HomeEntertainmentFilmကာရိုက်တာတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ရှုခံစားရဦးမယ့် The Suicide Squad ရုပ်ရှင်သစ်

ကာရိုက်တာတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ရှုခံစားရဦးမယ့် The Suicide Squad ရုပ်ရှင်သစ်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

MCU ရဲ့ Guardians of the Galaxy ရုပ်ရှင်တွေကို လက်စွမ်းပြခဲ့တဲ့ ဒါရိုက်တာ James Gunn ဟာ ယခုအခါမှာလည်း DC ရဲ့ The Suicide Squad ရုပ်ရှင်အသစ်ကို ထပ်မံပြီး လက်စွမ်းတွေ ပြဦးမယ်လို့ သိရပါတယ်။

ထူးဆန်းတဲ့ဇာတ်ကောင်တွေ၊ သစ်လွင်တဲ့အရောင်အသွေးတွေကို ကောမစ်စာအုပ်ထဲက ဆွဲယူထုတ်ထားသလိုပဲ ခံစားရမယ့် James Gunn ရဲ့ The Suicide Squad ဟာ ၂၀၁၆ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ မူလရုပ်ရှင်နဲ့ တစ်မျိုးတစ်ဘာသာ ကွဲထွက်နေမှာ ဖြစ်ပါတယ်။ ဇာတ်ကောင်တွေရဲ့ ဝတ်စုံတွေဟာ ပိုပြီးအရောင်အသွေး တောက်ပလာမှာဖြစ်သလို မျက်နှာတွေကလည်း ပိုပြီးရူးကြောင်ကြောင်ဆန်မှာ ဖြစ်ပါတယ်။

Photo: JamesGunn/ twitter

Suicide Squad 2 လို့လည်း သိကြတဲ့ The Suicide Squad ရုပ်ရှင်အသစ်အတွက် ပိုစတာကို ဒါရိုက်တာ James Gunn က ဝေမျှပေးထားပြီး ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်အချို့ကိုတော့ Warner Bros. က ဝေမျှပေးထားပါတယ်။

Viola Davis ၊ Margot Robbie ၊ Joel Kinnaman နဲ့ Jai Courtney တို့ကတော့ ယခင်က သရုပ်ဆောင်ထားတဲ့ သူတို့ရဲ့ဇာတ်ရုပ်တွေအတိုင်း ပြန်လည်ပါဝင်ကြမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ယခင်ဇာတ်ကားမှာ မပါဝင်ခဲ့တဲ့ ကာရိုက်တာအသစ်တွေလည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ အဲ့ဒီ့ကာရိုက်တာတွေကတော့ Bloodsport ၊ Peacemaker ၊ The Thinker ၊ Blackguard ၊ Polka-Dot Man ၊ Savant ၊ Arm-Fall-Off-Boy ၊ Ratcatcher ၊ King Shark ၊ Weasel ၊ The Javelin စတာတွေ ဖြစ်ပါတယ်။

©DC

အဲ့ဒီ့ကာရိုက်တာအသစ်တွေမှာ သရုပ်ဆောင်မယ့် သရုပ်ဆောင်တွေကတော့ Idris Elba ၊ John Sena ၊ Peter Capaldi ၊ David Dastmalchian ၊ Michael Rooker ၊ Nathan Fillion ၊ Daniela Melchoir ၊ Steve Agee ၊ Sean Gunn နဲ့ Flula Borg တို့ ဖြစ်ပါတယ်။

ယခုအသစ်ထပ်ထည့်ပြီး ရိုက်ကူးသွားမယ့် ကာရိုက်တာအချို့ဟာ လူတွေသိပ်မသိကြသေးတဲ့ ကာရိုက်တာတွေ ပါဝင်နေပါတယ်။ သို့ပေမယ့် James Gunn ဟာ Guardians of the Galaxy မှာလည်း ဒီလိုပဲ ပရိသတ်နဲ့ သိပ်မရင်းနှီးသေးတဲ့ ကာရိုက်တာတွေကို ပေါ်လွင်လာအောင် ဖန်တီးနိုင်ခဲ့တဲ့အစွမ်းရှိသူဖြစ်တာကြောင့် ယခုရုပ်ရှင်ဟာလည်း အလားတူပဲ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

Warner Bros. က ဖော်ပြထားတဲ့ sneak peek ဗွီဒီယိုထဲမှာတော့ ယခုရုပ်ရှင်ဟာ တစ်ခြားသော စူပါဟီးရိုးရုပ်ရှင်တွေနဲ့ ကွဲပြားနေမှာဖြစ်ပြီး သူရိုက်ကူးဖူးသမျှ ရုပ်ရှင်ကားတွေထဲမှာ အကြီးမားဆုံးသော ပရော့ဂျက်တစ်ခု ဖြစ်တယ်လို့ James Gunn က ဆိုထားပါတယ်။

The Suicide Squad ရုပ်ရှင်ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ(၆)ရက်နေ့မှာ ရုံတင်ပြသဖို့ လျာထားပါတယ်။

Glasgow

Source: indian express

(Zawgyi Version)

MCU ရဲ႕ Guardians of the Galaxy ႐ုပ္ရွင္ေတြကို လက္စြမ္းျပခဲ့တဲ့ ဒါ႐ိုက္တာ James Gunn ဟာ ယခုအခါမွာလည္း DC ရဲ႕ The Suicide Squad ႐ုပ္ရွင္အသစ္ကို ထပ္မံၿပီး လက္စြမ္းေတြ ျပဦးမယ္လို႔ သိရပါတယ္။

ထူးဆန္းတဲ့ဇာတ္ေကာင္ေတြ၊ သစ္လြင္တဲ့အေရာင္အေသြးေတြကို ေကာမစ္စာအုပ္ထဲက ဆြဲယူထုတ္ထားသလိုပဲ ခံစားရမယ့္ James Gunn ရဲ႕ The Suicide Squad ဟာ ၂၀၁၆ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ မူလ႐ုပ္ရွင္နဲ႔ တစ္မ်ိဳးတစ္ဘာသာ ကြဲထြက္ေနမွာ ျဖစ္ပါတယ္။ ဇာတ္ေကာင္ေတြရဲ႕ ဝတ္စုံေတြဟာ ပိုၿပီးအေရာင္အေသြး ေတာက္ပလာမွာျဖစ္သလို မ်က္ႏွာေတြကလည္း ပိုၿပီး႐ူးေၾကာင္ေၾကာင္ဆန္မွာ ျဖစ္ပါတယ္။

Photo: JamesGunn/ twitter

Suicide Squad 2 လို႔လည္း သိၾကတဲ့ The Suicide Squad ႐ုပ္ရွင္အသစ္အတြက္ ပိုစတာကို ဒါ႐ိုက္တာ James Gunn က ေဝမွ်ေပးထားၿပီး ႐ိုက္ကြင္းေနာက္ကြယ္က ပုံရိပ္အခ်ိဳ႕ကိုေတာ့ Warner Bros. က ေဝမွ်ေပးထားပါတယ္။

Viola Davis ၊ Margot Robbie ၊ Joel Kinnaman နဲ႔ Jai Courtney တို႔ကေတာ့ ယခင္က သ႐ုပ္ေဆာင္ထားတဲ့ သူတို႔ရဲ႕ဇာတ္႐ုပ္ေတြအတိုင္း ျပန္လည္ပါဝင္ၾကမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ ယခင္ဇာတ္ကားမွာ မပါဝင္ခဲ့တဲ့ ကာ႐ိုက္တာအသစ္ေတြလည္း ပါဝင္လာဦးမွာ ျဖစ္ပါတယ္။ အဲ့ဒီ့ကာ႐ိုက္တာေတြကေတာ့ Bloodsport ၊ Peacemaker ၊ The Thinker ၊ Blackguard ၊ Polka-Dot Man ၊ Savant ၊ Arm-Fall-Off-Boy ၊ Ratcatcher ၊ King Shark ၊ Weasel ၊ The Javelin စတာေတြ ျဖစ္ပါတယ္။

©DC

အဲ့ဒီ့ကာ႐ိုက္တာအသစ္ေတြမွာ သ႐ုပ္ေဆာင္မယ့္ သ႐ုပ္ေဆာင္ေတြကေတာ့ Idris Elba ၊ John Sena ၊ Peter Capaldi ၊ David Dastmalchian ၊ Michael Rooker ၊ Nathan Fillion ၊ Daniela Melchoir ၊ Steve Agee ၊ Sean Gunn နဲ႔ Flula Borg တို႔ ျဖစ္ပါတယ္။

ယခုအသစ္ထပ္ထည့္ၿပီး ႐ိုက္ကူးသြားမယ့္ ကာ႐ိုက္တာအခ်ိဳ႕ဟာ လူေတြသိပ္မသိၾကေသးတဲ့ ကာ႐ိုက္တာေတြ ပါဝင္ေနပါတယ္။ သို႔ေပမယ့္ James Gunn ဟာ Guardians of the Galaxy မွာလည္း ဒီလိုပဲ ပရိသတ္နဲ႔ သိပ္မရင္းႏွီးေသးတဲ့ ကာ႐ိုက္တာေတြကို ေပၚလြင္လာေအာင္ ဖန္တီးႏိုင္ခဲ့တဲ့အစြမ္းရွိသူျဖစ္တာေၾကာင့္ ယခု႐ုပ္ရွင္ဟာလည္း အလားတူပဲ ျဖစ္လိမ့္မယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

Warner Bros. က ေဖာ္ျပထားတဲ့ sneak peek ဗြီဒီယိုထဲမွာေတာ့ ယခု႐ုပ္ရွင္ဟာ တစ္ျခားေသာ စူပါဟီး႐ိုး႐ုပ္ရွင္ေတြနဲ႔ ကြဲျပားေနမွာျဖစ္ၿပီး သူ႐ိုက္ကူးဖူးသမွ် ႐ုပ္ရွင္ကားေတြထဲမွာ အႀကီးမားဆုံးေသာ ပေရာ့ဂ်က္တစ္ခု ျဖစ္တယ္လို႔ James Gunn က ဆိုထားပါတယ္။

The Suicide Squad ႐ုပ္ရွင္ဟာ ၂၀၂၁ခုႏွစ္ ဩဂုတ္လ(၆)ရက္ေန႔မွာ ႐ုံတင္ျပသဖို႔ လ်ာထားပါတယ္။

Glasgow

Source: indian express

 

RELATED ARTICLES

Most Popular