HomeEntertainmentFilm၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာဦးမယ့် The Boys ရဲ့ Spin-Off ဇာတ်လမ်းတွဲ

၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာဦးမယ့် The Boys ရဲ့ Spin-Off ဇာတ်လမ်းတွဲ

Amazon ရဲ့ နာမည်ကြီး စူပါဟီးရိုးဇာတ်လမ်းတွဲတစ်ခု ဖြစ်တဲ့ The Boys ဇာတ်လမ်းတွဲကတော့ ၂၀၂၃ ခုနှစ်မှာ Spin-Off ဇာတ်လမ်းတွဲတစ်ခု ထွက်ရှိလာဦးမယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ ဒီ Spin-Off ဇာတ်လမ်းတွဲဟာ Untitled ဖြစ်နေပြီး လူငယ်စူပါဟီးရိုးတွေ ရှိနေတဲ့ College Campus အကြောင်းကို ဖန်တီးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ Michele Fazekas နဲ့ Tara Butters တို့က ပူးတွဲဖန်တီးသွားမယ်လို့ ဆိုပါတယ်။

photo via screenrant

၂၀၂၀ ခုနှစ်ကတည်းက The Boys ဇာတ်လမ်းတွဲ ဖန်တီးသူ Eric Kripke ဟာ X-Men တွေကို Parody ပြုလုပ်ထားတဲ့ G-Men ဆိုတဲ့ စူပါဟီးရိုးအဖွဲ့တစ်ခုအကြောင်းကို ဖန်တီးသွားမယ်လို့ ကြေညာခဲ့ပါတယ်။ သို့ပေမယ့်လည်း ကိုဗစ်ကြောင့် နှောင့်နှေးမှုတွေ ဖြစ်ခဲ့ပြီး သရုပ်ဆောင်အချို့လည်း ထွက်သွားတယ်လို့ သိရပါတယ်။ ယခုအချိန်မှာတော့ Amazon ဟာ ဒီဇာတ်လမ်းတွဲကို ဖန်တီးခွင့် ပြုလိုက်ပြီ ဖြစ်တာကြောင့် ယခုနှစ်အစောပိုင်းကတည်းက ရိုက်ကူးရေး စတင်နေပြီလို့ သိရပါတယ်။

Variety သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးထဲမှာတော့ The Boys Season 4 ကို ဘယ်အချိန်မှာ မြင်တွေ့ရမလည်းလို့ Amazon ရဲ့ဥက္ကဌကို မေးမြန်းခဲ့ပါတယ်။

“Season 4 က ဘယ်အချိန် ထွက်လာမလည်းဆိုတာ ကျွန်တော်လည်း အတိအကျ မပြောနိုင်ပါဘူး။ ဒါပေမယ့် Spin-off ဇာတ်လမ်းတွဲအသစ်က ရှေ့နှစ်ထဲမှာ ထွက်လာမှာကိုတော့ စိတ်လှုပ်ရှားနေပါတယ်။ အဲဒီဇာတ်လမ်းတွဲကလည်း တကယ်ကို ကောင်းမွန်ပြီး ပရိသတ်တွေ စိတ်ကျေနပ်စေနိုင်မယ်လို့ ထင်ပါတယ် …”

photo via screenrant

လောလောဆယ်မှာတော့ The Boys Season 3 ကို ထုတ်လွှင့်ပြသနေပြီ ဖြစ်ပြီး ရုပ်ရှင်ဝေဖန်ရေးတွေနဲ့ ပရိသတ်တွေရဲ့ ကောင်းမွန်တဲ့ မှတ်ချက်တွေ ရရှိထားပါတယ်။ Season 3 ပြီးဆုံးသွားပြီး Season 4 ကို စောင့်မျှော်နေတဲ့ အချိန်မှာတော့ Spin-Off ဇာတ်လမ်းတွဲအသစ် ထွက်ရှိလာဦးမှာ ဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့တော့ တောက်လျှောက်ကို Hype နေရမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဒီ Spin-Off ဇာတ်လမ်းတွဲရဲ့ ထွက်ရှိလာမယ့် ရက်အတိအကျကို မသိရသေးပါဘူး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular