HomeEntertainmentFilmBlack Adam နဲ့ Superman သေချာပေါက်ရင်ဆိုင်မယ်လို့ အတည်ပြုလာတဲ့ The Rock

Black Adam နဲ့ Superman သေချာပေါက်ရင်ဆိုင်မယ်လို့ အတည်ပြုလာတဲ့ The Rock

The Rock ကတော့ Black Adam ဟာ DCEU ထဲမှာ Superman နဲ့ သေချာပေါက်တွေ့ဆုံပြီး ရင်ဆိုင်တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။

Black Adam ရုပ်ရှင်ကတော့ မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပြီး Black Adam ဇာတ်ကောင်ကတော့ Justice Society of America အဖွဲ့နဲ့အတူ DCEU မှာ ပွဲထွက်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုမိုကျယ်ပြန့်တဲ့ universe ကို ဖန်တီးမယ့် အခြေအနေအဖြစ် Suicide Squad ရဲ့ Amanda Waller လည်း cameo ပါဝင်လာဦးမှာ ဖြစ်တဲ့အပြင် ဒီရုပ်ရှင်ထဲမှာပဲ Superman လည်း ပါဝင်လာနိုင်ချေ ရှိသလို အနည်းဆုံးတော့ reference ဖြစ်ဖြစ် ထည့်သွင်းသွားမယ်လို့ ပရိသတ်တွေကတော့ ခန့်မှန်းနေကြပါတယ်။

Photo: therock/ Instagram

Black Adam ဇာတ်ကောင်မှာ သရုပ်ဆောင်ထားတဲ့ The Rock ကတော့ သူ့ရဲ့ဇာတ်ကောင်နဲ့ Superman ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကို အလွန်စိတ်လှုပ်ရှားနေခဲ့သူ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုအကြောင်း မကြာခဏ tease လုပ်လေ့ရှိတဲ့ The Rock ဟာ Black Adam ရဲ့ press tour မှာ CinemaBlend နဲ့ တွေ့ဆုံခဲ့တုန်းကလည်း Black Adam နဲ့ Superman တို့ ထိပ်တိုက်ရင်ဆိုင်မယ့် ရုပ်ရှင် ဖြစ်လာဖို့ ရှိမရှိကို ပြောသွားပါသေးတယ်။

“သေချာပေါက်ကို ရှိတာပေါ့ဗျ။ ဒီလိုကိစ္စဖြစ်လာဖို့ကိုက ဒီလူရဲ့ အဓိကအရေးပါမှုပဲ။ ဒီမေးခွန်းကို မေးပေးတဲ့အတွက် ကျေးဇူးပါပဲ။ ကျွန်တော် တစ်ချိန်လုံး ပြောလာသလိုပါပဲ။ DC Universe မှာ ခေတ်သစ်တစ်ခု ဖြစ်လာတော့မှာ ဖြစ်ပြီး အဲဒါကလည်း စတင်တော့မှာပါ။ ကျွန်တော် ပြောချင်တဲ့ အဓိပ္ပာယ်ကတော့ တကယ့်ဇာတ်ကောင်သစ်တစ်ယောက်ကို မိတ်ဆက်ပေးမှာကို ဆိုလိုချင်တာပါ …”

Photo: therock/ Instagram

“ပြီးတော့ အဲဒါက ရှေ့ကရုပ်ရှင်တွေရဲ့ sequel လည်း မဟုတ်ပါဘူး။ အရင်က ရှိပြီးသားလည်း မဟုတ်ပါဘူး။ အဲဒီဇာတ်ကောင်က Black Adam ပါ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းကဆိုရင် ကမ္ဘာကြီးက ဒီလူကို ဘာမှန်းတောင် မသိခဲ့ပါဘူး။ သိတဲ့သူတွေ ရှိခဲ့ပေမယ့် ဒီလောက်ထိမများခဲ့ဘူးလေ။ အဲဒီတော့ ပြောချင်တာကဗျာ … DC Universe က ပရိသတ်တွေရဲ့ အသံကို နားထောင်တဲ့ ခေတ်တစ်ခု ရောက်လာတော့မှာပါ …”

“ပြီးတော့ ပရိသတ်တွေ လိုချင်တဲ့အရာကို ပေးနိုင်ဖို့ကတော့ ကျွန်တော်တို့ဘက်က အကောင်းဆုံး ကြိုးစားရမှာပါ။ တစ်ခါတစ်လေမှာတော့ သူတို့လိုချင်တာက မကောင်းတဲ့ပုံစံမျိုးလည်း ဖြစ်နိုင်တယ်ဗျ။ ကျွန်တော်လည်း ပရိုနပမ်းသမားတစ်ယောက်ဆိုတော့လေ။ သူတို့လိုချင်တာချည်းပဲတော့ အမြဲတမ်း ပေးလို့မရဘူးပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ သူတို့ပြောနေတာတွေကို အမြဲတမ်း နားထောင်နေရမယ်လေ …”

Photo Credit: Warner Bros. Discovery

“ပြီးတော့ အခု ခင်ဗျားနဲ့ကျွန်တော်တို့ ပြောနေတဲ့ကိစ္စဆိုရင်လည်း ပရိသတ်တွေရဲ့အသံကို ကျွန်တော် နားထောင်လာခဲ့တာ နှစ်နဲ့ချီနေပြီ။ ကျွန်တော့်အနေနဲ့ကတော့ ဒါကိုအထမြောက်‌အောင် လုပ်ပေးချင်တယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ထဲမှာ တစ်ယောက်ယောက်ကတော့ အရှေ့ကိုထွက်ပြီး ပရိသတ်တွေကို ပြောလာမှာကို စောင့်နေခဲ့တာဗျာ။ သိတယ်မှတ်လား။ ခင်ဗျားတို့ပြောနေတာ ကျွန်တော်တို့ ကြားပါတယ်။ လတွေကနေ နှစ်တွေချီလာပြီး ဒီလိုပုံစံဖြစ်သွားခဲ့ပေမယ့် အခုခေတ်သစ်တစ်ခုကို စတင်တော့မယ်။ ဒါကို တည်ဆောက်ကြပါစို့လို့ပဲ ပြောချင်ပါတယ် …” လို့ The Rock က ပြောသွားပါတယ်။

အခုလိုအတည်ပြု ပြောကြားသွားခြင်းအားဖြင့် ဘယ်အချိန်မှာရယ်လို့ အတိအကျ မသိရသေးပေမယ့် Black Adam နဲ့ Superman တို့ ရင်ဆိုင်တွေ့ဖို့ကတော့ ဖြစ်လာတော့မယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ တစ်ဘက်မှာတော့ Warner Bros. နဲ့ Discovery တို့ရဲ့ ပေါင်းစည်းမှုမှာ အစီအစဉ်အသစ်တွေ၊ ဗျူဟာအသစ်တွေနဲ့ ရှေ့ဆက်မယ်လို့ မျှော်လင့်ထားရပါသေးတယ်။ ၂၀၁၇ ခုနှစ်တည်းက စာချုပ်ကိစ္စတွေနဲ့ Superman ကို အသုံးမပြုခဲ့တာဟာ အခုဆိုရင် ငါးနှစ်တောင် ကြာမြင့်နေပြီ ဖြစ်တာကြောင့် Black Adam နဲ့ Superman ရဲ့ တိုက်ပွဲဟာ မင်းသား Henry Cavill ကို ပြန်လည် ခေါ်ဆောင်လာနိုင်မလားဆိုတာလည်း စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Glasgow

Source: screenrant

 

RELATED ARTICLES

Most Popular