HomeEntertainmentFilmဇာတ်အရမုန်းစရာကောင်းပေမယ့် ပရိသတ်အားပေးမှု အများဆုံးရရှိထားတဲ့ နာမည်ကျော်ဗီလိန်ငါးယောက်

ဇာတ်အရမုန်းစရာကောင်းပေမယ့် ပရိသတ်အားပေးမှု အများဆုံးရရှိထားတဲ့ နာမည်ကျော်ဗီလိန်ငါးယောက်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ရုပ်ရှင်တစ်ကား ကောင်းလား၊ မကောင်းလား ဆိုတာ ဗီလိန်နေရာမှာ သရုပ်ဆောင်တဲ့လူရဲ့ အိုက်တင်စကေးနဲ့ ကာရိုက်တာအပေါ်မှာ အများကြီးမူတည်ပါတယ်။ တစ်ချို့ဇာတ်ကားတွေဆို ဗီလိန်တွေက မိန်းဇာတ်ဆောင်တွေထက်တောင် အားပေးမှု အမျာကြီး ရရှိခဲ့တာတွေ ရှိပါတယ်။ ဇာတ်လမ်းထဲမှာ တကယ့် မုန်းစရာဇာတ်ကောင်တစ်ခုအဖြစ် ပြောင်မြောက်စွာ သရုပ်ဆောင်ပြီး ပရိသတ်အချစ်ကို ရရှိထားကြသူ ဗီလိန်ငါးယောက်ကတော့ …

(1) Voldemort
photo via empireonline

နာမည်အရမ်းကြီးခဲ့တဲ့ Harry Potter ဇာတ်ကားထဲက Voldemort ဆိုရင် ရုပ်ရှင်ကြည့်သူ တော်တော်များများ သိကြမှာပါ။ Voldemort ဟာ သိပ်ကို စွမ်းအားကြီးတဲ့ မကောင်းဆိုးဝါး စုန်းတစ်ယောက်ဖြစ်ပြီး အမှောင်ရှိတဲ့နေရာတိုင်းမှာ သူရှိတယ်လို့တောင် တင်စားကြပါတယ်။ ရုပ်ရှင်ထဲမှာဆိုရင် သူ့ရဲ့ နာမည်ကို ထုတ်မပြောရဲလောက်အောင်ကို ကြောက်ရွံရတဲ့ ဗီလိန်တစ်ယောက်လည်း ဖြစ်ပါတယ်။ Harry Potter ဇာတ်လမ်းတွေကို ရေးသားခဲ့တဲ့ J.K. Rowling ရဲ့ ပြောပုံအရ Voldemort ဆိုတဲ့ နာမည်ရဲ့ အဓိပ္ပာယ်က မကောင်းမှုတွေရဲ့ သခင်၊ အမှောင်ဘုရင်လို့ အဓိပ္ပာယ်ရပါတယ်။ အမှောင်သခင်ကြီးဆိုပေမယ့် ပရိသတ်တွေရဲ့ရင်ထဲမှာတော့ မုန်းလျက်နဲ့ပဲ ချစ်ရတဲ့ ဗီလိန်တစ်ဦး ဖြစ်ပါတယ်။

(2) Hans Gruber
photo via empireonline

သူကတော့ 1998 ခုနှစ်မှာ ထွက်ခဲ့တဲ့ နာမည်ကြီး Die Hard ဆိုတဲ့ action ကားရဲ့ ဗီလိန်ဖြစ်ပါတယ်။ Bruce Willis နဲ့အပြိုင်ကြဲခဲ့တဲ့ ဂျာမနီ အကြမ်းဖက်သမား (Hans Gruber) နေရာကနေ သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဇာတ်ကားထဲက သူပြောခဲ့တဲ့ ဒိုင်ယာလော့ခ်တွေနဲ့ သူ့ရဲ့ ဟန်ပန်အမူအရာတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အက်ရှင်ပရိသတ်တွေကြားမှာတော့ Die Hard ဆိုတာ နာမည်ကြီးဖြစ်ပေမယ့် ထွက်ခဲ့တာ နှစ်တွေကြာပြီမို့ ဗီလိန် Hans Gruber ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုတွေကို သိချင်ရင်တော့ ပြန်ပြီးကြည့်ရှုခံစားဖို့ တိုက်တွန်းပါတယ်။

(3) Loki
photo via empireonline

Thor ရဲ့ညီဖြစ်ပြီး လှည့်စားခြင်းနတ်ဘုရားလို့ တင်စားခေါ်ဝေါ်ကြတဲ့ Loki ကတော့ နံပါတ်သုံးနေရာမှာ ရပ်တည်နေပါတယ်။ နာမည်နဲ့ လိုက်အောင် Thor ကို ခဏခဏ သေပြီလို့ထင်အောင် ဂျင်းထည့်နေကျ Thor ရဲ့ချစ်ညီလေးပါ။ ယခု ထွက်ရှိထားတဲ့ (Thor trilogy ) သုံးကားလုံးရဲ့ အသက်က Loki လို့တောင် ပြောလို့ရပါတယ်။ ထွက်ထားသမျှ Thor သုံးကားလုံးက Loki ပတ်မွှေလို့ ဖြစ်လာတာပါ။ Infinity War မှာ သေသွားတာတောင်မှ နောက်ဆုံး ထွက်ထားတဲ့ End Game ထဲမှာတောင် ဝင်မွှေသွားပါသေးတယ်။ MCU fan တော်တော်များများရဲ့ အားပေးမှုကို ရရှိထားတဲ့ ဗီလိန်တစ်ယောက်လည်း ဖြစ်ပါတယ်။

(4) The Joker
photo via empireonline

Batman နဲ့ Joker ဆိုတာ မတည့်အတူနေ ကြောင်နဲ့ကြွက်လိုပါပဲ။ Joker မပါတဲ့ Batman ကားကို ကြည့်ရရင် ဆားမပါတဲ့ဟင်းလိုမျိုး ဟာတာတာကြီး ဖြစ်နေတယ်လို့ ခံစားရဖူးမယ် ထင်ပါတယ်။ Joker အဖြစ် သရုပ်ဆောင်သူတွေ အများကြီးထဲကမှ Heath Ledger က အအောင်မြင်ဆုံးလို့ ပြောလို့ရပါတယ်။ The Dark Knight ကားထဲက Joker ရဲ့ ဒိုင်ယာလော့ခ်တွေကလည်း Heath Ledger ရဲ့ သရုပ်ဆောင်ကောင်းမှုနဲ့အတူ ရုပ်ရှင်ကို ပိုပြီးကြွလာအောင် ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း Joker ဟာ ဗီလိန်ဖြစ်ပေမယ့် ပရိသတ်တွေအများကြီးရဲ့ အချစ်တွေ ရရှိထားတာ ဖြစ်ပါတယ်။

(5) Darth Vader
photo via empireonline

Star Wars fan တွေရဲ့ အကြိုက်ဆုံး ဗီလိန်ကြီး Darth Vader ကတော့ ပရိသတ်အားပေးမှုကို အများဆုံး ရရှိထားပါတယ်။ ဘာမှတော့ ထွေထွေထူးထူး ပြောစရာလိုမယ် မထင်ပါဘူး။ Star Wars ပရိသတ်တွေကို မေးခွန်းပေါင်း မြောက်များစွာ ပေးခဲ့တဲ့ ဗီလိန်ကြီးလည်း ဖြစ်ပါတယ်။ အချိန်တိုင်းအတွက် အကောင်းဆုံးဗီလိန်နေရာမှာ Darth Vader က ထိပ်ဆုံးကနေ ရပ်တည်နေတယ်လို့ ပြောလိုက်ရင် Star Wars ကြည့်ဖူးသူတိုင်း ငြင်းနိုင်မယ် မထင်ပါဘူး။

ဟင်းတစ်ခွက်မှာ အဓိကပါဝင်ပစ္စည်းချည်းပဲ ပါပြီး ဟင်းခတ်အမွှေးအကြိုင်တွေ မပါဝင်ခဲ့ရင် ဘယ်လိုမှ စားကောင်းမှာ မဟုတ်တာကို လက်ခံကြမှာပါ။ ဒီဗီလိန်တွေဟာလည်း ဟင်းတစ်ခွက်အတွက် အရေးကြီးတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေလိုပါပဲ။ သူတို့ပါမှ ရုပ်ရှင်ရဲ့ အနှစ်သာရ အရသာတွေ ပိုပြီးရုပ်လုံးကြွ ပြည့်စုံစေခဲ့တာကြောင့် ရုပ်ရှင်ချစ်သူတွေရဲ့ အသိအမှတ်ပြုမှုနဲ့ ချစ်ခင်မှုတွေကို ရရှိထားတာဖြစ်မယ်လို့ ယူဆမိပါတယ်။ စာဖတ်သူ နှစ်သက်တဲ့ တစ်ခြား favorite ဗီလိန်တွေ ရှိခဲ့ရင်လည်း ပြန်လည်မျှဝေပေးခဲ့ပါဦး။

Lego Les
(Zawgyi Version)

႐ုပ္ရွင္တစ္ကား ေကာင္းလား၊ မေကာင္းလား ဆိုတာ ဗီလိန္ေနရာမွာ သ႐ုပ္ေဆာင္တဲ့လူရဲ႕ အိုက္တင္စေကးနဲ႔ ကာ႐ိုက္တာအေပၚမွာ အမ်ားႀကီးမူတည္ပါတယ္။ တစ္ခ်ိဳ႕ဇာတ္ကားေတြဆို ဗီလိန္ေတြက မိန္းဇာတ္ေဆာင္ေတြထက္ေတာင္ အားေပးမႈ အမ်ာႀကီး ရရွိခဲ့တာေတြ ရွိပါတယ္။ ဇာတ္လမ္းထဲမွာ တကယ့္ မုန္းစရာဇာတ္ေကာင္တစ္ခုအျဖစ္ ေျပာင္ေျမာက္စြာ သ႐ုပ္ေဆာင္ၿပီး ပရိသတ္အခ်စ္ကို ရရွိထားၾကသူ ဗီလိန္ငါးေယာက္ကေတာ့ …

 (1) Voldemort
photo via empireonline

နာမည္အရမ္းႀကီးခဲ့တဲ့ Harry Potter ဇာတ္ကားထဲက Voldemort ဆိုရင္ ႐ုပ္ရွင္ၾကည့္သူ ေတာ္ေတာ္မ်ားမ်ား သိၾကမွာပါ။ Voldemort ဟာ သိပ္ကို စြမ္းအားႀကီးတဲ့ မေကာင္းဆိုးဝါး စုန္းတစ္ေယာက္ျဖစ္ၿပီး အေမွာင္ရွိတဲ့ေနရာတိုင္းမွာ သူရွိတယ္လို႔ေတာင္ တင္စားၾကပါတယ္။ ႐ုပ္ရွင္ထဲမွာဆိုရင္ သူ႔ရဲ႕ နာမည္ကို ထုတ္မေျပာရဲေလာက္ေအာင္ကို ေၾကာက္႐ြံရတဲ့ ဗီလိန္တစ္ေယာက္လည္း ျဖစ္ပါတယ္။ Harry Potter ဇာတ္လမ္းေတြကို ေရးသားခဲ့တဲ့ J.K. Rowling ရဲ႕ ေျပာပုံအရ Voldemort ဆိုတဲ့ နာမည္ရဲ႕ အဓိပၸာယ္က မေကာင္းမႈေတြရဲ႕ သခင္၊ အေမွာင္ဘုရင္လို႔ အဓိပၸာယ္ရပါတယ္။ အေမွာင္သခင္ႀကီးဆိုေပမယ့္ ပရိသတ္ေတြရဲ႕ရင္ထဲမွာေတာ့ မုန္းလ်က္နဲ႔ပဲ ခ်စ္ရတဲ့ ဗီလိန္တစ္ဦး ျဖစ္ပါတယ္။

 (2) Hans Gruber
photo via empireonline

သူကေတာ့ 1998 ခုႏွစ္မွာ ထြက္ခဲ့တဲ့ နာမည္ႀကီး Die Hard ဆိုတဲ့ action ကားရဲ႕ ဗီလိန္ျဖစ္ပါတယ္။ Bruce Willis နဲ႔အၿပိဳင္ႀကဲခဲ့တဲ့ ဂ်ာမနီ အၾကမ္းဖက္သမား (Hans Gruber) ေနရာကေန သ႐ုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။ ဇာတ္ကားထဲက သူေျပာခဲ့တဲ့ ဒိုင္ယာေလာ့ခ္ေတြနဲ႔ သူ႔ရဲ႕ ဟန္ပန္အမူအရာေတြေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးမႈကို ရရွိခဲ့တာ ျဖစ္ပါတယ္။ အက္ရွင္ပရိသတ္ေတြၾကားမွာေတာ့ Die Hard ဆိုတာ နာမည္ႀကီးျဖစ္ေပမယ့္ ထြက္ခဲ့တာ ႏွစ္ေတြၾကာၿပီမို႔ ဗီလိန္ Hans Gruber ရဲ႕ ေျပာင္ေျမာက္တဲ့ သ႐ုပ္ေဆာင္မႈေတြကို သိခ်င္ရင္ေတာ့ ျပန္ၿပီးၾကည့္ရႈခံစားဖို႔ တိုက္တြန္းပါတယ္။

(3) Loki
photo via empireonline

Thor ရဲ႕ညီျဖစ္ၿပီး လွည့္စားျခင္းနတ္ဘုရားလို႔ တင္စားေခၚေဝၚၾကတဲ့ Loki ကေတာ့ နံပါတ္သုံးေနရာမွာ ရပ္တည္ေနပါတယ္။ နာမည္နဲ႔ လိုက္ေအာင္ Thor ကို ခဏခဏ ေသၿပီလို႔ထင္ေအာင္ ဂ်င္းထည့္ေနက် Thor ရဲ႕ခ်စ္ညီေလးပါ။ ယခု ထြက္ရွိထားတဲ့ (Thor trilogy ) သုံးကားလုံးရဲ႕ အသက္က Loki လို႔ေတာင္ ေျပာလို႔ရပါတယ္။ ထြက္ထားသမွ် Thor သုံးကားလုံးက Loki ပတ္ေမႊလို႔ ျဖစ္လာတာပါ။ Infinity War မွာ ေသသြားတာေတာင္မွ ေနာက္ဆုံး ထြက္ထားတဲ့ End Game ထဲမွာေတာင္ ဝင္ေမႊသြားပါေသးတယ္။ MCU fan ေတာ္ေတာ္မ်ားမ်ားရဲ႕ အားေပးမႈကို ရရွိထားတဲ့ ဗီလိန္တစ္ေယာက္လည္း ျဖစ္ပါတယ္။

(4) The Joker
photo via empireonline

Batman နဲ႔ Joker ဆိုတာ မတည့္အတူေန ေၾကာင္နဲ႔ႂကြက္လိုပါပဲ။ Joker မပါတဲ့ Batman ကားကို ၾကည့္ရရင္ ဆားမပါတဲ့ဟင္းလိုမ်ိဳး ဟာတာတာႀကီး ျဖစ္ေနတယ္လို႔ ခံစားရဖူးမယ္ ထင္ပါတယ္။ Joker အျဖစ္ သ႐ုပ္ေဆာင္သူေတြ အမ်ားႀကီးထဲကမွ Heath Ledger က အေအာင္ျမင္ဆုံးလို႔ ေျပာလို႔ရပါတယ္။ The Dark Knight ကားထဲက Joker ရဲ႕ ဒိုင္ယာေလာ့ခ္ေတြကလည္း Heath Ledger ရဲ႕ သ႐ုပ္ေဆာင္ေကာင္းမႈနဲ႔အတူ ႐ုပ္ရွင္ကို ပိုၿပီးႂကြလာေအာင္ ေထာက္ပံ့ေပးႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း Joker ဟာ ဗီလိန္ျဖစ္ေပမယ့္ ပရိသတ္ေတြအမ်ားႀကီးရဲ႕ အခ်စ္ေတြ ရရွိထားတာ ျဖစ္ပါတယ္။

(5) Darth Vader
photo via empireonline

Star Wars fan ေတြရဲ႕ အႀကိဳက္ဆုံး ဗီလိန္ႀကီး Darth Vader ကေတာ့ ပရိသတ္အားေပးမႈကို အမ်ားဆုံး ရရွိထားပါတယ္။ ဘာမွေတာ့ ေထြေထြထူးထူး ေျပာစရာလိုမယ္ မထင္ပါဘူး။ Star Wars ပရိသတ္ေတြကို ေမးခြန္းေပါင္း ေျမာက္မ်ားစြာ ေပးခဲ့တဲ့ ဗီလိန္ႀကီးလည္း ျဖစ္ပါတယ္။ အခ်ိန္တိုင္းအတြက္ အေကာင္းဆုံးဗီလိန္ေနရာမွာ Darth Vader က ထိပ္ဆုံးကေန ရပ္တည္ေနတယ္လို႔ ေျပာလိုက္ရင္ Star Wars ၾကည့္ဖူးသူတိုင္း ျငင္းႏိုင္မယ္ မထင္ပါဘူး။

ဟင္းတစ္ခြက္မွာ အဓိကပါဝင္ပစၥည္းခ်ည္းပဲ ပါၿပီး ဟင္းခတ္အေမႊးအႀကိဳင္ေတြ မပါဝင္ခဲ့ရင္ ဘယ္လိုမွ စားေကာင္းမွာ မဟုတ္တာကို လက္ခံၾကမွာပါ။ ဒီဗီလိန္ေတြဟာလည္း ဟင္းတစ္ခြက္အတြက္ အေရးႀကီးတဲ့ ဟင္းခတ္အေမႊးအႀကိဳင္ေတြလိုပါပဲ။ သူတို႔ပါမွ ႐ုပ္ရွင္ရဲ႕ အႏွစ္သာရ အရသာေတြ ပိုၿပီး႐ုပ္လုံးႂကြ ျပည့္စုံေစခဲ့တာေၾကာင့္ ႐ုပ္ရွင္ခ်စ္သူေတြရဲ႕ အသိအမွတ္ျပဳမႈနဲ႔ ခ်စ္ခင္မႈေတြကို ရရွိထားတာျဖစ္မယ္လို႔ ယူဆမိပါတယ္။ စာဖတ္သူ ႏွစ္သက္တဲ့ တစ္ျခား favorite ဗီလိန္ေတြ ရွိခဲ့ရင္လည္း ျပန္လည္မွ်ေဝေပးခဲ့ပါဦး။

Lego Les
RELATED ARTICLES

Most Popular