HomeCelebs Update NewsInternationalMark Zuckerberg ရဲ့ပိုင်ဆိုင်မှုတွေထဲက တန်ဖိုးအကြီးဆုံးအရာများ

Mark Zuckerberg ရဲ့ပိုင်ဆိုင်မှုတွေထဲက တန်ဖိုးအကြီးဆုံးအရာများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Mark Zuckerberg ဟာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Facebook ရဲ့ တည်ထောင်သူတစ်ဦးဖြစ်ပြီး ကိုယ့်ထူးကိုယ်ချွန် ချမ်းသာလာသူလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုဆိုရင် ကမ္ဘာပေါ်က အချမ်းသာဆုံး လူတွေစာရင်းထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ သူဟာ လက်ရှိ ၂၀၂၀ခုနှစ်အထိ ဒေါ်လာ(၇၆.၄)ဘီလျံ ကြွယ်ဝချမ်းသာမှု ရှိနေပေမယ့် သူ့လိုချမ်းသာတဲ့ တစ်ခြားသူဌေးကြီးတွေနဲ့ ယှဉ်လိုက်ရင်တော့ သူဟာ ရိုးရှင်းတဲ့ သာမန်ဘဝနဲ့သာ နေထိုင်သူလို့ ပြောရမှာပါ။

ဟားဗတ်တက္ကသိုလ်ထွက်တစ်ယောက်ဖြစ်ပြီး သာမန်ကားလေးတွေကိုသာ စီးလေ့ရှိတဲ့ Mark Zuckerberg ဟာ အသုံးအဖြုန်း မကြီးဘူးလို့ နာမည်ကြီးပေမယ့် သူ့မှာလည်း တကယ့် တန်ဖိုးကြီးတဲ့ ဇိမ်ခံပစ္စည်းတွေ ရှိပါတယ်။ သူဝယ်ယူထားတဲ့ တန်ဖိုးအကြီးဆုံး အရာတွေက ဘာတွေဖြစ်မလည်းဆိုတာ ကြည့်လိုက်ကြရအောင်။

Palo Alto မှာရှိတဲ့ ဇိမ်ခံအိမ်ကြီး
photo via therichest

Mark Zuckerberg ဟာ သူကိုယ်တိုင်ကတော့ ရိုးရိုးရှင်းရှင်းနဲ့ သာမန်ဘဝမှာသာ နေထိုင်လိုသူ ဖြစ်ပေမယ့် ဇနီးသည်နဲ့ သမီးလေးတွေအတွက်တော့ ငွေသုံးရမှာ လက်မတွန့်သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကယ်လီဖိုးနီးယားပြည်နယ် Palo Alto မှာရှိတဲ့ ဇိမ်ခံအိမ်ကြီးတစ်လုံးကို မကြာသေးခင်ကမှ ဒေါ်လာ(၇)သန်းလောက် ပေးပြီး ဝယ်ပေးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီအိမ်မှာ ဧရာမအိပ်ခန်းကြီး(၅)ခန်းနဲ့ ရေချိုးခန်း(၅)ခန်း ပါရှိပါတယ်။ ဒါ့အပြင် ရေကူးကန်အကြီးကြီး တစ်ကန်လည်း ပါဝင်ပြီး အပြည့်အစုံ ပြင်ဆင်ထားတဲ့ spa တစ်ခုလည်း ပါဝင်ပါတယ်။ နေသာတဲ့နေ့တွေမှာ ရှုခင်းကြည့်ဖို့အတွက် မှန်ပတ်လည် ကာရံထားတဲ့ နားနေဆောင်တစ်ခုလည်း ပါဝင်တဲ့အပြင် ဖျော်ဖြေရေးအားလုံး ပါဝင်တဲ့ ရုပ်ရှင်ရုံအသေးစားတစ်ခုလည်း အိမ်နောက်ဘက်မှာ ပါဝင်ပါသေးတယ်။

Kauai ကျွန်းမှာလည်း မြေဝယ်ခဲ့ပါသေးတယ်။
photo via therichest

Zuckerberg ဟာ ဟာဝိုင်ယီပြည်နယ်မှာရှိတဲ့ Kauai ကျွန်းပေါ်က ဧက(၇၀၀)ကျယ်ဝန်းတဲ့ မြေကွက်ကို ဝယ်ဖို့အတွက်ဒေါ်လာ သန်း(၁၀၀) အကုန်အကျခံခဲ့ပါတယ်။ အဲ့ဒီမြေကွက်မှာ အဖြူရောင်သဲတွေရှိတဲ့ ကမ်းခြေတစ်ခုနဲ့ အုန်းပင်၊ထန်းပင်လို အပင်တွေကလွဲပြီး တစ်ခြားဘာမှ မရှိပါဘူး။ လူတစ်ယောက်အနေနဲ့ ဒေါ်လာ(၁၀)သန်းလောက် ချမ်းသာဖို့တောင် ခက်ခဲလွန်းလှတဲ့ အခြေအနေမှာ ဒေါ်လာသန်း(၁၀၀)ကို ဘာမှမရှိတဲ့ မြေကွက်အလွတ်ကြီး ဝယ်ပစ်တယ်ဆိုတာ မသိတဲ့လူတွေအတွက်တော့ ဖြုန်းပစ်တယ်လို့ ထင်စရာ ရှိပါတယ်။

သို့ပေမယ့် Zuckerberg ဟာ ဒီမြေကွက်ကြီးကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့နဲ့ သဘာဝအလှတရားတွေ သူ့ဘာသာ အရှိအတိုင်း တည်မြဲနေစေဖို့ ထိန်းသိမ်းချင်တဲ့ ရည်ရွယ်ချက်နဲ့ ဝယ်ခဲ့တာ ဖြစ်ပါတယ်။ တစ်ခါတစ်လေတော့လည်း သူတို့မိသားစုလိုက် အဲ့ဒီ့ခြံကြီးကို သွားလည်ပြီး သဘာဝအလှအပတွေနဲ့ အပန်းဖြေကြတာမျိုးတော့ ရှိပါတယ်။ ဒါဟာ တော်ရုံလူတွေအတွက်တော့ ပိုက်ဆံရှိရင်တောင် ဝယ်ယူဖြစ်မှာမျိုး မဟုတ်တဲ့အရာတစ်ခု ဖြစ်ပါတယ်။

ဒေါ်လာ(၁.၃)သန်းတန် ပြိုင်ကား
photo via therichest

Zuckerberg ဟာ အမြဲတမ်း သာမန်ကားလေးတွေပဲ စီးလေ့ရှိပေမယ့် သူ့မှာ တစ်ခြားဈေးကြီးတဲ့ ကားတွေလည်း ရှိပါတယ်။ သူ့ရဲ့ကားတွေထဲက တစ်စီးကတော့ အီတလီနိုင်ငံက ထုတ်တဲ့ Pagani Huayra ပြိုင်ကားပဲ ဖြစ်ပါတယ်။ ဒီပြိုင်ကားအမှတ်တံဆိပ်ဟာ လူသိတော့နည်းပေမယ့် Lambo တို့၊ Ferrari တို့လိုပဲ တန်ဖိုးကြီးတဲ့ကားမျိုး ဖြစ်ပါတယ်။ အဲ့ဒီကားဟာ ခန့်မှန်းချေ ဒေါ်လာ(၁.၃)သန်း တန်ဖိုးရှိပါတယ်။ မြင်းကောင်ရေ(၇၂၀)အားရှိတဲ့ တာဘိုအင်ဂျင်နှစ်လုံး ပါဝင်တဲ့အပြင် တံခါးကလည်း အတောင်ပံလိုပဲ ဒေါင်လိုက်ပွင့်သွားတဲ့ ပုံစံမျိုးက လူငယ်တွေ မက်နေကျ အိပ်မက်ထဲက ကားမျိုးနဲ့ ထပ်တူပါပဲ။

အပျော်စီး ဇိမ်ခံသင်္ဘော
photo via therichest

Zuckerberg ဟာ များသောအားဖြင့် သူကိုယ်တိုင်အတွက် ဇိမ်ခံပစ္စည်းတွေကို ဝယ်လေ့ရှိသူတစ်ယောက် မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ဒေါ်လာ သန်း(၁၅၀)တန်ဖိုးရှိတဲ့ Ulysses ဆိုတဲ့ အပျော်စီး ဇိမ်ခံသင်္ဘောကြီးကို နော်ဝေနိုင်ငံက ဘီလျံနာတစ်ယောက်ဆီက ဝယ်ယူလိုက်ချိန်မှာတော့ လူတွေ အတော်လေး အံ့အားသင့်ခဲ့ကြပါသေးတယ်။

အဲ့ဒီသင်္ဘောကြီးပေါ်မှာ ဟယ်လီကော်ပတာ ရပ်နားဖို့နေရာလည်း ပါဝင်ပြီး ရေကူးကန်နဲ့ ရုပ်ရှင်ရုံလည်း ပါဝင်ပါတယ်။ လူ(၁၅)ယောက် သီးသန့်ဆီ အပန်းဖြေနိုင်မယ့် ဇိမ်ခံအိပ်ခန်းကြီးတွေလည်း ပါဝင်ပြီး ဘိလိယက်ထိုးလို့ရတဲ့ ဂိမ်းကစားခန်းတွေအပြင် အခြားဇိမ်ခံဖို့ပစ္စည်းတွေလည်း ထည့်သွင်းထားပါသေးတယ်။ ဒါ့အပြင် ဒီသင်္ဘောကြီးဟာ ဆီတစ်ခါ ဖြည့်ရုံနဲ့ ကမ္ဘာကြီးရဲ့တစ်ဝက်လောက်ကို မောင်းနှင်နိုင်တယ်လို့လည်း ဆိုကြပါတယ်။

လုံခြုံရေး
photo via therichest

သူဟာ ကမ္ဘာပေါ်က အချမ်းသာဆုံးလူတွေထဲကတစ်ယောက် ဖြစ်တာကြောင့် ရန်သူတွေလည်း ရှိနေနိုင်ပါတယ်။ ဒါ့အပြင် Facebook ကုမ္ပဏီရဲ့ အရေးကြီးဆုံးလူတစ်ယောက်လည်း ဖြစ်တာကြောင့် သူ့ရဲ့လုံခြုံရေးဟာ သာမန် ဘော်ဒီဂတ်ငှားရုံနဲ့ မလုံလောက်တော့ပါဘူး။ ဒါကြောင့် သူ့ရဲ့လုံခြုံရေးအတွက် Facebook ကုမ္ပဏီက တစ်နှစ်ကို ဒေါ်လာ(၁၀)သန်းကျော် အကုန်ကျခံပြီး ထောက်ပံ့ပေးထားရတာ ဖြစ်ပါတယ်။ လုံခြုံရေးချည်းပဲ ဒီလောက်ထိ စျေးကြီးနေရတဲ့အကြောင်းကတော့ သူ့တစ်ယောက်တည်းရဲ့ လုံခြုံရေးတင် မဟုတ်ဘဲ မိသားစုတစ်ခုလုံးနဲ့ သူ့ရဲ့ပိုင်ဆိုင်မှုတွေ အကုန်လုံးကို (၂၄) နာရီအပြည့် စောင့်ကြပ်ပေးရတာကြောင့် ဖြစ်ပါတယ်။

ကိုယ်ပိုင်လေယာဉ်
photo via therichest

နာမည်ကြီးဆယ်လီတွေနဲ့ စီးပွားရေးသမား တော်တော်များများဟာ ကိုယ်ပိုင်လေယာဉ်တွေနဲ့ပဲ သွားလာလေ့ ရှိကြပါတယ်။ ဒါဟာ Facebook ကို တည်ထောင်သူတစ်ယောက်အနေနဲ့လည်း လုံခြုံရေးအရကို မဖြစ်မနေ သုံးစွဲရမယ့်အရာတစ်ခု ဖြစ်လို့နေပါတယ်။ ဒါ့အပြင် Zuckerberg ဟာ သီးသန့်ဆန်ဆန် နေရတာကို နှစ်သက်သူဖြစ်တာကြောင့် အများနဲ့စီးရတဲ့ လေယာဉ်လိုင်းတွေဟာ သူနဲ့ဘယ်လိုမှ အဆင်မပြေပါဘူး။ ဒါကြောင့် အလုပ်ကိစ္စနဲ့ပဲဖြစ်ဖြစ်၊ အားလပ်ရက်ခရီးသွားတာပဲဖြစ်ဖြစ် ကိုယ်ပိုင်လေယာဉ်နဲ့ပဲ သွားလေ့ရှိပြီး စရိတ်အနေနဲ့ တစ်နှစ်ကို ဒေါ်လာ(၅)သန်းလောက် ကုန်ကျပါတယ်။

Chan Zuckerberg သုတေသနဓာတ်ခွဲခန်း
photo via therichest

Zuckerberg ဟာ တီထွင်သူတစ်ယောက်ဖြစ်သလို အခက်အခဲတွေ ဖြေရှင်းရာမှာလည်း ဝါသနာပါသူဖြစ်တာကြောင့် သူကျွမ်းကျင်တဲ့ ဆော့ဖ်ဝဲတီထွင်မှုနဲ့ ကွန်ပျူတာသိပ္ပံပညာရပ်တွေလောက်နဲ့ မကျေနပ်နိုင်ပါဘူး။ ဒါကြောင့်လည်း ဇနီးသည် Priscilla Chan ရဲ့ အကူအညီနဲ့ Chan Zuckerberg Biohub ဆိုတဲ့ အဖွဲ့အစည်းကို တည်ထောင်ခဲ့ပါတယ်။ ဒီအဖွဲ့အစည်းဟာ ဆေးသုတေသန အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကူးစက်တတ်တဲ့ ရောဂါတွေအတွက် ဆေးဝါးရှာဖွေတဲ့ အလုပ်ကို လုပ်ဆောင်ပါတယ်။ သူဟာ ဒီအဖွဲ့အစည်းအတွက် ဒေါ်လာသန်း(၆၀၀) မတည်ပေးထားပါတယ်။

Chan Zuckerberg Initiative
photo via therichest

Biohub ကိုတည်ထောင်ပြီးတဲ့နောက်မှာ သူတို့မောင်နှံနှစ်ယောက်ဟာ ပိုကြီးမားတဲ့ အဖွဲ့အစည်းတစ်ခုကို တည်‌ထောင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါကြောင့်ပဲ Chan Zuckerberg Initiative ကို တည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းဟာ စတင်ဖွဲ့စည်းတည်းက ဘီလျံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံထားတာဖြစ်ကာ ၂၀၁၇ခုနှစ်မှာတော့ အဖွဲ့ဝင်တွေကို တဖြည်းဖြည်းနဲ့ ဒေါ်လာ(၆)ဘီလျံကနေ ဒေါ်လာ(၁၂)ဘီလျံလောက်အထိ ထည့်ဝင်ပေးဖို့လည်း လှုံ့ဆော်ခဲ့ပါတယ်။

ဒီအဖွဲ့အစည်းကတော့ လူသားတွေအတွက် ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးကို ဖန်တီးပေးနိုင်ဖို့ သိပ္ပံပညာရပ်နဲ့ ပတ်သက်သမျှကို လေ့လာဖော်ထုတ်နေတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ ဒါဟာ သူရင်းနှီးမြှုပ်နှံခဲ့သမျှ အရာတွေထဲက အဓိပ္ပာယ်ရှိဆုံး အရာတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ဒါတင်မက အလွန်အမင်း ချမ်းသာတဲ့ ဘီလျံနာတွေကို ငွေကြေးပြန်လည် မျှဝေပေးကမ်းဖို့ ဖွဲ့စည်းထားတဲ့ Giving Pledge ဆိုတဲ့ ပရဟိတအဖွဲ့အစည်းတစ်ခုမှာလည်း သူ့ရဲ့ပိုင်ဆိုင်မှုတွေထဲက (၉၉)ရာခိုင်နှုန်းကို လှူဒါန်းသွားဖို့အတွက်လည်း သဘောတူခဲ့ပါသေးတယ်။

ရှပ်အင်္ကျီများ
photo via therichest

Zuckerberg ဟာ အပျံစား ဝတ်စားဆင်ယင်မှုတွေအပေါ် အယုံအကြည် မရှိသူဖြစ်လို့ များသောအားဖြင့် သူ့ကို မီးခိုးရောင်တီရှပ်ပြောင်နဲ့သာ တွေ့ရလေ့ ရှိပါတယ်။ သို့ပေမယ့် သူ့ဆီမှာ ဒီလိုပုံစံတူအင်္ကျီတွေ အများကြီး ရှိတဲ့အကြောင်းကိုတော့ တစ်ခါက ဖွင့်ဟဝန်ခံခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအင်္ကျီတွေဟာ သာမန် ဒေါ်လာဆယ်ဂဏန်းလောက်ပဲတန်တဲ့ အင်္ကျီတွေ မဟုတ်ဘဲ နာမည်ကြီး ပြင်သစ်ဖက်ရှင်ကုမ္ပဏီ Brunello Cucinelli ကနေ သီးသန့်မှာယူထားတဲ့အင်္ကျီတွေ ဖြစ်ပါတယ်။ အဲ့ဒီ့အင်္ကျီတစ်ထည်ရဲ့ တန်ဖိုးဟာ ဒေါ်လာလေးရာပတ်ဝန်းကျင်မှာ ရှိပါတယ်။

ဆန်ဖရန်စစ္စကိုမှာရှိတဲ့ ဇိမ်ခံအိမ်ကြီး
photo via therichest

လူချမ်းသာအများစုဟာ အိမ်တစ်လုံးတည်းနဲ့ နေကြတာ မဟုတ်ဘဲ အနည်းဆုံး ဇိမ်ခံအိမ် နှစ်လုံး၊ သုံးလုံးလောက်တော့ ဝယ်ထားတတ်ကြပါတယ်။ Zuckerberg ဟာလည်း ဆန်ဖရန်စစ္စကိုမှာရှိတဲ့ ဆိတ်ငြိမ်ရပ်ကွက်တစ်ခုမှာ ဒေါ်လာ (၉.၉)သန်း တန်ကြေးရှိတဲ့ ဇိမ်ခံအိမ်ကြီးကို ဝယ်ထားပါတယ်။ ဒါ့အပြင် အဲ့ဒီအိမ်ကို ပြုပြင်မွမ်းမံဖို့အတွက် နောက်ထပ် ဒေါ်လာ(၁)သန်းကျော်လောက် အကုန်ကျခံထားပါတယ်။ အဲ့ဒီအိမ်ဟာ စတုရန်းပေ(၅)ထောင်ကျော် အကျယ်ရှိပြီး ခြံထဲမှာ အပင်စိုက်ဖို့အတွက် ဖန်လုံအိမ်တွေလည်း တည်ဆောက်ထားပါသေးတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

Mark Zuckerberg ဟာ လူသုံးအမ်ားဆုံး ဆိုရွယ္မီဒီယာ ပလက္ေဖာင္းတစ္ခုျဖစ္တဲ့ Facebook ရဲ႕ တည္ေထာင္သူတစ္ဦးျဖစ္ၿပီး ကိုယ့္ထူးကိုယ္ခြၽန္ ခ်မ္းသာလာသူလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အခုဆိုရင္ ကမာၻေပၚက အခ်မ္းသာဆုံး လူေတြစာရင္းထဲမွာ ပါဝင္ေနတာ ျဖစ္ပါတယ္။ သူဟာ လက္ရွိ ၂၀၂၀ခုႏွစ္အထိ ေဒၚလာ(၇၆.၄)ဘီလ်ံ ႂကြယ္ဝခ်မ္းသာမႈ ရွိေနေပမယ့္ သူ႔လိုခ်မ္းသာတဲ့ တစ္ျခားသူေဌးႀကီးေတြနဲ႔ ယွဥ္လိုက္ရင္ေတာ့ သူဟာ ႐ိုးရွင္းတဲ့ သာမန္ဘဝနဲ႔သာ ေနထိုင္သူလို႔ ေျပာရမွာပါ။

ဟားဗတ္တကၠသိုလ္ထြက္တစ္ေယာက္ျဖစ္ၿပီး သာမန္ကားေလးေတြကိုသာ စီးေလ့ရွိတဲ့ Mark Zuckerberg ဟာ အသုံးအျဖဳန္း မႀကီးဘူးလို႔ နာမည္ႀကီးေပမယ့္ သူ႔မွာလည္း တကယ့္ တန္ဖိုးႀကီးတဲ့ ဇိမ္ခံပစၥည္းေတြ ရွိပါတယ္။ သူဝယ္ယူထားတဲ့ တန္ဖိုးအႀကီးဆုံး အရာေတြက ဘာေတြျဖစ္မလည္းဆိုတာ ၾကည့္လိုက္ၾကရေအာင္။

Palo Alto မွာရွိတဲ့ ဇိမ္ခံအိမ္ႀကီး
photo via therichest

Mark Zuckerberg ဟာ သူကိုယ္တိုင္ကေတာ့ ႐ိုး႐ိုးရွင္းရွင္းနဲ႔ သာမန္ဘဝမွာသာ ေနထိုင္လိုသူ ျဖစ္ေပမယ့္ ဇနီးသည္နဲ႔ သမီးေလးေတြအတြက္ေတာ့ ေငြသုံးရမွာ လက္မတြန႔္သူ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ကယ္လီဖိုးနီးယားျပည္နယ္ Palo Alto မွာရွိတဲ့ ဇိမ္ခံအိမ္ႀကီးတစ္လုံးကို မၾကာေသးခင္ကမွ ေဒၚလာ(၇)သန္းေလာက္ ေပးၿပီး ဝယ္ေပးခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီအိမ္မွာ ဧရာမအိပ္ခန္းႀကီး(၅)ခန္းနဲ႔ ေရခ်ိဳးခန္း(၅)ခန္း ပါရွိပါတယ္။ ဒါ့အျပင္ ေရကူးကန္အႀကီးႀကီး တစ္ကန္လည္း ပါဝင္ၿပီး အျပည့္အစုံ ျပင္ဆင္ထားတဲ့ spa တစ္ခုလည္း ပါဝင္ပါတယ္။ ေနသာတဲ့ေန႔ေတြမွာ ရႈခင္းၾကည့္ဖို႔အတြက္ မွန္ပတ္လည္ ကာရံထားတဲ့ နားေနေဆာင္တစ္ခုလည္း ပါဝင္တဲ့အျပင္ ေဖ်ာ္ေျဖေရးအားလုံး ပါဝင္တဲ့ ႐ုပ္ရွင္႐ုံအေသးစားတစ္ခုလည္း အိမ္ေနာက္ဘက္မွာ ပါဝင္ပါေသးတယ္။

Kauai ကြၽန္းမွာလည္း ေျမဝယ္ခဲ့ပါေသးတယ္။
photo via therichest

Zuckerberg ဟာ ဟာဝိုင္ယီျပည္နယ္မွာရွိတဲ့ Kauai ကြၽန္းေပၚက ဧက(၇၀၀)က်ယ္ဝန္းတဲ့ ေျမကြက္ကို ဝယ္ဖို႔အတြက္ေဒၚလာ သန္း(၁၀၀) အကုန္အက်ခံခဲ့ပါတယ္။ အဲ့ဒီေျမကြက္မွာ အျဖဴေရာင္သဲေတြရွိတဲ့ ကမ္းေျခတစ္ခုနဲ႔ အုန္းပင္၊ထန္းပင္လို အပင္ေတြကလြဲၿပီး တစ္ျခားဘာမွ မရွိပါဘူး။ လူတစ္ေယာက္အေနနဲ႔ ေဒၚလာ(၁၀)သန္းေလာက္ ခ်မ္းသာဖို႔ေတာင္ ခက္ခဲလြန္းလွတဲ့ အေျခအေနမွာ ေဒၚလာသန္း(၁၀၀)ကို ဘာမွမရွိတဲ့ ေျမကြက္အလြတ္ႀကီး ဝယ္ပစ္တယ္ဆိုတာ မသိတဲ့လူေတြအတြက္ေတာ့ ျဖဳန္းပစ္တယ္လို႔ ထင္စရာ ရွိပါတယ္။

သို႔ေပမယ့္ Zuckerberg ဟာ ဒီေျမကြက္ႀကီးကို သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းဖို႔နဲ႔ သဘာဝအလွတရားေတြ သူ႔ဘာသာ အရွိအတိုင္း တည္ၿမဲေနေစဖို႔ ထိန္းသိမ္းခ်င္တဲ့ ရည္႐ြယ္ခ်က္နဲ႔ ဝယ္ခဲ့တာ ျဖစ္ပါတယ္။ တစ္ခါတစ္ေလေတာ့လည္း သူတို႔မိသားစုလိုက္ အဲ့ဒီ့ၿခံႀကီးကို သြားလည္ၿပီး သဘာဝအလွအပေတြနဲ႔ အပန္းေျဖၾကတာမ်ိဳးေတာ့ ရွိပါတယ္။ ဒါဟာ ေတာ္႐ုံလူေတြအတြက္ေတာ့ ပိုက္ဆံရွိရင္ေတာင္ ဝယ္ယူျဖစ္မွာမ်ိဳး မဟုတ္တဲ့အရာတစ္ခု ျဖစ္ပါတယ္။

ေဒၚလာ(၁.၃)သန္းတန္ ၿပိဳင္ကား
photo via therichest

Zuckerberg ဟာ အၿမဲတမ္း သာမန္ကားေလးေတြပဲ စီးေလ့ရွိေပမယ့္ သူ႔မွာ တစ္ျခားေဈးႀကီးတဲ့ ကားေတြလည္း ရွိပါတယ္။ သူ႔ရဲ႕ကားေတြထဲက တစ္စီးကေတာ့ အီတလီႏိုင္ငံက ထုတ္တဲ့ Pagani Huayra ၿပိဳင္ကားပဲ ျဖစ္ပါတယ္။ ဒီၿပိဳင္ကားအမွတ္တံဆိပ္ဟာ လူသိေတာ့နည္းေပမယ့္ Lambo တို႔၊ Ferrari တို႔လိုပဲ တန္ဖိုးႀကီးတဲ့ကားမ်ိဳး ျဖစ္ပါတယ္။ အဲ့ဒီကားဟာ ခန႔္မွန္းေခ် ေဒၚလာ(၁.၃)သန္း တန္ဖိုးရွိပါတယ္။ ျမင္းေကာင္ေရ(၇၂၀)အားရွိတဲ့ တာဘိုအင္ဂ်င္ႏွစ္လုံး ပါဝင္တဲ့အျပင္ တံခါးကလည္း အေတာင္ပံလိုပဲ ေဒါင္လိုက္ပြင့္သြားတဲ့ ပုံစံမ်ိဳးက လူငယ္ေတြ မက္ေနက် အိပ္မက္ထဲက ကားမ်ိဳးနဲ႔ ထပ္တူပါပဲ။

အေပ်ာ္စီး ဇိမ္ခံသေဘၤာ
photo via therichest

Zuckerberg ဟာ မ်ားေသာအားျဖင့္ သူကိုယ္တိုင္အတြက္ ဇိမ္ခံပစၥည္းေတြကို ဝယ္ေလ့ရွိသူတစ္ေယာက္ မဟုတ္ပါဘူး။ ဒါေပမဲ့လည္း ေဒၚလာ သန္း(၁၅၀)တန္ဖိုးရွိတဲ့ Ulysses ဆိုတဲ့ အေပ်ာ္စီး ဇိမ္ခံသေဘၤာႀကီးကို ေနာ္ေဝႏိုင္ငံက ဘီလ်ံနာတစ္ေယာက္ဆီက ဝယ္ယူလိုက္ခ်ိန္မွာေတာ့ လူေတြ အေတာ္ေလး အံ့အားသင့္ခဲ့ၾကပါေသးတယ္။

အဲ့ဒီသေဘၤာႀကီးေပၚမွာ ဟယ္လီေကာ္ပတာ ရပ္နားဖို႔ေနရာလည္း ပါဝင္ၿပီး ေရကူးကန္နဲ႔ ႐ုပ္ရွင္႐ုံလည္း ပါဝင္ပါတယ္။ လူ(၁၅)ေယာက္ သီးသန႔္ဆီ အပန္းေျဖႏိုင္မယ့္ ဇိမ္ခံအိပ္ခန္းႀကီးေတြလည္း ပါဝင္ၿပီး ဘိလိယက္ထိုးလို႔ရတဲ့ ဂိမ္းကစားခန္းေတြအျပင္ အျခားဇိမ္ခံဖို႔ပစၥည္းေတြလည္း ထည့္သြင္းထားပါေသးတယ္။ ဒါ့အျပင္ ဒီသေဘၤာႀကီးဟာ ဆီတစ္ခါ ျဖည့္႐ုံနဲ႔ ကမာၻႀကီးရဲ႕တစ္ဝက္ေလာက္ကို ေမာင္းႏွင္ႏိုင္တယ္လို႔လည္း ဆိုၾကပါတယ္။

လုံၿခဳံေရး
photo via therichest

သူဟာ ကမာၻေပၚက အခ်မ္းသာဆုံးလူေတြထဲကတစ္ေယာက္ ျဖစ္တာေၾကာင့္ ရန္သူေတြလည္း ရွိေနႏိုင္ပါတယ္။ ဒါ့အျပင္ Facebook ကုမၸဏီရဲ႕ အေရးႀကီးဆုံးလူတစ္ေယာက္လည္း ျဖစ္တာေၾကာင့္ သူ႔ရဲ႕လုံၿခဳံေရးဟာ သာမန္ ေဘာ္ဒီဂတ္ငွား႐ုံနဲ႔ မလုံေလာက္ေတာ့ပါဘူး။ ဒါေၾကာင့္ သူ႔ရဲ႕လုံၿခဳံေရးအတြက္ Facebook ကုမၸဏီက တစ္ႏွစ္ကို ေဒၚလာ(၁၀)သန္းေက်ာ္ အကုန္က်ခံၿပီး ေထာက္ပံ့ေပးထားရတာ ျဖစ္ပါတယ္။ လုံၿခဳံေရးခ်ည္းပဲ ဒီေလာက္ထိ ေစ်းႀကီးေနရတဲ့အေၾကာင္းကေတာ့ သူ႔တစ္ေယာက္တည္းရဲ႕ လုံၿခဳံေရးတင္ မဟုတ္ဘဲ မိသားစုတစ္ခုလုံးနဲ႔ သူ႔ရဲ႕ပိုင္ဆိုင္မႈေတြ အကုန္လုံးကို (၂၄) နာရီအျပည့္ ေစာင့္ၾကပ္ေပးရတာေၾကာင့္ ျဖစ္ပါတယ္။

ကိုယ္ပိုင္ေလယာဥ္
photo via therichest

နာမည္ႀကီးဆယ္လီေတြနဲ႔ စီးပြားေရးသမား ေတာ္ေတာ္မ်ားမ်ားဟာ ကိုယ္ပိုင္ေလယာဥ္ေတြနဲ႔ပဲ သြားလာေလ့ ရွိၾကပါတယ္။ ဒါဟာ Facebook ကို တည္ေထာင္သူတစ္ေယာက္အေနနဲ႔လည္း လုံၿခဳံေရးအရကို မျဖစ္မေန သုံးစြဲရမယ့္အရာတစ္ခု ျဖစ္လို႔ေနပါတယ္။ ဒါ့အျပင္ Zuckerberg ဟာ သီးသန႔္ဆန္ဆန္ ေနရတာကို ႏွစ္သက္သူျဖစ္တာေၾကာင့္ အမ်ားနဲ႔စီးရတဲ့ ေလယာဥ္လိုင္းေတြဟာ သူနဲ႔ဘယ္လိုမွ အဆင္မေျပပါဘူး။ ဒါေၾကာင့္ အလုပ္ကိစၥနဲ႔ပဲျဖစ္ျဖစ္၊ အားလပ္ရက္ခရီးသြားတာပဲျဖစ္ျဖစ္ ကိုယ္ပိုင္ေလယာဥ္နဲ႔ပဲ သြားေလ့ရွိၿပီး စရိတ္အေနနဲ႔ တစ္ႏွစ္ကို ေဒၚလာ(၅)သန္းေလာက္ ကုန္က်ပါတယ္။

Chan Zuckerberg သုေတသနဓာတ္ခြဲခန္း
photo via therichest

Zuckerberg ဟာ တီထြင္သူတစ္ေယာက္ျဖစ္သလို အခက္အခဲေတြ ေျဖရွင္းရာမွာလည္း ဝါသနာပါသူျဖစ္တာေၾကာင့္ သူကြၽမ္းက်င္တဲ့ ေဆာ့ဖ္ဝဲတီထြင္မႈနဲ႔ ကြန္ပ်ဴတာသိပၸံပညာရပ္ေတြေလာက္နဲ႔ မေက်နပ္ႏိုင္ပါဘူး။ ဒါေၾကာင့္လည္း ဇနီးသည္ Priscilla Chan ရဲ႕ အကူအညီနဲ႔ Chan Zuckerberg Biohub ဆိုတဲ့ အဖြဲ႕အစည္းကို တည္ေထာင္ခဲ့ပါတယ္။ ဒီအဖြဲ႕အစည္းဟာ ေဆးသုေတသန အဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး ကူးစက္တတ္တဲ့ ေရာဂါေတြအတြက္ ေဆးဝါးရွာေဖြတဲ့ အလုပ္ကို လုပ္ေဆာင္ပါတယ္။ သူဟာ ဒီအဖြဲ႕အစည္းအတြက္ ေဒၚလာသန္း(၆၀၀) မတည္ေပးထားပါတယ္။

Chan Zuckerberg Initiative
photo via therichest

Biohub ကိုတည္ေထာင္ၿပီးတဲ့ေနာက္မွာ သူတို႔ေမာင္ႏွံႏွစ္ေယာက္ဟာ ပိုႀကီးမားတဲ့ အဖြဲ႕အစည္းတစ္ခုကို တည္‌ေထာင္ဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ ဒါေၾကာင့္ပဲ Chan Zuckerberg Initiative ကို တည္ေထာင္ခဲ့ၾကတာ ျဖစ္ပါတယ္။ ဒီအဖြဲ႕အစည္းဟာ စတင္ဖြဲ႕စည္းတည္းက ဘီလ်ံနဲ႔ခ်ီၿပီး ရင္းႏွီးျမႇဳပ္ႏွံထားတာျဖစ္ကာ ၂၀၁၇ခုႏွစ္မွာေတာ့ အဖြဲ႕ဝင္ေတြကို တျဖည္းျဖည္းနဲ႔ ေဒၚလာ(၆)ဘီလ်ံကေန ေဒၚလာ(၁၂)ဘီလ်ံေလာက္အထိ ထည့္ဝင္ေပးဖို႔လည္း လႈံ႕ေဆာ္ခဲ့ပါတယ္။

ဒီအဖြဲ႕အစည္းကေတာ့ လူသားေတြအတြက္ ပိုမိုေကာင္းမြန္တဲ့ ကမာၻႀကီးကို ဖန္တီးေပးႏိုင္ဖို႔ သိပၸံပညာရပ္နဲ႔ ပတ္သက္သမွ်ကို ေလ့လာေဖာ္ထုတ္ေနတဲ့ အဖြဲ႕အစည္းလည္း ျဖစ္ပါတယ္။ ဒါဟာ သူရင္းႏွီးျမႇဳပ္ႏွံခဲ့သမွ် အရာေတြထဲက အဓိပၸာယ္ရွိဆုံး အရာတစ္ခုလို႔လည္း ဆိုႏိုင္ပါတယ္။ ဒါတင္မက အလြန္အမင္း ခ်မ္းသာတဲ့ ဘီလ်ံနာေတြကို ေငြေၾကးျပန္လည္ မွ်ေဝေပးကမ္းဖို႔ ဖြဲ႕စည္းထားတဲ့ Giving Pledge ဆိုတဲ့ ပရဟိတအဖြဲ႕အစည္းတစ္ခုမွာလည္း သူ႔ရဲ႕ပိုင္ဆိုင္မႈေတြထဲက (၉၉)ရာခိုင္ႏႈန္းကို လႉဒါန္းသြားဖို႔အတြက္လည္း သေဘာတူခဲ့ပါေသးတယ္။

ရွပ္အက်ႌမ်ား
photo via therichest

Zuckerberg ဟာ အပ်ံစား ဝတ္စားဆင္ယင္မႈေတြအေပၚ အယုံအၾကည္ မရွိသူျဖစ္လို႔ မ်ားေသာအားျဖင့္ သူ႔ကို မီးခိုးေရာင္တီရွပ္ေျပာင္နဲ႔သာ ေတြ႕ရေလ့ ရွိပါတယ္။ သို႔ေပမယ့္ သူ႔ဆီမွာ ဒီလိုပုံစံတူအက်ႌေတြ အမ်ားႀကီး ရွိတဲ့အေၾကာင္းကိုေတာ့ တစ္ခါက ဖြင့္ဟဝန္ခံခဲ့ဖူးပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီအက်ႌေတြဟာ သာမန္ ေဒၚလာဆယ္ဂဏန္းေလာက္ပဲတန္တဲ့ အက်ႌေတြ မဟုတ္ဘဲ နာမည္ႀကီး ျပင္သစ္ဖက္ရွင္ကုမၸဏီ Brunello Cucinelli ကေန သီးသန႔္မွာယူထားတဲ့အက်ႌေတြ ျဖစ္ပါတယ္။ အဲ့ဒီ့အက်ႌတစ္ထည္ရဲ႕ တန္ဖိုးဟာ ေဒၚလာေလးရာပတ္ဝန္းက်င္မွာ ရွိပါတယ္။

ဆန္ဖရန္စစၥကိုမွာရွိတဲ့ ဇိမ္ခံအိမ္ႀကီး
photo via therichest

လူခ်မ္းသာအမ်ားစုဟာ အိမ္တစ္လုံးတည္းနဲ႔ ေနၾကတာ မဟုတ္ဘဲ အနည္းဆုံး ဇိမ္ခံအိမ္ ႏွစ္လုံး၊ သုံးလုံးေလာက္ေတာ့ ဝယ္ထားတတ္ၾကပါတယ္။ Zuckerberg ဟာလည္း ဆန္ဖရန္စစၥကိုမွာရွိတဲ့ ဆိတ္ၿငိမ္ရပ္ကြက္တစ္ခုမွာ ေဒၚလာ (၉.၉)သန္း တန္ေၾကးရွိတဲ့ ဇိမ္ခံအိမ္ႀကီးကို ဝယ္ထားပါတယ္။ ဒါ့အျပင္ အဲ့ဒီအိမ္ကို ျပဳျပင္မြမ္းမံဖို႔အတြက္ ေနာက္ထပ္ ေဒၚလာ(၁)သန္းေက်ာ္ေလာက္ အကုန္က်ခံထားပါတယ္။ အဲ့ဒီအိမ္ဟာ စတုရန္းေပ(၅)ေထာင္ေက်ာ္ အက်ယ္ရွိၿပီး ၿခံထဲမွာ အပင္စိုက္ဖို႔အတြက္ ဖန္လုံအိမ္ေတြလည္း တည္ေဆာက္ထားပါေသးတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular