HomeEntertainmentFilmThe Rock ရဲ့ဘဝအကြောင်း ရိုက်ကူးတင်ဆက်မယ့် Young Rock စီးရီးအတွက် သရုပ်ဆောင်ရွေးချယ်ပြီး

The Rock ရဲ့ဘဝအကြောင်း ရိုက်ကူးတင်ဆက်မယ့် Young Rock စီးရီးအတွက် သရုပ်ဆောင်ရွေးချယ်ပြီး

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Dwayne Johnson ရဲ့ ငယ်ဘဝအကြောင်း ရိုက်ကူးမယ့် Young Rock ဇာတ်လမ်းတွဲအတွက် ပါဝင်မယ့် သရုပ်ဆောင်တွေကို ရွေးချယ်ပြီးပြီလို့ သိရပါတယ်။

Dwayne Johnson ဟာ နာမည်ကျော် WWE နပန်းသမားဘဝကနေ သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာသူ ဖြစ်ပြီး လက်ရှိအချိန်မှာ ဝင်ငွေအကောင်းဆုံး မင်းသားတစ်လက်အဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။ ယခင်က The Rock အမည်နဲ့ WWE လောကမှာ အောင်မြင်ကျော်ကြားခဲ့သူဖြစ်ရုံသာမက သူ့ရဲ့မိသားစုဟာလည်း WWE သမိုင်းမှာ နာမည်ကြီး ဖြစ်ပါတယ်။ ဒါ့အပြင် Dwayne ဟာ သုညကနေ စတင်ခဲ့ရတဲ့ သူ့ဘဝအကြောင်းကို မခြွင်းမချန် ပြောပြတတ်သူမို့ လူချစ်လူခင်များသူလည်း ဖြစ်ပါတယ်။

Photo: therock/ Instagram

အခုဆိုရင်တော့ Dwayne ရဲ့ငယ်ဘဝနဲ့ မိသားစုအကြောင်းတွေကို ပိုပြီးတော့ အတွင်းကျကျ သိခွင့်ရတော့မှာ ဖြစ်ပါတယ်။ NBC ရုပ်သံလိုင်းဟာ Young Rock လို့ အမည်ပေးထားတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးထုတ်လွှင့်သွားမှာဖြစ်ပြီး Dwayne ရဲ့ မိသားစုနဲ့အတူ ကြီးပြင်းလာတဲ့ ငယ်ဘဝ၊ WWE လောကမှာ နပန်းသမားဖြစ်လာပုံနဲ့ အမေရိကန်ဘောလုံးသမားဘဝက ဖြစ်ရပ်တွေကို အဓိကထား ပြသသွားမှာ ဖြစ်ပါတယ်။

Dwayne Johnson ရဲ့ အမေရိကန်ဘောလုံး အားကစားသမားဘဝကိုတော့ HBO က ထုတ်လွှင့်ခဲ့တဲ့ Ballers ဇာတ်လမ်းတွဲမှာ ပြသခဲ့ပြီး ဖြစ်ပါတယ်။ သို့ပေမယ့် အဆိုပါဇာတ်လမ်းဟာ တကယ့်ဖြစ်ရပ်မှန် မဟုတ်ဘဲ စိတ်ကူးယဉ်ဇာတ်လမ်းကိုသာ Dwayne က သရုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ အခု NBC က ထုတ်လွှင့်မယ့် Young Rock ဇာတ်လမ်းတွဲမှာတော့ သူ့ဘဝရဲ့ ဖြတ်သန်းမှု ဘဝခရီးကို အမှန်အတိုင်း ရိုက်ကူးထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

Photo: therock/ Instagram
Photo: therock/ Instagram

အခုဆိုရင်တော့ Young Rock ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်မယ့် သရုပ်ဆောင်တွေကို ရွေးချယ်ပြီးတဲ့အကြောင်း Dwayne က သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ မျှဝေပေးထားပါတယ်။ Dwayne ရဲ့ငယ်ဘဝက စတင်ရိုက်ကူးမှာဖြစ်တာကြောင့် အသက်(၁၀)နှစ်သားအရွယ်၊ အသက်(၁၅)နှစ်အရွယ်နဲ့ အသက်(၁၈)နှစ်ကနေ (၂၀)နှစ်အရွယ်အတွက် စုစုပေါင်း သရုပ်ဆောင်သုံးယောက်ကို ရွေးချယ်ထားပြီးပြီလို့ သိရပါတယ်။

Photo: therock/ Instagram

Dwayne ရဲ့ငယ်ဘဝမှာ အရွယ်အလိုက် သရုပ်ဆောင်ကြမယ့် သရုပ်ဆောင်သုံးယောက်ရဲ့အမည်တွေကတော့ Adrian Groulx ၊ Bradley Constant နဲ့ Uli Latukefu တို့ ဖြစ်ပါတယ်။ ဒါ့အပြင် Dwayne ရဲ့မိသားစုဝင်တွေရဲ့ နေရာမှာ သရုပ်ဆောင်မယ့်သူတွေကိုလည်း ရွေးချယ်ထားပါသေးတယ်။ မိခင်ဖြစ်သူနေရာမှာ Stacey Leilua ၊ ဖခင်ဖြစ်သူ Rocky Johnson နေရာမှာ Joseph Lee Anderson နဲ့ အဘွားဖြစ်သူနေရာမှာ Ana Tuisila တို့က သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ Dwayne ကိုယ်တိုင်ကတော့ အပိုင်းတိုင်းမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Young Rock ဇာတ်လမ်းတွဲကိုတော့ NBC ရုပ်သံလိုင်းမှာ ၂၀၂၁ခုနှစ်အတွင်း ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

Glasgow

Source: screenrant

(Zawgyi Version)

Dwayne Johnson ရဲ႕ ငယ္ဘဝအေၾကာင္း ႐ိုက္ကူးမယ့္ Young Rock ဇာတ္လမ္းတြဲအတြက္ ပါဝင္မယ့္ သ႐ုပ္ေဆာင္ေတြကို ေ႐ြးခ်ယ္ၿပီးၿပီလို႔ သိရပါတယ္။

Dwayne Johnson ဟာ နာမည္ေက်ာ္ WWE နပန္းသမားဘဝကေန သ႐ုပ္ေဆာင္ဘက္ကို ကူးေျပာင္းလာသူ ျဖစ္ၿပီး လက္ရွိအခ်ိန္မွာ ဝင္ေငြအေကာင္းဆုံး မင္းသားတစ္လက္အျဖစ္ ရပ္တည္ေနသူလည္း ျဖစ္ပါတယ္။ ယခင္က The Rock အမည္နဲ႔ WWE ေလာကမွာ ေအာင္ျမင္ေက်ာ္ၾကားခဲ့သူျဖစ္႐ုံသာမက သူ႔ရဲ႕မိသားစုဟာလည္း WWE သမိုင္းမွာ နာမည္ႀကီး ျဖစ္ပါတယ္။ ဒါ့အျပင္ Dwayne ဟာ သုညကေန စတင္ခဲ့ရတဲ့ သူ႔ဘဝအေၾကာင္းကို မႁခြင္းမခ်န္ ေျပာျပတတ္သူမို႔ လူခ်စ္လူခင္မ်ားသူလည္း ျဖစ္ပါတယ္။

Photo: therock/ Instagram

အခုဆိုရင္ေတာ့ Dwayne ရဲ႕ငယ္ဘဝနဲ႔ မိသားစုအေၾကာင္းေတြကို ပိုၿပီးေတာ့ အတြင္းက်က် သိခြင့္ရေတာ့မွာ ျဖစ္ပါတယ္။ NBC ႐ုပ္သံလိုင္းဟာ Young Rock လို႔ အမည္ေပးထားတဲ့ ဇာတ္လမ္းတြဲကို ႐ိုက္ကူးထုတ္လႊင့္သြားမွာျဖစ္ၿပီး Dwayne ရဲ႕ မိသားစုနဲ႔အတူ ႀကီးျပင္းလာတဲ့ ငယ္ဘဝ၊ WWE ေလာကမွာ နပန္းသမားျဖစ္လာပုံနဲ႔ အေမရိကန္ေဘာလုံးသမားဘဝက ျဖစ္ရပ္ေတြကို အဓိကထား ျပသသြားမွာ ျဖစ္ပါတယ္။

Dwayne Johnson ရဲ႕ အေမရိကန္ေဘာလုံး အားကစားသမားဘဝကိုေတာ့ HBO က ထုတ္လႊင့္ခဲ့တဲ့ Ballers ဇာတ္လမ္းတြဲမွာ ျပသခဲ့ၿပီး ျဖစ္ပါတယ္။ သို႔ေပမယ့္ အဆိုပါဇာတ္လမ္းဟာ တကယ့္ျဖစ္ရပ္မွန္ မဟုတ္ဘဲ စိတ္ကူးယဥ္ဇာတ္လမ္းကိုသာ Dwayne က သ႐ုပ္ေဆာင္ခဲ့ရတာ ျဖစ္ပါတယ္။ အခု NBC က ထုတ္လႊင့္မယ့္ Young Rock ဇာတ္လမ္းတြဲမွာေတာ့ သူ႔ဘဝရဲ႕ ျဖတ္သန္းမႈ ဘဝခရီးကို အမွန္အတိုင္း ႐ိုက္ကူးထုတ္လႊင့္သြားမွာ ျဖစ္ပါတယ္။

Photo: therock/ Instagram
Photo: therock/ Instagram

အခုဆိုရင္ေတာ့ Young Rock ဇာတ္လမ္းတြဲမွာ ပါဝင္သ႐ုပ္ေဆာင္မယ့္ သ႐ုပ္ေဆာင္ေတြကို ေ႐ြးခ်ယ္ၿပီးတဲ့အေၾကာင္း Dwayne က သူ႔ရဲ႕အင္စတာဂရမ္အေကာင့္မွာ မွ်ေဝေပးထားပါတယ္။ Dwayne ရဲ႕ငယ္ဘဝက စတင္႐ိုက္ကူးမွာျဖစ္တာေၾကာင့္ အသက္(၁၀)ႏွစ္သားအ႐ြယ္၊ အသက္(၁၅)ႏွစ္အ႐ြယ္နဲ႔ အသက္(၁၈)ႏွစ္ကေန (၂၀)ႏွစ္အ႐ြယ္အတြက္ စုစုေပါင္း သ႐ုပ္ေဆာင္သုံးေယာက္ကို ေ႐ြးခ်ယ္ထားၿပီးၿပီလို႔ သိရပါတယ္။

Photo: therock/ Instagram

Dwayne ရဲ႕ငယ္ဘဝမွာ အ႐ြယ္အလိုက္ သ႐ုပ္ေဆာင္ၾကမယ့္ သ႐ုပ္ေဆာင္သုံးေယာက္ရဲ႕အမည္ေတြကေတာ့ Adrian Groulx ၊ Bradley Constant နဲ႔ Uli Latukefu တို႔ ျဖစ္ပါတယ္။ ဒါ့အျပင္ Dwayne ရဲ႕မိသားစုဝင္ေတြရဲ႕ ေနရာမွာ သ႐ုပ္ေဆာင္မယ့္သူေတြကိုလည္း ေ႐ြးခ်ယ္ထားပါေသးတယ္။ မိခင္ျဖစ္သူေနရာမွာ Stacey Leilua ၊ ဖခင္ျဖစ္သူ Rocky Johnson ေနရာမွာ Joseph Lee Anderson နဲ႔ အဘြားျဖစ္သူေနရာမွာ Ana Tuisila တို႔က သ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ Dwayne ကိုယ္တိုင္ကေတာ့ အပိုင္းတိုင္းမွာ ပါဝင္သ႐ုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။

Young Rock ဇာတ္လမ္းတြဲကိုေတာ့ NBC ႐ုပ္သံလိုင္းမွာ ၂၀၂၁ခုႏွစ္အတြင္း ထုတ္လႊင့္ျပသသြားမယ္လို႔ သိရပါတယ္။

Glasgow

Source: screenrant

RELATED ARTICLES

Most Popular