HomeEntertainmentFilmThe Last of Us Season 1 အပိုင်း(၈) ထဲက စိတ်ဝင်စားစရာ အချက်များ

The Last of Us Season 1 အပိုင်း(၈) ထဲက စိတ်ဝင်စားစရာ အချက်များ

***Spoiler Alert***

The Last of Us Season 1 ရဲ့ အပိုင်း(၈) ကတော့ မကြာခင်ကပဲ ထွက်ရှိလာခဲ့ပြီး ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်ရှိန်အတက်ဆုံး အဖြစ်အပျက်တွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီအပိုင်းထဲမှာတော့ ဒဏ်ရာရနေတဲ့ Joel ကို Ellie က ကုသပေးဖို့ ကြိုးစားနေတာကို မြင်တွေ့ခဲ့ရပြီး Ellie ဟာ လူသားစားတဲ့ David တို့အုပ်စုနဲ့ တစ်ယောက်တည်း ရင်ဆိုင်ခဲ့တာကိုလည်း ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခဲ့ရပါတယ်။

Todd’s Steakhouse

photo credit HBO

ဒီအပိုင်းရဲ့ အစမှာတော့ David တို့ အုပ်စု နေထိုင်တဲ့ နေရာကို ပြသသွားခဲ့ပြီး Todd’s Steakhouse ဆိုတဲ့ အဆောက်အအုံတစ်ခုကိုလည်း ပြသသွားခဲ့ပါတယ်။ ဒီအချက်ကတော့ အပိုင်း(၈) ရဲ့ အဆုံးသတ်ကို Foreshadow ပြုလုပ်ထားတာပဲ ဖြစ်ပြီး အဆုံးသတ်မှာတော့ Ellie နဲ့ David တို့ နှစ်ယောက်ဟာ အဲဒီ Todd’s Steakhouse ထဲမှာ တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

Troy Baker

photo credit HBO

Troy Baker ကတော့ The Last of Us ဂိမ်းထဲမှာ Joel နေရာကနေ အသံသရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ ဂိမ်းထဲက အသံသရုပ်ဆောင်တွေကို ပြန်လည်အသုံးပြုထားပြီး ရှေ့ကထွက်ခဲ့တဲ့ အပိုင်းတွေမှာလည်း Tommy နေရာမှာ အသံသရုပ်ဆောင်ခဲ့သူလည်း ပါဝင်ခဲ့ပါသေးတယ်။ ဒီအပိုင်းထဲမှာတော့ David ရဲ့ လက်ထောက်တစ်ယောက်နေရာမှာတော့ Troy Baker က ပါဝင်သရုပ်ဆောင်ထားပါတယ်။

Ellie ရဲ့ အထင်ကရ ဒိုင်ယာလော့ခ်

photo credit HBO

ဒီအပိုင်းထဲမှာတော့ Ellie ဟာ စားနပ်ရိက္ခာမရှိတော့တာကြောင့် အမဲလိုက်ခဲ့ရင်း David တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ Ellie ဟာ “လှုပ်လိုက်တာနဲ့ မင်းရဲ့မျက်လုံးနှစ်လုံးကြားထဲကို ကျည်ဆန်ပစ်ထည့်ပေးလိုက်မယ်”လို့ ပြောခဲ့ပါတယ်။ ဒီဒိုင်ယာလော့ခ်ကတော့ ဂိမ်းထဲမှာ Ellie ပြောခဲ့တဲ့ အထင်ကရ ဒိုင်ယာလော့ခ်တစ်ခု ဖြစ်ပြီး ဂိမ်းထဲကလိုပဲ တပုံစံတည်းနီးပါး တူညီအောင် ဖန်တီးထားပါတယ်။ ဒါတင်မကသေးဘဲ နောက်ပိုင်းမှာ Ellie ကို ဖမ်းထားတဲ့ သံလှောင်အိမ်ကြီးကလည်း ဂိမ်းထဲကအတိုင်းပဲ ဖန်တီးထားတာ ဖြစ်ပါတယ်။

Joel ရဲ့ စစ်ဆေးမေးမြန်းတဲ့ ဇာတ်ဝင်ခန်း

photo credit HBO

The Last of Us ဂိမ်းပရိသတ်တွေကတော့ ဒီဇာတ်လမ်းတွဲထဲမှာ Joel က David ရဲ့လူတွေကို စစ်ဆေးမေးမြန်းတဲ့ ဇာတ်ဝင်ခန်းကို ကြည့်ရှုဖို့ စောင့်မျှော်နေကြတာ ကြာပါပြီ။ ဒီဇာတ်ဝင်ခန်းမှာ Joel ပြုလုပ်ခဲ့တဲ့ လုပ်ရပ်တွေနဲ့ ဒိုင်ယာလော့ခ်တွေကတော့ ဂိမ်းထဲအတိုင်း Perfect ဖြစ်နေအောင် ဖန်တီးထားတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ဒီဇာတ်ဝင်ခန်းဟာ Ellie အတွက်ဆို Joel က ဘာမဆိုပြုလုပ်ဖို့ အသင့်ဖြစ်နေတယ် ဆိုတာကို သိသာစေပြီး Joel ဟာ Ellie နဲ့ တစ်ကမ္ဘာလုံးနဲ့ ယှဉ်လာရင်တောင် Ellie ကိုပဲ ရွေးချယ်သွားမှာပါ။

Joel နဲ့ Ellie တို့ရဲ့ ဆက်ဆံရေး

photo credit HBO

ဒီဇာတ်လမ်းတွဲရဲ့ အစမှာတော့ Joel ဟာ Ellie ကို သာမန်ကုန်ပစ္စည်းတစ်ခုအဖြစ်သာ သဘောထားခဲ့ပေမယ့်လည်း တဖြည်းဖြည်းနဲ့ သံယောဇဉ်တွယ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်လုံးဟာ တစ်ယောက်နဲ့ တစ်ယောက် ပိုမိုအလေးထားလာပြီး သားအဖနှစ်ယောက်လို ဖြစ်လာပေမယ့်လည်း နှစ်ယောက်လုံးကတော့ ဒီအချက်ကို ငြင်းဆိုနေကြပါသေးတယ်။ ဒါပေမယ့်လည်း အပိုင်း(၈) အပြီးမှာတော့ Ellie ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ဆိုးတွေကြောင့် သူတို့နှစ်ယောက်လုံးဟာ တကယ့်ခံစားချက်အစစ်အမှန်တွေ ထုတ်ပြလာကြပါတယ်။ Joel ကလည်း သူ့ရဲ့သမီးအရင်း Sarah ကို ခေါ်ခဲ့သလိုမျိူး Ellie ကိုလည်း “Baby Girl” လို့ ခေါ်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular