HomeEntertainmentFilmပထမဆုံးထွေလာ ထွက်ရှိလာတဲ့ The Little Mermaid Live-Action ရုပ်ရှင်

ပထမဆုံးထွေလာ ထွက်ရှိလာတဲ့ The Little Mermaid Live-Action ရုပ်ရှင်

D23 ပွဲမှာတော့ Disney ဟာ The Little Mermaid Live-Action ရဲ့ ပထမဆုံးထွေလာကို ပြသသွားပါတယ်။ ဒီရုပ်ရှင်ကတော့ ၁၉၈၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Little Mermaid Animation ကို အခြေခံပြီး ပြန်လည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီ Animation ကတော့ Disney ရဲ့ Classic တွေထဲမှာ ပါဝင်ပြီး မသိသူ မရှိလောက်အောင် အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတစ်ခုလည်း ဖြစ်ပါတယ်။

Live Action ရုပ်ရှင်ထဲမှာတော့ Ariel နေရာမှာ Halle Bailey ၊ Prince Eric နေရာမှာ Jonah Hauer-King ၊ King Triton နေရာမှာ Javier Bardem နဲ့ Ursula နေရာမှာ Melissa McCarthy တို့က ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အားလုံးသိကြတဲ့အတိုင်း ရေသူမလေး Ariel ဟာ လူသားတွေ နေထိုင်တဲ့ ကမ္ဘာပေါ်ကို သွားချင်နေပါတယ်။ ဒါ့အပြင် Prince Eric နောက်ကို လိုက်သွားဖို့အတွက် Ursula နဲ့ အပေးအယူလုပ်ပြီး အခက်အခဲတွေ ကြုံတွေ့ရတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ Disney ဟာ The Little Mermaid Live Action ရဲ့ ပထမဆုံး ထွေလာကို ပြသခဲ့ပါတယ်။ ဒီထွေလာထဲမှာတော့ Halle Bailey ရဲ့ Ariel ဇာတ်ကောင်ကို သေချာမြင်တွေ့ခဲ့ရပြီး ရေအောက်လောကကိုလည်း သေချာပုံဖော်ထားတာ တွေ့ရပါတယ်။ ဒါ့အပြင် Ariel ဟာ ဒီဇာတ်ကားရဲ့ နာမည်ကြီးဇာတ်ဝင်သီချင်း “Part of Your World”ကို သီဆိုနေတာလည်း တွေ့ရပါတယ်။

ဒီရုပ်ရှင်ဟာလည်း Disney ရဲ့ Live Action အဖြစ် ပြန်လည်ဖန်တီးမှုတွေအတိုင်း CGI တွေနဲ့ ရောစပ်ထားတာ ဖြစ်ပါတယ်။ Ariel နေရာမှာ Halle Bailey ကို သရုပ်ဆောင်စေခဲ့တာကြောင့် ပရိသတ်တွေကြားမှာတော့ သရုပ်ဆောင် ရွေးချယ်မှုနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ တောက်လျှောက် ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း Disney ဟာ ဒီရုပ်ရှင်ကို ဘယ်လိုပုံဖော်သွားမလည်း ဆိုတာကတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ Little Mermaid ရုပ်ရှင်ကတော့ လာမယ့် ၂၀၂၃ ခုနှစ် မေလ(၂၆)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular