HomeCharacterThe Flash ထွေလာထဲက Kara နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အချက်များ

The Flash ထွေလာထဲက Kara နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အချက်များ

Super Bowl ပွဲမှာတော့ The Flash ရုပ်ရှင်ရဲ့ ထွေလာအသစ်ကို မြင်တွေ့ခဲ့ရပါတယ်။ ဒီထွေလာထဲမှာတော့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေများစွာ ပါဝင်နေသလို ဇာတ်ကောင်သစ်တွေလည်း ပါဝင်နေပါတယ်။ Kara ကတော့ ဒီရုပ်ရှင်ထဲမှာ စတင်ပါဝင်လာမယ့် ဇာတ်ကောင်အသစ် ဖြစ်ပြီး သူမရဲ့ပုံစံဟာ အရင်ကမြင်ဖူးခဲ့တဲ့ Supergirl ပုံစံတွေနဲ့ မတူညီဘဲ ကွဲပြားနေပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ The Flash ရုပ်ရှင်ထဲက Kara နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

The Flash ရုပ်ရှင်ထဲမှာတော့ Barry Allen ဟာ အချိန်ခရီးသွားပြီး Timeline ကို ပြုပြင်ခဲ့တာကြောင့် အခြား Universe က ဇာတ်ကောင်တွေ ပါဝင်လာတာ ဖြစ်ပါတယ်။ Kara ကတော့ အခြား Universe ရဲ့ Supergirl ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပုံမှန် Supergirl ဗားရှင်းတွေဟာ Superman နဲ့အတူ ရှိနေကြတာ ဖြစ်ပေမယ့်လည်း ထွေလာထဲမှာ မြင်တွေ့ခဲ့ရသလို ဆိုရင်တော့ အဲဒီ Universe မှာ Clark Kent ရှိမနေဘဲ Kara တစ်ယောက်တည်းသာ ရှိတယ်လို့ ယူဆရပါတယ်။

photo via screenrant

Clark ကတော့ အကြောင်းတစ်ခုခုကြောင့် သေဆုံးသွားတာ ဖြစ်နိုင်သလို အစကတည်းက Clark ဆိုတဲ့ ဖြစ်တည်မှုကို မရှိခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ထဲမှာတော့ Kara ဟာ General Zod ကို ရင်ဆိုင်သွားမယ့် Supergirl ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ထဲက Kara ရဲ့ ပုံစံဟာလည်း မြင်ခဲ့ဖူးသမျှ Kara Zor-El နဲ့လည်း မတူညီတာကို တွေ့ရပါတယ်။

ကောမစ်ထဲမှာရော၊ ရုပ်ရှင်ထဲမှာပါ ပါဝင်ခဲ့ဖူးတဲ့ Supergirl ကတော့ ဆံပင်ရွှေရောင်ရှိပြီး သူမရဲ့ဝတ်စုံမှာ စကပ်ကို ဝတ်ဆင်လေ့ ရှိပါတယ်။ ဒီရုပ်ရှင်ထဲက Kara ရဲ့ပုံစံကတော့ Lara Lane-Kent နဲ့ အတော်လေး ဆင်တူနေပါတယ်။ Lara Lane-Kent ကတော့ Injustice Universe ထဲက Superman ရဲ့သမီး ဖြစ်ပြီး သူမရဲ့အဖေနဲ့အတူ စူပါဟီးရိုး ပြုလုပ်နေသူလည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲက Kara ကတော့ Visual ပိုင်းကို Lara Lane-Kent ကို အခြေခံပြီး ဖန်တီးထားတဲ့ Supergirl ဗားရှင်းတစ်မျိူးပဲ ဖြစ်ပါတယ်။

photo via screenrant

ဒီထွေလာထဲက ဇာတ်ဝင်ခန်းအချို့မှာတော့ Kara ဟာ ဝတ်စုံပြည့်နဲ့ General Zod ကို တိုက်ခိုက်နေတာ မြင်ခဲ့ရပေမယ့်လည်း အခြားဇာတ်ဝင်ခန်းတွေထဲမှာတော့ သူမဟာ အဖမ်းခံထားရတဲ့ ပုံစံမျိူး ဖြစ်နေပါတယ်။ ဒါ့အပြင် ဇာတ်ဝင်ခန်းတစ်ခုမှာဆိုရင် သူမဟာ နေရောင်ကို မရရှိတာ ကြာမြင့်နေတာကြောင့် အားပျက်နေတဲ့ပုံစံကိုတောင် တွေ့ရပါတယ်။

Flashpoint ကောမစ်ထဲမှာတော့ Kal-El ကို ငယ်ငယ်ကတည်းက အစိုးရက ဖမ်းထားပြီး စမ်းသပ်မှုတွေ ပြုလုပ်နေခဲ့ပါတယ်။ ဒီထွေလာထဲမှာလည်း Kara ဟာ အဖမ်းခံထားရတာကို မြင်တွေ့ခဲ့ရတာကြောင့် သူမကလည်း Flashpoint ထဲက Kal-El လို ကံကြမ္မာမျိူး ကြုံတွေ့ထားရတာ ဖြစ်နိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular