HomeEntertainmentFilmDwayne Johnson ရဲ့အသစ်ထွက်လာဦးမယ့် ရုပ်ရှင်ဇာတ်ကားများ 

Dwayne Johnson ရဲ့အသစ်ထွက်လာဦးမယ့် ရုပ်ရှင်ဇာတ်ကားများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Rock လို့လူသိများတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Dwayne Johnson ဟာ ၂၀၂၀ ခုနှစ်မှာ ဝင်ငွေအများဆုံးသရုပ်ဆောင် ဖြစ်နေပါတယ်။ သူဟာအရင်တုန်းကတော့ WWE မှာ နာမည်ကြီး နပန်းသမားတစ်ယောက်ဖြစ်ခဲ့ပြီးတော့ နောက်ပိုင်းမှာ Fast and Furious တို့လို နာမည်ကြီးဇာတ်ကားတွေမှာလည်း သရုပ်ဆောင်ခဲ့ပါတယ်။ အခုချိန်မှာတော့ သူဟာ တော်တော်လေးကို အောင်မြင်တဲ့ သရုပ်ဆောင်ဖြစ်နေတဲ့အပြင် သူသရုပ်ဆောင်ထားတဲ့ နောက်ထပ်ဇာတ်ကားအသစ်တွေလည်း ထွက်ဖို့ရှိပါသေးတယ်။ အဲ့ဒါကြောင့် သူသရုပ်ဆောင်ထားတဲ့ အသစ်ထွက်မယ့် ဇာတ်ကားအသစ်တွေကို ဖော်ပြပေးချင်ပါတယ်။

Jungle Cruise
photo via screenrant

ဒီကားကတော့ Disney ကထုတ်လုပ်ထားတာဖြစ်ပြီးတော့ စွန့်စားခန်းအက်ရှင် အမျိုးအစားဇာတ်လမ်း ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်တွေကတော့ Dwayne Johnson နဲ့ Emily Blunt တို့ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ ၂၀ ရာစုအစောပိုင်းလောက်ကို အခြေခံထားပြီးတော့ သင်္ဘောကပ်ပတိန်နဲ့ သိပ္ပံပညာရှင်တစ်ယောက်တို့ဟာ အမေဇုန်တောထဲက တစ်နေရာမှာရှိတဲ့ ဒဏ်ရာတွေကို ကုသနိုင်စွမ်းရှိတဲ့ ရှေးဟောင်းသစ်ပင်ကို ရှာဖွေဖို့အတွက် စွန့်စားခန်းထွက်ကြပုံကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အစကတော့ ဒီဇာတ်ကားထွက်ရှိမယ့်ရက်စွဲက ၂၀၁၉ အောက်တိုဘာလမှာ ထွက်ဖို့အတွက် စီစဉ်ထားပေမယ့် ကိုဗစ်ကြောင့် ၂၀၂၀ ဇူလိုင်လကို ပြောင်းရွှေ့လိုက်ရပါတယ်။ ဒါပေမယ့်လည်း အခြေအနေတွေဟာ ပြန်မကောင်းလာသေးတာကြောင့် ၂၀၂၁ ဇူလိုင်လကို ထပ်ပြီးတော့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

Red Notice
photo via screenrant

ဒီကားကတေ‌ာ့ Netflix ကထုတ်လုပ်ထားတာ ဖြစ်ပြီးတော့ ဟာသအက်ရှင်အမျိုးအစား ဖြစ်ပါတယ်။ Dwayne Johnson ၊ Ryan Reynolds နဲ့ Gal Gadot တို့က ပါဝင်သရုပ်ဆောင်ထားပြီးတော့ Rawson Marshall Thurber ကရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာပေါ်မှာ အတော်ဆုံးအနုပညာပစ္စည်းတွေကို ခိုးတဲ့သူနဲ့ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ လူလိမ်တစ်ယောက်တို့က ပူးပေါင်းပြီးတော့ အလုပ်လုပ်ဖို့ စီစဉ်နေခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ အင်တာပိုအေးဂျင့်တစ်ယောက်ဟာ သူတို့နှစ်ယောက်လုံးကို စုံစမ်းပြီးတော့ ဖမ်းဆီးဖို့အတွက် တာဝန်ပေးခံခဲ့ရပါတယ်။ ဒီကားကလည်း ကိုဗစ်ကြောင့် ရပ်နားထားရတာဖြစ်ပြီးတော့ ထွက်လာမယ့်ရက်စွဲကိုတော့ မသိရသေးပါဘူး။

Black Adam
photo via screenrant

သူဟာ ဒီကားထဲမှာတော့ DC ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ Black Adam နေရာမှာ သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ Black Adam ဟာ Shazam ရဲ့ ဗီလိန်ဖြစ်ပြီးတော့ ဒီကားကတော့ သူ့အတွက် ဆိုလိုရုပ်ရှင်ဖြစ်တဲ့အပြင် spin-off အနေနဲ့ ထွက်လာမှာ ဖြစ်ပါတယ်။ DC ပရိသတ်တော်တော်များများဟာ Black Adam ရဲ့ဆိုလိုရုပ်ရှင်ကို ကြည့်ချင်နေခဲ့တာ ကြာခဲ့ပြီဖြစ်တဲ့အပြင် အဲ့ဒီဇာတ်ကောင်နေရာမှာလည်း Dwayne Johnson ကိုဖြစ်စေချင်ခဲ့တာ အချိန်တွေကြာခဲ့ပြီ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ DC ပရိသတ်တွေအတွက် သတင်းကောင်းအနေနဲ့ သူဟာလည်း ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်မယ်ဆိုပြီး အတည်ပြုလိုက်တဲ့အပြင် ဒီဇာတ်ကားဟာလည်း ၂၀၂၁ ဒီဇင်ဘာလမှာ ထွက်လာမယ်ဆိုပြီးလည်း သိထားရပါသေးတယ်။

Hobbs & Shaw 2
photo via screenrant

Fast and Furious ဇာတ်ကားတွေဟာ အရမ်းကိုနာမည်ကြီးပြီးတော့ တော်တော်လေးလည်း အောင်မြင်ခဲ့ပါတယ်။ သူဟာလည်း အဲ့ဒီဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ဖူးတဲ့အပြင် ၂၀၁၉ ခုနှစ်တုန်းကတော့ spin-off အနေနဲ့ Hobbs & Shaw ဆိုပြီး ထွက်လာခဲ့ပါတယ်။ သိပ်မကြာခင်တုန်းကပဲ Hobbs & Shaw 2 ဟာ ထပ်ပြီးတော့ ထွက်လာဖို့ရှိသေးပါတယ်ဆိုပြီးတော့ သူဟာ အတည်ပြုခဲ့ပါတယ်။ ဒီကားအတွက် ဇာတ်လမ်းအကျဉ်းတွေနဲ့ ထွက်လာမယ့်ရက်စွဲတွေကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့်လည်း ဒုတိယမြောက်ကားထဲမှာတော့ နောက်ထပ်အဖွဲ့ဝင်အသစ်တွေကို ထပ်မြင်ရပြီးတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ အက်ရှင်ကားတစ်ကား ဖြစ်မယ်ဆိုတာတော့ သေချာပါတယ်။

Jumanji
photo via screenrant

၂၀၁၉ ခုနှစ်တုန်းက Jumanji: The Next Level ဆိုပြီးတော့ Dwayne Johnson သရုပ်ဆောင်ထားတဲ့ Jumanji ဇာတ်ကားအသစ် ထွက်ထားခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ ထုံးစံအတိုင်း သာမန်လူတွေဟာ Jumanji ဆိုတဲ့ဂိမ်းကို ကစားလိုက်တဲ့အချိန်မှာတော့ အဲ့ဒီသူဟာ ဂိမ်းထဲကိုရောက်သွားပြီးတော့ ဂိမ်းထဲက ဇာတ်ကောင်တွေ ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီဂိမ်းဇာတ်ကောင်နေရာမှာတော့ Dwayne Johnson ၊ Karen Gillan ၊ Kevin Hart နဲ့ Jack Black တို့က သရုပ်ဆောင်ခဲ့ပါတယ်။ အခုလည်း နောက်ထပ်အသစ်တစ်ကား ထပ်ပြီးထွက်တော့မယ်ဆိုတော့ သူတို့လေးယောက်ဟာ ဂိမ်းထဲကဇာတ်ကောင်နေရာမှာ ပါမှာတော့ သေချာပါတယ်။ ဒါပေမယ့်လည်း အသစ်ထွက်မယ့်ဇာတ်ကားနဲ့ ပတ်သက်ပြီးတော့ ထွက်လာမယ့်ရက်စွဲနဲ့ ဇာတ်လမ်းအကျဉ်းတွေကိုတော့ မသိရသေးပါဘူး။

Young Rock
photo via screenrant

အပေါ်မှာ ပြောခဲ့သလိုပဲ Dwayne Johnson ဟာအရင်တုန်းက WWE မှာ နာမည်ကြီးနပန်းသမားတစ်ယောက်ဆိုတာကို အကုန်လုံးသိကြမှာပါ။ Young Rock ကတော့ အဲ့လိုမျိုးနပန်းသမားဖြစ်ခဲ့တုန်းကအချိန်တွေနဲ့ သူ့ရဲ့ဘဝအကြောင်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းဟာ ရုပ်ရှင်တစ်ကားတည်းမဟုတ်ဘဲနဲ့ စီးရီးအဖြစ်နဲ့ ပြသသွားမှာ ဖြစ်ပါတယ်။ ဒီစီးရီးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို သိပ်မသိရသေးပေမယ့်လည်း ၂၀၂၁ နှစ်လယ်လောက်မှာတော့ NBC ရုပ်သံလိုင်းကနေပြီးတော့ ပြသသွားမယ်လို့ သိရပါတယ်။

The King
photo via screenrant

ဒီကားကတော့ ဟာဝေယံဘုရင် Kamehameha I အကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီဘုရင်ဟာ ၁၈ ရာစုလောက်က ဟာဝေယံကျွန်းတွေအများကြီးကို တစ်စုတစ်စည်းဖြစ်သွားအောင် စုစည်းခဲ့သူဖြစ်ပြီးတော့ အဲ့လိုပြုလုပ်တဲ့အချိန်မှာ ဘယ်လိုအခက်အခဲတွေိကို ကြုံတွေ့ခဲ့ရတယ်ဆိုတာကိုလည်း စိတ်ဝင်စားဖွယ်ဖြစ်အောင် ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ Dwayne Johnson ကတော့ အဲ့ဒီဘုရင်နေရာမှာ သရုပ်ဆောင်သွားမှာ ဖြစ်ပြီးတော့ ထွက်လာမယ့်ရက်အတိအကျတော့ မသိရသေးပါဘူး။

Big Trouble In Little China
photo via screenrant

ဒီကားကတော့ ၁၉၈၆ ခုနှစ်တုန်းက ထွက်ခဲ့ဖူးတဲ့ အက်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ ဒီကားကို remake အနေနဲ့အသစ်ပြန်လည်ရိုက်ကူးဖို့အတွက် ကြော်ငြာခဲ့ပြီးတော့ Dwayne Johnson က သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီကားဟာလည်း Jumanji လိုမျိုးပဲ ဖြစ်ပြီးတော့ Jumanji ကလည်း ၁၉၉၅ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဒီကားကို remake ပြန်လည်ရိုက်ကူးတဲ့အချိန်မှာတော့ နဂိုဇာတ်လမ်းကို ဘယ်လိုအပြောင်းအလဲတွေ ပြုလုပ်ပြီးတော့ စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးသွားမှာလည်း ဆိုတာကတော့ မသိရသေးတဲ့အပြင် ထွက်လာမယ့်ရက်ကိုလည်း မသိရသေးပါဘူး။

John Henry And The Statesmen
photo via screenrant

ဒီကားကတော့ Netflix ကထုတ်လုပ်ထားတာ ဖြစ်ပြီးတော့ Dwayne Johnson က ပါဝင်သရုပ်ဆောင်ထားကာ ဒါရိုက်တာ Kasdan ကရိုက်ကူးထားပါတယ်။ ဒါ့အပြင် ဒီကားဟာ ရိုက်ကူးနေဆဲဖြစ်ပေမယ့်လည်း ကိုဗစ်ကြောင့် ရပ်နားထားရပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီကားနဲ့ပတ်သက်တဲ့ ဇာတ်လမ်းအကြောင်းအရာနဲ့ ထွက်လာမယ့်နေ့ရက်တွေကိုတော့ မသိရသေးပါဘူး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

The Rock လို႔လူသိမ်ားတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ Dwayne Johnson ဟာ ၂၀၂၀ ခုႏွစ္မွာ ဝင္ေငြအမ်ားဆုံးသ႐ုပ္ေဆာင္ ျဖစ္ေနပါတယ္။ သူဟာအရင္တုန္းကေတာ့ WWE မွာ နာမည္ႀကီးနပန္းသမားတစ္ေယာက္ျဖစ္ခဲ့ၿပီးေတာ့ ေနာက္ပိုင္းမွာေတာ့ Fast and Furious တို႔လို နာမည္ႀကီးဇာတ္ကားေတြမွာလည္း သ႐ုပ္ေဆာင္ခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ သူဟာ ေတာ္ေတာ္ေလးကို ေအာင္ျမင္တဲ့ သ႐ုပ္ေဆာင္ျဖစ္ေနတဲ့အျပင္ သူသ႐ုပ္ေဆာင္ထားတဲ့ ေနာက္ထပ္ဇာတ္ကားအသစ္ေတြလည္း ထြက္ဖို႔ရွိပါေသးတယ္။ အဲ့ဒါေၾကာင့္ သူသ႐ုပ္ေဆာင္ထားတဲ့ အသစ္ထြက္မယ့္ ဇာတ္ကားအသစ္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Jungle Cruise
photo via screenrant

ဒီကားကေတာ့ Disney ကထုတ္လုပ္ထားတာျဖစ္ၿပီးေတာ့ စြန႔္စားခန္းအက္ရွင္ အမ်ိဳးအစားဇာတ္လမ္း ျဖစ္ပါတယ္။ အဓိကသ႐ုပ္ေဆာင္ေတြကေတာ့ Dwayne Johnson နဲ႔ Emily Blunt တို႔ပဲ ျဖစ္ပါတယ္။ ဇာတ္လမ္းကိုေတာ့ ၂၀ ရာစုအေစာပိုင္းေလာက္ကို အေျခခံထားၿပီးေတာ့ သေဘၤာကပ္ပတိန္နဲ႔ သိပၸံပညာရွင္တစ္ေယာက္တို႔ဟာ အေမဇုန္ေတာထဲက တစ္ေနရာမွာရွိတဲ့ ဒဏ္ရာေတြကို ကုသႏိုင္စြမ္းရွိတဲ့ ေရွးေဟာင္းသစ္ပင္ကို ရွာေဖြဖို႔အတြက္ စြန႔္စားခန္းထြက္ၾကပုံကို စိတ္ဝင္စားဖြယ္ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ အစကေတာ့ ဒီဇာတ္ကားထြက္ရွိမယ့္ရက္စြဲက ၂၀၁၉ ေအာက္တိုဘာလမွာ ထြက္ဖို႔အတြက္ စီစဥ္ထားေပမယ့္ ကိုဗစ္ေၾကာင့္ ၂၀၂၀ ဇူလိုင္လကို ေျပာင္းေ႐ႊ႕လိုက္ရပါတယ္။ ဒါေပမယ့္လည္း အေျခအေနေတြဟာ ျပန္မေကာင္းလာေသးတာေၾကာင့္ ၂၀၂၁ ဇူလိုင္လကို ထပ္ၿပီးေတာ့ ေျပာင္းေ႐ႊ႕သြားခဲ့ပါတယ္။

Red Notice
photo via screenrant

ဒီကားကေတ‌ာ့ Netflix ကထုတ္လုပ္ထားတာ ျဖစ္ၿပီးေတာ့ ဟာသအက္ရွင္အမ်ိဳးအစား ျဖစ္ပါတယ္။ Dwayne Johnson ၊ Ryan Reynolds နဲ႔ Gal Gadot တို႔က ပါဝင္သ႐ုပ္ေဆာင္ထားၿပီးေတာ့ Rawson Marshall Thurber က႐ိုက္ကူးထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ကမာၻေပၚမွာ အေတာ္ဆုံးအႏုပညာပစၥည္းေတြကို ခိုးတဲ့သူနဲ႔ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားေနတဲ့ လူလိမ္တစ္ေယာက္တို႔က ပူးေပါင္းၿပီးေတာ့ အလုပ္လုပ္ဖို႔ စီစဥ္ေနခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ အင္တာပိုေအးဂ်င့္တစ္ေယာက္ဟာ သူတို႔ႏွစ္ေယာက္လုံးကို စုံစမ္းၿပီးေတာ့ ဖမ္းဆီးဖို႔အတြက္ တာဝန္ေပးခံခဲ့ရပါတယ္။ ဒီကားကလည္း ကိုဗစ္ေၾကာင့္ ရပ္နားထားရတာျဖစ္ၿပီးေတာ့ ထြက္လာမယ့္ရက္စြဲကိုေတာ့ မသိရေသးပါဘူး။

Black Adam
photo via screenrant

သူဟာ ဒီကားထဲမွာေတာ့ DC ဇာတ္ေကာင္တစ္ေယာက္ျဖစ္တဲ့ Black Adam ေနရာမွာ သ႐ုပ္ေဆာင္မွာ ျဖစ္ပါတယ္။ Black Adam ဟာ Shazam ရဲ႕ ဗီလိန္ျဖစ္ၿပီးေတာ့ ဒီကားကေတာ့ သူ႔အတြက္ ဆိုလို႐ုပ္ရွင္ျဖစ္တဲ့အျပင္ spin-off အေနနဲ႔ ထြက္လာမွာ ျဖစ္ပါတယ္။ DC ပရိသတ္ေတာ္ေတာ္မ်ားမ်ားဟာ Black Adam ရဲ႕ဆိုလို႐ုပ္ရွင္ကို ၾကည့္ခ်င္ေနခဲ့တာ ၾကာခဲ့ၿပီျဖစ္တဲ့အျပင္ အဲ့ဒီဇာတ္ေကာင္ေနရာမွာလည္း Dwayne Johnson ကိုျဖစ္ေစခ်င္ခဲ့တာ အခ်ိန္ေတြၾကာခဲ့ၿပီ ျဖစ္ပါတယ္။ ေနာက္ဆုံးမွာေတာ့ DC ပရိသတ္ေတြအတြက္ သတင္းေကာင္းအေနနဲ႔ သူဟာလည္း ဒီဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္မယ္ဆိုၿပီး အတည္ျပဳလိုက္တဲ့အျပင္ ဒီဇာတ္ကားဟာလည္း ၂၀၂၁ ဒီဇင္ဘာလမွာ ထြက္လာမယ္ဆိုၿပီးလည္း သိထားရပါေသးတယ္။

Hobbs & Shaw 2
photo via screenrant

Fast and Furious ဇာတ္ကားေတြဟာ အရမ္းကိုနာမည္ႀကီးၿပီးေတာ့ ေတာ္ေတာ္ေလးလည္း ေအာင္ျမင္ခဲ့ပါတယ္။ သူဟာလည္း အဲ့ဒီဇာတ္ကားေတြမွာ သ႐ုပ္ေဆာင္ခဲ့ဖူးတဲ့အျပင္ ၂၀၁၉ ခုႏွစ္တုန္းကေတာ့ spin-off အေနနဲ႔ Hobbs & Shaw ဆိုၿပီး ထြက္လာခဲ့ပါတယ္။ သိပ္မၾကာခင္တုန္းကပဲ Hobbs & Shaw 2 ဟာ ထပ္ၿပီးေတာ့ ထြက္လာဖို႔ရွိေသးပါတယ္ဆိုၿပီးေတာ့ သူဟာ အတည္ျပဳခဲ့ပါတယ္။ ဒီကားအတြက္ ဇာတ္လမ္းအက်ဥ္းေတြနဲ႔ ထြက္လာမယ့္ရက္စြဲေတြကိုေတာ့ မသိရေသးပါဘူး။ ဒါေပမယ့္လည္း ဒုတိယေျမာက္ကားထဲမွာေတာ့ ေနာက္ထပ္အဖြဲ႕ဝင္အသစ္ေတြကို ထပ္ျမင္ရၿပီးေတာ့ စိတ္ဝင္စားဖို႔ေကာင္းတဲ့ အက္ရွင္ကားတစ္ကား ျဖစ္မယ္ဆိုတာေတာ့ ေသခ်ာပါတယ္။

Jumanji
photo via screenrant

၂၀၁၉ ခုႏွစ္တုန္းက Jumanji: The Next Level ဆိုၿပီးေတာ့ Dwayne Johnson သ႐ုပ္ေဆာင္ထားတဲ့ Jumanji ဇာတ္ကားအသစ္ ထြက္ထားခဲ့ပါတယ္။ ဒီဇာတ္ကားရဲ႕ ထုံးစံအတိုင္း သာမန္လူေတြဟာ Jumanji ဆိုတဲ့ဂိမ္းကို ကစားလိုက္တဲ့အခ်ိန္မွာေတာ့ အဲ့ဒီသူဟာ ဂိမ္းထဲကိုေရာက္သြားၿပီးေတာ့ ဂိမ္းထဲက ဇာတ္ေကာင္ေတြ ျဖစ္သြားခဲ့ပါတယ္။ အဲ့ဒီဂိမ္းဇာတ္ေကာင္ေနရာမွာေတာ့ Dwayne Johnson ၊ Karen Gillan ၊ Kevin Hart နဲ႔ Jack Black တို႔က သ႐ုပ္ေဆာင္ခဲ့ပါတယ္။ အခုလည္း ေနာက္ထပ္အသစ္တစ္ကား ထပ္ၿပီးထြက္ေတာ့မယ္ဆိုေတာ့ သူတို႔ေလးေယာက္ဟာ ဂိမ္းထဲကဇာတ္ေကာင္ေနရာမွာ ပါမွာေတာ့ ေသခ်ာပါတယ္။ ဒါေပမယ့္လည္း အသစ္ထြက္မယ့္ဇာတ္ကားနဲ႔ ပတ္သက္ၿပီးေတာ့ ထြက္လာမယ့္ရက္စြဲနဲ႔ ဇာတ္လမ္းအက်ဥ္းေတြကိုေတာ့ မသိရေသးပါဘူး။

Young Rock
photo via screenrant

အေပၚမွာ ေျပာခဲ့သလိုပဲ Dwayne Johnson ဟာအရင္တုန္းက WWE မွာ နာမည္ႀကီးနပန္းသမားတစ္ေယာက္ဆိုတာကို အကုန္လုံးသိၾကမွာပါ။ Young Rock ကေတာ့ အဲ့လိုမ်ိဳးနပန္းသမားျဖစ္ခဲ့တုန္းကအခ်ိန္ေတြနဲ႔ သူ႔ရဲ႕ဘဝအေၾကာင္းကို စိတ္ဝင္စားဖြယ္ျဖစ္ေအာင္ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဇာတ္လမ္းဟာ ႐ုပ္ရွင္တစ္ကားတည္းမဟုတ္ဘဲနဲ႔ စီးရီးအျဖစ္နဲ႔ ျပသသြားမွာ ျဖစ္ပါတယ္။ ဒီစီးရီးနဲ႔ပတ္သက္တဲ့ အေၾကာင္းအရာေတြကို သိပ္မသိရေသးေပမယ့္လည္း ၂၀၂၁ ႏွစ္လယ္ေလာက္မွာေတာ့ NBC ႐ုပ္သံလိုင္းကေနၿပီးေတာ့ ျပသသြားမယ္လို႔ သိရပါတယ္။

The King
photo via screenrant

ဒီကားကေတာ့ ဟာေဝယံဘုရင္ Kamehameha I အေၾကာင္း ျဖစ္ရပ္မွန္ကို ႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။ အဲ့ဒီဘုရင္ဟာ ၁၈ ရာစုေလာက္က ဟာေဝယံကြၽန္းေတြအမ်ားႀကီးကို တစ္စုတစ္စည္းျဖစ္သြားေအာင္ စုစည္းခဲ့သူျဖစ္ၿပီးေတာ့ အဲ့လိုျပဳလုပ္တဲ့အခ်ိန္မွာ ဘယ္လိုအခက္အခဲေတြိကို ႀကဳံေတြ႕ခဲ့ရတယ္ဆိုတာကိုလည္း စိတ္ဝင္စားဖြယ္ျဖစ္ေအာင္ ႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။ Dwayne Johnson ကေတာ့ အဲ့ဒီဘုရင္ေနရာမွာ သ႐ုပ္ေဆာင္သြားမွာ ျဖစ္ၿပီးေတာ့ ထြက္လာမယ့္ရက္အတိအက်ေတာ့ မသိရေသးပါဘူး။

Big Trouble In Little China
photo via screenrant

ဒီကားကေတာ့ ၁၉၈၆ ခုႏွစ္တုန္းက ထြက္ခဲ့ဖူးတဲ့ အက္ရွင္ကားတစ္ကား ျဖစ္ပါတယ္။ ၂၀၁၅ ခုႏွစ္မွာေတာ့ ဒီကားကို remake အေနနဲ႔အသစ္ျပန္လည္႐ိုက္ကူးဖို႔အတြက္ ေၾကာ္ျငာခဲ့ၿပီးေတာ့ Dwayne Johnson ကသ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ ဒီကားဟာလည္း Jumanji လိုမ်ိဳးပဲ ျဖစ္ၿပီးေတာ့ Jumanji ကလည္း ၁၉၉၅ ခုႏွစ္တုန္းက ထြက္ခဲ့တဲ့ ႐ုပ္ရွင္ပဲ ျဖစ္ပါတယ္။ ဒီကားကို remake ျပန္လည္႐ိုက္ကူးတဲ့အခ်ိန္မွာေတာ့ နဂိုဇာတ္လမ္းကို ဘယ္လိုအေျပာင္းအလဲေတြ ျပဳလုပ္ၿပီးေတာ့ စိတ္ဝင္စားဖို႔ေကာင္းေအာင္ ႐ိုက္ကူးသြားမွာလည္း ဆိုတာကေတာ့ မသိရေသးတဲ့အျပင္ ထြက္လာမယ့္ရက္ကိုလည္း မသိရေသးပါဘူး။

John Henry And The Statesmen
photo via screenrant

ဒီကားကေတာ့ Netflix ကထုတ္လုပ္ထားတာ ျဖစ္ၿပီးေတာ့ Dwayne Johnson က ပါဝင္သ႐ုပ္ေဆာင္ထားကာ ဒါ႐ိုက္တာ Kasdan က႐ိုက္ကူးထားပါတယ္။ ဒါ့အျပင္ ဒီကားဟာ ႐ိုက္ကူးေနဆဲျဖစ္ေပမယ့္လည္း ကိုဗစ္ေၾကာင့္ ရပ္နားထားရပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီကားနဲ႔ပတ္သက္တဲ့ ဇာတ္လမ္းအေၾကာင္းအရာနဲ႔ ထြက္လာမယ့္ေန႔ရက္ေတြကိုေတာ့ မသိရေသးပါဘူး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular