HomeCelebs Update NewsInternational၂၀၂၀အတွက် ဝင်ငွေအများဆုံးမင်းသားစာရင်းမှာ The Rock က ဦးဆောင်နေ

၂၀၂၀အတွက် ဝင်ငွေအများဆုံးမင်းသားစာရင်းမှာ The Rock က ဦးဆောင်နေ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Forbes မဂ္ဂဇင်းက နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ ဝင်ငွေအများဆုံး မင်းသား(၁၀)ယောက်စာရင်းမှာ The Rock လို့ အများခေါ်ကြတဲ့ မင်းသား Dwayne Johnson က နံပါတ်(၁)နေရာမှာ ထပ်မံဦးဆောင်နေပါတယ်။ The Rock ဟာ မနှစ်က ထုတ်ပြန်တဲ့စာရင်းမှာလည်း နံပါတ်(၁)နေရာမှာ ရပ်တည်ခဲ့တာကြောင့် အခုနှစ်နဲ့ဆိုရင် ဝင်ငွေအများဆုံး မင်းသားနေရာမှာ နှစ်နှစ်ဆက်တိုက် နံပါတ်(၁)နေရာမှာ ဗိုလ်စွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယခုနှစ်အတွက် ဝင်ငွေအများဆုံးမင်းသားနေရာမှာ ဝင်ရောက်လာသူတွေကတော့ Netflix နဲ့ အခြားသော streaming service တွေက ဝင်ငွေတွေ တလုံးတခဲရရှိထားကြတဲ့ မင်းသားတွေ ဖြစ်ပါတယ်။ မနှစ်က ဒီစာရင်းမှာ ပါဝင်ခဲ့တဲ့ Avengers ဇာတ်ကားတွေထဲက မင်းသားလေးယောက်ကတော့ ယခုနှစ်မှာ မပါဝင်ခဲ့တော့ပါဘူး။

Forbes ရဲ့ တွက်ချက်ပုံကတော့ ၂၀၁၉ခုနှစ် ဇွန်လ(၁)ရက်နေ့ကနေ ၂၀၂၀ခုနှစ် ဇွန်လ(၁)ရက်နေ့အတွင်း ရရှိထားတဲ့ ဝင်ငွေတွေကို ခန့်မှန်းတွက်ချက်ထားတာ ဖြစ်ပါတယ်။ ၂၀၂၀ခုနှစ်အတွက် ဝင်ငွေအများဆုံး မင်းသမီး(၁၀)ယောက်စာရင်းကတော့ ရှေ့လမှာ ထွက်ရှိလာမယ်လို့ သိရပါတယ်။

၂၀၂၀ခုနှစ်အတွက် ဝင်ငွေအများဆုံး မင်းသား(၁၀)ယောက်စာရင်း အပြည့်အစုံကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

(1) Dwayne Johnson – ခန့်မှန်းဝင်ငွေ ဒေါ်လာ(၈၇.၅)သန်း
Photo: therock/ Instagram

Forbes ရဲ့တင်ပြချက်အရ Dwayne Johnson ဟာ Netflix က ရိုက်ကူးထားပြီး ယခုနှစ်နှောင်းပိုင်းမှာ ထုတ်လွှင့်ပြသမယ့် Red Notice ဆိုတဲ့ ဇာတ်ကားနဲ့ ဒေါ်လာ(၂၃.၅)သန်း ရရှိထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်အမှတ်တံဆိပ် tequila အရက်တွေ ထုတ်လုပ်နေသလို Under Armor နဲ့ ပူးပေါင်းပြီး ကိုယ်ပိုင် clothing line လုပ်နေတာကလည်း အမြတ်ငွေတွေ အမြောက်အများ ရရှိနေပါတယ်။

ဒါ့အပြင် Seven Bucks Production ဆိုတဲ့ ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကိုလည်း ထူထောင်ထားတာကလည်း ဝင်ငွေတွေ ရရှိပါသေးတယ်။ ဒါတင်မက DC ရဲ့ Black Adam ဆိုတဲ့ စူပါဟီးရိုးဇာတ်ရုပ်ကိုလည်း လက်ခံထားသေးတာကြောင့် Dwayne Johnson ဟာ လာမယ့်နှစ်တွေမှာလည်း ဝင်ငွေတွေ ဒီ့ထက်မက ဝင်လာဦးမယ်ဆိုတာ အသေအချာပါပဲ။

(2) Ryan Reynolds – ခန့်မှန်းဝင်ငွေ ဒေါ်လာ(၇၁.၅)သန်း
Photo: vancityreynolds/ Instagram

Deadpool ကာရိုက်တာနဲ့ မြန်မာပရိသတ်ကြားမှာ လူသိများတဲ့ မင်းသား Ryan Reynolds ကတော့ ၂၀၂၀ခုနှစ်အတွက် ဝင်ငွေအများဆုံးမင်းသားစာရင်းမှာ ဒုတိယလိုက်နေပါတယ်။ Forbes ရဲ့ဖော်ပြချက်အရ Ryan ဟာ Netflix က ရိုက်ကူးထုတ်လုပ်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ Six Underground နဲ့ Red Notice ဇာတ်ကားနှစ်ခုမှာ တစ်ကားကို ဒေါ်လာသန်း(၂၀)ဝန်းကျင် ရရှိထားတယ်လို့ သိရပါတယ်။

(3) Mark Wahlberg – ခန့်မှန်းဝင်ငွေ ဒေါ်လာ(၅၈)သန်း
Photo: markwahlberg/ Instagram

မင်းသား Wahlberg ကတော့ McMillions နဲ့ Wahl Street ရှိုးတွေကို ရိုက်ကူးထားပြီး ဒေါ်လာသန်းပေါင်းများစွာ ရရှိထားပါတယ်။ ဒါ့အပြင် မနှစ်က Netflix နဲ့ ရိုက်ကူးခဲ့တဲ့ Spenser Confidential ဇာတ်ကားနဲ့လည်း ဝင်ငွေတွေ အများကြီး ရရှိထားပါသေးတယ်။

(4) Ben Affleck – ခန့်မှန်းဝင်ငွေ ဒေါ်လာ(၅၅)သန်း
Photo: benaffleck/ Instagram

Ben Affleck ဟာလည်း Netflix ရဲ့ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ The Last Thing He Wanted ထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဝင်ငွေတွေကြောင့် ဒီစာရင်းထဲမှာ နံပါတ်(၄) ဝင်ငွေအများဆုံး မင်းသားအဖြစ် ရပ်တည်နေပါတယ်။ သူဟာ ၂၀၂၀ခုနှစ်အတွင်းမှာ The Way Back ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ခုမှာလည်း ပါဝင်ထားပါသေးတယ်။

(5) Vin Diesel – ခန့်မှန်းဝင်ငွေ ဒေါ်လာ(၅၄)သန်း
Photo: vindiesel/ Instagram

မင်းသား Vin Diesel ကတော့ Fast & Furious နဲ့ ပတ်သက်ပြီး ဝင်ငွေတွေ ရရှိနေတုန်းပါ။ အဲ့ဒါကတော့ Netflix နဲ့ ရိုက်ကူးတဲ့ Fast & Furious Spy Racers စီးရီးနဲ့ သန်းနဲ့ချီတဲ့ ဒေါ်လာတွေ ရရှိနေတာ ဖြစ်ပါတယ်။ သို့ပေမယ့် သူပါဝင်ထားတဲ့ F9 ရုပ်ရှင်ဇာတ်ကားကတော့ ရှေ့နှစ်ကို ရုံတင်ရက် ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။

(6) Akshay Kumar – ခန့်မှန်းဝင်ငွေ ဒေါ်လာ(၄၈.၅)သန်း
Photo: akshaykhumar/ Instagram

ဘောလိဝုဒ်မင်းသား Akshay Kumar ဟာလည်း ဟောလိဝုဒ်မင်းသားတွေနဲ့ တန်းတူ ဝင်ငွေသန်းနဲ့ချီ ရရှိနေပါတယ်။ Akshay Kumar ဟာ ဒေါ်လာသန်းနဲ့ချီတဲ့ ကြော်ငြာတွေကို စာချုပ်ချုပ်ထားရသူဖြစ်ပြီး Amazon Prime က ထုတ်လွှင့်နေတဲ့ The End ဆိုတဲ့စီးရီးထဲမှာ ပါဝင်ထားတာကလည်း ဝင်ငွေတွေ ရရှိစေပါတယ်။ သူဟာ မနှစ်တုန်းကလည်း ဝင်ငွေအများဆုံး မင်းသားတွေစာရင်းထဲမှာ ပါဝင်ခဲ့ပါသေးတယ်။

(7) Lin-Manuel Miranda – ခန့်မှန်းဝင်ငွေ ဒေါ်လာ(၄၅.၅)သန်း
Photo: lin.manuelmirandaofficial/ Instagram

Lin-Manuel Miranda ဟာ တေးရေး၊ တေးဆို၊ သရုပ်ဆောင်၊ rapper ၊ ပြဇာတ်ရေးဆရာ၊ ထုတ်လုပ်သူတစ်ယောက် ဖြစ်ပါတယ်။ သူက ဒီစာရင်းထဲမှာ ပါဝင်လာရတာကတော့ သူ့ရဲ့ musical ရှိုးဖြစ်တဲ့ Hamilton ကို Disney က မူပိုင်ခွင့် ဝယ်ယူသွားပြီး ယခုလက်ရှိ Disney+ မှာ ပြသနေတာကြောင့် ဖြစ်ပါတယ်။ In The Heights ဆိုတဲ့ သူ့ရဲ့ဘရော့ဒ်ဝေးပြဇာတ်ကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတာကလည်း ရှေ့နှစ်မှာ ထွက်ရှိလာဖို့ ရှိနေပါတယ်။

(8) Will Smith – ခန့်မှန်းဝင်ငွေ ဒေါ်လာ(၄၄.၅)သန်း
Photo: willsmith/ Instagram

Forbes ရဲ့စာရင်းနဲ့ မစိမ်းတဲ့ မင်းသားတစ်လက်ဖြစ်တဲ့ Will Smith ကတော့ သူပါဝင်ထားတဲ့ ဇာတ်ကားများစွာက streaming service တွေမှာ ပြသနေတာက ဝင်ငွေရရှိပြီး အခြားပရော့ဂျက်တွေကြောင့် ဒေါ်လာတွေသန်းနဲ့ချီ ရရှိနေသူ ဖြစ်ပါတယ်။

(9) Adam Sandler – ခန့်မှန်းဝင်ငွေ ဒေါ်လာ(၄၁)သန်း
Photo: adamsandler/ Instagram

မင်းသား Adam Sandler ကတော့ အခြားသူတွေလို box-office ဝင်ငွေကြောင့် ဒီစာရင်းမှာ ပါဝင်နေတာ မဟုတ်ပါဘူး။ သူ့ရဲ့အင်ဒီးရုပ်ရှင် Uncut Gems ကလည်း အဲ့လောက်ကြီး ဝင်ငွေကောင်းခဲ့တာ မဟုတ်ပါဘူး။ Forbes ရဲ့ဖော်ပြချက်အရ ၂၀၁၄ခုနှစ်တည်းက ရုပ်ရှင်လေးကားအတွက် Netflix နဲ့ ဒေါ်လာသန်း(၂၅၀)တန် စာချုပ်ချုပ်ထားရာက ရရှိတဲ့ဝင်ငွေဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီ့စာချုပ်ထဲက တစ်ကားဖြစ်တဲ့ Murder Mystery ဟာ မနှစ်တုန်းကဆိုရင် Netflix မှာ အရမ်းပေါ်ပြူလာဖြစ်ခဲ့ပါတယ်။

(10) Jackie Chan – ခန့်မှန်းဝင်ငွေ ဒေါ်လာ(၄၀)သန်း
Photo: jackiechan/ Instagram

မင်းသားကြီး Jackie Chan ကတော့ လက်ရှိမှာ ရုပ်ရှင်အသစ်တွေ ရုံတင်နေတာမျိုး မရှိပေမယ့် ကြော်ငြာစာချုပ်တွေ၊ သူထုတ်လုပ်ထားတဲ့ ရုပ်ရှင်တွေအတွက် မူပိုင်ခတွေနဲ့ ယခင်နှစ်တွေက ရိုက်ကူးထားတဲ့ ရုပ်ရှင်ငါးကားရဲ့ ဝင်ငွေတွေကနေ အခုလို ဒေါ်လာသန်းနဲ့ချီ ရရှိနေတာ ဖြစ်ပါတယ်။

ဒါကတော့ Forbes မဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၀ခုနှစ်အတွက် ဝင်ငွေအများဆုံး ရရှိထားတဲ့ မင်းသား(၁၀)ယောက်ပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ အားပေးတဲ့ ဘယ်မင်းသားတွေက ဒီစာရင်းထဲမှာ ပါဝင်နေလည်းဆိုတာ ပြောပြခဲ့ပါဦး။

Glasgow

Ref: usa today, hollywood life

(Zawgyi Version)

Forbes မဂၢဇင္းက ႏွစ္စဥ္ထုတ္ျပန္ေလ့ရွိတဲ့ ဝင္ေငြအမ်ားဆုံး မင္းသား(၁၀)ေယာက္စာရင္းမွာ The Rock လို႔ အမ်ားေခၚၾကတဲ့ မင္းသား Dwayne Johnson က နံပါတ္(၁)ေနရာမွာ ထပ္မံဦးေဆာင္ေနပါတယ္။ The Rock ဟာ မႏွစ္က ထုတ္ျပန္တဲ့စာရင္းမွာလည္း နံပါတ္(၁)ေနရာမွာ ရပ္တည္ခဲ့တာေၾကာင့္ အခုႏွစ္နဲ႔ဆိုရင္ ဝင္ေငြအမ်ားဆုံး မင္းသားေနရာမွာ ႏွစ္ႏွစ္ဆက္တိုက္ နံပါတ္(၁)ေနရာမွာ ဗိုလ္စြဲႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ယခုႏွစ္အတြက္ ဝင္ေငြအမ်ားဆုံးမင္းသားေနရာမွာ ဝင္ေရာက္လာသူေတြကေတာ့ Netflix နဲ႔ အျခားေသာ streaming service ေတြက ဝင္ေငြေတြ တလုံးတခဲရရွိထားၾကတဲ့ မင္းသားေတြ ျဖစ္ပါတယ္။ မႏွစ္က ဒီစာရင္းမွာ ပါဝင္ခဲ့တဲ့ Avengers ဇာတ္ကားေတြထဲက မင္းသားေလးေယာက္ကေတာ့ ယခုႏွစ္မွာ မပါဝင္ခဲ့ေတာ့ပါဘူး။

Forbes ရဲ႕ တြက္ခ်က္ပုံကေတာ့ ၂၀၁၉ခုႏွစ္ ဇြန္လ(၁)ရက္ေန႔ကေန ၂၀၂၀ခုႏွစ္ ဇြန္လ(၁)ရက္ေန႔အတြင္း ရရွိထားတဲ့ ဝင္ေငြေတြကို ခန႔္မွန္းတြက္ခ်က္ထားတာ ျဖစ္ပါတယ္။ ၂၀၂၀ခုႏွစ္အတြက္ ဝင္ေငြအမ်ားဆုံး မင္းသမီး(၁၀)ေယာက္စာရင္းကေတာ့ ေရွ႕လမွာ ထြက္ရွိလာမယ္လို႔ သိရပါတယ္။

၂၀၂၀ခုႏွစ္အတြက္ ဝင္ေငြအမ်ားဆုံး မင္းသား(၁၀)ေယာက္စာရင္း အျပည့္အစုံကေတာ့ ေအာက္ပါအတိုင္းပဲ ျဖစ္ပါတယ္။

(1) Dwayne Johnson – ခန႔္မွန္းဝင္ေငြ ေဒၚလာ(၈၇.၅)သန္း
Photo: therock/ Instagram

Forbes ရဲ႕တင္ျပခ်က္အရ Dwayne Johnson ဟာ Netflix က ႐ိုက္ကူးထားၿပီး ယခုႏွစ္ေႏွာင္းပိုင္းမွာ ထုတ္လႊင့္ျပသမယ့္ Red Notice ဆိုတဲ့ ဇာတ္ကားနဲ႔ ေဒၚလာ(၂၃.၅)သန္း ရရွိထားတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ကိုယ္ပိုင္အမွတ္တံဆိပ္ tequila အရက္ေတြ ထုတ္လုပ္ေနသလို Under Armor နဲ႔ ပူးေပါင္းၿပီး ကိုယ္ပိုင္ clothing line လုပ္ေနတာကလည္း အျမတ္ေငြေတြ အေျမာက္အမ်ား ရရွိေနပါတယ္။

ဒါ့အျပင္ Seven Bucks Production ဆိုတဲ့ ေဖ်ာ္ေျဖေရးကုမၸဏီတစ္ခုကိုလည္း ထူေထာင္ထားတာကလည္း ဝင္ေငြေတြ ရရွိပါေသးတယ္။ ဒါတင္မက DC ရဲ႕ Black Adam ဆိုတဲ့ စူပါဟီး႐ိုးဇာတ္႐ုပ္ကိုလည္း လက္ခံထားေသးတာေၾကာင့္ Dwayne Johnson ဟာ လာမယ့္ႏွစ္ေတြမွာလည္း ဝင္ေငြေတြ ဒီ့ထက္မက ဝင္လာဦးမယ္ဆိုတာ အေသအခ်ာပါပဲ။

(2) Ryan Reynolds – ခန႔္မွန္းဝင္ေငြ ေဒၚလာ(၇၁.၅)သန္း
Photo: vancityreynolds/ Instagram

Deadpool ကာ႐ိုက္တာနဲ႔ ျမန္မာပရိသတ္ၾကားမွာ လူသိမ်ားတဲ့ မင္းသား Ryan Reynolds ကေတာ့ ၂၀၂၀ခုႏွစ္အတြက္ ဝင္ေငြအမ်ားဆုံးမင္းသားစာရင္းမွာ ဒုတိယလိုက္ေနပါတယ္။ Forbes ရဲ႕ေဖာ္ျပခ်က္အရ Ryan ဟာ Netflix က ႐ိုက္ကူးထုတ္လုပ္ထားတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြျဖစ္တဲ့ Six Underground နဲ႔ Red Notice ဇာတ္ကားႏွစ္ခုမွာ တစ္ကားကို ေဒၚလာသန္း(၂၀)ဝန္းက်င္ ရရွိထားတယ္လို႔ သိရပါတယ္။

(3) Mark Wahlberg – ခန႔္မွန္းဝင္ေငြ ေဒၚလာ(၅၈)သန္း
Photo: markwahlberg/ Instagram

မင္းသား Wahlberg ကေတာ့ McMillions နဲ႔ Wahl Street ရႈိးေတြကို ႐ိုက္ကူးထားၿပီး ေဒၚလာသန္းေပါင္းမ်ားစြာ ရရွိထားပါတယ္။ ဒါ့အျပင္ မႏွစ္က Netflix နဲ႔ ႐ိုက္ကူးခဲ့တဲ့ Spenser Confidential ဇာတ္ကားနဲ႔လည္း ဝင္ေငြေတြ အမ်ားႀကီး ရရွိထားပါေသးတယ္။

(4) Ben Affleck – ခန႔္မွန္းဝင္ေငြ ေဒၚလာ(၅၅)သန္း
Photo: benaffleck/ Instagram

Ben Affleck ဟာလည္း Netflix ရဲ႕႐ုပ္ရွင္ဇာတ္ကားျဖစ္တဲ့ The Last Thing He Wanted ထဲမွာ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ဝင္ေငြေတြေၾကာင့္ ဒီစာရင္းထဲမွာ နံပါတ္(၄) ဝင္ေငြအမ်ားဆုံး မင္းသားအျဖစ္ ရပ္တည္ေနပါတယ္။ သူဟာ ၂၀၂၀ခုႏွစ္အတြင္းမွာ The Way Back ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားတစ္ခုမွာလည္း ပါဝင္ထားပါေသးတယ္။

(5) Vin Diesel – ခန႔္မွန္းဝင္ေငြ ေဒၚလာ(၅၄)သန္း
Photo: vindiesel/ Instagram

မင္းသား Vin Diesel ကေတာ့ Fast & Furious နဲ႔ ပတ္သက္ၿပီး ဝင္ေငြေတြ ရရွိေနတုန္းပါ။ အဲ့ဒါကေတာ့ Netflix နဲ႔ ႐ိုက္ကူးတဲ့ Fast & Furious Spy Racers စီးရီးနဲ႔ သန္းနဲ႔ခ်ီတဲ့ ေဒၚလာေတြ ရရွိေနတာ ျဖစ္ပါတယ္။ သို႔ေပမယ့္ သူပါဝင္ထားတဲ့ F9 ႐ုပ္ရွင္ဇာတ္ကားကေတာ့ ေရွ႕ႏွစ္ကို ႐ုံတင္ရက္ ေျပာင္းေ႐ႊ႕သြားၿပီ ျဖစ္ပါတယ္။

(6) Akshay Kumar – ခန႔္မွန္းဝင္ေငြ ေဒၚလာ(၄၈.၅)သန္း
Photo: akshaykhumar/ Instagram

ေဘာလိဝုဒ္မင္းသား Akshay Kumar ဟာလည္း ေဟာလိဝုဒ္မင္းသားေတြနဲ႔ တန္းတူ ဝင္ေငြသန္းနဲ႔ခ်ီ ရရွိေနပါတယ္။ Akshay Kumar ဟာ ေဒၚလာသန္းနဲ႔ခ်ီတဲ့ ေၾကာ္ျငာေတြကို စာခ်ဳပ္ခ်ဳပ္ထားရသူျဖစ္ၿပီး Amazon Prime က ထုတ္လႊင့္ေနတဲ့ The End ဆိုတဲ့စီးရီးထဲမွာ ပါဝင္ထားတာကလည္း ဝင္ေငြေတြ ရရွိေစပါတယ္။ သူဟာ မႏွစ္တုန္းကလည္း ဝင္ေငြအမ်ားဆုံး မင္းသားေတြစာရင္းထဲမွာ ပါဝင္ခဲ့ပါေသးတယ္။

(7) Lin-Manuel Miranda – ခန႔္မွန္းဝင္ေငြ ေဒၚလာ(၄၅.၅)သန္း
Photo: lin.manuelmirandaofficial/ Instagram

Lin-Manuel Miranda ဟာ ေတးေရး၊ ေတးဆို၊ သ႐ုပ္ေဆာင္၊ rapper ၊ ျပဇာတ္ေရးဆရာ၊ ထုတ္လုပ္သူတစ္ေယာက္ ျဖစ္ပါတယ္။ သူက ဒီစာရင္းထဲမွာ ပါဝင္လာရတာကေတာ့ သူ႔ရဲ႕ musical ရႈိးျဖစ္တဲ့ Hamilton ကို Disney က မူပိုင္ခြင့္ ဝယ္ယူသြားၿပီး ယခုလက္ရွိ Disney+ မွာ ျပသေနတာေၾကာင့္ ျဖစ္ပါတယ္။ In The Heights ဆိုတဲ့ သူ႔ရဲ႕ဘေရာ့ဒ္ေဝးျပဇာတ္ကို ႐ုပ္ရွင္အျဖစ္ ျပန္လည္႐ိုက္ကူးထားတာကလည္း ေရွ႕ႏွစ္မွာ ထြက္ရွိလာဖို႔ ရွိေနပါတယ္။

(8) Will Smith – ခန႔္မွန္းဝင္ေငြ ေဒၚလာ(၄၄.၅)သန္း
Photo: willsmith/ Instagram

Forbes ရဲ႕စာရင္းနဲ႔ မစိမ္းတဲ့ မင္းသားတစ္လက္ျဖစ္တဲ့ Will Smith ကေတာ့ သူပါဝင္ထားတဲ့ ဇာတ္ကားမ်ားစြာက streaming service ေတြမွာ ျပသေနတာက ဝင္ေငြရရွိၿပီး အျခားပေရာ့ဂ်က္ေတြေၾကာင့္ ေဒၚလာေတြသန္းနဲ႔ခ်ီ ရရွိေနသူ ျဖစ္ပါတယ္။

(9) Adam Sandler – ခန႔္မွန္းဝင္ေငြ ေဒၚလာ(၄၁)သန္း
Photo: adamsandler/ Instagram

မင္းသား Adam Sandler ကေတာ့ အျခားသူေတြလို box-office ဝင္ေငြေၾကာင့္ ဒီစာရင္းမွာ ပါဝင္ေနတာ မဟုတ္ပါဘူး။ သူ႔ရဲ႕အင္ဒီး႐ုပ္ရွင္ Uncut Gems ကလည္း အဲ့ေလာက္ႀကီး ဝင္ေငြေကာင္းခဲ့တာ မဟုတ္ပါဘူး။ Forbes ရဲ႕ေဖာ္ျပခ်က္အရ ၂၀၁၄ခုႏွစ္တည္းက ႐ုပ္ရွင္ေလးကားအတြက္ Netflix နဲ႔ ေဒၚလာသန္း(၂၅၀)တန္ စာခ်ဳပ္ခ်ဳပ္ထားရာက ရရွိတဲ့ဝင္ေငြျဖစ္တယ္လို႔ ဆိုပါတယ္။ အဲ့ဒီ့စာခ်ဳပ္ထဲက တစ္ကားျဖစ္တဲ့ Murder Mystery ဟာ မႏွစ္တုန္းကဆိုရင္ Netflix မွာ အရမ္းေပၚျပဴလာျဖစ္ခဲ့ပါတယ္။

(10) Jackie Chan – ခန႔္မွန္းဝင္ေငြ ေဒၚလာ(၄၀)သန္း
Photo: jackiechan/ Instagram

မင္းသားႀကီး Jackie Chan ကေတာ့ လက္ရွိမွာ ႐ုပ္ရွင္အသစ္ေတြ ႐ုံတင္ေနတာမ်ိဳး မရွိေပမယ့္ ေၾကာ္ျငာစာခ်ဳပ္ေတြ၊ သူထုတ္လုပ္ထားတဲ့ ႐ုပ္ရွင္ေတြအတြက္ မူပိုင္ခေတြနဲ႔ ယခင္ႏွစ္ေတြက ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ငါးကားရဲ႕ ဝင္ေငြေတြကေန အခုလို ေဒၚလာသန္းနဲ႔ခ်ီ ရရွိေနတာ ျဖစ္ပါတယ္။

ဒါကေတာ့ Forbes မဂၢဇင္းရဲ႕ ထုတ္ျပန္ခ်က္အရ ၂၀၂၀ခုႏွစ္အတြက္ ဝင္ေငြအမ်ားဆုံး ရရွိထားတဲ့ မင္းသား(၁၀)ေယာက္ပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ အားေပးတဲ့ ဘယ္မင္းသားေတြက ဒီစာရင္းထဲမွာ ပါဝင္ေနလည္းဆိုတာ ေျပာျပခဲ့ပါဦး။

Glasgow

Ref: usa today, hollywood life

 

RELATED ARTICLES

Most Popular