HomeCelebs Update NewsInternationalBlack Adam ရုပ်ရှင်ထဲမှာ Henry Cavill ရဲ့ Superman ကို ပါစေချင်တယ်ဆိုတဲ့ The Rock 

Black Adam ရုပ်ရှင်ထဲမှာ Henry Cavill ရဲ့ Superman ကို ပါစေချင်တယ်ဆိုတဲ့ The Rock 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Black Adam ရုပ်ရှင်ဇာတ်ကားထဲမှာ anti-hero Black Adam အဖြစ် ပါဝင်သရုပ်ဆောင်မယ့် မင်းသား The Rock တဖြစ်လည်း Dwayne Johnson ကတော့ ဒီဇာတ်ကားထဲမှာ Henry Cavill ရဲ့ Superman ကို ပါဝင်စေချင်တယ်လို့ ပြောလာပါတယ်။

တကယ်တော့ The Rock ဟာ နာမည်ကြီး DC ကောမစ်ကာရိုက်တာ Black Adam အဖြစ် ရွေးချယ်ခံထားရတာ ၂၀၀၇ ခုနှစ်လောက်တည်းက ဖြစ်ပါတယ်။ သို့သော်လည်း Man of Steel ရုပ်ရှင်ကို ထုတ်လုပ်ပြီး DC Extended Universe က အရှိန်ကောင်းလာတဲ့အချိန် ၂၀၁၄ ခုနှစ်လောက်မှသာ Black Adam ကို ရိုက်ကူးမယ့်အကြောင်း တရားဝင် ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီလိုနဲ့ ၂၀၁၉ ခုနှစ်မှာ Shazam ရုပ်ရှင်ကို ထွက်ရှိအပြီးမှာတော့ Black Adam ရဲ့ ထုတ်လုပ်ရေးကိုလည်း အရှိန်မြင့်တင်ခဲ့ပါတယ်။ အကြောင်းကတော့ Shazam 2 နဲ့ Black Adam ကို ပြိုင်တူ ထွက်ရှိပြီး ပရိသတ်တွေကြားမှာ ပေါ်ပြူလာ ဖြစ်စေချင်တာကြောင့် ဖြစ်ပါတယ်။

Photo via IMDb

The Rock ဟာ မင်းသား Henry Cavill နဲ့လည်း ခင်မင်ရင်းနှီးသူ ဖြစ်တာနဲ့အညီ သူ့ရဲ့ Black Adam ရုပ်ရှင်ထဲမှာလည်း Henry ရဲ့ Superman ပါဝင်ဖို့ကို အမြဲတမ်း စိတ်ကူးယဉ်ခဲ့တယ်လို့ ဆိုပါတယ်။ မကြာသေးခင်ကပဲ တွစ်တာလူမှုကွန်ယက်ပေါ်က User တစ်ဦးဟာ Black Adam ကောမစ်စာအုပ်ထဲက Black Adam နဲ့ Superman ရဲ့ တွေ့ဆုံခန်းကို ဓာတ်ပုံရိုက်ပြီး The Rock အနေနဲ့ Henry ကို Superman အဖြစ် ပါဝင်လာစေဖို့ ဖုန်းဆက်ပြောလိုက်ပါလို့ ပို့စ်မှာ ရေးသားထားပါတယ်။

အဆိုပါပို့စ်ကို The Rock က retweet ပြန်လုပ်ထားပြီး ဒီ DC ဇာတ်ကောင်နှစ်ယောက်စလုံးကို အခုလို ဆုံတွေ့လာစေဖို့ အမြဲတမ်း တွေးဆမြင်ယောင်ကြည့်ခဲ့ပြီး ပို့စ်ပိုင်ရှင်ရဲ့ အိုင်ဒီယာကိုလည်း ကြိုက်နှစ်သက်ပါတယ်လို့ ပြောထားပါတယ်။

Photo: therock/ twitter

တကယ်တော့ The Rock အနေနဲ့ သူ့ရဲ့ Black Adam ရုပ်ရှင်မှာ Henry Cavill ရဲ့ Superman ကို ပါဝင်လာဖို့ ပြောဆိုခဲ့တာ အခုတစ်ခါက ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ The Rock ဟာ Henry အနေနဲ့ Superman ကာရိုက်တာကို ပြန်လာဖို့ အခိုင်အမာ အားပေးတိုက်တွန်းခဲ့သူလည်း ဖြစ်ပါတယ်။

ဒါတင်မက Warner Brothers (WB) စတူဒီယိုရဲ့ အကြီးအကဲတွေနဲ့ပါ သွားရောက် တွေ့ဆုံပြီး Henry ရဲ့ Superman ကို ပြန်ခေါ်ပေးဖို့ တောင်းဆိုခဲ့တဲ့ သာဓကတွေလည်း ရှိပါသေးတယ်။ တကယ်လို့ Henry ကို ဇာတ်ကားတစ်ခုစာ ခေါ်လို့မရရင်တောင် သူ့ရဲ့ Black Adam ထဲမှာတော့ ဧည့်သည်သရုပ်ဆောင်လောက် ဖြစ်ဖြစ် ပါဝင်လာစေဖို့ WB ကို ပူဆာခဲ့ပါသေးတယ်။

Photo via IMDb

The Rock ဟာ သူ့ရဲ့ အတွေးအမြင်တွေကို အမြဲတမ်း ထုတ်ဖော်ပြောကြားတတ်သူ ဖြစ်တာနဲ့အညီ ယခုအသစ်ထွက်ရှိလာမယ့် Black Adam ရုပ်ရှင်ဟာလည်း WB ရဲ့ ပရောဂျက်ကြီးတစ်ခု ဖြစ်တာကြောင့် သူ့အနေနဲ့ ပါဝါတစ်ခုရှိနေပါတယ်။ တကယ်လို့ The Rock ကလည်း ဒီလိုပဲ ဆက်တိုက် ထုတ်ပြောနေပြီး ပရိသတ်တွေကလည်း ဝိုင်းဝန်းတောင်းဆိုကြမယ်၊ ကာယကံရှင်ဖြစ်တဲ့ သရုပ်ဆောင်ဘက်ကလည်း စိတ်ဆန္ဒရှိဦးမယ်ဆိုရင်တော့ ဒီကိစ္စဟာ တကယ်လည်း ဖြစ်လာနိုင်နေပါတယ်။

Glasgow

Source: screenrant

(Zawgyi Version)

Black Adam ႐ုပ္ရွင္ဇာတ္ကားထဲမွာ anti-hero Black Adam အျဖစ္ ပါဝင္သ႐ုပ္ေဆာင္မယ့္ မင္းသား The Rock တျဖစ္လည္း Dwayne Johnson ကေတာ့ ဒီဇာတ္ကားထဲမွာ Henry Cavill ရဲ့ Superman ကို ပါဝင္ေစခ်င္တယ္လို႔ ေျပာလာပါတယ္။

တကယ္ေတာ့ The Rock ဟာ နာမည္ႀကီး DC ေကာမစ္ကာရိုက္တာ Black Adam အျဖစ္ ေရြးခ်ယ္ခံထားရတာ ၂၀၀၇ ခုႏွစ္ေလာက္တည္းက ျဖစ္ပါတယ္။ သို႔ေသာ္လည္း Man of Steel ႐ုပ္ရွင္ကို ထုတ္လုပ္ၿပီး DC Extended Universe က အရွိန္ေကာင္းလာတဲ့အခ်ိန္ ၂၀၁၄ ခုႏွစ္ေလာက္မွသာ Black Adam ကို ရိုက္ကူးမယ့္အေၾကာင္း တရားဝင္ ထုတ္ေျပာခဲ့တာ ျဖစ္ပါတယ္။

ဒီလိုနဲ႔ ၂၀၁၉ ခုႏွစ္မွာ Shazam ႐ုပ္ရွင္ကို ထြက္ရွိအၿပီးမွာေတာ့ Black Adam ရဲ့ ထုတ္လုပ္ေရးကိုလည္း အရွိန္ျမင့္တင္ခဲ့ပါတယ္။ အေၾကာင္းကေတာ့ Shazam 2 နဲ႔ Black Adam ကို ၿပိဳင္တူ ထြက္ရွိၿပီး ပရိသတ္ေတြၾကားမွာ ေပၚျပဴလာ ျဖစ္ေစခ်င္တာေၾကာင့္ ျဖစ္ပါတယ္။

Photo via IMDb

The Rock ဟာ မင္းသား Henry Cavill နဲ႔လည္း ခင္မင္ရင္းႏွီးသူ ျဖစ္တာနဲ႔အညီ သူ႔ရဲ့ Black Adam ႐ုပ္ရွင္ထဲမွာလည္း Henry ရဲ့ Superman ပါဝင္ဖို႔ကို အျမဲတမ္း စိတ္ကူးယဥ္ခဲ့တယ္လို႔ ဆိုပါတယ္။ မၾကာေသးခင္ကပဲ တြစ္တာလူမွုကြန္ယက္ေပၚက User တစ္ဦးဟာ Black Adam ေကာမစ္စာအုပ္ထဲက Black Adam နဲ႔ Superman ရဲ့ ေတြ႕ဆုံခန္းကို ဓာတ္ပုံရိုက္ၿပီး The Rock အေနနဲ႔ Henry ကို Superman အျဖစ္ ပါဝင္လာေစဖို႔ ဖုန္းဆက္ေျပာလိုက္ပါလို႔ ပို႔စ္မွာ ေရးသားထားပါတယ္။

အဆိုပါပို႔စ္ကို The Rock က retweet ျပန္လုပ္ထားၿပီး ဒီ DC ဇာတ္ေကာင္ႏွစ္ေယာက္စလုံးကို အခုလို ဆုံေတြ႕လာေစဖို႔ အျမဲတမ္း ေတြးဆျမင္ေယာင္ၾကည့္ခဲ့ၿပီး ပို႔စ္ပိုင္ရွင္ရဲ့ အိုင္ဒီယာကိုလည္း ႀကိဳက္ႏွစ္သက္ပါတယ္လို႔ ေျပာထားပါတယ္။

Photo: therock/ twitter

တကယ္ေတာ့ The Rock အေနနဲ႔ သူ႔ရဲ့ Black Adam ႐ုပ္ရွင္မွာ Henry Cavill ရဲ့ Superman ကို ပါဝင္လာဖို႔ ေျပာဆိုခဲ့တာ အခုတစ္ခါက ပထမဆုံးအႀကိမ္ မဟုတ္ပါဘူး။ The Rock ဟာ Henry အေနနဲ႔ Superman ကာရိုက္တာကို ျပန္လာဖို႔ အခိုင္အမာ အားေပးတိုက္တြန္းခဲ့သူလည္း ျဖစ္ပါတယ္။

ဒါတင္မက Warner Brothers (WB) စတူဒီယိုရဲ့ အႀကီးအကဲေတြနဲ႔ပါ သြားေရာက္ ေတြ႕ဆုံၿပီး Henry ရဲ့ Superman ကို ျပန္ေခၚေပးဖို႔ ေတာင္းဆိုခဲ့တဲ့ သာဓကေတြလည္း ရွိပါေသးတယ္။ တကယ္လို႔ Henry ကို ဇာတ္ကားတစ္ခုစာ ေခၚလို႔မရရင္ေတာင္ သူ႔ရဲ့ Black Adam ထဲမွာေတာ့ ဧည့္သည္သ႐ုပ္ေဆာင္ေလာက္ ျဖစ္ျဖစ္ ပါဝင္လာေစဖို႔ WB ကို ပူဆာခဲ့ပါေသးတယ္။

Photo via IMDb

The Rock ဟာ သူ႔ရဲ့ အေတြးအျမင္ေတြကို အျမဲတမ္း ထုတ္ေဖာ္ေျပာၾကားတတ္သူ ျဖစ္တာနဲ႔အညီ ယခုအသစ္ထြက္ရွိလာမယ့္ Black Adam ႐ုပ္ရွင္ဟာလည္း WB ရဲ့ ပေရာဂ်က္ႀကီးတစ္ခု ျဖစ္တာေၾကာင့္ သူ႔အေနနဲ႔ ပါဝါတစ္ခုရွိေနပါတယ္။ တကယ္လို႔ The Rock ကလည္း ဒီလိုပဲ ဆက္တိုက္ ထုတ္ေျပာေနၿပီး ပရိသတ္ေတြကလည္း ဝိုင္းဝန္းေတာင္းဆိုၾကမယ္၊ ကာယကံရွင္ျဖစ္တဲ့ သ႐ုပ္ေဆာင္ဘက္ကလည္း စိတ္ဆႏၵရွိဦးမယ္ဆိုရင္ေတာ့ ဒီကိစၥဟာ တကယ္လည္း ျဖစ္လာနိုင္ေနပါတယ္။

Glasgow

Source: screenrant

RELATED ARTICLES

Most Popular