HomeCelebs Update NewsInternationalfan တစ်ယောက်ကို ကိုယ်တိုင်ဒီဇိုင်းဆင်ထားတဲ့ ကားတစ်စီးနဲ့ surprise လုပ်ခဲ့တဲ့ The Rock 

fan တစ်ယောက်ကို ကိုယ်တိုင်ဒီဇိုင်းဆင်ထားတဲ့ ကားတစ်စီးနဲ့ surprise လုပ်ခဲ့တဲ့ The Rock 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Dwayne Johnson တဖြစ်လည်း The Rock ကတော့ သူ့ကို စိတ်ထဲမှာ ခံစားသွားရအောင် ပြုလုပ်နိုင်ခဲ့တဲ့ ပရိသတ်တစ်ယောက်ကို အားလပ်ရက် လက်ဆောင်အနေနဲ့ သူကိုယ်တိုင် ဒီဇိုင်းထွင်ထားတဲ့ ကားတစ်စီးနဲ့ surprise လုပ်ခဲ့ပါတယ်။

အသက်(၄၉)နှစ်အရွယ် ရှိပြီဖြစ်တဲ့ The Rock ဟာ ရေတပ်သားဟောင်းတစ်ယောက် ဖြစ်တဲ့ Oscar Rodriguez ဆိုသူရဲ့ ဘဝအကြောင်းကို ကြားသိပြီးနောက်မှာ သူကိုယ်တိုင် ဒီဇိုင်းထွင်ထားတဲ့ ကားတစ်စီးနဲ့ surprise လုပ်လိုက်တဲ့ ကြည်နူးစရာ ဗွီဒီယိုတစ်ခုကို သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ မျှဝေပေးထားပါတယ်။

Photo: therock/ Instagram

“ဒီနေ့ကတော့ တကယ့် စိတ်ချမ်းသာစရာ နေ့လေးပါ။ ပျော်ရွှင်စရာ ခရစ်စမတ်ဖြစ်ပါစေ @coach_orod ရေ …။ ခင်ဗျားရဲ့ ကားလေးနဲ့ ပျော်လိုက်ပါဦး။ ကျွန်တော့်ပရိသတ်တွေကို RED NOTICE ရဲ့ အထူးပွဲတစ်ခုကို ဖိတ်ကြားခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်ဘက်က သူတို့အတွက် လန်းတာလေးတစ်ခုလောက် လုပ်ပေးချင်မိတယ် … ” လို့ The Rock က အဆိုပါပို့စ်မှာ ရေးသားထားပါတယ်။

“အဲဒီရုပ်ရှင်အထူးပွဲမှာ အားလုံး free လုပ်ပေးထားတယ်ဗျာ။ ရေခဲမုန့်တွေရော၊ ဘာတွေရောပေါ့။ အကုန်လုံး free နဲ့ အေးဆေးလေး ရုပ်ရှင်ကြည့်နိုင်အောင်ပေါ့။ ပြီးတော့ ကျွန်တော်က အဲ့လောက်နဲ့ စိတ်တိုင်းမကျသေးတော့ အဲဒီထက် ပိုကြီးတာတစ်ခုခု … ကျွန်တော့်ပရိသတ်တွေ မေ့မသွားမယ့်အရာတစ်ခုခုပေါ့ … အဲဒါမျိုးလည်း လုပ်ချင်မိခဲ့တယ် … ”

Photo via IMDb

“ကျွန်တော့်ရဲ့ နဂိုစိတ်ကူးက Red Notice ထဲမှာ ကျွန်တော်မောင်းခဲ့တဲ့ Porsche Taycan ကားကို လက်ဆောင်ပေးဖို့ဗျ။ အဲဒါနဲ့ Porsche ဘက်ကို ကျွန်တော်တို့ လှမ်းဆက်သွယ်တော့ သူတို့ဘက်က အဆင်မပြေဘူးလို့ ငြင်းတယ်။ ဒါပေမယ့် ကျွန်တော်က ပေးချင်တာလေဗျာ။ အဲဒါနဲ့ ပိုကောင်းတဲ့ဟာတစ်ခုကို လုပ်လိုက်တယ်။ ကျွန်တော်ကိုယ်တိုင် စိတ်ကြိုက် ဒီဇိုင်းဆင်ထားတဲ့ ကားကို လက်ဆောင်အနေနဲ့ ပေးလိုက်တယ်။ ကျွန်တော့် ဘေဘီလေးကို ပေးလိုက်တာပေါ့ဗျာ … ”

“အဲဒီရုပ်ရှင်အထူးပွဲကို ကျွန်တော်ဖိတ်ထားတဲ့ ပရိသတ်တွေရဲ့ အကြောင်းတွေကို လက်လှမ်းမီသမျှ အားလုံးစုံစမ်းကြည့်ခဲ့တယ်။ အဲဒါနဲ့ နောက်ဆုံးမှာတော့ Oscar ရဲ့ ဘဝအကြောင်းက ကျွန်တော့်ကို ခံစားသွားရစေတယ် …. ”

“Oscar က သူ့ရဲ့ (၇၅)နှစ်အရွယ် မိခင်ကြီးကိုလည်း ပြုစုစောင့်ရှောက်နေတဲ့လူ။ ပြီးတော့ သူက personal trainer တစ်ယောက်။ ဘုရားကျောင်းမှာဆို သူက ခေါင်းဆောင်။ ပြီးတော့ အိမ်တွင်းအကြမ်းဖက်မှုရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ အမျိုးသမီးတွေကိုလည်း စားရေးသောက်ရေးနဲ့ အခြားလိုအပ်တာ ထောက်ပံ့ကူညီပေးနေတဲ့သူတစ်ယောက်။ ရိုးရိုးကုပ်ကုပ်နေတတ်တဲ့ ရေတပ်သားဟောင်းတစ်ယောက်။ တခြားသူတွေအပေါ်  ကြင်နာကူညီတတ်တဲ့ လူတစ်ယောက်။ Oscar ပြောတာအမှန်ပဲ။ ဒါဟာ ချစ်ခြင်းမေတ္တာပဲဆိုတာ။ ဒါပါပဲ ညီကိုရေ … ချစ်ခြင်းမေတ္တာပါပဲ …  ”

Photo: therock/ Instagram

“ခင်ဗျားရဲ့ ကားအသစ်နဲ့ ပျော်ရွှင်လိုက်ပါဦး။ ခင်ဗျားရော၊ ခင်ဗျားရဲ့ မိသားစုတွေကိုပါ ပျော်ရွှင်စရာ ခရစ်စမတ်ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ် … ” လို့ The Rock က သူ့ရဲ့ အင်စတာဂရမ်ပို့စ်မှာ ပြောပြထားပါတယ်။

အဆိုပါ ဗွီဒီယိုထဲမှာတော့ The Rock ဟာ Oscar Rodriguez ကို ကတ်တစ်ခု ပေးလိုက်ပြီး အဲဒီကတ်ထဲမှာတော့ “ဒီကားဟာ ခင်ဗျားရဲ့ ကား ဖြစ်သွားပါပြီ ” လို့ ရေးသားထားပါတယ်။ အံ့အားသင့်မှုနဲ့အတူ Oscar ကတော့ ဖင်ထိုင်လျက် လဲကျသွားပြီး ငိုသွားပါတယ်။ ပြီးတော့ “ဘာတွေဖြစ်နေတာလဲ … ” လို့လည်း အံ့ဩတကြီးနဲ့ မေးမြန်းလိုက်ပါသေးတယ်။

The Rock ကတော့ Oscar ကို အခုလို surprise လုပ်ရတဲ့ အကြောင်းရင်းကို ပြောပြခဲ့ပါတယ်။ “ခင်ဗျားရဲ့ ဘဝအကြောင်းက ကျွန်တော့်ကို ခံစားသွားရစေလို့ပါ။ ခင်ဗျားက personal trainer တစ်ယောက်လို့  ကျွန်တော် ကြားတယ်။ ပြီးတော့ ခင်ဗျားက အမြဲတမ်း အပေါင်းလက္ခဏာဆန်တဲ့ လုပ်ရပ်တွေကို လုပ်နေခဲ့ပြီး နိုးကြားတက်ကြွနေခဲ့ရုံမက အကောင်းမြင်တတ်တဲ့ လူတစ်ယောက်လို့လည်း ကျွန်တော် ကြားသိရတာကြောင့်ပါ … ” လို့ The Rock က ဆိုပါတယ်။

 

View this post on Instagram

 

A post shared by therock (@therock)

Oscar Rodriguez ကတော့ “ကျွန်တော်တော့ ဆွံ့အသွားရပါတယ်။ ခင်ဗျားနဲ့ ဆုံတွေ့ရတာလည်း သိပ်ကိုဝမ်းသာပါတယ်။ အခုဆိုရင် ကျွန်တော့်ကို တကယ် အားပေးချီးမြှောက်လိုက်သလိုပါပဲ။ ခင်ဗျားရဲ့ လှုံ့ဆော်ပေးမှုကြောင့်လည်း ကျွန်တော့်မှာ သိပ်ပြီးအားတက်ရပါတယ်။  ခင်ဗျားကို အင်စတာဂရမ်မှာလည်း follow လုပ်ထားပါတယ်။ ခင်ဗျားရဲ့ စကားတွေကို ကျွန်တော် နားထောင်တယ်။ ကျွန်တော်က ခင်ဗျားကို အားကျအတုယူနေတာပါ။ အဲဒီတော့ လုပ်လိုက်ကြစို့ဗျာ။ တစ်ကြိမ်ကို လူတစ်ယောက်နှုန်းနဲ့ ကမ္ဘာကြီးကို ပြောင်းလဲပစ်ကြစို့ … ” လို့ ပြန်လည် ပြောကြားထားပါတယ်။

သူ့ရဲ့ ကားအသစ်ကို မောင်းထွက်သွားတဲ့ Oscar ကို ကြည့်ပြီး The Rock ကတော့ ဒီလိုပြောလိုက်ပါသေးတယ်။ “ကျွန်တော့်ရဲ့ ကားလေးထက် အများကြီး ပိုထိုက်တန်တဲ့ လူတစ်ယောက်ကို အခုလို ပျော်ရွှင်မှုလေး နည်းနည်း ပေးလိုက်ရတာ ကျွန်တော့်အတွက်တော့ ဂုဏ်ယူစရာပါပဲ။ ပြီးတော့ အခု ကျွန်တော် အိမ်ကို ဘယ်လိုပြန်ရမလည်းဆိုတာ စဉ်းစားရဦးမယ်။ ကျွန်တော့်မှာ ပြန်စရာ ကားမရှိတော့ဘူးလေ … ” လို့ အရွှန်းဖောက်ပြီး ပြောထားပါသေးတယ်။

Glasgow

Source: people

(Zawgyi Version)

Dwayne Johnson တျဖစ္လည္း The Rock ကေတာ့ သူ႔ကို စိတ္ထဲမွာ ခံစားသြားရေအာင္ ျပဳလုပ္နိုင္ခဲ့တဲ့ ပရိသတ္တစ္ေယာက္ကို အားလပ္ရက္ လက္ေဆာင္အေနနဲ႔ သူကိုယ္တိုင္ ဒီဇိုင္းထြင္ထားတဲ့ ကားတစ္စီးနဲ႔ surprise လုပ္ခဲ့ပါတယ္။

အသက္(၄၉)ႏွစ္အရြယ္ ရွိၿပီျဖစ္တဲ့ The Rock ဟာ ေရတပ္သားေဟာင္းတစ္ေယာက္ ျဖစ္တဲ့ Oscar Rodriguez ဆိုသူရဲ့ ဘဝအေၾကာင္းကို ၾကားသိၿပီးေနာက္မွာ သူကိုယ္တိုင္ ဒီဇိုင္းထြင္ထားတဲ့ ကားတစ္စီးနဲ႔ surprise လုပ္လိုက္တဲ့ ၾကည္ႏူးစရာ ဗြီဒီယိုတစ္ခုကို သူ႔ရဲ့ အင္စတာဂရမ္အေကာင့္မွာ မၽွေဝေပးထားပါတယ္။

Photo: therock/ Instagram

“ဒီေန႔ကေတာ့ တကယ့္ စိတ္ခ်မ္းသာစရာ ေန႔ေလးပါ။ ေပ်ာ္ရႊင္စရာ ခရစ္စမတ္ျဖစ္ပါေစ @coach_orod ေရ …။ ခင္ဗ်ားရဲ့ ကားေလးနဲ႔ ေပ်ာ္လိုက္ပါဦး။ ကၽြန္ေတာ့္ပရိသတ္ေတြကို RED NOTICE ရဲ့ အထူးပြဲတစ္ခုကို ဖိတ္ၾကားခဲ့ပါတယ္။ ၿပီးေတာ့ ကၽြန္ေတာ့္ဘက္က သူတို႔အတြက္ လန္းတာေလးတစ္ခုေလာက္ လုပ္ေပးခ်င္မိတယ္ … ” လို႔ The Rock က အဆိုပါပို႔စ္မွာ ေရးသားထားပါတယ္။

“အဲဒီ႐ုပ္ရွင္အထူးပြဲမွာ အားလုံး free လုပ္ေပးထားတယ္ဗ်ာ။ ေရခဲမုန႔္ေတြေရာ၊ ဘာေတြေရာေပါ့။ အကုန္လုံး free နဲ႔ ေအးေဆးေလး ႐ုပ္ရွင္ၾကည့္နိုင္ေအာင္ေပါ့။ ၿပီးေတာ့ ကၽြန္ေတာ္က အဲ့ေလာက္နဲ႔ စိတ္တိုင္းမက်ေသးေတာ့ အဲဒီထက္ ပိုႀကီးတာတစ္ခုခု … ကၽြန္ေတာ့္ပရိသတ္ေတြ ေမ့မသြားမယ့္အရာတစ္ခုခုေပါ့ … အဲဒါမ်ိဳးလည္း လုပ္ခ်င္မိခဲ့တယ္ … ”

Photo via IMDb

“ကၽြန္ေတာ့္ရဲ့ နဂိုစိတ္ကူးက Red Notice ထဲမွာ ကၽြန္ေတာ္ေမာင္းခဲ့တဲ့ Porsche Taycan ကားကို လက္ေဆာင္ေပးဖို႔ဗ်။ အဲဒါနဲ႔ Porsche ဘက္ကို ကၽြန္ေတာ္တို႔ လွမ္းဆက္သြယ္ေတာ့ သူတို႔ဘက္က အဆင္မေျပဘူးလို႔ ျငင္းတယ္။ ဒါေပမယ့္ ကၽြန္ေတာ္က ေပးခ်င္တာေလဗ်ာ။ အဲဒါနဲ႔ ပိုေကာင္းတဲ့ဟာတစ္ခုကို လုပ္လိုက္တယ္။ ကၽြန္ေတာ္ကိုယ္တိုင္ စိတ္ႀကိဳက္ ဒီဇိုင္းဆင္ထားတဲ့ ကားကို လက္ေဆာင္အေနနဲ႔ ေပးလိုက္တယ္။ ကၽြန္ေတာ့္ ေဘဘီေလးကို ေပးလိုက္တာေပါ့ဗ်ာ … ”

“အဲဒီ႐ုပ္ရွင္အထူးပြဲကို ကၽြန္ေတာ္ဖိတ္ထားတဲ့ ပရိသတ္ေတြရဲ့ အေၾကာင္းေတြကို လက္လွမ္းမီသမၽွ အားလုံးစုံစမ္းၾကည့္ခဲ့တယ္။ အဲဒါနဲ႔ ေနာက္ဆုံးမွာေတာ့ Oscar ရဲ့ ဘဝအေၾကာင္းက ကၽြန္ေတာ့္ကို ခံစားသြားရေစတယ္ …. ”

“Oscar က သူ႔ရဲ့ (၇၅)ႏွစ္အရြယ္ မိခင္ႀကီးကိုလည္း ျပဳစုေစာင့္ေရွာက္ေနတဲ့လူ။ ၿပီးေတာ့ သူက personal trainer တစ္ေယာက္။ ဘုရားေက်ာင္းမွာဆို သူက ေခါင္းေဆာင္။ ၿပီးေတာ့ အိမ္တြင္းအၾကမ္းဖက္မွုရဲ့ သားေကာင္ျဖစ္ခဲ့ရတဲ့ အမ်ိဳးသမီးေတြကိုလည္း စားေရးေသာက္ေရးနဲ႔ အျခားလိုအပ္တာ ေထာက္ပံ့ကူညီေပးေနတဲ့သူတစ္ေယာက္။ ရိုးရိုးကုပ္ကုပ္ေနတတ္တဲ့ ေရတပ္သားေဟာင္းတစ္ေယာက္။ တျခားသူေတြအေပၚ  ၾကင္နာကူညီတတ္တဲ့ လူတစ္ေယာက္။ Oscar ေျပာတာအမွန္ပဲ။ ဒါဟာ ခ်စ္ျခင္းေမတၱာပဲဆိုတာ။ ဒါပါပဲ ညီကိုေရ … ခ်စ္ျခင္းေမတၱာပါပဲ …  ”

Photo: therock/ Instagram

“ခင္ဗ်ားရဲ့ ကားအသစ္နဲ႔ ေပ်ာ္ရႊင္လိုက္ပါဦး။ ခင္ဗ်ားေရာ၊ ခင္ဗ်ားရဲ့ မိသားစုေတြကိုပါ ေပ်ာ္ရႊင္စရာ ခရစ္စမတ္ျဖစ္ပါေစလို႔ ဆုေတာင္းလိုက္ပါတယ္ … ” လို႔ The Rock က သူ႔ရဲ့ အင္စတာဂရမ္ပို႔စ္မွာ ေျပာျပထားပါတယ္။

အဆိုပါ ဗြီဒီယိုထဲမွာေတာ့ The Rock ဟာ Oscar Rodriguez ကို ကတ္တစ္ခု ေပးလိုက္ၿပီး အဲဒီကတ္ထဲမွာေတာ့ “ဒီကားဟာ ခင္ဗ်ားရဲ့ ကား ျဖစ္သြားပါၿပီ ” လို႔ ေရးသားထားပါတယ္။ အံ့အားသင့္မွုနဲ႔အတူ Oscar ကေတာ့ ဖင္ထိုင္လ်က္ လဲက်သြားၿပီး ငိုသြားပါတယ္။ ၿပီးေတာ့ “ဘာေတြျဖစ္ေနတာလဲ … ” လို႔လည္း အံ့ဩတႀကီးနဲ႔ ေမးျမန္းလိုက္ပါေသးတယ္။

The Rock ကေတာ့ Oscar ကို အခုလို surprise လုပ္ရတဲ့ အေၾကာင္းရင္းကို ေျပာျပခဲ့ပါတယ္။ “ခင္ဗ်ားရဲ့ ဘဝအေၾကာင္းက ကၽြန္ေတာ့္ကို ခံစားသြားရေစလို႔ပါ။ ခင္ဗ်ားက personal trainer တစ္ေယာက္လို႔  ကၽြန္ေတာ္ ၾကားတယ္။ ၿပီးေတာ့ ခင္ဗ်ားက အျမဲတမ္း အေပါင္းလကၡဏာဆန္တဲ့ လုပ္ရပ္ေတြကို လုပ္ေနခဲ့ၿပီး နိုးၾကားတက္ႂကြေနခဲ့႐ုံမက အေကာင္းျမင္တတ္တဲ့ လူတစ္ေယာက္လို႔လည္း ကၽြန္ေတာ္ ၾကားသိရတာေၾကာင့္ပါ … ” လို႔ The Rock က ဆိုပါတယ္။

 

View this post on Instagram

 

A post shared by therock (@therock)

Oscar Rodriguez ကေတာ့ “ကၽြန္ေတာ္ေတာ့ ဆြံ့အသြားရပါတယ္။ ခင္ဗ်ားနဲ႔ ဆုံေတြ႕ရတာလည္း သိပ္ကိုဝမ္းသာပါတယ္။ အခုဆိုရင္ ကၽြန္ေတာ့္ကို တကယ္ အားေပးခ်ီးေျမႇာက္လိုက္သလိုပါပဲ။ ခင္ဗ်ားရဲ့ လွုံ႔ေဆာ္ေပးမွုေၾကာင့္လည္း ကၽြန္ေတာ့္မွာ သိပ္ၿပီးအားတက္ရပါတယ္။  ခင္ဗ်ားကို အင္စတာဂရမ္မွာလည္း follow လုပ္ထားပါတယ္။ ခင္ဗ်ားရဲ့ စကားေတြကို ကၽြန္ေတာ္ နားေထာင္တယ္။ ကၽြန္ေတာ္က ခင္ဗ်ားကို အားက်အတုယူေနတာပါ။ အဲဒီေတာ့ လုပ္လိုက္ၾကစို႔ဗ်ာ။ တစ္ႀကိမ္ကို လူတစ္ေယာက္ႏွုန္းနဲ႔ ကမၻာႀကီးကို ေျပာင္းလဲပစ္ၾကစို႔ … ” လို႔ ျပန္လည္ ေျပာၾကားထားပါတယ္။

သူ႔ရဲ့ ကားအသစ္ကို ေမာင္းထြက္သြားတဲ့ Oscar ကို ၾကည့္ၿပီး The Rock ကေတာ့ ဒီလိုေျပာလိုက္ပါေသးတယ္။ “ကၽြန္ေတာ့္ရဲ့ ကားေလးထက္ အမ်ားႀကီး ပိုထိုက္တန္တဲ့ လူတစ္ေယာက္ကို အခုလို ေပ်ာ္ရႊင္မွုေလး နည္းနည္း ေပးလိုက္ရတာ ကၽြန္ေတာ့္အတြက္ေတာ့ ဂုဏ္ယူစရာပါပဲ။ ၿပီးေတာ့ အခု ကၽြန္ေတာ္ အိမ္ကို ဘယ္လိုျပန္ရမလည္းဆိုတာ စဥ္းစားရဦးမယ္။ ကၽြန္ေတာ့္မွာ ျပန္စရာ ကားမရွိေတာ့ဘူးေလ … ” လို႔ အရႊန္းေဖာက္ၿပီး ေျပာထားပါေသးတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular