HomeEntertainmentFilmThe Incredible Hulk ထဲမှာ Tobey Maguire ကို Cameo ပါစေချင်ခဲ့တဲ့ Marvel

The Incredible Hulk ထဲမှာ Tobey Maguire ကို Cameo ပါစေချင်ခဲ့တဲ့ Marvel

Tobey Maguire ရဲ့ Spider-Man ကိုတော့ Spider-Man: No Way Home ထဲမှာ ပြန်လည် မြင်တွေ့ခဲ့ရပေမယ့်လည်း Marvel ဟာ No Way Home မတိုင်ခင် (၁၃)နှစ်ကတည်းက Tobey ရဲ့ Cameo ကို ထည့်သွင်းချင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ကတော့ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Incredible Hulk ရုပ်ရှင်ပဲ ဖြစ်ပြီး Tobey ရဲ့ Cameo ကိုတော့ အကြောင်းတစ်ခုကြောင့် မြင်တွေ့ခွင့် မရခဲ့ပါဘူး။

photo via screenrant

၁၉၉၀ ကျော်လောက်မှာတော့ Marvel ဟာ ဘဏ္ဏာရေး အခြေအနေကြောင့် သူတို့ရဲ့ နာမည်ကြီး စူပါဟီးရိုးဇာတ်ကောင်တွေကို ရုပ်ရှင်ရိုက်ဖို့ မူပိုင်ခွင့်တွေ ရောင်းထုတ်ပစ်ခဲ့ရပါတယ်။ Daredevil နဲ့ X-Men တို့ကိုတော့ 20th Century Fox စတူဒီယိုက ဝယ်ယူခဲ့ပြီး Spider-Man ကိုတော့ Sony Pictures က ဝယ်ယူခဲ့ပါတယ်။ Marvel စတူဒီယိုဟာ MCU ကို စတင်ပုံဖော်တဲ့ အချိန်မှာတော့ Sam Raimi ရဲ့ Spider-Man Trilogy နဲ့ ဆက်စပ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။

၂၀၀၈ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ MTV News နဲ့ အင်တာဗျူးထဲမှာတော့ ဒါရိုက်တာ Louis Leterrier ဟာ The Incredible Hulk ရုပ်ရှင်ထဲမှာ Tobey ရဲ့ Cameo ကို ထည့်သွင်းချင်တဲ့အကြောင်း ပြောပြခဲ့ပါတယ်။ အဲ့ဒီ Cameo ကတော့ Tobey ဟာ ကိုလမ်ဘီယာ တက္ကသိုလ်ရဲ့ Campus ကို ရောက်လာမှာ ဖြစ်ပြီး Bruce Banner နဲ့ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Sony Pictures ဟာ The Incredible Hulk ထဲမှာ Spider-Man နဲ့ ပတ်သက်တာ ဘာတစ်ခုကိုမှ ထည့်သွင်းဖို့ သဘောမတူခဲ့ပါဘူး။

photo via screenrant

ဒါရိုက်တာ Louis Leterrier ဟာ Tobey Maguire ရဲ့ Cameo ကို ထည့်သွင်းခွင့် မရတဲ့အချိန်မှာတော့ နောက်ထပ်တစ်ခု တောင်းဆိုခဲ့ပါတယ်။ အဲ့ဒါကတော့ ကောမစ်ထဲက Peter Parker ရဲ့ တက္ကသိုလ်ဖြစ်တဲ့ Empire State University ကို ထည့်သွင်းဖို့ပဲ ဖြစ်ပြီး Sony ဘက်ကလည်း ထပ်မံငြင်းဆိုခဲ့ပါတယ်။ အကယ်၍ အဲ့ဒီအချိန်ကတည်းက Sony ကသာ ဒီအချက်တွေထဲက တစ်ခုခုကို ထည့်သွင်းခွင့် ပြုခဲ့ရင် Sam Raimi ရဲ့ Spider-Man Trilogy ဟာ အစောကြီးတည်းက MCU ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေခဲ့မှာပါ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular