HomeEntertainmentFilm၂၀၂၁ ခုနှစ် ဩဂုတ်လကို ရုံတင်ရက် ရွှေ့သွားတဲ့ The King's Man

၂၀၂၁ ခုနှစ် ဩဂုတ်လကို ရုံတင်ရက် ရွှေ့သွားတဲ့ The King’s Man

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Kingsman franchise ရဲ့ ရုပ်ရှင်တစ်ကားဖြစ်တဲ့ The King’s Man ရုပ်ရှင်ကိုလည်း Disney ဟာ ရုံတင်ရက် ငါးလနောက်ဆုတ်လိုက်ပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ရဲ့ ရုံတင်ရက်အသစ်ကတော့ ၂၀၂၁ ခုနှစ် ဩဂုတ်လ ဖြစ်သွားပါပြီ။ ရုပ်ရှင် ထုတ်လုပ်သူဖြစ်တဲ့ Matthew Vaughn ဟာ ၂၀၁၄ ခုနှစ်မှာတော့ ပထမဆုံး Kingsman ရုပ်ရှင်ကို ထုတ်လုပ်ခဲ့ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ဟာ အောင်မြင်ခဲ့တာကြောင့် Kingsman: Golden Circle ဆိုတဲ့ sequel ကိုလည်း ထပ်မံဖန်တီးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဒီ franchise ကို ပိုပြီးအောင်မြင်လာအောင် ဖန်တီးခဲ့ပါတယ်။ တတိယမြောက် Kingsman ရုပ်ရှင်ထဲမှာတော့ Kingsman အဖွဲ့အစည်း ဘယ်လိုဖြစ်ပေါ်လာတာလည်း ဆိုတာကို မြင်တွေ့ရမှာပါ။

The King’s Man ရုပ်ရှင်ဟာ ၂၀၁၉ ခုနှစ်ကတည်းက ရုံတင်ဖို့ စီစဉ်ခဲ့ပေမယ့်လည်း အကြောင်းအမျိူးမျိူး ရုံတင်ရက် ပြောင်းလဲခဲ့ပြီး ၂၀၂၀ ကို ရွှေ့ပြောင်းခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်ကို ရောက်ရှိလာတဲ့အချိန်မှာတော့ ကိုဗစ်ကြောင့် ထပ်မံကြန့်ကြာမှုတွေ ဖြစ်ခဲ့ရပြီး ၂၀၂၁ ခုနှစ်ကို ရွှေ့ပြောင်းခဲ့ပါတယ်။ အခုချိန်မှာလည်း ကိုဗစ်ဟာ သိပ်ပြီးစိတ်ချရတဲ့ အခြေအနေ မဟုတ်သေးတာကြောင့် ရုံတင်ရက်ကို ထပ်မံနောက်ဆုတ်ခဲ့ရပါတယ်။

photo via screenrant

Variety သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ ကိုဗစ်ဟာ ဆက်လက်ဖြစ်ပွားနေတာကြောင့် Disney က ဒီရုပ်ရှင်ကို ရုံတင်ရက် နောက်ဆုတ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။ ၂၀၂၁ ခုနှစ် မတ် (၁၂) ရက်နေ့မှာ ရုံမတင်တော့ဘဲ ငါးလနောက်ဆုတ်သွားပြီး ၂၀၂၁ ခုနှစ် ဩဂုတ် (၂၀) ရက်မှ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အကယ်၍ ဒီရုံတင်ရက်ကို နောက်တစ်ခါ ထပ်ပြီးနောက်ဆုတ်စရာ မလိုတော့ဘူး ဆိုရင်တော့ ဒီရုပ်ရှင်ဟာ (၂) နှစ်နီးပါးလောက် နောက်ကျပြီးမှ ထွက်လာမှာ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

The Kingsman franchise ရဲ႕ ႐ုပ္ရွင္တစ္ကားျဖစ္တဲ့ The King’s Man ႐ုပ္ရွင္ကိုလည္း Disney ဟာ ႐ုံတင္ရက္ ငါးလေနာက္ဆုတ္လိုက္ပါတယ္။ ဒါေၾကာင့္ပဲ ဒီ႐ုပ္ရွင္ရဲ႕ ႐ုံတင္ရက္အသစ္ကေတာ့ ၂၀၂၁ ခုႏွစ္ ဩဂုတ္လ ျဖစ္သြားပါၿပီ။ ႐ုပ္ရွင္ ထုတ္လုပ္သူျဖစ္တဲ့ Matthew Vaughn ဟာ ၂၀၁၄ ခုႏွစ္မွာေတာ့ ပထမဆုံး Kingsman ႐ုပ္ရွင္ကို ထုတ္လုပ္ခဲ့ပါတယ္။

photo via screenrant

ဒီ႐ုပ္ရွင္ဟာ ေအာင္ျမင္ခဲ့တာေၾကာင့္ Kingsman: Golden Circle ဆိုတဲ့ sequel ကိုလည္း ထပ္မံဖန္တီးခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ဒီ franchise ကို ပိုၿပီးေအာင္ျမင္လာေအာင္ ဖန္တီးခဲ့ပါတယ္။ တတိယေျမာက္ Kingsman ႐ုပ္ရွင္ထဲမွာေတာ့ Kingsman အဖြဲ႕အစည္း ဘယ္လိုျဖစ္ေပၚလာတာလည္း ဆိုတာကို ျမင္ေတြ႕ရမွာပါ။

The King’s Man ႐ုပ္ရွင္ဟာ ၂၀၁၉ ခုႏွစ္ကတည္းက ႐ုံတင္ဖို႔ စီစဥ္ခဲ့ေပမယ့္လည္း အေၾကာင္းအမ်ိဴးမ်ိဴး ႐ုံတင္ရက္ ေျပာင္းလဲခဲ့ၿပီး ၂၀၂၀ ကို ေ႐ႊ႕ေျပာင္းခဲ့ပါတယ္။ ၂၀၂၀ ခုႏွစ္ကို ေရာက္ရွိလာတဲ့အခ်ိန္မွာေတာ့ ကိုဗစ္ေၾကာင့္ ထပ္မံၾကန႔္ၾကာမႈေတြ ျဖစ္ခဲ့ရၿပီး ၂၀၂၁ ခုႏွစ္ကို ေ႐ႊ႕ေျပာင္းခဲ့ပါတယ္။ အခုခ်ိန္မွာလည္း ကိုဗစ္ဟာ သိပ္ၿပီးစိတ္ခ်ရတဲ့ အေျခအေန မဟုတ္ေသးတာေၾကာင့္ ႐ုံတင္ရက္ကို ထပ္မံေနာက္ဆုတ္ခဲ့ရပါတယ္။

photo via screenrant

Variety သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ဆိုရင္ေတာ့ ကိုဗစ္ဟာ ဆက္လက္ျဖစ္ပြားေနတာေၾကာင့္ Disney က ဒီ႐ုပ္ရွင္ကို ႐ုံတင္ရက္ ေနာက္ဆုတ္ဖို႔ ဆုံးျဖတ္လိုက္တယ္လို႔ သိရပါတယ္။ ၂၀၂၀ ခုႏွစ္ မတ္ (၁၂) ရက္ေန႔မွာ ႐ုံမတင္ေတာ့ဘဲ ငါးလေနာက္ဆုတ္သြားၿပီး ၂၀၂၀ ခုႏွစ္ ဩဂုတ္ (၂၀) ရက္မွ ထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ အကယ္၍ ဒီ႐ုံတင္ရက္ကို ေနာက္တစ္ခါ ထပ္ၿပီးေနာက္ဆုတ္စရာ မလိုေတာ့ဘူး ဆိုရင္ေတာ့ ဒီ႐ုပ္ရွင္ဟာ (၂) ႏွစ္နီးပါးေလာက္ ေနာက္က်ၿပီးမွ ထြက္လာမွာ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular