HomeCharacterMarvel Universe ထဲက အချမ်းသာဆုံး ဇာတ်ကောင်များ
Marvel Universe ထဲက အချမ်းသာဆုံး ဇာတ်ကောင်များ
အောက်တွင် ဇော်ဂျီဖြင့် ဖတ်ပါ။
ငွေကြေးချမ်းသာမှုတို့၊ ပိုက်ဆံတို့ဆိုတာဟာ အပြင်လောကမှာတင် အရေးကြီးတာ မဟုတ်ပါဘူး။ ကောမစ်ထဲက ဟီးရိုးတွေ၊ ဗီလိန်တွေအတွက်လည်း အရေးပါပါတယ်။ အခုဖော်ပြပေးချင်တာကတော့ ပိုက်ဆံဆိုတာကို ဂရုစိုက်စရာကို မလိုတဲ့ Marvel Universe ထဲက အချမ်းသာဆုံးသော ကာရိုက်တာတွေအကြောင်း ဖြစ်ပါတယ်။ ဘယ်သူက အချမ်းသာဆုံး ဖြစ်နေမလည်းဆိုတာ ကြည့်လိုက်ကြရအောင်။
(7) EMMA FROST
photo via cbr
Emma Frost ဟာ သန္ဓေပြောင်းလူသားဖြစ်ရုံသာမက ဘီလျံနာတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ ကြွယ်ဝမှုကတော့ ခန့်မှန်းချေ ဒေါ်လာ(၁၁)ဘီလျံလောက် ချမ်းသာပါတယ်။ သူမဟာ အဲ့ဒီပိုက်ဆံတွေကို ကုမ္ပဏီတွေတော်တော်များများမှာ ရင်းနှီးမြှပ်နှံထားတာ ဖြစ်ပါတယ်။ စိတ်စွမ်းအားရှိသူ တစ်ယောက်ပီပီ စီးပွားရေးနဲ့ ပတ်သက်တဲ့ အပေးအယူ၊ ညှိနှိုင်းမှုတွေဆိုရင်လည်း သူမရဲ့အစွမ်းနဲ့ လွယ်လွယ်ကူကူ ဖြေရှင်းနိုင်ပါသေးတယ်။ ဒါ့အပြင် သူမဟာ သူ့ကိုယ်သူ စိန်အဖြစ် ပြောင်းနိုင်စွမ်းလည်း ရှိတာကြောင့် သူမရဲ့ခန္ဓာကိုယ်ကြီးကလည်း အဖိုးတန်နေပါသေးတယ်။
(6) REED RICHARDS
photo via cbr
Reed Richards ကတော့ Fantastic Four ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ပြီး Marvel universe မှာ IQ အမြင့်ဆုံးသူတစ်ယောက် ဖြစ်ပါတယ်။ Fantastic Four အဖွဲ့ ချမ်းသာနေရတဲ့အကြောင်းရင်းဟာ Reed Richards ကြောင့်လို့ ပြောရင်လည်း မမှားပါဘူး။ Fantastic Four အဖွဲ့ဟာ အရာအားလုံးကို ဆုံးရှုံးရတော့မလို ဖြစ်ခဲ့တဲ့အကြိမ်တွေ များစွာရှိခဲ့ပြီး Reed Richards ရဲ့ ဉာဏ်ကောင်းမှုတွေကြောင့်သာ အဆင်ပြေနိုင်ခဲ့တာ ဖြစ်ပါတယ်။ Reed Richards ဟာ တီထွင်ဖန်တီးမှုပေါင်းများစွာကို ပြုလုပ်နိုင်ပြီး တီထွင်မှုတစ်ခု အောင်မြင်သွားတိုင်းမှာ ပိုက်ဆံအမြောက်အများ ရရှိသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ကြွယ်ဝချမ်းသာမှုကတော့ ဒေါ်လာ(၁၂)ဘီလျံလောက် ရှိပါတယ်။
(5) WILSON FISK
photo via cbr
Kingpin လို့ပြောလိုက်ရင်တော့ အများစုဟာ လူကောင်ခပ်ထွားထွားနဲ့ ဗီလိန်ကြီးကို ပြေးမြင်ကြမှာပါ။ သူ့ရဲ့နာမည်အရင်းဟာ Wilson Fisk ဖြစ်ပြီးတော့ သူဟာ ဒုစရိုက်မှုပေါင်းများစွာကနေ ပိုက်ဆံတွေ ရနေတဲ့ ဗီလိန်တစ်ယောက် ဖြစ်ပါတယ်။ သူဟာ ငယ်ဘဝမှာ ဆင်းရဲတဲ့မိသားစုတစ်ခုကနေ ပေါက်ဖွားလာတာ ဖြစ်ပေမယ့် Marvel Universe ရဲ့ အချမ်းသာဆုံးစာရင်းမှာ နံပါတ်(၅)နေရာမှာ ရပ်တည်နိုင်တဲ့ လူတစ်ယောက် ဖြစ်နေပါပြီ။ သူ့ရဲ့ချမ်းသာမှုဟာ ဒေါ်လာ(၄၀)ဘီလျံ ရှိပါတယ်။
(4) TONY STARK
photo via cbr
Tony Stark ဟာ Stark Enterprises ကို အမွေဆက်ခံထားသူတစ်ယောက် ဖြစ်ပြီး သူ့ဘဝတစ်လျှောက် အနိမ့်အမြင့်များစွာကို ကြုံခဲ့ရပေမယ့် မိသားစုစီးပွားရေးကိုတော့ ဟန်မပျက် ထိန်းသိမ်းထားနိုင်ခဲ့သူ ဖြစ်ပါတယ်။ Stark Enterprises ဟာ ကနဦးတုန်းကတော့ လက်နက်တွေ ဖန်တီးထုတ်လုပ်ဖို့ ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာမှ Tony Stark က အသိတရားရသွားပြီး လက်နက်တွေ ထုတ်လုပ်တာကို ရပ်ဆိုင်းလိုက်ကာ အများအကျိူးဖြစ်စေမယ့် အရာတွေကိုပဲ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့တီထွင်ဖန်တီးမှုတွေကြောင့်လည်း ဒေါ်လာ(၈၀)ဘီလျံလောက် ချမ်းသာကြွယ်ဝနေတာ ဖြစ်ပါတယ်။
(3) DOCTOR DOOM
photo via cbr
Doctor Doom ဟာ Fantastic Four ရဲ့ စူပါဗီလိန်တစ်ယောက်ဖြစ်တဲ့အပြင် Latveria ဆိုတဲ့ နိုင်ငံရဲ့ အုပ်ချုပ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ Doctor Doom ဟာ သူ့ရဲ့တိုင်းသူပြည်သားတွေအပေါ်မှာတော့ အုပ်ချုပ်သူကောင်းတစ်ယောက်ဖြစ်ပြီး ပြည်သူပြည်သားတွေထဲက ဘယ်သူမှ ဆာလောင်ပြီး နေရတယ်ဆိုတာ မရှိဘဲ သာယာနေအောင် အုပ်ချုပ်ထားနိုင်သူတစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သူ့ရဲ့ပြည်သူပြည်သားတွေဟာ သူ့ကိုချစ်ခင်ကြပြီး သူဟာလည်း ပြည်သူတွေအတွက်ဆို သူ့ရဲ့ချမ်းသာမှုတွေထဲကနေတောင် အကုန်ကျခံနိုင်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ကြွယ်ဝချမ်းသာမှုကတော့ ဒေါ်လာ(၁၀၀)ဘီလျံလောက် ရှိပါတယ်။
(2) NAMOR
photo via cbr
Namor ဟာ သမုဒ္ဒရာတွေကို ပိုင်စိုးတဲ့ အတ္တလန်တစ်ရဲ့ မင်းသားတစ်ပါး ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ ဘယ်လူသားမှ မရောက်ပေါက်နိုင်တဲ့ ရေအနက်ထဲက နစ်မြုပ်နေတဲ့ ရတနာတွေအကုန်လုံးကို ပိုင်ဆိုင်ပါတယ်။ ဒါ့အပြင် သူဟာ အမေရိကန်မှာရှိတဲ့ Oracle Inc ကုမ္ပဏီရဲ့ ပိုင်ရှင်လည်း ဟုတ်ပါသေးတယ်။ သူ့ရဲ့ပိုင်ဆိုင်မှုတွေဟာ တော်တော်လေးကို များပြားပြီးတော့ ခန့်မှန်းချေ ဒေါ်လာ(၂၆၀)ဘီလျံလောက် ရှိပါတယ်။
(1) BLACK PANTHER
photo via cbr
T’Challa ဟာ ကမ္ဘာပေါ်က နည်းပညာအထွန်းကားဆုံးနိုင်ငံရဲ့ ဘုရင်တစ်ပါး ဖြစ်ပါတယ်။ ဒါ့အပြင် သူ့တိုင်းပြည်ရဲ့ အဖိုးတန်နည်းပညာတွေနဲ့ vibranium တွေကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်လည်း ဖြစ်ပါတယ်။ အဲ့ဒီအရာတွေကပဲ သူ့ရဲ့နိုင်ငံကို ကမ္ဘာပေါ်မှာ အချမ်းသာဆုံး နိုင်ငံတစ်ခုဖြစ်အောင် ပြုလုပ်ပေးထားတာ ဖြစ်ပြီး သူကတော့ နိုင်ငံတစ်ခုလုံးကို ပိုင်ဆိုင်တဲ့ဘုရင် ဖြစ်တဲ့အတွက် သူ့ရဲ့ချမ်းသာမှုကတော့ ခန့်မှန်းချေ ဒေါ်လာ(၉၀.၇)တြီလျံလောက် ရှိပါတယ်။
Lego Les
(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)
(Zawgyi version)
(7) EMMA FROST
photo via cbr
(6) REED RICHARDS
photo via cbr
(5) WILSON FISK
photo via cbr
(4) TONY STARK
photo via cbr
(3) DOCTOR DOOM
photo via cbr
(2) NAMOR
photo via cbr
(1) BLACK PANTHER
photo via cbr
Lego Les
RELATED ARTICLES
Most Popular