HomeEntertainmentFilmThe Incredibles ဇာတ်လမ်းနောက်ကွယ်က လူသိပ်မသိသေးတဲ့အချက်များ

The Incredibles ဇာတ်လမ်းနောက်ကွယ်က လူသိပ်မသိသေးတဲ့အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Incredibles ဇာတ်လမ်းဟာ ၂၀၀၄ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.0) ရရှိထားကာ အလွန်အောင်မြင်ခဲ့ပါတယ်။ နောက်ထပ် (၁၄)နှစ်ကြာတဲ့အချိန်မှာတော့ The Incredibles 2 ထပ်မံထွက်ရှိလာပြီးတော့ အောင်မြင်မှုတွေကို ထပ်မံသိမ်းပိုက်သွားပါသေးတယ်။ ဒီဇာတ်လမ်းကတော့ ကျွန်တော်တို့ ငယ်ဘဝကတည်းက ကြိုက်နှစ်သက်လွန်းတာကြောင့် အကြိမ်ကြိမ် ကြည့်ရှုခဲ့တဲ့ ဇာတ်လမ်းတွေထဲတစ်ခု ဖြစ်ပေမယ့်လည်း ဒီဇာတ်လမ်းရဲ့ နောက်ကွယ်မှာ လူသိပ်မသိသေးတဲ့ အချက်တွေ ရှိနေပါသေးတယ်။ အဲ့ဒါကြောင့်ပဲ The Incredibles ဇာတ်လမ်းနောက်ကွယ်က သင်မသိလောက်သေးတဲ့ အချက်တွေ ဘယ်နှခုလောက် ရှိနေမလည်းဆိုတာ ကြည့်လိုက်ရအောင်။

ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။
photo via screenrant

ပထမဦးဆုံး ပြောချင်တဲ့အချက်ကတော့ ဒါဟာ သင်ထင်ထားသလို မဟုတ်ပါဘူး။ ဖြစ်ရပ်မှန်ကို အခြေခံထားတယ်ဆိုတာဟာ ဒီဇာတ်လမ်းရဲ့ ဖန်တီးသူ Brad Bird ဟာ စူပါဟီးရိုးမိသားစုကို ပိုင်ဆိုင်ထားတယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ တကယ်ပြောချင်တဲ့ အချက်ကတော့ ဟီးရိုးတွေ၊ ဗီလိန်တွေကို ခဏမေ့ထားပြီး သူတို့မိသားစုရဲ့ ဖြစ်ပျက်ပုံတွေကို ပြောချင်တာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ဖန်တီးသူ Brad Bird ဟာ သူ့ရဲ့မိသားစုမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို အခြေခံပြီးတော့ Incredibles မိသားစုကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဖန်တီးသူအများစုဟာ တမင်တကာ မဟုတ်ရင်တောင်မှ သူတို့ဇာတ်လမ်းထဲမှာ အနည်းအကျဉ်းတော့ သူတို့ရဲ့ဘဝတွေကို အခြေခံပြီး ဖန်တီးတတ်ကြပါတယ်။

ဉပမာပြောရရင် Mr. Incredible ဆိုရင် စူပါဟီးရိုး လုပ်ချင်နေပေမယ့်လည်း စားဝတ်နေရေးနဲ့ တစ်ခြားလိုအပ်မှုတွေကြောင့် အလုပ်လုပ်နေရပါတယ်။ ဒုတိယကားမှာဆိုရင် ပိုပြီးသိသာတဲ့အချက်ကတော့ Elastigirl ဟာ အပြင်လောကမှာ ဟီးရိုးလုပ်နေတဲ့အချိန်မှာ သူကတော့ အခွင့်အရေး မရှိတာကြောင့် အိမ်မှုကိစ္စတွေနဲ့ ကလေးထိန်းတာတွေကို လုပ်နေရပါတယ်။ Brad ပြောချင်တဲ့အချက်ကတော့ တကယ့်အပြင်လောကမှာ မိသားစုဝင်တိုင်းဟာ ကိုယ်ဖြစ်ချင်တာတွေ၊ လုပ်ချင်တာတွေ ရှိနေပေမယ့်လည်း အကြောင်းအမျိူးမျိူးကြောင့် မလုပ်နိုင်ကြတာတွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ အဲ့ဒီအချက်တွေကတော့ သူ့ရဲ့မိသားစုမှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းရဲ့ မူလခေါင်းစဉ်ကတော့ The Invincibles လို့ ခေါ်ပါတယ်။
photo via screenrant

ဇာတ်လမ်းတစ်ခုကို စတင်ဖန်တီးတဲ့အချိန်နဲ့ တကယ်ထွက်လာတဲ့အချိန်မှာ ပြောင်းလဲမှုတွေ အများကြီး ဖြစ်သွားလေ့ရှိပါတယ်။ များသောအားဖြင့်တော့ ဇာတ်လမ်းတွေ၊ ဇာတ်လမ်းရဲ့ ဆက်တင်တွေနဲ့ တစ်ခြားအသေးအဖွဲလေးတွေလည်း အများကြီး ပြောင်းလဲလေ့ရှိပါတယ်။ ဇာတ်လမ်းတစ်ခုကို ဖန်တီးတဲ့အချိန်မှာ အခက်ခဲဆုံးဟာ အဲ့ဒီဇာတ်လမ်းကို ဖန်တီးရတာတင် မဟုတ်ဘဲ တခါတလေကျရင် ဇာတ်လမ်းခေါင်းစဉ်ကို စဉ်းစားရတာဟာလည်း အခက်ခဲဆုံး ဖြစ်နေတတ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ The Incredibles ဆိုတဲ့ နာမည်ဟာ သူတို့မိသားစုရဲ့ စူပါဟီးရိုးနာမည်လို့လည်း ပြောလို့ရပါတယ်။

1000 Facts About Animated Films ဆိုတဲ့ စာအုပ်ထဲမှာတော့ The Incredibles နဲ့ သက်ဆိုင်တဲ့ အချက်အနည်းငယ် ပါဝင်ခဲ့ပါတယ်။ အဲ့ဒီထဲက အချက်တစ်ခုကတော့ ဒီဇာတ်လမ်းရဲ့ ခေါင်းစဉ်ဟာ The Invincibles လို့ ခေါ်လုနီးပါး ဖြစ်ခဲ့ပါတယ်။ ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ စတူဒီယိုတွေဟာ သူတို့အလုပ်လုပ်နေတဲ့ ဇာတ်လမ်းတွေကို တစ်ခြားသူတွေ မသိစေချင်တာကြောင့် ဇာတ်လမ်းတွေကို code name နဲ့ ခေါ်ကြပါသေးတယ်။ အဲ့ဒီ code name ကတော့ Tights လို့ ခေါ်ပါတယ်။

Frozone ဟာ ရေဓာတ်ခမ်းခြောက်နေချိန်မှာ သူ့အစွမ်းကို အသုံးပြုလို့ မရပါဘူး။
photo via screenrant

ဒီအချက်ကတော့ ဒီဇာတ်လမ်းကို သေချာကြည့်ရှုထားသူတွေဆိုရင် သိကြပါလိမ့်မယ်။ Frozone ဟာ သူ့ရဲ့စွမ်းအားတွေကို သုံးချင်သလို သုံးလို့မရသလို၊ သုံးချင်တဲ့အချိန်မှာ အသုံးပြုလို့လည်း မရပါဘူး။ Frozone  ဟာ သူ့ရဲ့စွမ်းအားကို အသုံးပြုတော့မယ်ဆိုရင် ရေဓာတ်ကို လိုအပ်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ရေဓာတ် ခမ်းခြောက်နေမယ် ဆိုရင်တော့ သူ့ရဲ့စွမ်းအားကို အသုံးပြုလို့ မရနိုင်ပါဘူး။

ပထမဇာတ်ကားထဲမှာဆိုရင် မီးလောင်နေတဲ့  အဆောက်အဦးထဲက လူတွေကို ကယ်တင်ဖို့အတွက် Frozone နဲ့ Mr. Incredible တို့ ရောက်လာကြပါတယ်။ အများစုကတော့ Frozone ကို သူ့ရဲ့စွမ်းအားတွေ အသုံးပြုပြီး မီးငြှိမ်းသတ်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့်လည်း သူဟာ ရေဓာတ်ခမ်းခြောက်နေတာကြောင့် စွမ်းအားမသုံးနိုင်ဘူးလို့ Mr. Incredible ကို ပြောခဲ့ပါတယ်။ ဒီမှာတင် သူတို့နှစ်ယောက် ပူးပေါင်းပြီးတော့ အဆောက်အဦးထဲက လူတွေကို ကယ်ထုတ်ပေးခဲ့ရပါတယ်။ အဲ့ဒါကြောင့်ပဲ Frozone အတွက်တော့ ရေအများကြီး သောက်ဖို့ဟာ အရေးကြီးပြီးတော့ အမြဲတမ်းလည်း ရေဓာတ်ပြည့်ဝနေအောင် နေထိုင်ရပါတယ်။ အဲ့ဒါမှသာ ဗီလိန်တွေ ပေါ်လာတဲ့အချိန်မှာ အသင့်ဖြစ်နေမှာ ဖြစ်ပါတယ်။

Metroville မြို့ဟာ Metropolis နဲ့ Smallville ကို ပေါင်းစပ်ဖန်တီးထားတာ ဖြစ်ပါတယ်။
photo via screenrant

Metroville မြို့ဟာ အမေရိကန်နိုင်ငံရဲ့ တစ်နေရာမှာ တည်ရှိနေတဲ့ ဒီဇာတ်လမ်းထဲက စိတ်ကူးယဉ်မြို့တော်တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီမြို့မှာ စူပါဟီးရိုးတွေ နေထိုင်ကြပြီး နောက်ပိုင်းမှာတော့ ဟီးရိုးတွေထဲက အများစုကို အနားယူဖို့ တွန်းအားပေးခဲ့ပါတယ်။ အကြောင်းကတော့ စူပါဟီးရိုးတွေဟာ ဗီလိန်တွေရန်က ကာကွယ်ပေးပေမယ့်လည်း မြို့ထဲက လမ်းမတွေပေါ်မှာ တိုက်ခိုက်ကြရင်းနဲ့ အများပိုင်ပစ္စည်းတွေ ပျက်စီးကြသလို ပြည်သူတွေရဲ့ အသက်အန္တရာယ်တွေကိုလည်း ထိခိုက်မိတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် စူပါဟီးရိုးတွေဟာ အနားယူပြီး ပုံမှန်ဘဝနဲ့ နေထိုင်ကြတာကြောင့် Metroville မြို့ဟာ ခဏတာတော့ ငြိမ်းချမ်းသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဗီလိန်တွေကတော့ စည်းကမ်းတွေကို လိုက်နာလေ့ မရှိတာကြောင့် မြို့နေလူတွေဟာ အသက်အန္တရာယ် ထပ်မံကျရောက်ကြပါတော့တယ်။ ဒီမြို့ရဲ့ နာမည်ကတော့ လူအများစုနဲ့ ရင်းနှီးနေမယ်လို့ ထင်ပါတယ်။ အထူးသဖြင့် စူပါဟီးရိုးကောမစ်တွေကို ကြိုက်နှစ်သက်သူတွေအတွက်တော့ ပိုပြီးရင်းနှီးကြမှာပါ။ ပထမတစ်ခုကတော့ Metropolis မြို့ဖြစ်ပြီးတော့ Superman နေထိုင်တဲ့ မြို့ဖြစ်ပါတယ်။ ဒုတိယတစ်ခုကတော့ Smallville ဖြစ်ပြီးတော့ Clark တစ်ယောက် Superman မဖြစ်ခင်တုန်းက နေထိုင်ခဲ့တဲ့မြို့ပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ဖန်တီးသူဖြစ်တဲ့ Brad ကလည်း သူ့ရဲ့အကြိုက်ဆုံး စူပါဟီးရိုးဖြစ်တဲ့ Superman ကို ဂုဏ်ပြုတဲ့အနေနဲ့ အခုလိုမျိူး Metropolis နဲ့ Smallville ကို ပေါင်းစပ်ပြီးတော့ Metroville မြို့ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

Syndrome ဟာ ဒီဇာတ်လမ်းကို ဖန်တီးသူ Brad Bird ကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။
photo via screenrant

Animator တွေဟာ ဇာတ်ကောင်တွေရဲ့ ပုံစံတွေကို ဖန်တီးကြတဲ့အချိန်မှာ များသောအားဖြင့် အပြင်ကလူတွေရဲ့ ပုံစံကို အခြေခံပြီး ဖန်တီးလေ့ရှိပါတယ်။ များသောအားဖြင့်တော့ အဲ့ဒီဇာတ်ကောင်နေရာမှာ အသံသရုပ်ဆောင်သူတွေနဲ့ ဆင်တူအောင် ဖန်တီးခဲ့တာမျိူးတွေလည်း ရှိပါသေးတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Syndrome ဆိုတဲ့ ဗီလိန်ဟာ Brad ကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းကို အချိန်မီ ရုံတင်နိုင်ဖို့အတွက် animator တွေဟာ Brad ရဲ့ လက်အောက်မှာ အချိန်တွေ အကြာကြီး အလုပ်လုပ်ရပါတယ်။ အဲ့ဒါကြောင့်ပဲ animator တွေဟာ သူတို့ရဲ့ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ဖို့ သူတို့နည်း သူတို့ဟန်နဲ့ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒါကတော့ ဒီဇာတ်လမ်းထဲမှာ ဗီလိန်အဖြစ် ပါဝင်လာမယ့် ဇာတ်ကောင်ရဲ့ ပုံစံကို Brad နဲ့ ဆင်တူအောင် ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ပုံကို ယှဉ်ကြည့်လိုက်ရင်တော့ Syndrome ဟာ Brad ရဲ့ ရုပ်ပြောင်ပုံတူလိုမျိူး ဖြစ်နေတာကို တွေ့ရမှာပါ။ ဒါ့အပြင် အဲ့ဒီအချက်ကိုလည်း Brad ဟာ ရုံတင်ခါနီး အချိန်ကျမှ သိခဲ့ရတာ ဖြစ်ပါတယ်။

Dash ရဲ့ အသံသရုပ်ဆောင်ဟာ အသံသွင်းနေတုန်း စတူဒီယိုထဲမှာ ပတ်ပြေးခဲ့ရပါတယ်။
photo via screenrant

Dash Parr ကတော့ Violet ရဲ့ မောင် ဖြစ်ပြီး Jack-Jack ရဲ့ အစ်ကို ဖြစ်ပါတယ်။ Dash ကတော့ အလွန်လျင်မြန်တဲ့အရှိန်နဲ့ ပြေးနိုင်စွမ်းရှိသူတစ်ယောက် ဖြစ်ပြီး အမြဲတမ်းလိုလိုလည်း ပြေးနေသူ ဖြစ်ပါတယ်။ ပထမဇာတ်လမ်းထဲမှာတော့ သူ့နေရာမှာ Spencer Fox လို့ ခေါ်တဲ့ ဆယ်နှစ်အရွယ်ကောင်လေးက အသံသရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Dash ဟာ အမြဲတမ်းလိုလို ပြေးနေတာကြောင့် သူဟာ မောနေတတ်ပါတယ်။ Brad ကတော့ အဲ့ဒီနေရာကို ပိုပြီး သဘာဝကျအောင် လုပ်ချင်တာကြောင့် အသံသွင်းနေတုန်း Spencer ကို စတူဒီယိုထဲမှာ ပတ်ပြေးစေခဲ့ပါတယ်။ ဒုတိယဇာတ်လမ်းကို ဖန်တီးတဲ့အချိန်မှာတော့ Spencer ဟာ လူကြီးတစ်ယောက် ဖြစ်နေပြီး အသံပြောင်းလဲသွားတာကြောင့် Huck Milner ဆိုတဲ့ ကလေးတစ်ယောက်ကို အစားထိုးခဲ့ရပါတယ်။ ဒါ့အပြင် Huck ရဲ့ အသံကလည်း Spencer နဲ့အတော်လေး ဆင်တူတာကြောင့် ပရိသတ်တွေဟာ သိပ်ပြီးတော့ သတိမထားမိခဲ့ကြပါဘူး။

ဒီဇာတ်လမ်းကို ဖန်တီးဖို့အတွက် အခက်အခဲတွေ အများကြီးကို ဖြတ်သန်းခဲ့ရပါတယ်။
photo via screenrant

ဒီဇာတ်လမ်းကို ဖန်တီးဖို့အတွက် Brad ဟာ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီဇာတ်လမ်းဟာ ၂၀၀၄ခုနှစ်မှာ ထွက်ရှိခဲ့ပေမယ့် Brad ဟာ (၁၂)နှစ်အလိုတည်းက ဒီဇာတ်လမ်းကို ဖန်တီးဖို့အတွက် စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Brad ဟာ ၂၀၀၀ခုနှစ်ပြည့်တဲ့အထိတောင် Pixar ကို သူ့ရဲ့စိတ်ကူးကို မပြောပြရသေးပါဘူး။

အင်တာဗျူးတစ်ခုမှာတော့ Brad ဟာ ဒီဇာတ်လမ်းကို ဖန်တီးဖို့အတွက် ဘယ်လိုအခက်အခဲတွေိကို ရင်ဆိုင်ခဲ့ရလည်း ဆိုတာ ပြောပြခဲ့ပါတယ်။ ဥပမာပြောရရင် လူသားပုံစံကို ဖန်တီးရတာဟာ တိရစ္ဆာန်တွေကို ဖန်တီးရတာထက် အများကြီး ပိုပြီးတော့ ခက်ခဲတဲ့အကြောင်းတွေ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဒီဇာတ်လမ်းဟာ Pixar ရဲ့ လူသားအဓိကဇာတ်ကောင်တွေ ပါဝင်တဲ့ ပထမဆုံး ဇာတ်လမ်း ဖြစ်ခဲ့တာပါ။

အဲ့ဒီအင်တာဗျူးထဲမှာတော့ Brad က “ဒီဇာတ်လမ်းဟာ ဘယ်လိုမှ ဖန်တီးလို့မရနိုင်တဲ့ ဇာတ်လမ်းမျိူးပါလို့ လူအများစုက ကျွန်တော်တို့ကို ပြောခဲ့ပါတယ်။ ဇာတ်ကောင်တွေလည်း အရမ်းများတယ်။ ဝတ်စုံပြောင်းလဲမှုတွေလည်း များတယ်။ အထူးပြုလုပ်ချက်တွေ အများကြီးနဲ့ နေရာဒေသတွေ အများကြီး ပါဝင်နေတာကြောင့် အရမ်းရှုပ်ထွေးလွန်းတယ်လို့လည်း ပြောကြပါတယ်။ Pixar က အရင်တုန်းက ထုတ်လုပ်ခဲ့တဲ့ ဇာတ်လမ်းထဲက လူသားဇာတ်ကောင်တွေကို ဖန်တီးခဲ့တဲ့ နည်းလမ်းအတိုင်းဆိုရင် ဇာတ်ကောင်တွေကို ဖန်တီးဖို့သက်သက်ပဲ လေးနှစ်လောက် အချိန်ပေးရမှာပါ …” လို့ ပြောခဲ့ပါတယ်။

အဲ့ဒါကြောင့်ပဲ Brad နဲ့ သူ့ရဲ့အဖွဲ့သားတွေဟာ နည်းလမ်းအသစ်ကို စဉ်းစားခဲ့ကြပြီး “ကျွန်တော်တို့က ဇာတ်ကောင်တွေကို ဖန်တီးဖို့အတွက် နည်းလမ်းအသစ်တစ်ခုကို တီထွင်ခဲ့ရပါတယ် … ” လို့ ပြောပြခဲ့ပါတယ်။ စတင်ဖန်တီးတုန်းကဆိုရင် ဒီဇာတ်လမ်းကို ဖန်တီးဖို့အတွက် ဘတ်ဂျက်တွေ အများကြီး လိုအပ်ပြီးတော့ ဆယ်နှစ်လောက် အချိန်ပေးရမယ်လို့ ပြောခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

The Incredibles ဇာတ္လမ္းဟာ ၂၀၀၄ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (8.0) ရရွိထားကာ အလြန္ေအာင္ျမင္ခဲ့ပါတယ္။ ေနာက္ထပ္ (၁၄)ႏွစ္ၾကာတဲ့အခ်ိန္မွာေတာ့ The Incredibles 2 ထပ္မံထြက္ရွိလာၿပီးေတာ့ ေအာင္ျမင္မႈေတြကို ထပ္မံသိမ္းပိုက္သြားပါေသးတယ္။ ဒီဇာတ္လမ္းကေတာ့ ကြၽန္ေတာ္တို႔ ငယ္ဘဝကတည္းက ႀကိဳက္ႏွစ္သက္လြန္းတာေၾကာင့္ အႀကိမ္ႀကိမ္ ၾကည့္ရႈခဲ့တဲ့ ဇာတ္လမ္းေတြထဲတစ္ခု ျဖစ္ေပမယ့္လည္း ဒီဇာတ္လမ္းရဲ႕ ေနာက္ကြယ္မွာ လူသိပ္မသိေသးတဲ့ အခ်က္ေတြ ရွိေနပါေသးတယ္။ အဲ့ဒါေၾကာင့္ပဲ The Incredibles ဇာတ္လမ္းေနာက္ကြယ္က သင္မသိေလာက္ေသးတဲ့ အခ်က္ေတြ ဘယ္ႏွခုေလာက္ ရွိေနမလည္းဆိုတာ ၾကည့္လိုက္ရေအာင္။

ဒီဇာတ္လမ္းဟာ ျဖစ္ရပ္မွန္ကို အေျခခံၿပီး ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။
photo via screenrant

ပထမဦးဆုံး ေျပာခ်င္တဲ့အခ်က္ကေတာ့ ဒါဟာ သင္ထင္ထားသလို မဟုတ္ပါဘူး။ ျဖစ္ရပ္မွန္ကို အေျခခံထားတယ္ဆိုတာဟာ ဒီဇာတ္လမ္းရဲ႕ ဖန္တီးသူ Brad Bird ဟာ စူပါဟီး႐ိုးမိသားစုကို ပိုင္ဆိုင္ထားတယ္လို႔ ေျပာခ်င္တာ မဟုတ္ပါဘူး။ တကယ္ေျပာခ်င္တဲ့ အခ်က္ကေတာ့ ဟီး႐ိုးေတြ၊ ဗီလိန္ေတြကို ခဏေမ့ထားၿပီး သူတို႔မိသားစုရဲ႕ ျဖစ္ပ်က္ပုံေတြကို ေျပာခ်င္တာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းကို ဖန္တီးသူ Brad Bird ဟာ သူ႔ရဲ႕မိသားစုမွာ ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္ေတြကို အေျခခံၿပီးေတာ့ Incredibles မိသားစုကို ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ ဖန္တီးသူအမ်ားစုဟာ တမင္တကာ မဟုတ္ရင္ေတာင္မွ သူတို႔ဇာတ္လမ္းထဲမွာ အနည္းအက်ဥ္းေတာ့ သူတို႔ရဲ႕ဘဝေတြကို အေျခခံၿပီး ဖန္တီးတတ္ၾကပါတယ္။

ဉပမာေျပာရရင္ Mr. Incredible ဆိုရင္ စူပါဟီး႐ိုး လုပ္ခ်င္ေနေပမယ့္လည္း စားဝတ္ေနေရးနဲ႔ တစ္ျခားလိုအပ္မႈေတြေၾကာင့္ အလုပ္လုပ္ေနရပါတယ္။ ဒုတိယကားမွာဆိုရင္ ပိုၿပီးသိသာတဲ့အခ်က္ကေတာ့ Elastigirl ဟာ အျပင္ေလာကမွာ ဟီး႐ိုးလုပ္ေနတဲ့အခ်ိန္မွာ သူကေတာ့ အခြင့္အေရး မရွိတာေၾကာင့္ အိမ္မႈကိစၥေတြနဲ႔ ကေလးထိန္းတာေတြကို လုပ္ေနရပါတယ္။ Brad ေျပာခ်င္တဲ့အခ်က္ကေတာ့ တကယ့္အျပင္ေလာကမွာ မိသားစုဝင္တိုင္းဟာ ကိုယ္ျဖစ္ခ်င္တာေတြ၊ လုပ္ခ်င္တာေတြ ရွိေနေပမယ့္လည္း အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ မလုပ္ႏိုင္ၾကတာေတြကို ရည္ၫႊန္းတာ ျဖစ္ပါတယ္။ အဲ့ဒီအခ်က္ေတြကေတာ့ သူ႔ရဲ႕မိသားစုမွာ ျဖစ္ေနတဲ့ အျဖစ္အပ်က္ေတြကို အေျခခံၿပီး ဖန္တီးထားတာ ျဖစ္ပါတယ္။

ဒီဇာတ္လမ္းရဲ႕ မူလေခါင္းစဥ္ကေတာ့ The Invincibles လို႔ ေခၚပါတယ္။
photo via screenrant

ဇာတ္လမ္းတစ္ခုကို စတင္ဖန္တီးတဲ့အခ်ိန္နဲ႔ တကယ္ထြက္လာတဲ့အခ်ိန္မွာ ေျပာင္းလဲမႈေတြ အမ်ားႀကီး ျဖစ္သြားေလ့ရွိပါတယ္။ မ်ားေသာအားျဖင့္ေတာ့ ဇာတ္လမ္းေတြ၊ ဇာတ္လမ္းရဲ႕ ဆက္တင္ေတြနဲ႔ တစ္ျခားအေသးအဖြဲေလးေတြလည္း အမ်ားႀကီး ေျပာင္းလဲေလ့ရွိပါတယ္။ ဇာတ္လမ္းတစ္ခုကို ဖန္တီးတဲ့အခ်ိန္မွာ အခက္ခဲဆုံးဟာ အဲ့ဒီဇာတ္လမ္းကို ဖန္တီးရတာတင္ မဟုတ္ဘဲ တခါတေလက်ရင္ ဇာတ္လမ္းေခါင္းစဥ္ကို စဥ္းစားရတာဟာလည္း အခက္ခဲဆုံး ျဖစ္ေနတတ္ပါတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ The Incredibles ဆိုတဲ့ နာမည္ဟာ သူတို႔မိသားစုရဲ႕ စူပါဟီး႐ိုးနာမည္လို႔လည္း ေျပာလို႔ရပါတယ္။

1000 Facts About Animated Films ဆိုတဲ့ စာအုပ္ထဲမွာေတာ့ The Incredibles နဲ႔ သက္ဆိုင္တဲ့ အခ်က္အနည္းငယ္ ပါဝင္ခဲ့ပါတယ္။ အဲ့ဒီထဲက အခ်က္တစ္ခုကေတာ့ ဒီဇာတ္လမ္းရဲ႕ ေခါင္းစဥ္ဟာ The Invincibles လို႔ ေခၚလုနီးပါး ျဖစ္ခဲ့ပါတယ္။ ပိုၿပီးေတာ့ စိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်က္ကေတာ့ စတူဒီယိုေတြဟာ သူတို႔အလုပ္လုပ္ေနတဲ့ ဇာတ္လမ္းေတြကို တစ္ျခားသူေတြ မသိေစခ်င္တာေၾကာင့္ ဇာတ္လမ္းေတြကို code name နဲ႔ ေခၚၾကပါေသးတယ္။ အဲ့ဒီ code name ကေတာ့ Tights လို႔ ေခၚပါတယ္။

Frozone ဟာ ေရဓာတ္ခမ္းေျခာက္ေနခ်ိန္မွာ သူ႔အစြမ္းကို အသုံးျပဳလို႔ မရပါဘူး။
photo via screenrant

ဒီအခ်က္ကေတာ့ ဒီဇာတ္လမ္းကို ေသခ်ာၾကည့္ရႈထားသူေတြဆိုရင္ သိၾကပါလိမ့္မယ္။ Frozone ဟာ သူ႔ရဲ႕စြမ္းအားေတြကို သုံးခ်င္သလို သုံးလို႔မရသလို၊ သုံးခ်င္တဲ့အခ်ိန္မွာ အသုံးျပဳလို႔လည္း မရပါဘူး။ Frozone  ဟာ သူ႔ရဲ႕စြမ္းအားကို အသုံးျပဳေတာ့မယ္ဆိုရင္ ေရဓာတ္ကို လိုအပ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူ႔ရဲ႕ခႏၶာကိုယ္ထဲမွာ ေရဓာတ္ ခမ္းေျခာက္ေနမယ္ ဆိုရင္ေတာ့ သူ႔ရဲ႕စြမ္းအားကို အသုံးျပဳလို႔ မရႏိုင္ပါဘူး။

ပထမဇာတ္ကားထဲမွာဆိုရင္ မီးေလာင္ေနတဲ့  အေဆာက္အဦးထဲက လူေတြကို ကယ္တင္ဖို႔အတြက္ Frozone နဲ႔ Mr. Incredible တို႔ ေရာက္လာၾကပါတယ္။ အမ်ားစုကေတာ့ Frozone ကို သူ႔ရဲ႕စြမ္းအားေတြ အသုံးျပဳၿပီး မီးျငႇိမ္းသတ္မယ္လို႔ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္လည္း သူဟာ ေရဓာတ္ခမ္းေျခာက္ေနတာေၾကာင့္ စြမ္းအားမသုံးႏိုင္ဘူးလို႔ Mr. Incredible ကို ေျပာခဲ့ပါတယ္။ ဒီမွာတင္ သူတို႔ႏွစ္ေယာက္ ပူးေပါင္းၿပီးေတာ့ အေဆာက္အဦးထဲက လူေတြကို ကယ္ထုတ္ေပးခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ Frozone အတြက္ေတာ့ ေရအမ်ားႀကီး ေသာက္ဖို႔ဟာ အေရးႀကီးၿပီးေတာ့ အၿမဲတမ္းလည္း ေရဓာတ္ျပည့္ဝေနေအာင္ ေနထိုင္ရပါတယ္။ အဲ့ဒါမွသာ ဗီလိန္ေတြ ေပၚလာတဲ့အခ်ိန္မွာ အသင့္ျဖစ္ေနမွာ ျဖစ္ပါတယ္။

Metroville ၿမိဳ႕ဟာ Metropolis နဲ႔ Smallville ကို ေပါင္းစပ္ဖန္တီးထားတာ ျဖစ္ပါတယ္။
photo via screenrant

Metroville ၿမိဳ႕ဟာ အေမရိကန္ႏိုင္ငံရဲ႕ တစ္ေနရာမွာ တည္ရွိေနတဲ့ ဒီဇာတ္လမ္းထဲက စိတ္ကူးယဥ္ၿမိဳ႕ေတာ္တစ္ခု ျဖစ္ပါတယ္။ ဒါ့အျပင္ အဲ့ဒီၿမိဳ႕မွာ စူပါဟီး႐ိုးေတြ ေနထိုင္ၾကၿပီး ေနာက္ပိုင္းမွာေတာ့ ဟီး႐ိုးေတြထဲက အမ်ားစုကို အနားယူဖို႔ တြန္းအားေပးခဲ့ပါတယ္။ အေၾကာင္းကေတာ့ စူပါဟီး႐ိုးေတြဟာ ဗီလိန္ေတြရန္က ကာကြယ္ေပးေပမယ့္လည္း ၿမိဳ႕ထဲက လမ္းမေတြေပၚမွာ တိုက္ခိုက္ၾကရင္းနဲ႔ အမ်ားပိုင္ပစၥည္းေတြ ပ်က္စီးၾကသလို ျပည္သူေတြရဲ႕ အသက္အႏၲရာယ္ေတြကိုလည္း ထိခိုက္မိတာေၾကာင့္ ျဖစ္ပါတယ္။ ဒါေၾကာင့္ စူပါဟီး႐ိုးေတြဟာ အနားယူၿပီး ပုံမွန္ဘဝနဲ႔ ေနထိုင္ၾကတာေၾကာင့္ Metroville ၿမိဳ႕ဟာ ခဏတာေတာ့ ၿငိမ္းခ်မ္းသြားခဲ့ပါတယ္။

ဒါေပမယ့္လည္း ဗီလိန္ေတြကေတာ့ စည္းကမ္းေတြကို လိုက္နာေလ့ မရွိတာေၾကာင့္ ၿမိဳ႕ေနလူေတြဟာ အသက္အႏၲရာယ္ ထပ္မံက်ေရာက္ၾကပါေတာ့တယ္။ ဒီၿမိဳ႕ရဲ႕ နာမည္ကေတာ့ လူအမ်ားစုနဲ႔ ရင္းႏွီးေနမယ္လို႔ ထင္ပါတယ္။ အထူးသျဖင့္ စူပါဟီး႐ိုးေကာမစ္ေတြကို ႀကိဳက္ႏွစ္သက္သူေတြအတြက္ေတာ့ ပိုၿပီးရင္းႏွီးၾကမွာပါ။ ပထမတစ္ခုကေတာ့ Metropolis ၿမိဳ႕ျဖစ္ၿပီးေတာ့ Superman ေနထိုင္တဲ့ ၿမိဳ႕ျဖစ္ပါတယ္။ ဒုတိယတစ္ခုကေတာ့ Smallville ျဖစ္ၿပီးေတာ့ Clark တစ္ေယာက္ Superman မျဖစ္ခင္တုန္းက ေနထိုင္ခဲ့တဲ့ၿမိဳ႕ပဲ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းကို ဖန္တီးသူျဖစ္တဲ့ Brad ကလည္း သူ႔ရဲ႕အႀကိဳက္ဆုံး စူပါဟီး႐ိုးျဖစ္တဲ့ Superman ကို ဂုဏ္ျပဳတဲ့အေနနဲ႔ အခုလိုမ်ိဴး Metropolis နဲ႔ Smallville ကို ေပါင္းစပ္ၿပီးေတာ့ Metroville ၿမိဳ႕ကို ဖန္တီးခဲ့တာ ျဖစ္ပါတယ္။

Syndrome ဟာ ဒီဇာတ္လမ္းကို ဖန္တီးသူ Brad Bird ကို အေျခခံၿပီး ဖန္တီးထားတာ ျဖစ္ပါတယ္။
photo via screenrant

Animator ေတြဟာ ဇာတ္ေကာင္ေတြရဲ႕ ပုံစံေတြကို ဖန္တီးၾကတဲ့အခ်ိန္မွာ မ်ားေသာအားျဖင့္ အျပင္ကလူေတြရဲ႕ ပုံစံကို အေျခခံၿပီး ဖန္တီးေလ့ရွိပါတယ္။ မ်ားေသာအားျဖင့္ေတာ့ အဲ့ဒီဇာတ္ေကာင္ေနရာမွာ အသံသ႐ုပ္ေဆာင္သူေတြနဲ႔ ဆင္တူေအာင္ ဖန္တီးခဲ့တာမ်ိဴးေတြလည္း ရွိပါေသးတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ Syndrome ဆိုတဲ့ ဗီလိန္ဟာ Brad ကို အေျခခံၿပီး ဖန္တီးထားတာ ျဖစ္ပါတယ္။

ဒီဇာတ္လမ္းကို အခ်ိန္မီ ႐ုံတင္ႏိုင္ဖို႔အတြက္ animator ေတြဟာ Brad ရဲ႕ လက္ေအာက္မွာ အခ်ိန္ေတြ အၾကာႀကီး အလုပ္လုပ္ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ animator ေတြဟာ သူတို႔ရဲ႕ စိတ္ဖိစီးမႈေတြကို ေျဖေဖ်ာက္ဖို႔ သူတို႔နည္း သူတို႔ဟန္နဲ႔ ျပဳလုပ္ခဲ့ၾကတာ ျဖစ္ပါတယ္။ အဲ့ဒါကေတာ့ ဒီဇာတ္လမ္းထဲမွာ ဗီလိန္အျဖစ္ ပါဝင္လာမယ့္ ဇာတ္ေကာင္ရဲ႕ ပုံစံကို Brad နဲ႔ ဆင္တူေအာင္ ဖန္တီးခဲ့တာပဲ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ ပုံကို ယွဥ္ၾကည့္လိုက္ရင္ေတာ့ Syndrome ဟာ Brad ရဲ႕ ႐ုပ္ေျပာင္ပုံတူလိုမ်ိဴး ျဖစ္ေနတာကို ေတြ႕ရမွာပါ။ ဒါ့အျပင္ အဲ့ဒီအခ်က္ကိုလည္း Brad ဟာ ႐ုံတင္ခါနီး အခ်ိန္က်မွ သိခဲ့ရတာ ျဖစ္ပါတယ္။

Dash ရဲ႕ အသံသ႐ုပ္ေဆာင္ဟာ အသံသြင္းေနတုန္း စတူဒီယိုထဲမွာ ပတ္ေျပးခဲ့ရပါတယ္။
photo via screenrant

Dash Parr ကေတာ့ Violet ရဲ႕ ေမာင္ ျဖစ္ၿပီး Jack-Jack ရဲ႕ အစ္ကို ျဖစ္ပါတယ္။ Dash ကေတာ့ အလြန္လ်င္ျမန္တဲ့အရွိန္နဲ႔ ေျပးႏိုင္စြမ္းရွိသူတစ္ေယာက္ ျဖစ္ၿပီး အၿမဲတမ္းလိုလိုလည္း ေျပးေနသူ ျဖစ္ပါတယ္။ ပထမဇာတ္လမ္းထဲမွာေတာ့ သူ႔ေနရာမွာ Spencer Fox လို႔ ေခၚတဲ့ ဆယ္ႏွစ္အ႐ြယ္ေကာင္ေလးက အသံသ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။

Dash ဟာ အၿမဲတမ္းလိုလို ေျပးေနတာေၾကာင့္ သူဟာ ေမာေနတတ္ပါတယ္။ Brad ကေတာ့ အဲ့ဒီေနရာကို ပိုၿပီး သဘာဝက်ေအာင္ လုပ္ခ်င္တာေၾကာင့္ အသံသြင္းေနတုန္း Spencer ကို စတူဒီယိုထဲမွာ ပတ္ေျပးေစခဲ့ပါတယ္။ ဒုတိယဇာတ္လမ္းကို ဖန္တီးတဲ့အခ်ိန္မွာေတာ့ Spencer ဟာ လူႀကီးတစ္ေယာက္ ျဖစ္ေနၿပီး အသံေျပာင္းလဲသြားတာေၾကာင့္ Huck Milner ဆိုတဲ့ ကေလးတစ္ေယာက္ကို အစားထိုးခဲ့ရပါတယ္။ ဒါ့အျပင္ Huck ရဲ႕ အသံကလည္း Spencer နဲ႔အေတာ္ေလး ဆင္တူတာေၾကာင့္ ပရိသတ္ေတြဟာ သိပ္ၿပီးေတာ့ သတိမထားမိခဲ့ၾကပါဘူး။

ဒီဇာတ္လမ္းကို ဖန္တီးဖို႔အတြက္ အခက္အခဲေတြ အမ်ားႀကီးကို ျဖတ္သန္းခဲ့ရပါတယ္။
photo via screenrant

ဒီဇာတ္လမ္းကို ဖန္တီးဖို႔အတြက္ Brad ဟာ အခက္အခဲေတြ အမ်ားႀကီးနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ ဒီဇာတ္လမ္းဟာ ၂၀၀၄ခုႏွစ္မွာ ထြက္ရွိခဲ့ေပမယ့္ Brad ဟာ (၁၂)ႏွစ္အလိုတည္းက ဒီဇာတ္လမ္းကို ဖန္တီးဖို႔အတြက္ စိတ္ကူးရခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Brad ဟာ ၂၀၀၀ခုႏွစ္ျပည့္တဲ့အထိေတာင္ Pixar ကို သူ႔ရဲ႕စိတ္ကူးကို မေျပာျပရေသးပါဘူး။

အင္တာဗ်ဴးတစ္ခုမွာေတာ့ Brad ဟာ ဒီဇာတ္လမ္းကို ဖန္တီးဖို႔အတြက္ ဘယ္လိုအခက္အခဲေတြိကို ရင္ဆိုင္ခဲ့ရလည္း ဆိုတာ ေျပာျပခဲ့ပါတယ္။ ဥပမာေျပာရရင္ လူသားပုံစံကို ဖန္တီးရတာဟာ တိရစာၦန္ေတြကို ဖန္တီးရတာထက္ အမ်ားႀကီး ပိုၿပီးေတာ့ ခက္ခဲတဲ့အေၾကာင္းေတြ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္လည္း ဒီဇာတ္လမ္းဟာ Pixar ရဲ႕ လူသားအဓိကဇာတ္ေကာင္ေတြ ပါဝင္တဲ့ ပထမဆုံး ဇာတ္လမ္း ျဖစ္ခဲ့တာပါ။

အဲ့ဒီအင္တာဗ်ဴးထဲမွာေတာ့ Brad က “ဒီဇာတ္လမ္းဟာ ဘယ္လိုမွ ဖန္တီးလို႔မရႏိုင္တဲ့ ဇာတ္လမ္းမ်ိဴးပါလို႔ လူအမ်ားစုက ကြၽန္ေတာ္တို႔ကို ေျပာခဲ့ပါတယ္။ ဇာတ္ေကာင္ေတြလည္း အရမ္းမ်ားတယ္။ ဝတ္စုံေျပာင္းလဲမႈေတြလည္း မ်ားတယ္။ အထူးျပဳလုပ္ခ်က္ေတြ အမ်ားႀကီးနဲ႔ ေနရာေဒသေတြ အမ်ားႀကီး ပါဝင္ေနတာေၾကာင့္ အရမ္းရႈပ္ေထြးလြန္းတယ္လို႔လည္း ေျပာၾကပါတယ္။ Pixar က အရင္တုန္းက ထုတ္လုပ္ခဲ့တဲ့ ဇာတ္လမ္းထဲက လူသားဇာတ္ေကာင္ေတြကို ဖန္တီးခဲ့တဲ့ နည္းလမ္းအတိုင္းဆိုရင္ ဇာတ္ေကာင္ေတြကို ဖန္တီးဖို႔သက္သက္ပဲ ေလးႏွစ္ေလာက္ အခ်ိန္ေပးရမွာပါ …” လို႔ ေျပာခဲ့ပါတယ္။

အဲ့ဒါေၾကာင့္ပဲ Brad နဲ႔ သူ႔ရဲ႕အဖြဲ႕သားေတြဟာ နည္းလမ္းအသစ္ကို စဥ္းစားခဲ့ၾကၿပီး “ကြၽန္ေတာ္တို႔က ဇာတ္ေကာင္ေတြကို ဖန္တီးဖို႔အတြက္ နည္းလမ္းအသစ္တစ္ခုကို တီထြင္ခဲ့ရပါတယ္ … ” လို႔ ေျပာျပခဲ့ပါတယ္။ စတင္ဖန္တီးတုန္းကဆိုရင္ ဒီဇာတ္လမ္းကို ဖန္တီးဖို႔အတြက္ ဘတ္ဂ်က္ေတြ အမ်ားႀကီး လိုအပ္ၿပီးေတာ့ ဆယ္ႏွစ္ေလာက္ အခ်ိန္ေပးရမယ္လို႔ ေျပာခဲ့ၾကတယ္လို႔လည္း ဆိုပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular