HomeCelebs Update NewsInternationalThe Scorpion King ကို အသစ်ပြန်ရိုက်ဖို့ စီစဉ်နေတဲ့ Dwayne Johnson

The Scorpion King ကို အသစ်ပြန်ရိုက်ဖို့ စီစဉ်နေတဲ့ Dwayne Johnson

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသား Dwayne Johnson ဟာ သူ့ကို ရုပ်ရှင်လောကမှာ နာမည်တစ်လုံးနဲ့ အောင်မြင်စေခဲ့တဲ့ The Scorpion King ရုပ်ရှင်ဇာတ်ကားကို အသစ်တဖန် ပြန်လည်ရိုက်ကူးဖို့ စီစဉ်နေပါတယ်။

အသက်(၄၈)နှစ် ရှိပြီဖြစ်တဲ့ မင်းသား Dwayne Johnson ဟာ ၂၀၀၂ခုနှစ်က ထွက်ရှိခဲ့တဲ့ The Scorpion King ဇာတ်ကားကို Universal Picture နဲ့အတူ ပူးပေါင်းပြီး reboot ပြန်လည်ရိုက်ကူးမယ်လို့ Variety သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒီဇာတ်ကားအတွက် ဇာတ်ညွှန်းကိုတော့ Straight Outta Compton ဇာတ်ကားကို ဇာတ်ညွှန်းရေးသားပေးခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာ Jonathan Herman က တာဝန်ယူသွားမယ်လို့ သိရပါတယ်။

photo via theindianexpress

The Scorpion King ဟာ ၂၀၀၁ခုနှစ်က ထွက်ရှိခဲ့တဲ့ The Mummy Return ဇာတ်ကားထဲမှာ ရန်ဘက်ကာရိုက်တာတစ်ခုအနေနဲ့ ပါဝင်ခဲ့တာကြောင့် The Mummy  ဇာတ်ကားတွေရဲ့ spinoff ဖြစ်ပါတယ်။ ၂၀၀၂ခုနှစ်က ထွက်ရှိခဲ့တ‌ဲ့ The Scorpion King ဇာတ်ကားမှာတော့ ကန္တာရစစ်သည် Mathayus ရဲ့ ဇာတ်ကြောင်းကို တင်ဆက်ခဲ့ပြီး Dwayne Johnson ကပဲ သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ့ရုပ်ရှင်ဟာ ကမ္ဘာအနှံ့မှာ ဒေါ်လာ (၁၇၈.၇)သန်းအထိ ဝင်ငွေအရ အောင်မြင်ခဲ့တဲ့အပြင် Johnson ကိုလည်း ခေါင်းဆောင်မင်းသားအဖြစ် ပထမဆုံး စင်တင်ပေးခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အောင်မြင်မှုဟာ The Rock ဆိုတဲ့ WWE ကစားသမားတစ်ယောက် အဖြစ်ကနေ Dwayne Johnson ဆိုတဲ့ ဟောလိဝုဒ်ရဲ့ နာမည်ကြီးမင်းသား ဖြစ်လာစေခဲ့တဲ့ ခြေလှမ်းအစလည်း ဖြစ်ပါတယ်။

photo via IMDb

အခု reboot ပြန်ရိုက်မယ့် ရုပ်ရှင်ကိုတော့ Johnson နဲ့ သူ့ရဲ့ဇနီးဟောင်း Dany Garcia တို့ ပိုင်ဆိုင်တဲ့ Seven Bucks Productions မှ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားကို မူလဇာတ်လမ်းလို ‌ခေတ်ဟောင်းနောက်ခံမဟုတ်ဘဲ မျက်မှောက်ခေတ် နောက်ခံနဲ့ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

“The Scorpion King ဟာ ကျွန်တော် သရုပ်ဆောင်ပြီး ပိတ်ကားပေါ် ပထမဆုံးရောက်ခဲ့တဲ့ အမှတ်တရ ဖြစ်ပါတယ်။ ပြီးတော့ ဒီလိုတကယ်မိုက်တဲ့ ဒဏ္ဍာရီဇာတ်လမ်းတစ်ခုကို ပြန်လည်ဆန်းသစ်ပြီး မျိုးဆက်သစ်တွေကိုလက်ဆင့်ကမ်း ချပြရမှာကို ကျွန်တော် အရမ်းဂုဏ်ယူပြီး စိတ်လည်းလှုပ်ရှားမိပါတယ် … ”

©Universal stuidos

“The Scorpion King မှာသာ ကျွန်တော် သရုပ်မဆောင်ခဲ့ရဘူးဆိုရင် ဒီနေ့လို အခြေအနေမျိုးကို ရောက်နေမှာ မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်တို့ Seven Bucks Productions အနေနဲ့လည်း ဒီနေ့ခေတ်မှာ ကြိုးစားနေကြတဲ့ တခြားသရုပ်ဆောင်တွေကို ကျွန်တော့်တုန်းက ရခဲ့ဖူးတဲ့ အခွင့်အလမ်းမျိုးနဲ့ တူညီတဲ့ အခွင့်အလမ်းတွေနဲ့ မြေတောင်မြှောက်၊ ကူညီပေးနိုင်ဖို့ကိုလည်း စိတ်လှုပ်ရှားမိပါတယ်။ တစ်ကမ္ဘာလုံးက ပရိသတ်တွေကို အကောင်းဆုံး ဇာတ်လမ်းတစ်ခုအဖြစ် တင်ဆက်သွားဖို့အတွက် ဇာတ်ညွှန်းဆရာ Jonathan Herman ကလည်း အကောင်းဆုံး စွမ်းဆောင်သွားမယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ် … ” လို့ Johnson က ပြောထားပါတယ်။

C 21

Source: indian express

(Zawgyi version)

မင္းသား Dwayne Johnson ဟာ သူ႔ကို ႐ုပ္ရွင္ေလာကမွာ နာမည္တစ္လုံးနဲ႔ ေအာင္ျမင္ေစခဲ့တဲ့ The Scorpion King ႐ုပ္ရွင္ဇာတ္ကားကို အသစ္တဖန္ ျပန္လည္႐ိုက္ကူးဖို႔ စီစဥ္ေနပါတယ္။

အသက္(၄၈)ႏွစ္ ရွိၿပီျဖစ္တဲ့ မင္းသား Dwayne Johnson ဟာ ၂၀၀၂ခုႏွစ္က ထြက္ရွိခဲ့တဲ့ The Scorpion King ဇာတ္ကားကို Universal Picture နဲ႔အတူ ပူးေပါင္းၿပီး reboot ျပန္လည္႐ိုက္ကူးမယ္လို႔ Variety သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ ဒီဇာတ္ကားအတြက္ ဇာတ္ၫႊန္းကိုေတာ့ Straight Outta Compton ဇာတ္ကားကို ဇာတ္ၫႊန္းေရးသားေပးခဲ့တဲ့ ဇာတ္ၫႊန္းေရးဆရာ Jonathan Herman က တာဝန္ယူသြားမယ္လို႔ သိရပါတယ္။

photo via theindianexpress

The Scorpion King ဟာ ၂၀၀၁ခုႏွစ္က ထြက္ရွိခဲ့တဲ့ The Mummy Return ဇာတ္ကားထဲမွာ ရန္ဘက္ကာ႐ိုက္တာတစ္ခုအေနနဲ႔ ပါဝင္ခဲ့တာေၾကာင့္ The Mummy  ဇာတ္ကားေတြရဲ႕ spinoff ျဖစ္ပါတယ္။ ၂၀၀၂ခုႏွစ္က ထြက္ရွိခဲ့တ‌ဲ့ The Scorpion King ဇာတ္ကားမွာေတာ့ ကႏၲာရစစ္သည္ Mathayus ရဲ႕ ဇာတ္ေၾကာင္းကို တင္ဆက္ခဲ့ၿပီး Dwayne Johnson ကပဲ သ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီ့႐ုပ္ရွင္ဟာ ကမာၻအႏွံ႔မွာ ေဒၚလာ (၁၇၈.၇)သန္းအထိ ဝင္ေငြအရ ေအာင္ျမင္ခဲ့တဲ့အျပင္ Johnson ကိုလည္း ေခါင္းေဆာင္မင္းသားအျဖစ္ ပထမဆုံး စင္တင္ေပးခဲ့တဲ့ ဇာတ္ကားလည္း ျဖစ္ပါတယ္။ ဒီဇာတ္ကားရဲ႕ ေအာင္ျမင္မႈဟာ The Rock ဆိုတဲ့ WWE ကစားသမားတစ္ေယာက္ အျဖစ္ကေန Dwayne Johnson ဆိုတဲ့ ေဟာလိဝုဒ္ရဲ႕ နာမည္ႀကီးမင္းသား ျဖစ္လာေစခဲ့တဲ့ ေျခလွမ္းအစလည္း ျဖစ္ပါတယ္။

photo via IMDb

အခု reboot ျပန္႐ိုက္မယ့္ ႐ုပ္ရွင္ကိုေတာ့ Johnson နဲ႔ သူ႔ရဲ႕ဇနီးေဟာင္း Dany Garcia တို႔ ပိုင္ဆိုင္တဲ့ Seven Bucks Productions မွ ထုတ္လုပ္သြားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဇာတ္ကားကို မူလဇာတ္လမ္းလို ‌ေခတ္ေဟာင္းေနာက္ခံမဟုတ္ဘဲ မ်က္ေမွာက္ေခတ္ ေနာက္ခံနဲ႔ ႐ိုက္ကူးသြားမယ္လို႔ သိရပါတယ္။

“The Scorpion King ဟာ ကြၽန္ေတာ္ သ႐ုပ္ေဆာင္ၿပီး ပိတ္ကားေပၚ ပထမဆုံးေရာက္ခဲ့တဲ့ အမွတ္တရ ျဖစ္ပါတယ္။ ၿပီးေတာ့ ဒီလိုတကယ္မိုက္တဲ့ ဒ႑ာရီဇာတ္လမ္းတစ္ခုကို ျပန္လည္ဆန္းသစ္ၿပီး မ်ိဳးဆက္သစ္ေတြကိုလက္ဆင့္ကမ္း ခ်ျပရမွာကို ကြၽန္ေတာ္ အရမ္းဂုဏ္ယူၿပီး စိတ္လည္းလႈပ္ရွားမိပါတယ္ … ”

©Universal stuidos

“The Scorpion King မွာသာ ကြၽန္ေတာ္ သ႐ုပ္မေဆာင္ခဲ့ရဘူးဆိုရင္ ဒီေန႔လို အေျခအေနမ်ိဳးကို ေရာက္ေနမွာ မဟုတ္ပါဘူး။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ Seven Bucks Productions အေနနဲ႔လည္း ဒီေန႔ေခတ္မွာ ႀကိဳးစားေနၾကတဲ့ တျခားသ႐ုပ္ေဆာင္ေတြကို ကြၽန္ေတာ့္တုန္းက ရခဲ့ဖူးတဲ့ အခြင့္အလမ္းမ်ိဳးနဲ႔ တူညီတဲ့ အခြင့္အလမ္းေတြနဲ႔ ေျမေတာင္ေျမႇာက္၊ ကူညီေပးႏိုင္ဖို႔ကိုလည္း စိတ္လႈပ္ရွားမိပါတယ္။ တစ္ကမာၻလုံးက ပရိသတ္ေတြကို အေကာင္းဆုံး ဇာတ္လမ္းတစ္ခုအျဖစ္ တင္ဆက္သြားဖို႔အတြက္ ဇာတ္ၫႊန္းဆရာ Jonathan Herman ကလည္း အေကာင္းဆုံး စြမ္းေဆာင္သြားမယ္လို႔ ကြၽန္ေတာ့္အေနနဲ႔ ယုံၾကည္ပါတယ္ … ” လို႔ Johnson က ေျပာထားပါတယ္။

C 21

Source: indian express

RELATED ARTICLES

Most Popular