HomeCelebs Update NewsInternationalဆယ်လီဖေဖေ၊မေမေတွေနဲ့ တစ်ရုပ်တည်း ဆင်တူကြတဲ့ သားသားမီးမီးလေးများ

ဆယ်လီဖေဖေ၊မေမေတွေနဲ့ တစ်ရုပ်တည်း ဆင်တူကြတဲ့ သားသားမီးမီးလေးများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကြီးဆယ်လီတွေတော်တော်များများဟာ သားသမီးတွေ ထွန်းကားလာတဲ့အချိန်မှာ သူတို့ငယ်ငယ်တုန်းက ပုံရိပ်လေးတွေနဲ့ သူတို့သားသမီးတွေရဲ့ဓာတ်ပုံတွေကို ယှဉ်ပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ တင်လေ့ရှိကြပါတယ်။ တစ်ချို့တွေဆိုရင် ကလေးဘဝက ရုပ်လေးတွေမှာ တော်တော်လေးကို ဆင်တူကြပြီးတော့ တစ်ချို့ကတော့ အနည်းငယ် ကွဲပြားကြတာလည်း ရှိကြပါတယ်။ အဲ့ဒါကြောင့် ဘယ်ဆယ်လီတွေနဲ့ သူ့တို့ရဲ့သားသမီးတွေဟာ ဆင်တူကြလည်းဆိုတာကို ဆက်ကြည့်လိုက်ရအောင်။

(1) Kylie Jenner နဲ့ Stormi Webster
photo via kylie jenner/instagram

Kylie Jenner ဟာ အားလုံးသိကြတဲ့အတိုင်း media personality တစ်ယောက်ဖြစ်ပြီး အောင်မြင်တဲ့ မိတ်ကပ်ကုမ္ပဏီကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ သူမမှာ ချစ်သူ Travis Scott နဲ့ ရထားတဲ့ Stormi Webster ဆိုတဲ့ သမီးလေးတစ်ယောက် ရှိပါတယ်။ သူမ အသက်(၁၀)လသမီးအရွယ်တုန်းက ရိုက်ထားတဲ့ဓာတ်ပုံနဲ့ သူမရဲ့သမီးလေး အသက်(၁၀)လပြည့်တဲ့အချိန်မှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ယှဉ်ပြီးတော့ အင်စတာဂရမ်မှာ တင်ထားခဲ့ဖူးပါတယ်။ ယှဉ်လျက်တွဲထားတဲ့ ဓာတ်ပုံထဲမှာဆိုရင် အမေနဲ့သမီးနဲ့နှစ်ယောက်ဟာ တော်တော်လေးကို ဆင်တူတာကို တွေ့ရမှာဖြစ်ပါတယ်။

(2) John Legend နဲ့ Miles Stephens
photo via john legend/instagram

John Legend ဟာ နာမည်ကြီး အဆိုတော်တစ်ယောက်ဖြစ်ပြီး အခုဆိုရင် သားတစ်ယောက်နဲ့ သမီးတစ်ယောက်ထွန်းကားနေပြီ ဖြစ်ပါတယ်။ Miles Stephens ကတော့ John ရဲ့သား ဖြစ်ပြီးတော့ အခုဆိုရင် အသက်(၂)နှစ်ရှိနေပြီ ဖြစ်ပါတယ်။ John ဟာလည်း သူ့ရဲ့သားလေး အသက်(၇)လပြည့်တဲ့အချိန်မှာ သူငယ်ငယ်တုန်းက ဓာတ်ပုံနဲ့ တွဲပြီးတော့ အင်စတာဂရမ်ပေါ်မှာ တင်ခဲ့ပါတယ်။ အဖေနဲ့သား တော်တော်လေးကို တူနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(3) Gwyneth Paltrow နဲ့ Apple Martin
photo via gwyneth paltrow/instagram

နာမည်ကြီး သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Gwyneth Paltrow မှာ နာမည်ကျော် Coldplay အဖွဲ့က ခင်ပွန်းဟောင်း Chris Martin နဲ့ ရထားတဲ့ သားတစ်ယောက်နဲ့ သမီးတစ်ယောက် ရှိပါတယ်။ Apple Martin ဟာ သူမရဲ့သမီးဖြစ်ပြီးတော့ အခုဆိုရင် အသက်(၁၆)နှစ်ရှိနေပါပြီ။ မေမေ Gwyneth ငယ်ငယ်က ပုံလေးနဲ့ သမီးလေးရဲ့ ပုံရိပ်တွေကို ယှဉ်ကြည့်လိုက်ရင်တော့ မိခင်ဖြစ်သူနဲ့လည်း ရုပ်ဆင်သလို ဖခင် Chris Martin နဲ့လည်း ရုပ်ဆင်တာကို တွေ့ရမှာပါ။

(4) Beyonce နဲ့ Blue Ivy Carter
photo via tina knowles/instagram

ကမ္ဘာကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ Beyonce မှာတော့ နာမည်ကျော် ရက်ပ်ပါ Jay Z နဲ့ရတဲ့ သားသမီးသုံးယောက် ရှိပါတယ်။ အဲ့ဒီ့ထဲမှာ Blue Ivy Carter ကတော့ အကြီးဆုံးသမီးဖြစ်ပါတယ်။ မေမေ Beyonce ငယ်ငယ်က ပုံလေးနဲ့ သမီးလေး Blue Ivy ရဲ့ ပုံရိပ်လေးတွေဟာ တော်တော်လေး တူတာကို တွေ့ရမှာပါ။ ဒီပုံလေးကိုတော့ Beyonce ရဲ့အမေဖြစ်သူ Tina Knowles က သူမရဲ့အင်စတာဂရမ်မှာ တင်ထားတာ ဖြစ်ပါတယ်။ Blue Ivy Carter ဟာ အခုဆိုရင် အသက်(၈)နှစ်ရှိနေပြီ ဖြစ်ပါတယ်။

(5) David Beckham နဲ့ Cruz Beckham
photo via david beckham/instagram

ကမ္ဘာကျော် ဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ David Beckham မှာတော့ သားသမီးလေးယောက် ထွန်းကားထားပါတယ်။ ရုပ်ဖြောင့်လွန်းလို့ မိန်းကလေးတွေရဲ့ အသည်းနှလုံးဖြစ်ခဲ့ရတဲ့ ဖခင် Beckham လိုပဲ မွေးထားတဲ့ သားသမီးလေးယောက်လုံးဟာလည်း အဖေတူ အချောလေးတွေချည်း ဖြစ်ပါတယ်။ မောင်နှမ လေးယောက်ထဲကမှ Cruz Beckham ရဲ့ ပုံကို ဖေဖေ Beckham ရ‌ဲ့ ငယ်ဘဝက ပုံလေးနဲ့ ယှဉ်ကြည့်လိုက်တဲ့အခါမှာတော့ တော်တော်လေး ဆင်တူနေတာကို တွေ့ရပါတယ်။ အဖေလိုပဲ ရုပ်ဖြောင့်ပြီး မိန်းကလေးတွေက ဝိုင်းကြွေကြဦးမယ်ဆိုတာ ခန့်မှန်းနေဖို့တောင် မလိုပါဘူး။

(6) Jessica Alba နဲ့ Honor Warren
photo via jesicca alba/instagram

Jessica Alba ဟာ နာမည်ကြီး သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့အပြင် ကိုယ်ပိုင်စီးပွားရေးတွေကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမမှာတော့ သားသမီးသုံးယောက် ရှိပါတယ်။ Honor Warren ဟာ Jessica ရဲ့ ချစ်လှစွာသော သမီးလေးဖြစ်ပြီး အခုဆိုရင် အသက်(၁၂)နှစ် ရှိနေပြီ ဖြစ်ပါတယ်။ သမီးလေးရဲ့ အသက်(၁၂)နှစ်အရွယ် ပုံရိပ်နဲ့ မေမေ Jessica ရဲ့ အသက်(၁၂)နှစ်တုန်းက ဓာတ်ပုံကို ယှဉ်ကြည့်လိုက်တဲ့အခါမှာတော့ သွေးဆိုတာ လိမ်လို့မရကြောင်း တွေ့လိုက်ကြရပါတယ်။

(7) John Legend နဲ့ Luna Stephens
photo via john legend/instagram

John Legend မှာ သားတစ်ယောက်နဲ့ သမီးတစ်ယောက် ရှိတဲ့အထဲက သမီးလေး Luna Stephens ဟာလည်း ဖေဖေရဲ့ ငယ်ဘဝရုပ်ရည်နဲ့ ချွတ်စွပ်တူနေတာကို တွေ့ကြရမှာပါ။ သမီးလေး Luna ဟာ အခုဆိုရင် အသက်(၄)နှစ်ရှိပါပြီ။

(8) Kim Kardashian နဲ့ North West
photo via kris jenner/instagram

နာမည်ကြီး media personality တစ်ယောက်ဖြစ်တဲ့အပြင် အလှကုန်ကုမ္ပဏီတစ်ခုလည်း ပိုင်ဆိုင်ထားတဲ့ Kim Kardashian ကတော့ ကလေး(၄)ယောက် မွေးထားပါတယ်။ သူမရဲ့အကြီးဆုံးသမီးလေးကတော့ North West လို့ခေါ်ပြီး သူတို့နှစ်ယောက်လုံးရဲ့ အသက်(၇)နှစ်အရွယ်မှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ယှဉ်ကြည့်လိုက်တဲ့အချိန်မှာတော့ နှစ်ယောက်လုံးဟာ တော်တော်လေးကို ရုပ်ဆင်နေတာကို တွေ့ရပါတယ်။ North West လေးဟာ အမေတူသမီးတစ်ယောက်လို့တောင် ပြောလို့ရပါတယ်။

ဒါကတော့ နာမည်ကြီးဆယ်လီတွေနဲ့ သူတို့ရဲ့ ရုပ်ရည်ကို ခြေရာနင်းနိုင်ခဲ့တဲ့ ကလေးတွေအကြောင်းပဲ ဖြစ်ပါတယ်။ ဘယ်နာမည်ကျော်တွေရဲ့ ကလေးတွေကို ချစ်လည်းဆိုတာ ပြောပြခဲ့ပါဦး။

Lego Les
(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)
(Zawgyi Version)

နာမည္ႀကီးဆယ္လီေတြေတာ္ေတာ္မ်ားမ်ားဟာ သားသမီးေတြ ထြန္းကားလာတဲ့အခ်ိန္မွာ သူတို႔ငယ္ငယ္တုန္းက ပုံရိပ္ေလးေတြနဲ႔ သူတို႔သားသမီးေတြရဲ႕ဓာတ္ပုံေတြကို ယွဥ္ၿပီး ဆိုရွယ္မီဒီယာေတြေပၚမွာ တင္ေလ့ရွိၾကပါတယ္။ တစ္ခ်ိဳ႕ေတြဆိုရင္ ကေလးဘဝက ႐ုပ္ေလးေတြမွာ ေတာ္ေတာ္ေလးကို ဆင္တူၾကၿပီးေတာ့ တစ္ခ်ိဳ႕ကေတာ့ အနည္းငယ္ ကြဲျပားၾကတာလည္း ရွိၾကပါတယ္။ အဲ့ဒါေၾကာင့္ ဘယ္ဆယ္လီေတြနဲ႔ သူ႔တို႔ရဲ႕သားသမီးေတြဟာ ဆင္တူၾကလည္းဆိုတာကို ဆက္ၾကည့္လိုက္ရေအာင္။

(1) Kylie Jenner နဲ႔ Stormi Webster
photo via kylie jenner/instagram

Kylie Jenner ဟာ အားလုံးသိၾကတဲ့အတိုင္း media personality တစ္ေယာက္ျဖစ္ၿပီး ေအာင္ျမင္တဲ့ မိတ္ကပ္ကုမၸဏီကို ပိုင္ဆိုင္ထားသူလည္း ျဖစ္ပါတယ္။ သူမမွာ ခ်စ္သူ Travis Scott နဲ႔ ရထားတဲ့ Stormi Webster ဆိုတဲ့ သမီးေလးတစ္ေယာက္ ရွိပါတယ္။ သူမ အသက္(၁၀)လသမီးအ႐ြယ္တုန္းက ႐ိုက္ထားတဲ့ဓာတ္ပုံနဲ႔ သူမရဲ႕သမီးေလး အသက္(၁၀)လျပည့္တဲ့အခ်ိန္မွာ ႐ိုက္ထားတဲ့ ဓာတ္ပုံေတြကို ယွဥ္ၿပီးေတာ့ အင္စတာဂရမ္မွာ တင္ထားခဲ့ဖူးပါတယ္။ ယွဥ္လ်က္တြဲထားတဲ့ ဓာတ္ပုံထဲမွာဆိုရင္ အေမနဲ႔သမီးနဲ႔ႏွစ္ေယာက္ဟာ ေတာ္ေတာ္ေလးကို ဆင္တူတာကို ေတြ႕ရမွာျဖစ္ပါတယ္။

(2) John Legend နဲ႔ Miles Stephens
photo via john legend/instagram

John Legend ဟာ နာမည္ႀကီး အဆိုေတာ္တစ္ေယာက္ျဖစ္ၿပီး အခုဆိုရင္ သားတစ္ေယာက္နဲ႔ သမီးတစ္ေယာက္ထြန္းကားေနၿပီ ျဖစ္ပါတယ္။ Miles Stephens ကေတာ့ John ရဲ႕သား ျဖစ္ၿပီးေတာ့ အခုဆိုရင္ အသက္(၂)ႏွစ္ရွိေနၿပီ ျဖစ္ပါတယ္။ John ဟာလည္း သူ႔ရဲ႕သားေလး အသက္(၇)လျပည့္တဲ့အခ်ိန္မွာ သူငယ္ငယ္တုန္းက ဓာတ္ပုံနဲ႔ တြဲၿပီးေတာ့ အင္စတာဂရမ္ေပၚမွာ တင္ခဲ့ပါတယ္။ အေဖနဲ႔သား ေတာ္ေတာ္ေလးကို တူေနတာကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

(3) Gwyneth Paltrow နဲ႔ Apple Martin
photo via gwyneth paltrow/instagram

နာမည္ႀကီး သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ Gwyneth Paltrow မွာ နာမည္ေက်ာ္ Coldplay အဖြဲ႕က ခင္ပြန္းေဟာင္း Chris Martin နဲ႔ ရထားတဲ့ သားတစ္ေယာက္နဲ႔ သမီးတစ္ေယာက္ ရွိပါတယ္။ Apple Martin ဟာ သူမရဲ႕သမီးျဖစ္ၿပီးေတာ့ အခုဆိုရင္ အသက္(၁၆)ႏွစ္ရွိေနပါၿပီ။ ေမေမ Gwyneth ငယ္ငယ္က ပုံေလးနဲ႔ သမီးေလးရဲ႕ ပုံရိပ္ေတြကို ယွဥ္ၾကည့္လိုက္ရင္ေတာ့ မိခင္ျဖစ္သူနဲ႔လည္း ႐ုပ္ဆင္သလို ဖခင္ Chris Martin နဲ႔လည္း ႐ုပ္ဆင္တာကို ေတြ႕ရမွာပါ။

(4) Beyonce နဲ႔ Blue Ivy Carter
photo via tina knowles/instagram

ကမာၻေက်ာ္ အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ Beyonce မွာေတာ့ နာမည္ေက်ာ္ ရက္ပ္ပါ Jay Z နဲ႔ရတဲ့ သားသမီးသုံးေယာက္ ရွိပါတယ္။ အဲ့ဒီ့ထဲမွာ Blue Ivy Carter ကေတာ့ အႀကီးဆုံးသမီးျဖစ္ပါတယ္။ ေမေမ Beyonce ငယ္ငယ္က ပုံေလးနဲ႔ သမီးေလး Blue Ivy ရဲ႕ ပုံရိပ္ေလးေတြဟာ ေတာ္ေတာ္ေလး တူတာကို ေတြ႕ရမွာပါ။ ဒီပုံေလးကိုေတာ့ Beyonce ရဲ႕အေမျဖစ္သူ Tina Knowles က သူမရဲ႕အင္စတာဂရမ္မွာ တင္ထားတာ ျဖစ္ပါတယ္။ Blue Ivy Carter ဟာ အခုဆိုရင္ အသက္(၈)ႏွစ္ရွိေနၿပီ ျဖစ္ပါတယ္။

(5) David Beckham နဲ႔ Cruz Beckham
photo via david beckham/instagram

ကမာၻေက်ာ္ ေဘာလုံးသမားတစ္ေယာက္ျဖစ္တဲ့ David Beckham မွာေတာ့ သားသမီးေလးေယာက္ ထြန္းကားထားပါတယ္။ ႐ုပ္ေျဖာင့္လြန္းလို႔ မိန္းကေလးေတြရဲ႕ အသည္းႏွလုံးျဖစ္ခဲ့ရတဲ့ ဖခင္ Beckham လိုပဲ ေမြးထားတဲ့ သားသမီးေလးေယာက္လုံးဟာလည္း အေဖတူ အေခ်ာေလးေတြခ်ည္း ျဖစ္ပါတယ္။ ေမာင္ႏွမ ေလးေယာက္ထဲကမွ Cruz Beckham ရဲ႕ ပုံကို ေဖေဖ Beckham ရ‌ဲ့ ငယ္ဘဝက ပုံေလးနဲ႔ ယွဥ္ၾကည့္လိုက္တဲ့အခါမွာေတာ့ ေတာ္ေတာ္ေလး ဆင္တူေနတာကို ေတြ႕ရပါတယ္။ အေဖလိုပဲ ႐ုပ္ေျဖာင့္ၿပီး မိန္းကေလးေတြက ဝိုင္းေႂကြၾကဦးမယ္ဆိုတာ ခန႔္မွန္းေနဖို႔ေတာင္ မလိုပါဘူး။

(6) Jessica Alba နဲ႔ Honor Warren
photo via jesicca alba/instagram

Jessica Alba ဟာ နာမည္ႀကီး သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္တဲ့အျပင္ ကိုယ္ပိုင္စီးပြားေရးေတြကို ပိုင္ဆိုင္ထားသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ သူမမွာေတာ့ သားသမီးသုံးေယာက္ ရွိပါတယ္။ Honor Warren ဟာ Jessica ရဲ႕ ခ်စ္လွစြာေသာ သမီးေလးျဖစ္ၿပီး အခုဆိုရင္ အသက္(၁၂)ႏွစ္ ရွိေနၿပီ ျဖစ္ပါတယ္။ သမီးေလးရဲ႕ အသက္(၁၂)ႏွစ္အ႐ြယ္ ပုံရိပ္နဲ႔ ေမေမ Jessica ရဲ႕ အသက္(၁၂)ႏွစ္တုန္းက ဓာတ္ပုံကို ယွဥ္ၾကည့္လိုက္တဲ့အခါမွာေတာ့ ေသြးဆိုတာ လိမ္လို႔မရေၾကာင္း ေတြ႕လိုက္ၾကရပါတယ္။

(7) John Legend နဲ႔ Luna Stephens
photo via john legend/instagram

John Legend မွာ သားတစ္ေယာက္နဲ႔ သမီးတစ္ေယာက္ ရွိတဲ့အထဲက သမီးေလး Luna Stephens ဟာလည္း ေဖေဖရဲ႕ ငယ္ဘဝ႐ုပ္ရည္နဲ႔ ခြၽတ္စြပ္တူေနတာကို ေတြ႕ၾကရမွာပါ။ သမီးေလး Luna ဟာ အခုဆိုရင္ အသက္(၄)ႏွစ္ရွိပါၿပီ။

(8) Kim Kardashian နဲ႔ North West
photo via kris jenner/instagram

နာမည္ႀကီး media personality တစ္ေယာက္ျဖစ္တဲ့အျပင္ အလွကုန္ကုမၸဏီတစ္ခုလည္း ပိုင္ဆိုင္ထားတဲ့ Kim Kardashian ကေတာ့ ကေလး(၄)ေယာက္ ေမြးထားပါတယ္။ သူမရဲ႕အႀကီးဆုံးသမီးေလးကေတာ့ North West လို႔ေခၚၿပီး သူတို႔ႏွစ္ေယာက္လုံးရဲ႕ အသက္(၇)ႏွစ္အ႐ြယ္မွာ ႐ိုက္ထားတဲ့ ဓာတ္ပုံေတြကို ယွဥ္ၾကည့္လိုက္တဲ့အခ်ိန္မွာေတာ့ ႏွစ္ေယာက္လုံးဟာ ေတာ္ေတာ္ေလးကို ႐ုပ္ဆင္ေနတာကို ေတြ႕ရပါတယ္။ North West ေလးဟာ အေမတူသမီးတစ္ေယာက္လို႔ေတာင္ ေျပာလို႔ရပါတယ္။

ဒါကေတာ့ နာမည္ႀကီးဆယ္လီေတြနဲ႔ သူတို႔ရဲ႕ ႐ုပ္ရည္ကို ေျခရာနင္းႏိုင္ခဲ့တဲ့ ကေလးေတြအေၾကာင္းပဲ ျဖစ္ပါတယ္။ ဘယ္နာမည္ေက်ာ္ေတြရဲ႕ ကေလးေတြကို ခ်စ္လည္းဆိုတာ ေျပာျပခဲ့ပါဦး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular