HomeEntertainmentFilmမရိုက်ကူးဖြစ်လိုက်တဲ့ The Little Mermaid ရုပ်ရှင်အကြောင်း ပြောပြလာတဲ့ Elle Fanning

မရိုက်ကူးဖြစ်လိုက်တဲ့ The Little Mermaid ရုပ်ရှင်အကြောင်း ပြောပြလာတဲ့ Elle Fanning

The Little Mermaid ဇာတ်လမ်းကတော့ ၁၉၈၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Disney ရဲ့ Classic Animation တစ်ကား ဖြစ်ပါတယ်။ မကြာခင်မှာပဲ သရုပ်ဆောင် Haile Bailey နဲ့ Live Action ရုပ်ရှင်လည်း ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရုပ်ရှင်မတိုင်ခင်မှာတော့ Working Title Studio ဟာ သရုပ်ဆောင် Elle Fanning နဲ့အတူ The Little Mermaid Live Action ကိုဖန်တီးဖို့ စီစဉ်ခဲ့ပါသေးတယ်။

Elle Fanning ကတော့ Happy Sad Confused Podcast နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မဖန်တီးဖြစ်လိုက်တဲ့ The Little Mermaid Live Action အကြောင်းကို ပြောပြသွားတာ ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Joe Wright က ရိုက်ကူးသွားဖို့ စီစဉ်ထားတာပါ။

“ကျွန်မတို့ Joe wright နဲ့ The little mermaid ရုပ်ရှင်ကို ဖန်တီးကြတော့မလို့ပါပဲ။ အရမ်း Dark ဖြစ်တဲ့ Musical ပုံစံမျိူးပါ။ ကျွန်မ ဒီဇာတ်ကောင်(Ariel)ကို လူရွေးပွဲမှာ ရခဲ့တယ်လေ။ ပြီးတော့ သူ(joe wright)က ကျွန်မကို သီချင်းလည်း ဆိုခိုင်းသေးတယ်။

တကယ့်သီချင်းကို ဆိုရတာမဟုတ်ဘဲ ဒိုင်ယာလော့ခ်တွေကို သီချင်းလို ဆိုရတာမျိုးပါ။ အစကတော့ ကျွန်မက လူရွေးပွဲမှာ ဒိုင်ယာလော့ခ်တွေကို သာမန်အတိုင်းပဲပြောပြီး သရုပ်ဆောင်ခဲ့တာပါ။ ဒါပေမယ့် သူ(joe wright)က ဒိုင်ယာလော့ခ်တွေအားလုံးကို သီချင်းလို ဆိုပြပါဦးတဲ့။ အဲဒါနဲ့ ကျွန်မလည်း ဆိုပြလိုက်တော့ ဒီဇာတ်ကောင်(Ariel)ကို ရသွားရော။

အဲဒါက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတဲ့ အခိုက်အတန့်ပဲ။ ဘာလို့လည်းဆိုတော့ ကျွန်မက Ariel နေရာမှာ သရုပ်ဆောင်ရတော့မှာလေ။ ပြီးတော့ ဒီရုပ်ရှင်က ရေအောက်ထဲမှာ ရိုက်ရမှာဆိုတော့ ဘတ်ဂျက်ကလည်း အများကြီးလိုတယ်။ နောက်ဆုံးကျတော့ ဒီပရောဂျက်ကြီးက ဘယ်လိုမှ အဆင်မပြေတော့ဘဲ ဖျက်သိမ်းလိုက်ရတယ်လေ …”

photo credit Disney Studios

ဒီပရောဂျက်သာ တကယ်ဖန်တီးဖြစ်ခဲ့ရင်တော့ ပရိသတ်တွေဟာ အရင်ကမြင်ခဲ့ဖူးတဲ့ The Little Mermaid ဗားရှင်းနဲ့ မတူဘဲ Dark ဖြစ်တဲ့ ပုံစံမျိူးကို မြင်တွေ့ရမှာပါ။ ဒီဗားရှင်းထဲမှာတော့ Ariel ဟာ ကုန်းမြေပေါ်မှာ နေထိုင်ဖို့အတွက် ဗီလိန်ဖြစ်သူ Ursula နဲ့ဆိုးရွားတဲ့ အပေးအယူတွေ ပြုလုပ်ခဲ့ပြီး မင်းသားလေး Eric ကို ပြန်သွားရှာခဲ့ပါတယ်။

Eric ကတော့ Ariel ကို မမှတ်မိပါဘူး။ သူမှတ်မိတာက သူ့ကို ရေနစ်နေရာက ကယ်လိုက်ချိန်မှာ ကြားရတဲ့ ချိူသာလွန်းတဲ့ အသံလေးတစ်ခုပါပဲ။ Ariel ဟာ Ursula နဲ့အပေးအယူ လုပ်ခဲ့တာကြောင့် အဲဒီအသံလည်း မရှိတော့ပါဘူး။ ဒါကြောင့်ပဲ Eric ဟာ Ariel ကို မမှတ်မိတော့ဘဲ အခြားတစ်ယောက်နဲ့ လက်ထပ်သွားပါတယ်။ နောက်ဆုံးမှာတော့ Ariel ဟာလည်း ရင်ကွဲနာကျပြီး ချောက်ကမ်းပါးကနေ ခုန်ချကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားပါတယ်။

တကယ်လို့ ဒီဗားရှင်းသာ တကယ် ဖန်တီးဖြစ်ခဲ့မယ်ဆိုရင်တော့ ပိုပြီး dark ဖြစ်တဲ့ ဇာတ်လမ်းနဲ့အတူ Elle Fanning ရဲ့ Ariel ဇာတ်ကောင်ကိုလည်း အမြင်တစ်မျိုးနဲ့ မြင်တွေ့ရမှာပါ။ သို့သော်လည်း ဒီအခွင့်အရေးက အခုဆိုရင်တော့ ပရိသတ်တွေအတွက်ရော၊ Elle Fanning အတွက်ပါ ဆုံးရှုံးခဲ့ရပြီ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular