HomeEntertainmentFilmThe Last of Us အပိုင်း(၁)ထဲက စိတ်ဝင်စားစရာအချက်များ

The Last of Us အပိုင်း(၁)ထဲက စိတ်ဝင်စားစရာအချက်များ

*** Spoiler Alert ***

HBO ရဲ့ The Last of Us ဇာတ်လမ်းတွဲကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာခဲ့ပြီး ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲရဲ့ အပိုင်း(၁)ဟာလည်း HBO ရဲ့ဒုတိယမြောက် လူကြည့်အများဆုံး Premiere လည်း ဖြစ်နေပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် The Last of Us အပိုင်း(၁)ထဲက စိတ်ဝင်စားစရာအချက်တွေကို ဖော်ပြပေးချင်ပါတယ်။

Joel ရဲ့ဂစ်တာ

photo via screenrant

ဇာတ်လမ်းရဲ့ အစမှာတော့ Joel ရဲ့သမီးဖြစ်သူ Sarah ဟာ အခန်းထဲမှာ လျှောက်သွားနေတဲ့အချိန် Background မှာတော့ ဂစ်တာတစ်လုံးကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကတော့ ဂိမ်းထဲကအချက်ကို Reference ပြုလုပ်ထားတာ ဖြစ်သလို အနာဂတ်မှာ ဖြစ်လာမယ့် Storyline ကို အရိပ်အမြွက် ဖော်ပြထားတာလည်း ဖြစ်ပါတယ်။

ဂိမ်းထဲမှာတော့ Joel ဟာ ဒီဗိုင်းရပ်စ် မဖြစ်ခင်မှာ ဂီတပညာရှင် ဖြစ်ချင်ခဲ့တာ ဖြစ်ပါတယ်။ The Last of Us 1 နဲ့ 2 ကြားထဲက Timeskip အတွင်းမှာတော့ Joel ဟာ Ellie ကို ဂစ်တာတီးသင်ပေးခဲ့သလို ဂိမ်းရဲ့အစမှာ ဂစ်တာတစ်လုံးတောင် လက်ဆောင်ပေးခဲ့ပါတယ်။ Joel သေဆုံးသွားပြီး နောက်မှာတော့ Ellie အတွက် ဒီဂစ်တာလေးဟာ အစားထိုးမရတဲ့ အမှတ်တရပစ္စည်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

Curtis and the Viper 2

photo via screenrant

ဒီအပိုင်းထဲမှာတော့ Sarah ဟာ သူမရဲ့အိမ်နီးချင်း အန်တီကြီးဆီက Curtis and the Viper 2 ဆိုတဲ့ ရုပ်ရှင်ကားကို ငှားလာခဲ့ပါတယ်။ ဒါကတော့ The Last of Us Part II ထဲက Details တစ်ခုကို ပြန်လည် ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဂိမ်းထဲမှာတော့ Ellie ဟာ Joel နဲ့အတူ Curtis and the Viper 2 ရုပ်ရှင်ကို ကြည့်ဖို့ စီစဉ်ထားတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ပဲ ဒီရုပ်ရှင်ကို မကြည့်လိုက်ရခင်မှာပဲ Joel ဟာ သေဆုံးသွားခဲ့ပါတယ်။

ပထမဆုံး ကူးစက်ခံရသူ

photo via screenrant

ဒီအပိုင်းထဲမှာ Sarah ပထမဆုံး မြင်တွေ့ခဲ့ရတဲ့ ကူးစက်ခံရသူကတော့ သူမရဲ့ဘေးအိမ်က အဘွားကြီးပဲ ဖြစ်ပါတယ်။ ဒီအဘွားကြီးရဲ့ ပါးစပ်မှာတော့ အမျှင်ချောင်းလေးတွေ ထွက်နေတာကို တွေ့ခဲ့ရပါတယ်။ ကူးစက်ထားသူတွေဟာ ဒီအမျှင်ချောင်းလေးတွေကို အသုံးပြုပြီးတော့ အခြားသူတွေကို ကူးစက်သွားအောင် ပြုလုပ်တာပဲ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲရဲ့ ဖန်တီးသူ Craig Mazin ဟာ ဒီဇာတ်လမ်းတွဲထဲမှာ Spores တွေ ပါဝင်လာမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ Spores ကတော့ လေထဲက အမှုန်လေးတွေ ဖြစ်ပြီး ရှုသွင်းလိုက်မိရင် ကူးစက်သွားစေတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Spores နေရာမှာ အဲဒီအချောင်းလေးတွေကို အစားထိုး ထည့်သွင်းထားတာ ဖြစ်ပါတယ်။

ကားမောင်းတဲ့ ဇာတ်ဝင်ခန်း

photo via screenrant

ကူးစက်မှုတွေ စတင်ဖြစ်တဲ့ အချိန်မှာတော့ Joel ၊ Sarah နဲ့ Tommy တို့ဟာ မြို့ထဲကနေ ကားမောင်းထွက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒီဇာတ်ဝင်ခန်း တလျှောက်လုံးကတော့ ဂိမ်းထဲက ဇာတ်ဝင်ခန်းတွေအတိုင်း ပြန်လည်ဖန်တီးထားတာ ဖြစ်ပြီး အချို့နေရာတွေမှာဆိုရင် အချိန်တွေကိုပါ တိတိကျကျ ဖန်တီးထားတာ မြင်တွေ့ခဲ့ရပါတယ်။

Marlene

photo via screenrant

Marlene ကတော့ FEDRA ကို ပြန်လည်တော်လှန်နေတဲ့ Fireflies အဖွဲ့ရဲ့ ခေါင်းဆောင်ပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Marlene နေရာမှာ Merle Dandridge က ပါဝင်သရုပ်ဆောင်ထားပါတယ်။ Merle Dandridge ကတော့ ဒီဇာတ်လမ်းတွဲထဲမှာတင် မဟုတ်ဘဲ ဂိမ်းနှစ်ခုလုံးမှာလည်း Marlene အဖြစ် အသံသရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဂိမ်းထဲက အခြားသော အသံသရုပ်ဆောင်တွေလည်း ဒီဇာတ်လမ်းတွဲထဲမှာ ပါဝင်လာနိုင်ပါသေးတယ်။

Quarantine Zone ထဲက ထွက်ပြေးခြင်း

photo via screenrant

ဒီအပိုင်းရဲ့ အဆုံးသတ်နားမှာတော့ Joel ၊ Tess နဲ့ Ellie တို့ဟာ Quarantine Zone ထဲက ထွက်ပြေးတဲ့ အချိန်မှာတော့ သူတို့ဟာ FEDRA စစ်သားတွေနဲ့ မီးမောင်းတွေကို ရှောင်ပုန်းပြီး သွားခဲ့ရပါတယ်။ ဒီဇာတ်ဝင်ခန်းတွေကလည်း ပထမဂိမ်းရဲ့ Chapter 3 ထဲက ဇာတ်ဝင်ခန်းတွေအတိုင်း ဖန်တီးထားတာ ဖြစ်ပြီး ကင်မရာအယူအဆတွေတောင် ဆင်တူနေအောင် ဖန်တီးထားပါတယ်။

The Clicker

photo via screenrant

နောက်ဆုံးတစ်ချက်ကတော့ သတိထားမိဖို့ မလွယ်ကူတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။ Clicker တွေကတော့ ဒီဇာတ်လမ်းတွဲရဲ့ အဓိကရန်သူတွေဖြစ်ပြီး ဇွန်ဘီလို သတ္တဝါတွေပဲ ဖြစ်ပါတယ်။ အပိုင်း(၁)ထဲမှာတော့ Clicker တွေ မပါဝင်ခဲ့ပေမယ့် အဆုံးသတ်နားမှာတော့ သူတို့ကို ခဏတာ မြင်တွေ့ခဲ့ရပါတယ်။ လျှပ်စီးလက်သွားတဲ့ အချိန်မှာတော့ ဘယ်ဘက်က အဆောက်အဦးအပေါ်မှာ မတ်တပ်ရပ်နေတဲ့ Clicker တစ်ကောင်ကို ခဏတာ မြင်တွေ့ခဲ့ရပါတယ်။ နောက်ပိုင်းတွေမှာတော့ Clicker တွေဟာ ဒီဇာတ်လမ်းတွဲရဲ့ အဓိကနေရာက ပါဝင်လာမှာ ဖြစ်ပါတယ်။

ဒါကတော့ The Last of Us ဇာတ်လမ်းတွဲရဲ့ အပိုင်း(၁)ထဲက စိတ်ဝင်စားစရာအချက်တချို့ပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ရော ဒီအပိုင်းကို ဘယ်လို ရှုမြင်ခံစားရလည်းဆိုတာ ကောမန့်မှာ ဆွေးနွေးခဲ့ပါဦး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular