander ကို အားပေးတဲ့အဖွဲ့ဆိုပြီး နှစ်ဖက်မှာ အငြင်းပွားနေကြပါတယ်။ ဒါပေမယ့်လည်း လူထုကြားမှာတော့ သူတို့အဖွဲ့နှစ်ဖွဲ့ထဲ ရှိနေတာ မဟုတ်ပါဘူး။

အပိုင်း(၁)ထဲက ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Stormchasers အဖွဲ့ဟာလည်း အန္တရာယ်တွေ ဖြစ်လာစေနိုင်တယ်လို့ သတင်းကြေငြာချက်တစ်ခုမှာ ဖော်ပြသွားပါတယ်။ Stormchaser ဆိုတာကတော့ Stormfront ကို အားပေးတဲ့ နောက်လိုက်အဖွဲ့ပဲ ဖြစ်ပါတယ်။ Stormfront ဟာ နာဇီတစ်ယောက် ဖြစ်တာကြောင့် သူ့ကိုအားပေးတဲ့ နောက်လိုက်တွေကတော့ Homelander ရဲ့ follower တွေထက်တောင် အစွန်းရောက်မယ်ဆိုတာ မှန်းကြည့်နိုင်ပါတယ်။ နောက်ပိုင်းမှာ ဒီအဖွဲ့ကလည်း ဒုက္ခပေးနိုင်လာတဲ့ အနေအထားမှာ ရှိပါတယ်။

TruthCon ပွဲက Soldier Boy ရဲ့ပိုစတာ

Image Credit: Amazon Prime

အပိုင်း(၂)မှာတော့ The Boys အဖွဲ့သားတွေဟာ TruthCon ပွဲကို သွားခဲ့ကြပါတယ်။ TruthCon ဆိုတာကတော့ လက်ယာဘက်ယိမ်းတဲ့ conspiracy theory တွေကို အားတက်သရော ဆွေးနွေးပြီး ပရိုမုတ်လုပ်တဲ့ ပွဲတစ်ခုဖြစ်ပါတယ်။

ဒီပွဲထဲမှာ ခင်းကျင်းပြသထားတဲ့ ပိုစတာတွေ၊ ဆိုင်းဘုတ်တွေမှာတော့ အပြင်လောကက နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ သီအိုရီတွေ ပါဝင်သလို The Boys universe ထဲက reference တွေလည်း ပါဝင်ပါတယ်။ အများစုကတော့ ရှိုးတစ်လျှောက်လုံးမှာ Vought က အပြင်လူထုမသိအောင် ဖုံးဖိထားခဲ့တဲ့ ဖြစ်ရပ်တွေအကြောင်း ဖြစ်ပါတယ်။

အဲဒီထဲက ပိုစတာတစ်ခုမှာတော့ Soldier Boy ကို စီအိုင်အေက ထိန်းသိမ်းထားတယ်လို့ ဖော်ပြထားပါတယ်။ TruthCon မှာ ပြသထားတဲ့ ဒီသီအိုရီဟာ တကယ်လည်း မှန်ကန်နေပါတယ်။ Season 3 ရဲ့အဆုံးမှာတော့ Soldier Boy ဟာ Vought တာဝါကနေ ပြုတ်ကျ ပေါက်ကွဲခဲ့ပြီး Grace Mallory ဟာ သတိလစ်မေ့မြောနေတဲ့ Soldier Boy ကို containment ထဲ ပြန်ထည့်ပြီး ခေါ်သွားတာကို တွေ့ရပါတယ်။ ဒါကြောင့် Soldier Boy ကို စီအိုင်အေက ထိန်းသိမ်းထားတယ်ဆိုတာဟာ တကယ်ပဲဖြစ်နေတယ်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။

TruthCon ပွဲက Liberty ရဲ့ပိုစတာ

Image Credit: Amazon Prime

အပိုင်း(၂)ရဲ့ TruthCon ပွဲမှာ နောက်ထပ် ပြသသွားတဲ့ conspiracy theory တစ်ခုကတော့ အရင်တုန်းက Liberty ဆိုတဲ့ Supe ဟာ Soldier Boy နဲ့ ချစ်ကြိုက်ပြီး ဇာတ်လမ်းတွေ ဖြစ်ခဲ့တယ် ဆိုတာပါ။ သူတို့ရဲ့ ဒီသီအိုရီကလည်း တကယ်မှန်နေပါတယ်။ အကြောင်းကတော့ Liberty ဆိုတာဟာ Stormfront ရဲ့ နောက်ထပ်နာမည်တစ်ခု ဖြစ်နေလို့ပါပဲ။

Stromfront ဟာ ဒုတိယကမ္ဘာစစ် ပြီးသွားတဲ့နောက်မှာ နာဇီပါတီနဲ့ သူမရဲ့ပတ်သက်မှုကို ဖုံးကွယ်ချင်တဲ့အတွက် Liberty ဆိုတဲ့ အမည်ကို ခံယူပြီး နေထိုင်ခဲ့ပါတယ်။ အဲဒီအချိန်ကာလလောက်မှာပဲ Liberty နဲ့ Soldier Boy တို့ တွေ့ဆုံပြီး အချစ်ဇာတ်လမ်းတွေတောင် ဖြစ်ခဲ့ကြတာပါ။ သူတို့နှစ်ယောက်လုံးဟာ Herogasm ကို တည်ထောင်တဲ့ founding member တွေလည်း ဖြစ်ပါတယ်။ သူတို့ကြားက ပတ်သက်မှုကိုတော့ season 3 ထဲမှာ Soldier Boy က ပြောသွားဖူးပါတယ်။

The Marvelous Miss Rachel

Image Credit: Amazon Prime

TruthCon ပွဲမှာပဲ The Boys အဖွဲ့နဲ့ TruthCon က Supe အချို့နဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပြီး ပျက်စီးမှုတွေလည်း များစွာဖြစ်ပေါ်ခဲ့ပါတယ်။ တိုက်ခိုက်ကြရင်းနဲ့ပဲ TruthCon နဲ့ နံရံကပ်ရပ်မှာ ရှိနေတဲ့ ပါတီခန်းမတစ်ခုထဲကို ရောက်ရှိသွားကြပါတယ်။

အဲဒီပွဲကတော့ The Boys universe ထဲက TV show တစ်ခုရဲ့ ထုတ်လွှင့်မှုကို အောင်ပွဲခံ ကျင်းပနေတာပါ။ အဲဒီရှိုးရဲ့နာမည်ကတော့ The Marvelous Miss Rachel လို့ ပြသွားပါတယ်။ ဒါဟာ Amazon Prime ကပဲ ထုတ်လွှင့်ခဲ့ပြီး သူ့ရဲ့ လူကြိုက်အများဆုံး ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ The Marvelous Mrs. Maisel ရှိုးကို reference လုပ်သွားတာလည်း ဖြစ်ပါတယ်။

V52 Conference

Image Credit: Amazon Prime

အပိုင်း(၃)မှာတော့ Vought International ဟာ V52 လို့ခေါ်တဲ့ conference တစ်ခုကို ကျင်းပနေတဲ့အကြောင်း ပြသသွားပါတယ်။ ဒါ့အပြင် Seven အဖွဲ့ထဲကို ဝင်လာတဲ့ အဖွဲ့ဝင်သစ်နှစ်ယောက်အကြောင်းကို V52 ပွဲမှာ မိတ်ဆက်သွားတာကိုလည်း တွေ့ရတာကြောင့် ဒီ conference ဟာ Vought ကုမ္ပဏီရဲ့ လူထုဆီ အသိပေးချက်တွေကို ထုတ်ပြန်ရာပွဲတစ်ခုလို့လည်း နားလည်လို့ရပါတယ်။

ဒါကြောင့်ပဲ V52 ဟာ Disney ရဲ့ D23 Expo ပွဲကို parody လုပ်သွားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။ D23 Expo ကတော့ Disney ရဲ့လက်အောက်မှာ ရှိနေတဲ့ ကုမ္ပဏီအားလုံးက ရိုက်ကူးထုတ်လုပ်ထားတဲ့ ရုပ်ရှင်အသစ်တွေ၊ ဇာတ်လမ်းတွဲအသစ်တွေ၊ ဂိမ်းအသစ်တွေနဲ့ theme park တွေကို ပရိသတ်တွေဆီ မိတ်ဆက် ကြေငြာပေးနေကျ ပွဲတစ်ခု ဖြစ်ပါတယ်။

Ryan ဆော့နေတဲ့ Vought ရဲ့ Mortal Kombat Game

Image Credit: Amazon Prime

အပိုင်း(၃)ထဲမှာပဲ Billy Butcher ဟာ Ryan ဆီကို ဆက်သွယ်နိုင်ဖို့ ဗွီဒီယိုဂိမ်းကနေတဆင့် လှမ်းပြီးစကားပြောခဲ့ပါတယ်။ အဲဒီအခန်းမှာ Ryan ဆော့နေတဲ့ဂိမ်းကတော့ Mortal Kombat game ကို parody လုပ်ထားတဲ့ Vought version game ပဲ ဖြစ်ပါတယ်။ ဂိမ်းထဲမှာတော့ Seven အဖွဲ့ထဲက နာမည်ကြီး Supe တွေကိုလည်း တွေ့ခဲ့ရသလို တခြားသော Webweaver လို စိတ်ဝင်စားစရာ Supe တွေကိုလည်း တွေ့ခဲ့ရပါတယ်။ Webweaver ကတော့ Spider-Man ကို parody လုပ်ထားတဲ့ The Boys version Supe လည်း ဖြစ်ပါတယ်။

ဒါကတော့ The Boys season (4) ရဲ့ premiere (၃)ပိုင်းထဲက စိတ်ဝင်စားစရာတချို့ကို ဖော်ပြပေးခဲ့တာပါ။ သဘောကျရင်တော့ Like & Share နဲ့ အားပေးခဲ့ပါဦး။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular