HomeEntertainmentFilmThe Rings of Power ထဲမှာ Orc တွေဟာ ဘာကြောင့် နေရောင်မခံနိုင်ကြတာလဲ?

The Rings of Power ထဲမှာ Orc တွေဟာ ဘာကြောင့် နေရောင်မခံနိုင်ကြတာလဲ?

Lord of the Rings: The Rings of Power ဇာတ်လမ်းတွဲကတော့ လောလောဆယ်မှာ အပိုင်း(၃)ပိုင်း ထွက်ရှိထားပါတယ်။ နောက်ဆုံး ထွက်ရှိထားတဲ့ အပိုင်း(၃)ထဲမှာတော့ လူတိုင်းက မရှိတော့ဘူးလို့ ယူဆထားတဲ့ Orc တွေကို မြင်တွေ့ခဲ့ရပါတယ်။ သူတို့ဟာ မြေအောက်ထဲမှာ လိုဏ်ခေါင်းတွေတူးပြီး လူပေါင်းများစွာနဲ့ Elf တွေကိုပါ ဖမ်းဆီးထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းတွဲထဲက Orc တွေဟာ နေရောင်နဲ့ အထိမခံနိုင်တာကိုလည်း တွေ့ရပါတယ်။

စာရေးဆရာ J.R.R. Tolkien ရဲ့ စာအုပ်တွေထဲမှာလည်း Orc တွေရဲ့ Origin ကို သေချာမဖော်ပြထားဘဲ Origin နှစ်ခု ရှိနေပါတယ်။ ပထမတစ်ခုကတော့ Orc တွေဟာ ကျောက်တုံးတွေနဲ့ Slime တွေကနေ မွေးဖွားလာတယ်လို့ ဆိုထားပြီး ဒုတိယတစ်ခုကတော့ ဖမ်းဆီးချုပ်နှောင်ခံလိုက်ရတဲ့ Elf သို့မဟုတ် လူသားတွေဟာ ကြမ်းတမ်းဆိုးရွားစွာ ပုံစံပြောင်းခံလိုက်ရရာက Orc တွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Morgoth ဟာ သူ့ရဲ့ဆိုးယုတ်ညစ်ထေးမှုတွေနဲ့ နာကျင်မှုတွေကို ထည့်သွင်းပြီး Orc တွေ ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။

photo via screenrant

Orc တွေဟာ နေရောင်ကို မနှစ်သက်ကြတဲ့ အကြောင်းရင်းကတော့ သူတို့ကို ဖန်တီးခဲ့တဲ့အချိန်နဲ့ ပတ်သက်နေပါတယ်။ Morgoth ဟာ Middle-Earth ကို အမှောင်ထု လွှမ်းမိုးနေတဲ့အချိန်မှာ Orc တွေကို ဖန်တီးခဲ့တာ ဖြစ်ပြီး အဲဒီအချိန်မှာတော့ Valinor မှာရှိတဲ့ သစ်ပင်နှစ်ပင်ရဲ့ အလင်းရောင်ဟာ Middle-Earth အထိ မရောက်နိုင်ခဲ့ပါဘူး။ ဒါကြောင့်ပဲ Orc တွေဟာ အမှောင်ထုထဲမှာ မွေးဖွားလာခဲ့ကြပြီး Middle-Earth မှာ ပထမဆုံးအကြိမ် နေရောင်ထွက်လာတဲ့ အချိန်မှာတော့ အမှောင်ထဲမှာ နှစ်ပေါင်းများစွာ နေလာကြတဲ့ Orc တွေဟာ လောင်ကျွမ်းကုန်ကြပြီး အမြင်အာရုံတွေလည်း ဆုံးရှုံးကုန်ကြပါတယ်။

စာရေးဆရာကြီး J.R.R. Tolkien ရဲ့ စာအုပ်တွေထဲမှာတော့ Orc တွေဟာ နေရောင်ထဲမှာ သွားလာနိုင်ကြပေမယ့်လည်း အမှောင်ထုကိုတော့ ကြိုက်နှစ်သက်တုန်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း The Rings of Power ထဲက Orc တွေကတော့ LOTR ထဲက Orc တွေထက်ပိုပြီး နေရောင်ကို မနှစ်မြို့ကြတာကို တွေ့ခဲ့ရပါတယ်။ အပိုင်း(၃)ထဲမှာတော့ Orc တွေဟာ ဝတ်ရုံတွေ ခြုံထားကြပြီး နေရောင်ကို တိုက်ရိုက်ထိတွေ့တဲ့ အချိန်မှာတော့ လောင်ကျွမ်းလုနီးပါး ဖြစ်သွားကြပါတယ်။

photo via screenrant

ဒါပေမယ့်လည်း The Lord of the Rings ထဲမှာတော့ Orc တွေဟာ နေရောင်ထဲမှာ သွားလာနိုင်တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် Orc တွေဟာ အလင်းရောင်တိုင်းကို မကြိုက်ကြတာတော့ မဟုတ်ကြပါဘူး။ ဆရာကြီး J.R.R. Tolkien ရဲ့ စာအုပ်တွေထဲမှာတော့ Orc တွေဟာ မီးတုတ်တွေကိုလည်း ကိုင်ဆောင်ခဲ့ဖူးပါတယ်။ သူတို့တွေဟာ နေရဲ့ သန့်စင်တဲ့ အလင်းနဲ့ Valinor ရဲ့ အလင်းရောင်တို့လို Pure Light တွေကိုပဲ မကြိုက်ကြတာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular