HomeEntertainmentFilmHBO ကဖန်တီးမယ့် စူပါဟီးရိုးတွေကို သရော်ထားတဲ့ The Franchise ဇာတ်လမ်းတွဲ

HBO ကဖန်တီးမယ့် စူပါဟီးရိုးတွေကို သရော်ထားတဲ့ The Franchise ဇာတ်လမ်းတွဲ

HBO ကတော့ စူပါဟီးရိုးတွေကို သရော်ထားတဲ့ The Franchise ဆိုတဲ့ ဇာတ်လမ်းတွဲကို ဖန်တီးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ Armando Lannucci နဲ့ Sam Mendes တို့က ပူးပေါင်းဖန်တီးသွားမှာ ဖြစ်ပါတယ်။ MCU ၊ DCEU နဲ့ The Boys တို့လို စူပါဟီးရိုးဇာတ်လမ်းတွေဟာ ယခုအချိန်မှာတော့ ပရိသတ်တွေကြားမှာ အလွန်ခေတ်စားနေပါတယ်။ ဒီရုပ်ရှင်တွေဟာ box-office မှာလည်း အလွန်အောင်မြင်နေကြပြီး ဟောလိဝုဒ်လောကရဲ့ ဝင်ငွေတွေအများစုကို ရရှိနေကြပါတယ်။

photo via screenrant

IndieWire သတင်းဌာနရဲ့ ဖော်ပြချက်အရ HBO ဟာ စူပါဟီးရိုးဇာတ်လမ်းတွေကို လှောင်ပြောင်ထားတဲ့ The Franchise ဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲထဲက ဇာတ်ကောင်တွေကတော့ စိတ်ကူးယဉ် Franchise တစ်ခုထဲမှာ ပါဝင်ကြတဲ့ သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်အဖွဲ့သားတွေ ဖြစ်ကြပြီး သူတို့ရဲ့ အလုပ်ဟာ အဓိပ္ပာယ်ရော ရှိရဲ့လားလို့ မေးခွန်းထုတ်လာကြပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဇာတ်ညွှန်းကိုတော့ Jon Brown နဲ့ Keith Akushie တို့က ရေးသားသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် 1917 ၊ American Beauty ၊ Skyfall နဲ့ Spectre တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Sam Mendes က ရိုက်ကူးသွားမှာ ဖြစ်ပြီး သူကပဲ Executive Producer အနေနဲ့လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

photo via screenrant

လောလောဆယ်မှာ‌တော့ ဒီဇာတ်လမ်းတွဲဟာ စတင်ဖန်တီးခါစပဲ ရှိသေးပြီး ပါဝင်လာမယ့် သရုပ်ဆောင်တွေကိုလည်း မသိရသေးပါဘူး။ ဒါပေမယ့်လည်း နာမည်ကြီး ဒါရိုက်တာတွေ ပါဝင်ထားတာကြောင့် ဒီဇာတ်လမ်းတွဲဟာလည်း ပရိသတ်တွေ ကြိုက်နှစ်သက်လောက်မယ့် ဇာတ်လမ်းမျိူးကို မြင်တွေ့ရနိုင်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ စူပါဟီးရိုး ပရိသတ်တွေကြားမှာတော့ အငြင်းပွားဖွယ်ရာတွေ ဖြစ်လာနိုင်ပေမယ့်လည်း ဘယ်လိုမျိူး ဖန်တီးသွားမလည်း ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular