HomeEntertainmentFilmရိုက်ကူးရေး ပြီးဆုံးသွားပြီဖြစ်တဲ့ The Witcher Season 2

ရိုက်ကူးရေး ပြီးဆုံးသွားပြီဖြစ်တဲ့ The Witcher Season 2

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Witcher Season 2 ရဲ့ ခက်ခဲပြီး ကြာမြင့်လှတဲ့ ရိုက်ကူးရေးဟာ နောက်ဆုံးမှာတော့ ပြီးဆုံးသွားပြီ ဖြစ်တဲ့အကြောင်း ဒီဇာတ်လမ်းတွဲကို ဖန်တီးသူ Lauren S. Hissrich က ပြောကြားလိုက်ပါတယ်။

ဒီဇာတ်လမ်းတွဲကိုတော့ ၂၀၁၉ ခုနှစ်မှာ Netflix ကနေ ပြသခဲ့ပြီး အဓိကဇာတ်ကောင် Geralt of Rivia နေရာမှာ  Henry Cavill က ပါဝင်သရုပ်ဆောင်ထားပါတယ်။ The Witcher ဇာတ်လမ်းတွဲဟာ  စာရေးဆရာ Andrzej Sapkowski ရဲ့ ဝတ္ထုတွေကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။

photo via screenrant

The Witcher ဟာ Netflix ရဲ့ အအောင်မြင်ဆုံး ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်ခဲ့ပေမယ့်လည်း အကြောင်းအမျိူးမျိူးနဲ့  season 2 ဟာ ကြန့်ကြာနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းကဆိုရင် ကိုဗစ်ကြောင့် ရိုက်ကွင်း ရပ်နားခဲ့ရသလို Henry Cavill ကလည်း ရိုက်ကွင်းပေါ်မှာ ဒဏ်ရာရသွားတာကြောင့် ထပ်မံ ရပ်နားခဲ့ရပါသေးတယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ ရိုက်ကူးရေး ပြီးဆုံးသွားပြီ ဖြစ်တာကြောင့် ပရိသတ်တွေကလည်း Geralt နဲ့ တစ်ခြားဇာတ်ကောင်တွေကို ဘယ်အချိန်မှာ ပြန်လည်မြင်တွေ့ရမလည်းဆိုတာ သိချင်နေကြပါတယ်။

ဒီဇာတ်လမ်းကို ဖန်တီးသူဖြစ်တဲ့ Hissrich ဟာ မကြာသေးခင်ကပဲ သူမရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ရိုက်ကူးရေး ပြီးဆုံးသွားတဲ့အကြောင်း အသိပေးထားပါတယ်။ သူမဟာ လန်ဒန်ကို ပြန်ရောက်နေပြီ ဖြစ်ပြီး ဒီဇာတ်လမ်းတွဲကို တည်းဖြတ်တဲ့အဆင့် ရောက်နေပြီဆိုတဲ့ အကြောင်းကိုလည်း အတည်ပြုထားပါတယ်။

photo via screenrant

ပြီးခဲ့တဲ့ လတုန်းကလည်း Netflix ရဲ့ CEO ဟာ The Witcher Season 2 ကို ယခုနှစ် အောက်တိုဘာလနဲ့ ဒီဇင်ဘာလကြားထဲမှာ သေချာပေါက် ကြည့်ရှုရမယ်လို့ ပြောထားပါတယ်။ The Witcher လိုမျိူး fantasy ဇာတ်လမ်းတွေဟာ ရိုက်ကူးရေး ပြီးစီးသွားရင်တောင် တည်းဖြတ်တဲ့အချိန်မှာ special effect တွေပါ အသုံးပြုရတာကြောင့် အနည်းငယ်တော့ ကြာမြင့်ဦးမှာပါ။ Season 1 တုန်းကတော့ ဒီဇင်ဘာလမှာ ပြသခဲ့တာ ဖြစ်တာကြောင့် season 2 ဟာလည်း ၂၀၂၁ ခုနှစ်ရဲ့ ဒီဇင်ဘာလထဲမှာပဲ ပြသသွားဖို့ များပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

The Witcher Season 2 ရဲ႕ ခက္ခဲၿပီး ၾကာျမင့္လွတဲ့ ႐ိုက္ကူးေရးဟာ ေနာက္ဆုံးမွာေတာ့ ၿပီးဆုံးသြားၿပီ ျဖစ္တဲ့အေၾကာင္း ဒီဇာတ္လမ္းတြဲကို ဖန္တီးသူ Lauren S. Hissrich က ေျပာၾကားလိုက္ပါတယ္။

ဒီဇာတ္လမ္းတြဲကိုေတာ့ ၂၀၁၉ ခုႏွစ္မွာ Netflix ကေန ျပသခဲ့ၿပီး အဓိကဇာတ္ေကာင္ Geralt of Rivia ေနရာမွာ  Henry Cavill က ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ The Witcher ဇာတ္လမ္းတြဲဟာ  စာေရးဆရာ Andrzej Sapkowski ရဲ႕ ဝတၳဳေတြကို အေျခခံၿပီး ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။

photo via screenrant

The Witcher ဟာ Netflix ရဲ႕ အေအာင္ျမင္ဆုံး ဇာတ္လမ္းတြဲေတြထဲမွာ ပါဝင္ခဲ့ေပမယ့္လည္း အေၾကာင္းအမ်ိဴးမ်ိဴးနဲ႔  season 2 ဟာ ၾကန႔္ၾကာေနခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္တုန္းကဆိုရင္ ကိုဗစ္ေၾကာင့္ ႐ိုက္ကြင္း ရပ္နားခဲ့ရသလို Henry Cavill ကလည္း ႐ိုက္ကြင္းေပၚမွာ ဒဏ္ရာရသြားတာေၾကာင့္ ထပ္မံ ရပ္နားခဲ့ရပါေသးတယ္။ ဒါေပမယ့္လည္း အခုခ်ိန္မွာေတာ့ ႐ိုက္ကူးေရး ၿပီးဆုံးသြားၿပီ ျဖစ္တာေၾကာင့္ ပရိသတ္ေတြကလည္း Geralt နဲ႔ တစ္ျခားဇာတ္ေကာင္ေတြကို ဘယ္အခ်ိန္မွာ ျပန္လည္ျမင္ေတြ႕ရမလည္းဆိုတာ သိခ်င္ေနၾကပါတယ္။

ဒီဇာတ္လမ္းကို ဖန္တီးသူျဖစ္တဲ့ Hissrich ဟာ မၾကာေသးခင္ကပဲ သူမရဲ႕ ဆိုရွယ္မီဒီယာေပၚမွာ ႐ိုက္ကူးေရး ၿပီးဆုံးသြားတဲ့အေၾကာင္း အသိေပးထားပါတယ္။ သူမဟာ လန္ဒန္ကို ျပန္ေရာက္ေနၿပီ ျဖစ္ၿပီး ဒီဇာတ္လမ္းတြဲကို တည္းျဖတ္တဲ့အဆင့္ ေရာက္ေနၿပီဆိုတဲ့ အေၾကာင္းကိုလည္း အတည္ျပဳထားပါတယ္။

photo via screenrant

ၿပီးခဲ့တဲ့ လတုန္းကလည္း Netflix ရဲ႕ CEO ဟာ The Witcher Season 2 ကို ယခုႏွစ္ ေအာက္တိုဘာလနဲ႔ ဒီဇင္ဘာလၾကားထဲမွာ ေသခ်ာေပါက္ ၾကည့္ရႈရမယ္လို႔ ေျပာထားပါတယ္။ The Witcher လိုမ်ိဴး fantasy ဇာတ္လမ္းေတြဟာ ႐ိုက္ကူးေရး ၿပီးစီးသြားရင္ေတာင္ တည္းျဖတ္တဲ့အခ်ိန္မွာ special effect ေတြပါ အသုံးျပဳရတာေၾကာင့္ အနည္းငယ္ေတာ့ ၾကာျမင့္ဦးမွာပါ။ Season 1 တုန္းကေတာ့ ဒီဇင္ဘာလမွာ ျပသခဲ့တာ ျဖစ္တာေၾကာင့္ season 2 ဟာလည္း ၂၀၂၁ ခုႏွစ္ရဲ႕ ဒီဇင္ဘာလထဲမွာပဲ ျပသသြားဖို႔ မ်ားပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular