HomeEntertainmentFilmပထမဆုံးထွေလာ ထွက်ရှိလာတဲ့ Supernatural ရဲ့ Prequel ဇာတ်လမ်းတွဲ The Winchesters

ပထမဆုံးထွေလာ ထွက်ရှိလာတဲ့ Supernatural ရဲ့ Prequel ဇာတ်လမ်းတွဲ The Winchesters

Supernatural ရဲ့ Prequel ဇာတ်လမ်းတွဲဖြစ်တဲ့ The Winchesters ရဲ့ ပထမဆုံး ထွေလာကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ယခုနှစ် နှောင်းပိုင်းမှာ CW ရုပ်သံလိုင်းကနေ ပြသသွားမှာ ဖြစ်ပါတယ်။ Supernatural ဇာတ်လမ်းတွဲထဲမှာ Dean Winchester အဖြစ် ပါဝင်ခဲ့တဲ့ Jensen Ackles ကတော့ ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်ကြောင်းပြောသူအဖြစ်နဲ့ ပါဝင်ထားသလို Jensen နဲ့ ဇနီးဖြစ်သူတို့ဟာ Executive Producer အနေနဲ့လည်း ပါဝင်ထားပါတယ်။

photo via screenrant

Supernatural ထဲမှာတော့ Mary သေဆုံးသွားခဲ့ပြီးမှ သူမရဲ့မျိူးရိုးဟာ Hunter တွေ ဖြစ်နေပြီး John ကတော့ သာမန်လူတစ်ယောက်ပဲ ဖြစ်နေမှန်း သိခဲ့ရတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Sam နဲ့ Dean တို့ရဲ့မိဘတွေ ဖြစ်တဲ့ John နဲ့ Mary တို့နှစ်ယောက်ရဲ့ တွေ့ဆုံခဲ့ကြပုံနဲ့ သဘာဝလွန် သတ္တဝါတွေကို သူတို့နှစ်ယောက်အတူတူ အမဲလိုက်ရင်း ချစ်ကြိုက်သွားကြတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

CW ရုပ်သံလိုင်းကတော့ ဒီဇာတ်လမ်းတွဲရဲ့ ထွေလာကို ထုတ်ပေးလိုက်ပြီ ဖြစ်ပြီး Dean ဟာ သူ့မိဘတွေရဲ့ ထူးခြားဆန်းကြယ်တဲ့ အတိတ်အကြောင်းတွေကို ရှာဖွေဖော်ထုတ်နေတာ တွေ့ရမှာပါ။ ဒါကြောင့်ပဲ Dean ဟာ သူ့မိဘတွေကို ပိုမိုနားလည်နိုင်ဖို့အတွက် ၁၉၇၂ ခုနှစ်က အကြောင်းတွေအထိ ရှာဖွေဖော်ထုတ်ရပါတော့တယ်။ အသစ်ထွက်ရှိလာတဲ့ ထွေလာကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

ဒီထွေလာကို ကြည့်ပြီးသွားပြီ ဆိုရင်တော့ The Winchester ဇာတ်လမ်းတွဲဟာ Supernatural နဲ့မတူဘဲ ထူးခြားနေတဲ့ ခံစားချက်တစ်မျိူး ပေးစွမ်းနေတာကို သတိထားမိကြမှာပါ။ ဒီဇာတ်လမ်းတွဲကတော့ John နဲ့ Mary တို့အတွက် အသစ်ဖန်တီးထားတဲ့ စွန့်စားခန်းတွေနဲ့ ဇာတ်လမ်းတွေကို မြင်တွေ့ရမှာ ဖြစ်ပြီး ပရိသတ်တွေ မျှော်လင့်ထားသလို စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်လာမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular