HomeCharacterThe Sandman Season 1 ထဲမှာ မြင်တွေ့ခဲ့ရတဲ့ Dream ရဲ့ စွမ်းအားများ

The Sandman Season 1 ထဲမှာ မြင်တွေ့ခဲ့ရတဲ့ Dream ရဲ့ စွမ်းအားများ

Netflix ကတော့ မကြာသေးခင်ကပဲ The Sandman ဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြသခဲ့ပြီး rating အနေနဲ့ IMDb (7.9) ရရှိထားပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Endless တစ်ယောက် ဖြစ်တဲ့ Dream ရဲ့အကြောင်းကို အဓိကမြင်တွေ့ရမှာ ဖြစ်ပြီး သူဟာ အိပ်မက်လောကကို ကြီးစိုးသူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် Season 1 ထဲမှာ မြင်တွေ့ခဲ့ရတဲ့ Dream ရဲ့ စွမ်းအားတွေကို ဖော်ပြပေးချင်ပါတယ်။

(1) Immortality

photo via screenrant

Dream ဟာ Endless တစ်ယောက် ဖြစ်တာကြောင့် မသေမျိူး ဖြစ်ပြီး ဘယ်တော့မှလည်း မအိုမင်းသွားပါဘူး။ Multiverse ထဲမှာ လက်တွေ့ရှိနေတဲ့ အရာတွေထက် ကျော်လွန်ပြီး စိတ်ကူးယဉ်နိုင်တဲ့ သက်ရှိတွေ တည်ရှိနေသရွေ့ Dream ကတော့ ရှင်သန်နေဦးမှာ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Dream ဟာ Multiverse တစ်ခုလုံးရဲ့ အိပ်မက်သခင်အနေနဲ့ တည်ရှိနေပြီး ဒီဇာတ်လမ်းတွဲထဲမှာတော့ Multiverse တွေ မပါဝင်သေးပါဘူး။

အကယ်၍ တစ်ယောက်ယောက်က Dream ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကြီးကို ဖျက်ဆီးလိုက်နိုင်ရင်တောင် အိပ်မက်ကို ကိုယ်စားပြုတဲ့ နောက်ထပ် Physical Form တစ်ခု ပေါ်ထွက်လာဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Dream ရဲ့ အနားမှာ ရှိနေတဲ့ သေမျိူးတွေကလည်း Dream ရဲ့ တည်ရှိနေမှု တစ်ခုတည်းကြောင့်ပဲ အသက်ကြီးလာတာ နှေးကွေးသွားပါတယ်။

(2) အိပ်စက်ခြင်း၊ အိပ်မက်နဲ့ အိပ်မက်ဆိုးတို့ကို လက်နက်သဖွယ် အသုံးချနိုင်ပါတယ်။

photo via screenrant

Dream ဟာ Lady Johanna Constantine နဲ့ တွေ့ဆုံတဲ့ အချိန်မှာတော့ သူဟာ Lady Johanna ကို အိပ်မွေ့ချလိုက်တာကို တွေ့ရပါတယ်။ Dream ဟာ သေမျိူးတွေကိုတော့ ချက်ချင်းပဲ အိပ်မွေ့ချနိုင်ပြီး အိပ်မက်မက်အောင်၊ ဒါမှမဟုတ် အိပ်မက်ဆိုးတွေ မက်အောင် ပြုလုပ်နိုင်ပါတယ်။

သူဟာ ဒီစွမ်းအားကို လက်နက်အနေနဲ့ သိပ်ပြီးအသုံးပြုလေ့ မရှိပေမယ့်လည်း သေမျိူးတစ်ယောက်ယောက်က သူ့ကို အန္တရာယ်ပေးလာရင် အသုံးပြုနိုင်တဲ့ ထိရောက်မှုအရှိဆုံး စွမ်းအားတစ်ခုပဲ ဖြစ်ပါတယ်။ Dream ဟာ လူတစ်ယောက်ကို ထာဝရအိပ်စက်သွားအောင် ပြုလုပ်နိုင်သလို မပြီးဆုံးနိုင်တဲ့ အိပ်မက်ဆိုးထဲမှာလည်း ထည့်ပိတ်ထားနိုင်ပါတယ်။

(3) Dimension Travel နဲ့ Dream Travel

photo via screenrant

Dream ဟာ သူကိုယ်တိုင်အပြင် တခြားသက်ရှိတွေကိုလည်း မတူညီတဲ့ ဒိုင်မေးရှင်းတွေနဲ့ Magic Realm တွေဆီကို ခေါ်ဆောင်သွားနိုင်ပါတယ်။ အပိုင်း(၄)ထဲမှာတော့ Dream ဟာ Matthew ကို ငရဲဆီ ခေါ်သွားတာကို တွေ့ရပါတယ်။ ဒါ့အပြင် သူဟာ အိပ်မက်လောကနဲ့ ပြင်ပက လူတွေနေထိုင်နေတဲ့ လောကကိုလည်း ဆန္ဒရှိသလို သွားလာနိုင်ပါတယ်။ ဒီလိုသွားလာနိုင်ဖို့အတွက်တော့ Dream ဟာ အိပ်မက်လောကကနေ အိပ်မက်မက်နေတဲ့ လူတစ်ယောက်ရဲ့ အိပ်မက်ထဲကို ဝင်ရောက်ပြီး အဲဒီအိပ်မက်မက်နေတဲ့ လူရှိရာနေရာကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။

(4) Reality ကို ပြောင်းလဲနိုင်ခြင်း

photo via screenrant

Dream ကတော့ အိပ်မက်လောကထဲမှာ ရှိနေတဲ့ အချိန်မှာ စွမ်းအားအကြီးဆုံးပဲ ဖြစ်ပြီး အိပ်မက်လောကထဲမှာတော့ သူဟာ Reality ကို ကြိုက်သလို ခြယ်လှယ်ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။ သူဟာ သူ့ရဲ့စွမ်းအားတွေကို ပိုပြီးအာရုံစိုက်နိုင်ဖို့အတွက် အရာဝတ္ထုတွေကို ဖန်တီးနိုင်သလို Being တွေဖြစ်တဲ့ တခြားအိပ်မက်တွေနဲ့ အိပ်မက်ဆိုးတွေကိုလည်း ဖန်တီးနိုင်ပါသေးတယ်။ ဒါ့အပြင် Dream ရဲ့ ပတ္တမြားကတော့ တခြားသူတွေရဲ့ စိတ်ကိုပါ ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။

(5) Inspiration

photo via screenrant

Dream မှာ အမည်နာမပေါင်းများစွာ ရှိပြီး Master of Dreams ၊ King of Nightmare Realms ၊ Dream of the Endless အပြင် Prince of Stories လို့လည်း ခေါ်ကြပါသေးတယ်။ Dream ဟာ အိပ်နေတဲ့အချိန် မက်တဲ့ အိပ်မက်တစ်ခုတည်းကို ကိုယ်စားပြုတာ မဟုတ်ဘဲ လူတွေရဲ့ စိတ်ကူးစိတ်သန်းတွေကိုလည်း ကိုယ်စားပြုပါသေးတယ်။ ဒါကြောင့်ပဲ Dream ဟာ စိတ်ကူးယဉ်ဇာတ်လမ်းတွေကိုလည်း ကြီးစိုးပါသေးတယ်။

အိပ်မက်လောကထဲမှာ ရှိတဲ့ စာကြည့်တိုက်မှာတော့ ရေးဖူးသမျှ စာအုပ်တွေအပြင် ရေးဖို့ စိတ်ကူးထားပြီး မရေးရသေးတဲ့ စာအုပ်တွေပါ ပါဝင်နေပါတယ်။ Dream ကတော့ ဒီစာကြည့်တိုက်ထဲက သိရတဲ့ အသိပညာတွေကို မဖုံးကွယ်ထားဘဲ အိပ်မက်ကနေတဆင့် အနုပညာရှင်တွေကို Idea တွေ ပေးလေ့ရှိပါတယ်။ တခါတရံကျရင်တော့ Dream ဟာ အပိုင်း(၆)ထဲမှာ မြင်တွေ့ခဲ့ရသလိုမျိူး တိုက်ရိုက်ထိတွေ့ပြီး အကြံဉာဏ်ပေးတာမျိူးလည်း ရှိတတ်ပါသေးတယ်။

(6) Cosmic Awareness

photo via screenrant

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ အိပ်မက်လောကမှာ ရှိတဲ့ စာကြည့်တိုက်ထဲမှာတော့ အဆုံးအစ မရှိသလောက် ဖြစ်နေတဲ့ အသိပညာတွေ ရှိနေပြီး Multiverse ထဲက သက်ရှိတိုင်းရဲ့ အိပ်မက်တွေလည်း ပါဝင်နေပါတယ်။ လုံလောက်တဲ့အချိန်သာ ရမယ်ဆိုရင်တော့ Dream ဟာ အဲဒီစာကြည့်တိုက်ထဲက အရာအားလုံးနီးပါးကို သိရှိသွားနိုင်ပြီး မသိနိုင်တဲ့ အရာဆိုတာလည်း ခပ်ရှားရှားပဲ ဖြစ်နေပါလိမ့်မယ်။

ဒါ့အပြင် Endless ထဲက တစ်ယောက် ဖြစ်တာကြောင့် Dream အတွက်တော့ အချိန်ဆိုတာ သိပ်အရေးမကြီးလှပါဘူး။ ဒါတင်မကသေးဘဲ သူ့ရဲ့လက်ထောက်ဖြစ်တဲ့ Lucienne ဆီကနေလည်း အချက်အလက်တွေကို သိရှိနိုင်ပါသေးတယ်။ စိတ်ဝင်စားဖို့ အကောင်းဆုံးတစ်ချက်ကတော့ Dream ဟာ လူတစ်ယောက်ကို ကြည့်လိုက်ရုံနဲ့ တနည်းတဖုံနဲ့ အဲဒီလူရဲ့ အကြောင်းတွေကို သိရှိသွားတာပဲ ဖြစ်ပါတယ်။ အဲဒီအချက်ကိုတော့ အပိုင်း(၆)ထဲမှာ မြင်တွေ့ခဲ့ရပါတယ်။

ဒါကတော့ The Sandman ဇာတ်လမ်းတွဲထဲက Dram ရဲ့စွမ်းအားတွေအကြောင်း ဖြစ်ပါတယ်။ အခုလိုဆောင်းပါးတွေ ဖတ်ရှုရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားလိုက်ပါနော်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular