HomeEntertainmentFilmThe Sandman ဇာတ်လမ်းတွဲထဲက စိတ်ဝင်စားစရာအချက်များနဲ့ Easter Egg များ

The Sandman ဇာတ်လမ်းတွဲထဲက စိတ်ဝင်စားစရာအချက်များနဲ့ Easter Egg များ

Netflix က ထွက်ရှိထားတဲ့ The Sandman ရုပ်ရှင်ကတော့ ပရိသတ်တွေ မျှော်လင့်ထားသလို ကောင်းမွန်တဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီဇာတ်လမ်းတွဲဟာ လူကြိုက်များလာပြီး အောင်မြင်မှုတွေ ရရှိနေပါတယ်။ သာမန်ပရိသတ်တွေကတော့ ဒီဇာတ်လမ်းရဲ့ ဆွဲဆောင်မှုကြောင့် မျောပါနေကြပြီး မသိမသာလေးတွေ ထည့်သွင်းထားတဲ့ Easter Egg တွေနဲ့ Reference တွေကိုတော့ သတိလက်လွတ်ဖြစ်သွားတာတွေ ရှိလောက်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ The Sandman ဇာတ်လမ်းတွဲထဲက စိတ်ဝင်စားစရာအချက်တွေနဲ့ Easter Egg တွေကို ဖော်ပြပေးချင်ပါတယ်။

(1) မူလကောမစ်ထဲက ပုံစံအတိုင်း ဖန်တီးထားခြင်း

photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာတော့ မူလကောမစ်ထဲက ပုံစံအတိုင်း ဖန်တီးထားတဲ့ ဇာတ်ဝင်ခန်းတွေများစွာ ပါဝင်နေပါတယ်။ ဇာတ်လမ်းစစချင်းမှာ Morpheus အဖမ်းခံခဲ့ရတဲ့ ပုံစံနဲ့ နောက်ပိုင်း ပေါ်တယ်ထဲကို လွတ်မြောက်သွားပုံတို့ဟာ ကောမစ်ထဲက အထင်ကရ ဇာတ်ဝင်ခန်းတွေပဲ ဖြစ်ပါတယ်။

(2) Eternal Waking

photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာတော့ Morpheus ဟာ အဖမ်းခံထားရာက လွတ်မြောက်လာတဲ့အချိန်မှာ Eternal Sleep လို့ခေါ်တဲ့ စွမ်းအားတစ်ခုကို အသုံးပြုပြီး Alex Burgess ကို အိပ်မက်ဆိုးထဲမှာ ထာဝရပိတ်မိနေစေခဲ့ပါတယ်။ ကောမစ်ထဲမှာတော့ Alex Burgess ဟာ အိပ်မက်ဆိုးကနေ လန့်နိုးလာပြီး နောက်မှာတော့ နောက်ထပ် အိပ်မက်ဆိုးတစ်ခုထဲကို ရောက်နေပါတယ်။ Morpheus ကတော့ ဒီလိုထပ်ခါထပ်ခါ ဖြစ်နေအောင် တမင်ပြုလုပ်ထားတာ ဖြစ်ပြီး အဲဒီလုပ်ရပ်ကိုတော့‌ Eternal Waking လို့ ခေါ်ပါတယ်။

(3) တခြားကောမစ်ထဲက ဇာတ်ကောင်များ

photo via screenrant

Neil Gaiman ဟာ The Sandman ဇာတ်လမ်းတွဲအတွက် ထူးခြားတဲ့ ဇာတ်ကောင်များစွာကို ဖန်တီးခဲ့သလို ဒီကောမစ်မတိုင်ခင်က ထွက်ရှိခဲ့တဲ့ DC ရဲ့ Horror ကောမစ်တွေထဲက ဇာတ်ကောင်အချို့ကိုလည်း ထည့်သွင်းခဲ့ပါတယ်။ အဲဒီဇာတ်ကောင်တွေကတော့ House of Mystery နဲ့ House of Secrets ထဲမှာ အရင်ပါဝင်ခဲ့တဲ့ Cain နဲ့ Abel ၊ The Witching Hour ထဲမှာ စတင်ပါဝင်ခဲ့တဲ့ Three Witches တို့ ဖြစ်ပြီး စာကြည့်တိုက်မှူးဖြစ်တဲ့ Lucienne ကတောင် Tales of Ghost Castle ထဲမှာ စတင်ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

(4) Johanna Constantine

photo via screenrant

ဒီဇာတ်လမ်းတွဲရဲ့ အပိုင်း(၃)ထဲမှာတော့ Johanna Constantine ဟာ Morpheus ရဲ့ ပျောက်ဆုံးနေတဲ့ သဲအိတ်လေးကို ရှာဖွေပေးခဲ့ပါတယ်။ Johanna Constantine ကတော့ ကျွန်တော်တို့ သိထားတဲ့ John Constantine ရဲ့ မိန်းကလေးဗားရှင်းပဲ ဖြစ်ပြီး John Constantine နဲ့ ပတ်သက်တဲ့ Reference တွေလည်း ပါဝင်ထားပါတယ်။

ဒီအပိုင်းရဲ့ အစမှာတော့ Johanna ဟာ ကလပ်တစ်ခုထဲမှာ Devil တွေကို နှင်ထုတ်ဖို့ ကြိုးစားနေတာကို မြင်တွေ့ခဲ့ရပြီး အဲဒီကလပ်ထဲက ပိုစတာတစ်ခုမှာတော့ John Constantine ရဲ့ Punk Band ဖြစ်တဲ့ Mucous Membrane ကိုလည်း တွေ့ခဲ့ရပါသေးတယ်။ ဒါ့အပြင် John Constantine ရဲ့ ရည်းစားဟောင်းတွေ ဖြစ်တဲ့ Chas Chandler နဲ့ Kit Ryan တို့ရဲ့ နာမည်တွေကိုလည်း Mention လုပ်သွားပါသေးတယ်။

(5) Matthew the Raven ရဲ့ Origin

photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာ Matthew စတင်ပါဝင်လာတဲ့ အချိန်မှာ‌တော့ သူ့ရဲ့နောက်ကြောင်းကို အနည်းငယ်ပဲ ပြောပြသွားပါတယ်။ သူပြောသွားတာကတော့ Lucienne က သူ့ကို Raven အဖြစ် မပြောင်းလဲခင် နာရီအနည်းငယ်အလိုက အိပ်နေရင်း‌ သေဆုံးသွားတာလို့ပဲ ပြောခဲ့ပါတယ်။ ကောမစ်ထဲမှာတော့ Matthew ရဲ့ နောက်ကြောင်းကို ပိုမိုဖော်ပြထားပါတယ်။ တကယ်တော့ သူဟာ Swamp Thing ထဲက Matthew Cable ပဲ ဖြစ်ပါတယ်။ Matthew Cable ကတော့ Alec Holland ရဲ့ သူငယ်ချင်းဖြစ်ပြီး Abigail Arcane ရဲ့ ပထမခင်ပွန်းလည်း ဖြစ်ပါတယ်။

(6) Desire ရဲ့ Realm

photo via screenrant

Desire ရဲ့ Realm ကိုတော့ ကောမစ်ထဲမှာ Threshold လို့ ခေါ်ပြီး ဒီ Realm ဟာ Desire ရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ်ပုံစံမျိူး ဖြစ်နေပါတယ်။ Desire ကတော့ အဲဒီခန္ဓာကိုယ်ကြီးရဲ့ နှလုံးထဲမှာ နေထိုင်ပါတယ်။ Desire ကတော့ လိုချင်တပ်မက်မှုကို ကိုယ်စားပြုတဲ့ Endless တစ်ယောက် ဖြစ်တာကြောင့် True Form ဆိုတာ မရှိဘဲ Desire က အသွင်ယူထားတဲ့ ပုံစံအတိုင်း Threshold ကလည်း လိုက်လံပြောင်းလဲနေပါတယ်။

(7) DC Comic Cameo

photo via screenrant

ကောမစ်ထဲမှာတော့ Sandman ဟာ Mister Miracle ၊ Martian Manhunter တို့နဲ့ တွေ့ဆုံခဲ့ဖူးပြီး ဒီကောမစ်ဟာ DC Universe ထဲမှာ ရှိနေတယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ ယခုလိုမျိူး အတည်မပြုထားပေမယ့်လည်း DC Comic Cameo တွေ ပါဝင်နေပါတယ်။

Rose Walker ဟာ သူမရဲ့မောင်ကို အထုပ်ပြင်ပေးနေတဲ့ အချိန်မှာတော့ Flash ၊ Wonder Woman နဲ့ Batman တို့ရဲ့ Action Figure တွေကို မြင်တွေ့ခဲ့ရပြီး နောက်ပိုင်းမှာလည်း Gault ရဲ့ ထိန်းချုပ်စခန်းမှာလည်း အဲဒီအရုပ်တွေကို ပြန်လည်မြင်တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် အဲဒီထိန်းချုပ်စခန်းထဲမှာတော့ DC ကောမစ်ထဲက ဗီလိန်တွေဖြစ်တဲ့ Psycho Pirate ၊ Captain Cold နဲ့ Pied Piper တို့ကို မြင်တွေ့ခဲ့ရပါတယ်။ နောက်ထပ် Easter Egg တစ်ခုကတော့ Rose Walker ရဲ့မောင်ဖြစ်သူ Jed ဟာ DC ဟီးရိုးဖြစ်တဲ့ Static ပုံပါတဲ့ တီရှပ်ကို ဝတ်ဆင်ထားသလို အဲဒီနောက်မှာတော့ သူဟာ Corinthian ရဲ့ ဟိုတယ်အခန်းထဲမှာ Static Shock ထဲက အပိုင်းတစ်ပိုင်းကို ကြည့်ရှုနေပါတယ်။

(8) Sandman ဗားရှင်းအမျိူးမျိူး

photo via screenrant

DC ကောမစ်ရဲ့ ပထမဆုံး Sandman ကတော့ Wesley Dodds ဆိုတဲ့ စုံထောက်တစ်ယောက်ဖြစ်ပြီး သူဟာ ဓာတ်ငွေ့တွေ ထုတ်လွှတ်နိုင်တဲ့ သေနတ်ကို အသုံးပြုပါတယ်။ ဒုတိယမြောက် Sandman ကိုတော့ ၁၉၇၄ ခုနှစ်မှာ ဖန်တီးခဲ့ပြီး သူဟာ ကလေးတွေကို အိပ်မက်ဆိုးတွေကနေ ကာကွယ်သူပဲ ဖြစ်ပါတယ်။

တတိယမြောက် Sandman ကတော့ ဒီဇာတ်လမ်းတွဲထဲမှာ မြင်တွေ့ခဲ့ရတဲ့ Morpheus ပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Jed ဟာ သူ့ရဲ့အိပ်မက်ထဲမှာ Sandman ဖြစ်နေပြီး အဲဒီ Sandman ကတော့ အပေါ်မှာ ဖော်ပြထားတဲ့ ဒုတိယမြောက် Sandman ကို Reference ပြုလုပ်ထားတာ ဖြစ်ပါတယ်။

(9) G.K. Chesterton

photo via screenrant

Sandman ကောမစ်ကို ဖန်တီးခဲ့တဲ့ Neil Gaiman ကတော့ စာရေးဆရာ G.K. Chesterton ရဲ့ စာအုပ်တွေကို ဖတ်ရှုရင်း ကြီးပြင်းလာတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Neil Gaiman ဟာ Sandman ကောမစ်ကို ဖန်တီးတဲ့အချိန်မှာတော့ Gilbert ဆိုတဲ့ ဇာတ်ကောင်ကို G.K. Chesterton ရဲ့ ပုံစံအတိုင်း ဖန်တီးခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာလည်း G.K. Chesterton ရဲ့ စာအုပ်တွေအကြောင်းကို Gilbert က ပြောနေတာလည်း တွေ့ခဲ့ရပါတယ်။

(10) ပျောက်ဆုံးနေတဲ့ လူသတ်သမားများ

photo via screenrant

ဒီဇာတ်လမ်းတွဲရဲ့ အပိုင်း(၉)ထဲမှာတော့ Corinthian ဟာ လူသတ်သမားတွေရဲ့ တွေ့ဆုံပွဲအတွက် ဧည့်သည်တော်အဖြစ် ဖိတ်ကြားခံခဲ့ရပါတယ်။ အစက ဖိတ်ထားတဲ့ ဧည့်သည်တော်ကတော့ The Family Man ဆိုတဲ့ လူသတ်သမားပဲ ဖြစ်ပြီး အကြောင်းအမျိူးမျိူးကြောင့် မလာနိုင်တော့ဘူးလို့ ဖော်ပြခဲ့ပါတယ်။

Hellblazer ကောမစ်ထဲမှာတော့ The Family Man ဟာ John Constantine နဲ့ ထိပ်တိုက်တွေ့ခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အပိုင်း(၉)ရဲ့ နောက်ပိုင်းမှာတော့ The Boogieman အယောင်ဆောင်ထားတဲ့ Fan Boy တစ်ယောက်ကို Corinthian က သိသွားပြီး တကယ့် Boogieman အစစ်က လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ရေနစ်ပြီး သေသွားပြီလို့ ပြောခဲ့ပါတယ်။ Swamp Thing Vol.2 #44 ကောမစ်ထဲမှာတော့ Boogieman ဟာ Swamp Thing ကြောင့် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular