HomeCharacterOdin ဟာ ဘာကြောင့် Thor ကို ကမ္ဘာမြေပေါ်ကိုရွေးပြီး နယ်နှင်ဒဏ်ပေးခဲ့ရတာလဲ?

Odin ဟာ ဘာကြောင့် Thor ကို ကမ္ဘာမြေပေါ်ကိုရွေးပြီး နယ်နှင်ဒဏ်ပေးခဲ့ရတာလဲ?

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel Cinematic Universe ဟာ Thor ကို ပရိသတ်နဲ့ ပထမဆုံး မိတ်ဆက်ပေးခဲ့တဲ့အချိန်ကတည်းက ဆိုလိုရုပ်ရှင်ကို တန်းပြီးတော့ ရိုက်ကူးခဲ့ပါတယ်။ အဲ့ဒီဇာတ်ကားထဲမှာတော့ Odin ဟာ Thor ကို Asgard ကနေ ကမ္ဘာပေါ်ကို နယ်နှင်ဒဏ်ပေးခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး MCU မှာ ဂြိုဟ်တွေ၊ universe တွေ အများကြီးရှိတာတောင် ဘာကြောင့် ကမ္ဘာပေါ်ကို နယ်နှင်ဒဏ်ပေးခံခဲ့ရတာလည်းဆိုတဲ့ မေးခွန်းတစ်ခု ရှိလာပါတယ်။ ဒါ့အပြင် Thor ဟာ ကမ္ဘာပေါ်က လူတစ်ယောက်မဟုတ်ပေမယ့်လည်း MCU ရဲ့ရုပ်ရှင်အများစုမှာတော့ သူဟာ ကမ္ဘာပေါ်မှာပဲ အချိန်တွေ ကုန်ဆုံးပြီး နေထိုင်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

Odin ဟာ Thor ကို အခုလိုမျိူး နယ်နှင်ဒဏ်ပေးလိုက်ရတဲ့ အကြောင်းရင်းကတော့ Thor ရဲ့စွမ်းအားတွေကြောင့်ဆိုတာထက် မရင့်ကျက်သေးဘဲ စိတ်ကြီးဝင်နေတဲ့အပြင် အမြော်အမြင် မရှိတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Odin ဟာ သူ့ရဲ့စွမ်းအားကို ဖျောက်ပစ်ခဲ့ပြီး Mjolnir နဲ့အတူ သေမျိူးတစ်ယောက်အနေနဲ့ ကမ္ဘာပေါ်ကို နယ်နှင်ဒဏ်ပေးခဲ့ပါတယ်။ သူ့ရဲ့စွမ်းအားတွေနဲ့ ထိုက်တန်တဲ့အချိန်ကျမှ Mjolnir ကိုလည်း ပြန်မ,နိုင်ပြီး စွမ်းအားတွေကိုပါ ပြန်လည်ရရှိအောင် ပြုလုပ်ခဲ့ပါတယ်။

Photo via IMDb

ရုပ်ရှင်ထဲမှာလည်း Thor ဟာ လောကကိုးခုကို ဆက်သွယ်ထားတဲ့ သစ်ပင်ဖြစ်တဲ့ Yggdrasil အကြောင်းနဲ့ လောကကိုးခုအကြောင်းကို ပြောခဲ့ပါတယ်။ အဲ့ဒီလောကကိုးခုဟာ တစ်သီးတစ်ခြားဆီ ဖြစ်နေကြပြီးတော့ Yggdrasil က ဆက်သွယ်ပေးထားတာ ဖြစ်ပါတယ်။

အဲ့ဒီလောကတွေကတော့ Thor ရဲ့ နေထိုင်ရာဖြစ်တဲ့ Asgard ၊ ပုံမှန်လူတွေ နေထိုင်တဲ့ Midgard (Earth) ၊ Frost Giant တွေ နေထိုင်တဲ့ Jotunheim ၊ Dark elve တွေ နေထိုင်တဲ့ Svartalfheim ၊ နတ်ဘုရားမျိူးနွယ်တွေ နေထိုင်တဲ့ Vanheim ၊ Dwarve တွေ နေထိုင်တဲ့ Nidavellir ၊ Hel ရှိတဲ့နေရာတစ်ခုဖြစ်တဲ့ Nifheim ၊ Surtur အုပ်ချုပ်တဲ့ လောကတစ်ခုဖြစ်တဲ့ Muspelheim နဲ့ MCU ထဲမှာ မပြသေးတဲ့ Alfheim ဆိုတာတွေပဲ ဖြစ်ပါတယ်။ Thor ကို နယ်နှင်ဒဏ်ပေးလိုက်တဲ့ Odin ရဲ့ရည်ရွယ်ချက်ကတော့ သူ့ရဲ့လုပ်ရပ်တွေအတွက် သင်ခန်းစာရစေချင်လို့ ဖြစ်ပြီး အပြစ်ပေးချင်တာကြောင့်ပဲ ဖြစ်ပါတယ်။

Photo via IMDb

Odin သာ ဆန္ဒရှိမယ်ဆိုရင် Hel ရှိတဲ့ နေရာတစ်ခုဖြစ်တဲ့ Nifheim နဲ့ Surtur အုပ်ချုပ်တဲ့ လောကတစ်ခုဖြစ်တဲ့ Muspelheim တို့ကို နယ်နှင်ဒဏ်ပေးလို့ရပေမယ့်လည်း ဘာကြောင့် ကမ္ဘာပေါ်ကိုပဲ နယ်နှင်ဒဏ်ပေးခဲ့ရတာလည်း ဆိုပြီး မေးစရာတွေ ဖြစ်လာခဲ့ပါတယ်။ အကြောင်းကတော့ Odin ဟာ Thor ကို ရင့်ကျက်သွားပြီး စစ်သည်တော်တစ်ယောက်ရဲ့ စိတ်ဓာတ်မျိူး ဖြစ်စေချင်တာကြောင့် နယ်နှင်ဒဏ်ပေးခဲ့ပေမယ့်လည်း အဲ့ဒီလောကနှစ်ခုကို လွှတ်လိုက်ရင်တော့ Thor ဟာ သင်ခန်းစာအမှားတွေ ရသွားနိုင်ပြီး သူ့ရဲ့စွမ်းအားတွေကို ပြန်လည်ရရှိဖို့အတွက် ထိုက်တန်မှုမရှိတော့မှာ စိုးရိမ်တာကြောင့်ပဲ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ Thor ကို ကမ္ဘာပေါ်ကို နယ်နှင်ဒဏ်ပေးလိုက်တာဟာ ကြုံရာကျပန်း ရွေးချယ်ခဲ့တာ မဟုတ်ဘဲ Thor အတွက် သင်ယူဖို့ လိုနေသေးတဲ့အရာတွေကို Odin အနေနဲ့ သေချာသိလို့ ကမ္ဘာကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ Thor ရဲ့အကြီးမားဆုံး အားနည်းချက်ကတော့ သူ့ရဲ့အတ္တကြီးမှုနဲ့ စိတ်ကြီးဝင်မှုတို့ ဖြစ်ပြီး သူ့အနေနဲ့ နှိမ့်ချဆက်ဆံတတ်ဖို့အတွက် သင်ယူဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ကမ္ဘာကတော့ အဲ့ဒီသင်ခန်းစာကို သင်ယူဖို့အတွက် အကောင်းဆုံးနေရာတစ်ခု ဖြစ်ပါတယ်။

Photo via IMDb

တစ်ခြားလောကတွေနဲ့ ယှဉ်လိုက်ရင် ကမ္ဘာဟာ တော်တော်လေး ငြိမ်းချမ်းတဲ့ လောကတစ်ခုဖြစ်ပြီး တစ်ခြားလောကတွေဟာ အပြင်လူတွေ ရောက်လာတာကိုလည်း မကြိုက်ကြပါဘူး။ ဒါကြောင့်ပဲ Thor ဟာ ကမ္ဘာပေါ်က သူ့ရဲ့အတွေ့အကြုံတွေကြောင့် သနားကရုဏာစိတ်နဲ့ စာနာစိတ်တို့ကို ခံစားတတ်လာခဲ့ပေမယ့်လည်း နှိမ့်ချခြင်းနဲ့ ပတ်သက်လာရင်တော့  သူ့အတွက် သင်ယူစရာတွေ အများကြီး ကျန်နေပါသေးတယ်။

Thor ဟာ အခုလိုမျိူး ကမ္ဘာပေါ်ကို ရောက်လာတာကြောင့် ဇာတ်လမ်းအရဆိုရင် Avengers တွေနဲ့ တွေ့ပြီး နောက်ပိုင်းမှာ ဇာတ်လမ်းတွေကို ဆက်လက်ဖန်တီးလို့ရအောင် ပြုလုပ်ခဲ့ပေမယ့်လည်း ဒီအချက်ဟာ အကြောင်းပြချက်မရှိဘဲ သပ်သပ်ကြီး ပြုလုပ်ခဲ့တာ မဟုတ်ပါဘူး။ အခုချိန်မှာ Thor ဟာ အရင်လို စိတ်ကြီးဝင်ပြီး အတ္တကြီးတဲ့သူတစ်ယောက် မဟုတ်တော့ပေမယ့်လည်း စိတ်ပိုင်းဆိုင်ရာမှာတော့ နောက်ထပ်အများကြီး သင်ယူဖို့ ကျန်ရှိနေပါသေးတယ်။ ဒါပေမယ့်လည်း အချိန်တွေကြာလာတာနဲ့အမျှ သူဟာ လူသားတွေနဲ့ ရင်းနှီးလာတာကြောင့် တဖြည်းဖြည်းနဲ့ သင်ယူစရာတွေကို ရရှိသွားမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Marvel Cinematic Universe ဟာ Thor ကို ပရိသတ္နဲ႔ ပထမဆုံး မိတ္ဆက္ေပးခဲ့တဲ့အခ်ိန္ကတည္းက ဆိုလို႐ုပ္ရွင္ကို တန္းၿပီးေတာ့ ႐ိုက္ကူးခဲ့ပါတယ္။ အဲ့ဒီဇာတ္ကားထဲမွာေတာ့ Odin ဟာ Thor ကို Asgard ကေန ကမာၻေပၚကို နယ္ႏွင္ဒဏ္ေပးခဲ့ပါတယ္။ ဒါနဲ႔ပတ္သက္ၿပီး MCU မွာ ၿဂိဳဟ္ေတြ၊ universe ေတြ အမ်ားႀကီးရွိတာေတာင္ ဘာေၾကာင့္ ကမာၻေပၚကို နယ္ႏွင္ဒဏ္ေပးခံခဲ့ရတာလည္းဆိုတဲ့ ေမးခြန္းတစ္ခု ရွိလာပါတယ္။ ဒါ့အျပင္ Thor ဟာ ကမာၻေပၚက လူတစ္ေယာက္မဟုတ္ေပမယ့္လည္း MCU ရဲ႕႐ုပ္ရွင္အမ်ားစုမွာေတာ့ သူဟာ ကမာၻေပၚမွာပဲ အခ်ိန္ေတြ ကုန္ဆုံးၿပီး ေနထိုင္ေနတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။

Odin ဟာ Thor ကို အခုလိုမ်ိဴး နယ္ႏွင္ဒဏ္ေပးလိုက္ရတဲ့ အေၾကာင္းရင္းကေတာ့ Thor ရဲ႕စြမ္းအားေတြေၾကာင့္ဆိုတာထက္ မရင့္က်က္ေသးဘဲ စိတ္ႀကီးဝင္ေနတဲ့အျပင္ အေျမာ္အျမင္ မရွိတာေတြေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Odin ဟာ သူ႔ရဲ႕စြမ္းအားကို ေဖ်ာက္ပစ္ခဲ့ၿပီး Mjolnir နဲ႔အတူ ေသမ်ိဴးတစ္ေယာက္အေနနဲ႔ ကမာၻေပၚကို နယ္ႏွင္ဒဏ္ေပးခဲ့ပါတယ္။ သူ႔ရဲ႕စြမ္းအားေတြနဲ႔ ထိုက္တန္တဲ့အခ်ိန္က်မွ Mjolnir ကိုလည္း ျပန္မ,ႏိုင္ၿပီး စြမ္းအားေတြကိုပါ ျပန္လည္ရရွိေအာင္ ျပဳလုပ္ခဲ့ပါတယ္။

Photo via IMDb

႐ုပ္ရွင္ထဲမွာလည္း Thor ဟာ ေလာကကိုးခုကို ဆက္သြယ္ထားတဲ့ သစ္ပင္ျဖစ္တဲ့ Yggdrasil အေၾကာင္းနဲ႔ ေလာကကိုးခုအေၾကာင္းကို ေျပာခဲ့ပါတယ္။ အဲ့ဒီေလာကကိုးခုဟာ တစ္သီးတစ္ျခားဆီ ျဖစ္ေနၾကၿပီးေတာ့ Yggdrasil က ဆက္သြယ္ေပးထားတာ ျဖစ္ပါတယ္။

အဲ့ဒီေလာကေတြကေတာ့ Thor ရဲ႕ ေနထိုင္ရာျဖစ္တဲ့ Asgard ၊ ပုံမွန္လူေတြ ေနထိုင္တဲ့ Midgard (Earth) ၊ Frost Giant ေတြ ေနထိုင္တဲ့ Jotunheim ၊ Dark elve ေတြ ေနထိုင္တဲ့ Svartalfheim ၊ နတ္ဘုရားမ်ိဴးႏြယ္ေတြ ေနထိုင္တဲ့ Vanheim ၊ Dwarve ေတြ ေနထိုင္တဲ့ Nidavellir ၊ Hel ရွိတဲ့ေနရာတစ္ခုျဖစ္တဲ့ Nifheim ၊ Surtur အုပ္ခ်ဳပ္တဲ့ ေလာကတစ္ခုျဖစ္တဲ့ Muspelheim နဲ႔ MCU ထဲမွာ မျပေသးတဲ့ Alfheim ဆိုတာေတြပဲ ျဖစ္ပါတယ္။ Thor ကို နယ္ႏွင္ဒဏ္ေပးလိုက္တဲ့ Odin ရဲ႕ရည္႐ြယ္ခ်က္ကေတာ့ သူ႔ရဲ႕လုပ္ရပ္ေတြအတြက္ သင္ခန္းစာရေစခ်င္လို႔ ျဖစ္ၿပီး အျပစ္ေပးခ်င္တာေၾကာင့္ပဲ ျဖစ္ပါတယ္။

Photo via IMDb

Odin သာ ဆႏၵရွိမယ္ဆိုရင္ Hel ရွိတဲ့ ေနရာတစ္ခုျဖစ္တဲ့ Nifheim နဲ႔ Surtur အုပ္ခ်ဳပ္တဲ့ ေလာကတစ္ခုျဖစ္တဲ့ Muspelheim တို႔ကို နယ္ႏွင္ဒဏ္ေပးလို႔ရေပမယ့္လည္း ဘာေၾကာင့္ ကမာၻေပၚကိုပဲ နယ္ႏွင္ဒဏ္ေပးခဲ့ရတာလည္း ဆိုၿပီး ေမးစရာေတြ ျဖစ္လာခဲ့ပါတယ္။ အေၾကာင္းကေတာ့ Odin ဟာ Thor ကို ရင့္က်က္သြားၿပီး စစ္သည္ေတာ္တစ္ေယာက္ရဲ႕ စိတ္ဓာတ္မ်ိဴး ျဖစ္ေစခ်င္တာေၾကာင့္ နယ္ႏွင္ဒဏ္ေပးခဲ့ေပမယ့္လည္း အဲ့ဒီေလာကႏွစ္ခုကို လႊတ္လိုက္ရင္ေတာ့ Thor ဟာ သင္ခန္းစာအမွားေတြ ရသြားႏိုင္ၿပီး သူ႔ရဲ႕စြမ္းအားေတြကို ျပန္လည္ရရွိဖို႔အတြက္ ထိုက္တန္မႈမရွိေတာ့မွာ စိုးရိမ္တာေၾကာင့္ပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္ပဲ Thor ကို ကမာၻေပၚကို နယ္ႏွင္ဒဏ္ေပးလိုက္တာဟာ ႀကဳံရာက်ပန္း ေ႐ြးခ်ယ္ခဲ့တာ မဟုတ္ဘဲ Thor အတြက္ သင္ယူဖို႔ လိုေနေသးတဲ့အရာေတြကို Odin အေနနဲ႔ ေသခ်ာသိလို႔ ကမာၻကို ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။ Thor ရဲ႕အႀကီးမားဆုံး အားနည္းခ်က္ကေတာ့ သူ႔ရဲ႕အတၱႀကီးမႈနဲ႔ စိတ္ႀကီးဝင္မႈတို႔ ျဖစ္ၿပီး သူ႔အေနနဲ႔ ႏွိမ့္ခ်ဆက္ဆံတတ္ဖို႔အတြက္ သင္ယူဖို႔ လိုအပ္ေနတာ ျဖစ္ပါတယ္။ ကမာၻကေတာ့ အဲ့ဒီသင္ခန္းစာကို သင္ယူဖို႔အတြက္ အေကာင္းဆုံးေနရာတစ္ခု ျဖစ္ပါတယ္။

Photo via IMDb

တစ္ျခားေလာကေတြနဲ႔ ယွဥ္လိုက္ရင္ ကမာၻဟာ ေတာ္ေတာ္ေလး ၿငိမ္းခ်မ္းတဲ့ ေလာကတစ္ခုျဖစ္ၿပီး တစ္ျခားေလာကေတြဟာ အျပင္လူေတြ ေရာက္လာတာကိုလည္း မႀကိဳက္ၾကပါဘူး။ ဒါေၾကာင့္ပဲ Thor ဟာ ကမာၻေပၚက သူ႔ရဲ႕အေတြ႕အႀကဳံေတြေၾကာင့္ သနားက႐ုဏာစိတ္နဲ႔ စာနာစိတ္တို႔ကို ခံစားတတ္လာခဲ့ေပမယ့္လည္း ႏွိမ့္ခ်ျခင္းနဲ႔ ပတ္သက္လာရင္ေတာ့  သူ႔အတြက္ သင္ယူစရာေတြ အမ်ားႀကီး က်န္ေနပါေသးတယ္။

Thor ဟာ အခုလိုမ်ိဴး ကမာၻေပၚကို ေရာက္လာတာေၾကာင့္ ဇာတ္လမ္းအရဆိုရင္ Avengers ေတြနဲ႔ ေတြ႕ၿပီး ေနာက္ပိုင္းမွာ ဇာတ္လမ္းေတြကို ဆက္လက္ဖန္တီးလို႔ရေအာင္ ျပဳလုပ္ခဲ့ေပမယ့္လည္း ဒီအခ်က္ဟာ အေၾကာင္းျပခ်က္မရွိဘဲ သပ္သပ္ႀကီး ျပဳလုပ္ခဲ့တာ မဟုတ္ပါဘူး။ အခုခ်ိန္မွာ Thor ဟာ အရင္လို စိတ္ႀကီးဝင္ၿပီး အတၱႀကီးတဲ့သူတစ္ေယာက္ မဟုတ္ေတာ့ေပမယ့္လည္း စိတ္ပိုင္းဆိုင္ရာမွာေတာ့ ေနာက္ထပ္အမ်ားႀကီး သင္ယူဖို႔ က်န္ရွိေနပါေသးတယ္။ ဒါေပမယ့္လည္း အခ်ိန္ေတြၾကာလာတာနဲ႔အမွ် သူဟာ လူသားေတြနဲ႔ ရင္းႏွီးလာတာေၾကာင့္ တျဖည္းျဖည္းနဲ႔ သင္ယူစရာေတြကို ရရွိသြားမွာ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular