HomeEntertainmentFilmပထမဆုံးထွေလာ ထွက်ရှိလာတဲ့ The Rock ရဲ့ Black Adam ရုပ်ရှင်

ပထမဆုံးထွေလာ ထွက်ရှိလာတဲ့ The Rock ရဲ့ Black Adam ရုပ်ရှင်

Dwayne Johnson သရုပ်ဆောင်ထားတဲ့ Black Adam ရုပ်ရှင်ရဲ့ ထွေလာအသစ်ကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာပါတယ်။ Black Adam ရုပ်ရှင်ဟာ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ DCEU ရုပ်ရှင်တစ်ကား ဖြစ်ပြီး ယခုထွက်ရှိလာတဲ့ ထွေလာကို ကြည့်လိုက်ရုံနဲ့တင် Black Adam က ဘယ်လောက်ထိ စွမ်းအားကြီးမားတယ်ဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Black Adam ရဲ့ Origin ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Justice Society of America အဖွဲ့ဝင်တွေလည်း ပါဝင်လာမှာ ဖြစ်ပြီး Atom Smasher နေရာမှာတော့ Noah Centineo ၊ Hawkman နေရာမှာတော့ Aldis Hodge ၊ Cyclone နေရာမှာတော့ Quintessa Swindell နဲ့ Doctor Fate နေရာမှာတော့ Pierce Brosnan တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

Warner Bros. စတူဒီယိုဟာ ဒီရုပ်ရှင်အတွက် ပထမဆုံး Official ထွေလာကို ထုတ်ပေးလိုက်ပါတယ်။ ဒီထွေလာထဲမှာတော့ Black Adam ရဲ့အတိတ်ကို အနည်းငယ် ပြသသွားပြီး ဖမ်းဆီးခံထားရာကနေ လွတ်မြောက်လာတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် Justice Society of America အဖွဲ့ဝင်တွေနဲ့ Black Adam တို့ကလည်း တိုက်ခိုက်တော့မယ့်ပုံစံကို မြင်တွေ့ခဲ့ရပါတယ်။

Black Adam ကတော့ Anti-Hero တစ်ယောက် ဖြစ်ပြီး ဒီရုပ်ရှင်ထဲမှာတော့ သူဟာ Justice Society of America အဖွဲ့နဲ့သာမက အစိုးရနဲ့ပါ ထိပ်တိုက်တွေ့နေတာကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ဘာကြောင့် Black Adam ဟာ ဒီလိုရင်ဆိုင်နေရတယ် ဆိုတာကိုတော့ မပြသသွားပါဘူး။ ဒါတင်မကသေးဘဲ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Hawkman ဟာ “စူပါဟီးရိုးတွေက လူမသတ်ဘူး” လို့ပြောသွားပြီး Black Adam ကတော့ “ငါကတော့ သတ်တယ်” ဆိုပြီး ပြန်လည်ချေပလိုက်ပါတယ်။ ဒါကြောင့်ပဲ လာမယ့် အောက်တိုဘာလ (၂၁)ရက်နေ့မှာ ထွက်ရှိလာမယ့် Black Adam ရုပ်ရှင်ကတော့ သေချာပေါက် ပရိသတ်တွေ မျှော်လင့်ထားသလို ဖြစ်လာမယ်လို့ ယုံကြည်ရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular