HomeEntertainmentFilmThe Boys ဇာတ်လမ်းတွဲထဲက The Seven အဖွဲ့ဝင်တွေရဲ့ Secret Identity များ

The Boys ဇာတ်လမ်းတွဲထဲက The Seven အဖွဲ့ဝင်တွေရဲ့ Secret Identity များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Amazon Prime က ထုတ်လွှင့်ပြသနေတဲ့ The Boys ဇာတ်လမ်းတွဲဟာ ပရိသတ်တွေကြားမှာ အတော်လေးကို ရေပန်းစားပြီး အောင်မြင်နေပါတယ်။ ဇာတ်လမ်းအကြောင်းအရာကတော့ ကြည့်နေကျ စူပါဟီးရိုးဇာတ်ကားတွေလို မဟုတ်ဘဲ ပြောင်းပြန်အနေနဲ့ သရော်ထားတာ ဖြစ်ပါတယ်။ စူပါဟီးရိုးတွေဟာ ရာဇဝတ်မှုတွေကို တားဆီးပြီး ပြည်သူတွေရဲ့ အသက်ကို ကယ်တင်ရုံပဲ မဟုတ်တော့ပါဘူး။ သူတို့ဟာ နာမည်ကြီးဆယ်လီတွေလို ဖြစ်လာခဲ့ပြီး စူပါဟီးရိုးအလုပ်တွေကလည်း စီးပွားရေးဆန်လာတဲ့အကြောင်းကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲ့ဒီထဲက The Seven ဟာ စူပါဟီးရိုးတွေထဲမှာ နာမည်အကြီးဆုံး အဖွဲ့တစ်ခုဖြစ်ပြီးတော့ ဇာတ်လမ်းတစ်လျှောက်မှာ သူတို့ရဲ့ နာမည်အရင်းတွေကိုတော့ သိပ်ပြီးမတွေ့ခဲ့ရပါဘူး။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ The Seven အဖွဲ့ဝင်တွေရဲ့ တကယ့်နာမည်အရင်းတွေကို ဖော်ပြပေးချင်ပါတယ်။

Homelander
photo via screenrant

Homelander ကတော့ The Seven အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပြီးတော့ စူပါဟီးရိုးတွေထဲမှာ အအောင်မြင်ဆုံးလို့ ပြောလို့လည်း ရပါတယ်။ သူ့ရဲ့စွမ်းအားနဲ့ပုံစံတွေကတော့ Superman နဲ့ အတော်လေး ဆင်တူပေမယ့်လည်း သူ့ရဲ့စိတ်ဓာတ်ကတော့ ဗီလိန်ဆန်ပါတယ်။ များသောအားဖြင့် သူ့ကို Homelander လို့ပဲ သိကြပေမယ့် သူ့မှာလည်း တကယ့်နာမည်အရင်းတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ season 1 ရဲ့ အပိုင်း(၇)မှာ Vought ရဲ့ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်သူ Dr. Vogelbaum ဟာ Homelander ကို John ဆိုပြီးတော့ ခေါ်ခဲ့ပါတယ်။ အကြောင်းကတော့ Dr. Vogelbaum ဟာ Homelander နဲ့ အရင်းနှီးဆုံးလူတစ်ယောက် ဖြစ်ပြီးတော့ Homelander ကို John လို့ခေါ်တာကလည်း သူတစ်ယောက်တည်းပဲ ရှိပါတယ်။

Starlight
photo via screenrant

Starlight ရဲ့နာမည်ကတော့ ဒီဇာတ်လမ်းတွဲရဲ့ ပထမဆုံးအပိုင်းမှာကတည်းက သိခဲ့ရတာဖြစ်ပြီး သူမရဲ့အမေဟာ သူမကို Annie ဆိုပြီးတော့ ခေါ်ခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယမြောက်အပိုင်းမှာလည်း သူမဟာ ကောင်မလေးတစ်ယောက်ကို ကယ်တင်ရင်းနဲ့ အဲ့ဒီဖြစ်ရပ်ကို သူမရဲ့ကျောင်းနေဖက်တစ်ယောက်က သိသွားပြီး Starlight က Annie January ပါ ဆိုပြီးတော့ ဆိုရှယ်မီဒီယာတွေပေါ်မှာ တင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းရဲ့ တစ်လျှောက်လုံးမှာလည်း Hughie က သူမကို Annie လို့ပဲ ခေါ်ဝေါ်ခဲ့ပါတယ်။

Queen Maeve
photo via screenrant

ပထမ season မှာကတည်းက Queen Maeve နဲ့ Elena ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အကြောင်းကို ပြသခဲ့တာ မှတ်မိကြမယ် ထင်ပါတယ်။ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းအဆင့်တင်မကဘဲ ချစ်သူရည်စားအဆင့်ထိ ဖြစ်ခဲ့ပါတယ်။ ဒုတိယ season ရဲ့ အပိုင်း(၂)မှာတော့ Elena ဟာ အရေးပေါ် ဆေးရုံတက်လိုက်ရတာကြောင့် Queen Maeve ဟာ ဆေးရုံကို ရောက်သွားခဲ့ပါတယ်။ အကြောင်းကတော့ Elena တစ်ခုခုဖြစ်ရင် အရေးပေါ်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်က သူမရဲ့ ဖုန်းနံပါတ် ဖြစ်နေလို့ပါပဲ။ နာမည်နေရာမှာတော့ သူမရဲ့နာမည်အရင်းဖြစ်တဲ့ Maggie Shaw ဆိုပြီး ထည့်သွင်းထားတာကို တွေ့ခဲ့ရပါတယ်။

A-Train
photo via screenrant

A-Train ကတော့ သူ့ကိုယ်သူ ကမ္ဘာပေါ်မှာ အမြန်ဆုံးလူသားတစ်ယောက်လို့ သတ်မှတ်ထားသူ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ သူ့ကို A-Train လို့ပဲ အများက ခေါ်ဝေါ်ကြပေမယ့်လည်း သူ့ရဲ့နာမည်အရင်းကတော့ Reggie Franklin လို့ ခေါ်ပါတယ်။ သူ့ရဲ့နာမည်အရင်းကတော့ ဇာတ်လမ်းတွဲထဲမှာ မဖော်ပြသေးပေမယ့်လည်း ဒီဇာတ်လမ်းရဲ့ ဇာတ်ကောင်တွေရဲ့ Bio မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

The Deep
photo via screenrant

Deep ကတော့ The Seven အဖွဲ့ကနေ အထုတ်ခံလိုက်ရတာကြောင့် စိတ်ဓာတ်ကျနေတဲ့အချိန်မှာ Eagle နဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဒုတိယ season ရဲ့ အပိုင်း(၂)မှာတော့ Eagle ဟာ သူ့ရဲ့စိတ်အခြေအနေကို ပြုပြင်ပေးဖို့အတွက် ထင်ယောင်ထင်မှားဖြစ်စေတဲ့ မှိုတွေကို ရေစိမ်ပြီး သောက်စေခဲ့ပါတယ်။ အဲ့ဒီ့အရှိန်နဲ့ ကယောင်ခြောက်ချား ဖြစ်နေတုန်းမှာပဲ Kevin ဆိုတဲ့ သူ့ရဲ့နာမည်အရင်းကို ပြောပြခဲ့ပါတယ်။

Stormfront
photo via screenrant

Stormfront ကတော့ ဒုတိယ season ရောက်မှသာ ပါဝင်လာတဲ့ ဇာတ်ကောင်အသစ်တစ်ယောက် ဖြစ်ပါတယ်။ ဒါအပြင် တစ်ခြားသူတွေနဲ့ မတူဘဲ ထူးခြားတဲ့ အချက်တစ်ချက်ကတော့ သူမဟာ နာဇီခေတ်ကတည်းက ရှိနေခဲ့တာ ဖြစ်ပါတယ်။ သူမဟာ Homelander နဲ့တောင် ယှဉ်ပြီးတော့ ရက်စက်နိုင်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမကိုတော့ Stormfront ဆိုတဲ့ နာမည်အပြင် Liberty လို့လည်း သိကြပါတယ်။ သူမရဲ့နာမည်အရင်းကတော့ Klara Risinger လို့ ခေါ်ပါတယ်။

Black Noir
photo via screenrant

Black Noir ကတော့ ဒီဇာတ်လမ်းတွဲထဲက အထူးခြားဆုံး ဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။ အကြောင်းကတော့ သူဟာ ဒီဇာတ်လမ်းထဲမှာ ဇာတ်ဝင်ခန်း အနည်းငယ်လောက်သာ ပါဝင်ထားသလို စကားလည်း သိပ်မပြောတာကို တွေ့ရပါတယ်။ ဒါ့အပြင် Homelander တောင်မှ တစ်ခြားလူတွေကို ဆက်ဆံတဲ့ပုံစံနဲ့ Black Noir ကို ဆက်ဆံတဲ့ပုံစံဟာ မတူညီတာကိုလည်း တွေ့ရပါတယ်။ အခုချိန်ထိတော့ သူ့ရဲ့နာမည်အပါအဝင် သူနဲ့ပတ်သက်တဲ့ တစ်ခြားအချက်အလက်တွေကိုလည်း သိပ်ပြီးတော့ မသိရသေးပါဘူး။

ဒါကတော့ ဇာတ်လမ်းထဲမှာ သိပ်ပြီးမကြားရတဲ့ The Seven အဖွဲ့ဝင်တွေရဲ့ နာမည်အရင်းတွေ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ The Seven အဖွဲ့ဝင်ဖြစ်ဖြစ်၊ အခြားဇာတ်ကောင်ဖြစ်ဖြစ် ရှိရင်လည်း ပြောပြခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Amazon Prime က ထုတ္လႊင့္ျပသေနတဲ့ The Boys ဇာတ္လမ္းတြဲဟာ ပရိသတ္ေတြၾကားမွာ အေတာ္ေလးကို ေရပန္းစားၿပီး ေအာင္ျမင္ေနပါတယ္။ ဇာတ္လမ္းအေၾကာင္းအရာကေတာ့ ၾကည့္ေနက် စူပါဟီး႐ိုးဇာတ္ကားေတြလို မဟုတ္ဘဲ ေျပာင္းျပန္အေနနဲ႔ သေရာ္ထားတာ ျဖစ္ပါတယ္။ စူပါဟီး႐ိုးေတြဟာ ရာဇဝတ္မႈေတြကို တားဆီးၿပီး ျပည္သူေတြရဲ႕ အသက္ကို ကယ္တင္႐ုံပဲ မဟုတ္ေတာ့ပါဘူး။ သူတို႔ဟာ နာမည္ႀကီးဆယ္လီေတြလို ျဖစ္လာခဲ့ၿပီး စူပါဟီး႐ိုးအလုပ္ေတြကလည္း စီးပြားေရးဆန္လာတဲ့အေၾကာင္းကို ပုံေဖာ္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ အဲ့ဒီထဲက The Seven ဟာ စူပါဟီး႐ိုးေတြထဲမွာ နာမည္အႀကီးဆုံး အဖြဲ႕တစ္ခုျဖစ္ၿပီးေတာ့ ဇာတ္လမ္းတစ္ေလွ်ာက္မွာ သူတို႔ရဲ႕ နာမည္အရင္းေတြကိုေတာ့ သိပ္ၿပီးမေတြ႕ခဲ့ရပါဘူး။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ The Seven အဖြဲ႕ဝင္ေတြရဲ႕ တကယ့္နာမည္အရင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Homelander
photo via screenrant

Homelander ကေတာ့ The Seven အဖြဲ႕ရဲ႕ ေခါင္းေဆာင္ျဖစ္ၿပီးေတာ့ စူပါဟီး႐ိုးေတြထဲမွာ အေအာင္ျမင္ဆုံးလို႔ ေျပာလို႔လည္း ရပါတယ္။ သူ႔ရဲ႕စြမ္းအားနဲ႔ပုံစံေတြကေတာ့ Superman နဲ႔ အေတာ္ေလး ဆင္တူေပမယ့္လည္း သူ႔ရဲ႕စိတ္ဓာတ္ကေတာ့ ဗီလိန္ဆန္ပါတယ္။ မ်ားေသာအားျဖင့္ သူ႔ကို Homelander လို႔ပဲ သိၾကေပမယ့္ သူ႔မွာလည္း တကယ့္နာမည္အရင္းတစ္ခု ရွိပါတယ္။ အဲ့ဒါကေတာ့ season 1 ရဲ႕ အပိုင္း(၇)မွာ Vought ရဲ႕ သိပၸံပညာရွင္တစ္ေယာက္ျဖစ္သူ Dr. Vogelbaum ဟာ Homelander ကို John ဆိုၿပီးေတာ့ ေခၚခဲ့ပါတယ္။ အေၾကာင္းကေတာ့ Dr. Vogelbaum ဟာ Homelander နဲ႔ အရင္းႏွီးဆုံးလူတစ္ေယာက္ ျဖစ္ၿပီးေတာ့ Homelander ကို John လို႔ေခၚတာကလည္း သူတစ္ေယာက္တည္းပဲ ရွိပါတယ္။

Starlight
photo via screenrant

Starlight ရဲ႕နာမည္ကေတာ့ ဒီဇာတ္လမ္းတြဲရဲ႕ ပထမဆုံးအပိုင္းမွာကတည္းက သိခဲ့ရတာျဖစ္ၿပီး သူမရဲ႕အေမဟာ သူမကို Annie ဆိုၿပီးေတာ့ ေခၚခဲ့ပါတယ္။ ဒါ့အျပင္ ဒုတိယေျမာက္အပိုင္းမွာလည္း သူမဟာ ေကာင္မေလးတစ္ေယာက္ကို ကယ္တင္ရင္းနဲ႔ အဲ့ဒီျဖစ္ရပ္ကို သူမရဲ႕ေက်ာင္းေနဖက္တစ္ေယာက္က သိသြားၿပီး Starlight က Annie January ပါ ဆိုၿပီးေတာ့ ဆိုရွယ္မီဒီယာေတြေပၚမွာ တင္ခဲ့ပါတယ္။ ဒီဇာတ္လမ္းရဲ႕ တစ္ေလွ်ာက္လုံးမွာလည္း Hughie က သူမကို Annie လို႔ပဲ ေခၚေဝၚခဲ့ပါတယ္။

Queen Maeve
photo via screenrant

ပထမ season မွာကတည္းက Queen Maeve နဲ႔ Elena ဆိုတဲ့ ေကာင္မေလးတစ္ေယာက္ရဲ႕ အေၾကာင္းကို ျပသခဲ့တာ မွတ္မိၾကမယ္ ထင္ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ သူငယ္ခ်င္းအဆင့္တင္မကဘဲ ခ်စ္သူရည္စားအဆင့္ထိ ျဖစ္ခဲ့ပါတယ္။ ဒုတိယ season ရဲ႕ အပိုင္း(၂)မွာေတာ့ Elena ဟာ အေရးေပၚ ေဆး႐ုံတက္လိုက္ရတာေၾကာင့္ Queen Maeve ဟာ ေဆး႐ုံကို ေရာက္သြားခဲ့ပါတယ္။ အေၾကာင္းကေတာ့ Elena တစ္ခုခုျဖစ္ရင္ အေရးေပၚဆက္သြယ္ရမယ့္ ဖုန္းနံပါတ္က သူမရဲ႕ ဖုန္းနံပါတ္ ျဖစ္ေနလို႔ပါပဲ။ နာမည္ေနရာမွာေတာ့ သူမရဲ႕နာမည္အရင္းျဖစ္တဲ့ Maggie Shaw ဆိုၿပီး ထည့္သြင္းထားတာကို ေတြ႕ခဲ့ရပါတယ္။

A-Train
photo via screenrant

A-Train ကေတာ့ သူ႔ကိုယ္သူ ကမာၻေပၚမွာ အျမန္ဆုံးလူသားတစ္ေယာက္လို႔ သတ္မွတ္ထားသူ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းထဲမွာ သူ႔ကို A-Train လို႔ပဲ အမ်ားက ေခၚေဝၚၾကေပမယ့္လည္း သူ႔ရဲ႕နာမည္အရင္းကေတာ့ Reggie Franklin လို႔ ေခၚပါတယ္။ သူ႔ရဲ႕နာမည္အရင္းကေတာ့ ဇာတ္လမ္းတြဲထဲမွာ မေဖာ္ျပေသးေပမယ့္လည္း ဒီဇာတ္လမ္းရဲ႕ ဇာတ္ေကာင္ေတြရဲ႕ Bio မွာ ေဖာ္ျပထားတာ ျဖစ္ပါတယ္။

The Deep
photo via screenrant

Deep ကေတာ့ The Seven အဖြဲ႕ကေန အထုတ္ခံလိုက္ရတာေၾကာင့္ စိတ္ဓာတ္က်ေနတဲ့အခ်ိန္မွာ Eagle နဲ႔ ဆုံေတြ႕ခဲ့ပါတယ္။ ဒုတိယ season ရဲ႕ အပိုင္း(၂)မွာေတာ့ Eagle ဟာ သူ႔ရဲ႕စိတ္အေျခအေနကို ျပဳျပင္ေပးဖို႔အတြက္ ထင္ေယာင္ထင္မွားျဖစ္ေစတဲ့ မႈိေတြကို ေရစိမ္ၿပီး ေသာက္ေစခဲ့ပါတယ္။ အဲ့ဒီ့အရွိန္နဲ႔ ကေယာင္ေျခာက္ခ်ား ျဖစ္ေနတုန္းမွာပဲ Kevin ဆိုတဲ့ သူ႔ရဲ႕နာမည္အရင္းကို ေျပာျပခဲ့ပါတယ္။

Stormfront
photo via screenrant

Stormfront ကေတာ့ ဒုတိယ season ေရာက္မွသာ ပါဝင္လာတဲ့ ဇာတ္ေကာင္အသစ္တစ္ေယာက္ ျဖစ္ပါတယ္။ ဒါအျပင္ တစ္ျခားသူေတြနဲ႔ မတူဘဲ ထူးျခားတဲ့ အခ်က္တစ္ခ်က္ကေတာ့ သူမဟာ နာဇီေခတ္ကတည္းက ရွိေနခဲ့တာ ျဖစ္ပါတယ္။ သူမဟာ Homelander နဲ႔ေတာင္ ယွဥ္ၿပီးေတာ့ ရက္စက္ႏိုင္သူ တစ္ေယာက္လည္း ျဖစ္ပါတယ္။ သူမကိုေတာ့ Stormfront ဆိုတဲ့ နာမည္အျပင္ Liberty လို႔လည္း သိၾကပါတယ္။ သူမရဲ႕နာမည္အရင္းကေတာ့ Klara Risinger လို႔ ေခၚပါတယ္။

Black Noir
photo via screenrant

Black Noir ကေတာ့ ဒီဇာတ္လမ္းတြဲထဲက အထူးျခားဆုံး ဇာတ္ေကာင္တစ္ေယာက္ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ သူဟာ ဒီဇာတ္လမ္းထဲမွာ ဇာတ္ဝင္ခန္း အနည္းငယ္ေလာက္သာ ပါဝင္ထားသလို စကားလည္း သိပ္မေျပာတာကို ေတြ႕ရပါတယ္။ ဒါ့အျပင္ Homelander ေတာင္မွ တစ္ျခားလူေတြကို ဆက္ဆံတဲ့ပုံစံနဲ႔ Black Noir ကို ဆက္ဆံတဲ့ပုံစံဟာ မတူညီတာကိုလည္း ေတြ႕ရပါတယ္။ အခုခ်ိန္ထိေတာ့ သူ႔ရဲ႕နာမည္အပါအဝင္ သူနဲ႔ပတ္သက္တဲ့ တစ္ျခားအခ်က္အလက္ေတြကိုလည္း သိပ္ၿပီးေတာ့ မသိရေသးပါဘူး။

ဒါကေတာ့ ဇာတ္လမ္းထဲမွာ သိပ္ၿပီးမၾကားရတဲ့ The Seven အဖြဲ႕ဝင္ေတြရဲ႕ နာမည္အရင္းေတြ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ The Seven အဖြဲ႕ဝင္ျဖစ္ျဖစ္၊ အျခားဇာတ္ေကာင္ျဖစ္ျဖစ္ ရွိရင္လည္း ေျပာျပခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular