HomeEntertainmentFilmပထမဆုံး ထွေလာ ထွက်ရှိလာတဲ့ The Last of Us ဇာတ်လမ်းတွဲ

ပထမဆုံး ထွေလာ ထွက်ရှိလာတဲ့ The Last of Us ဇာတ်လမ်းတွဲ

နာမည်ကြီးဂိမ်းတစ်ခု ဖြစ်တဲ့ The Last of Us ကိုတော့ HBO ဟာ Live Action အဖြစ် ပြန်လည်ဖန်တီးထားပြီး ယခုအချိန်မှာတော့ ပထမဆုံးထွေလာ ထွက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Pedro Pascal ဟာ Joel နေရာမှာ ပါဝင်သရုပ်ဆောင်ထားပြီး Bella Ramsey ကတော့ Ellie နေရာမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် Gabriel Luna ၊ Merle Dandridge ၊ Jeffrey Pierce ၊ Anna Torv ၊ Nico Parker ၊ Murray Bartlett ၊ Nick Offerman နဲ့ Storm Reid တို့လည်း ပါဝင်ထားပါတယ်။

photo via screenrant

ဇာတ်လမ်းအကျဉ်းကတော့ တစ်ကမ္ဘာလုံးကို ပျက်စီးသွားစေတဲ့ ဗိုင်းရပ်စ်ဟာ Ellie ကိုတော့ သက်ရောက်မှု မရှိဘူး ဖြစ်နေပါတယ်။ ဒါကြောင့်ပဲ Joel ဟာ ဒီဗိုင်းရပ်စ်ရဲ့ ဖြေဆေးဖော်ဖို့ ကြိုးစားနေတဲ့ လူတစ်စုဆီကို အန္တရာယ်များစွာ ကြားထဲကနေ Ellie ကို ပို့ဆောင်ပေးရပါတော့တယ်။ ဒီဇာတ်လမ်းတွဲကိုတော့ ဇာတ်လမ်းတွဲကောင်းတွေများစွာ ဖန်တီးထားတဲ့ HBO က ဖန်တီးထားတာ ဖြစ်တာကြောင့် စောင့်ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။

ယခုအချိန်မှာတော့ HBO ဟာ The Last of Us ဇာတ်လမ်းတွဲရဲ့ ပထမဆုံး ထွေလာကို ပြသသွားခဲ့ပါတယ်။ ဒီထွေလာထဲမှာတော့ Pedro Pascal ရဲ့ Joel နဲ့ Bella Ramsey ရဲ့ Ellie တို့ရဲ့ ပုံစံတွေကို သေချာမြင်တွေ့ခဲ့ရပြီး ပြိုလဲပျက်စီးနေတဲ့ မြို့တော်တစ်ခုကိုလည်း ပြသသွားခဲ့ပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်ရဲ့ အန္တရာယ်များတဲ့ ခရီးစဉ်ကိုလည်း အနည်းငယ် မြင်တွေ့ခဲ့ရပါတယ်သေးတယ်။

ဒီထွေလာထဲမှာ မြင်တွေ့ခဲ့ရသလောက် ဆိုရင်တော့ ဒီဇာတ်လမ်းတွဲဟာ မူလဂိမ်းထဲကအတိုင်း ဖန်တီးထားတာကို မြင်တွေ့ခဲ့ရပြီး Joel နဲ့ Ellie တို့ နှစ်ယောက်ဟာ Pittsburgh မြို့ကို ခရီးသွားနေတာကို မြင်တွေ့ခဲ့ရသလို တခြားဂိမ်းထဲက ဇာတ်ကောင်တွေ ဖြစ်တဲ့ Sam နဲ့ Henry တို့လည်း ပါဝင်နေပါတယ်။ ဒါ့အပြင် Joel နဲ့ Ellie တို့ရဲ့ အကြီးမားဆုံးရန်သူ ဖြစ်တဲ့ ဗိုင်းရပ်စ်ကူးစက်ခံထားရသူတွေရဲ့ ပုံစံကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ်။ ဒီဇာတ်လမ်းတွဲကတော့ ၂၀၂၃ ခုနှစ် အစောပိုင်းမှာ ပြသသွားမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular