HomeEntertainmentFilmAnne Hathaway ကို စုန်းမအဖြစ် မြင်တွေ့ရမယ့် The Witches ဇာတ်ကားရဲ့ထွေလာ ထွက်ရှိလာ

Anne Hathaway ကို စုန်းမအဖြစ် မြင်တွေ့ရမယ့် The Witches ဇာတ်ကားရဲ့ထွေလာ ထွက်ရှိလာ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် မင်းသမီးတွေဖြစ်တဲ့ Anne Hathaway နဲ့ Octavia Spencer တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ The Witches ဆိုတဲ့ ဇာတ်ကားရဲ့ ထွေလာဟာ အောက်တိုဘာလ(၂)ရက်နေ့မှာ ထွက်ရှိလာခဲ့ပါတယ်။ ဒီဇာတ်ကားကတော့ စာရေးဆရာ Roald Dahl ရဲ့ ၁၉၈၃ခုနှစ်က ထွက်ရှိခဲ့တဲ့ The Witches ဆိုတဲ့ဝတ္ထုကို ရုပ်ရှင်အဖြစ် ဖန်တီးထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ မိဘမဲ့ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့အဘွားနဲ့အတူ နေထိုင်ဖို့အတွက် Demopolis ဆိုတဲ့ မြို့လေးကို ထွက်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ မြေးအဘွားနှစ်ယောက်ဟာ ဆိုးသွမ်းတဲ့ စုန်းမတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒါကြောင့် သူ့ရဲ့အဘွားကတော့ ဉာဏ်ရှိရှိနဲ့ အဲ့ဒီကောင်လေးကို ခေါ်ပြီးတော့ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းကို ခေါ်လာခဲ့ပါတယ်။

ကံမကောင်းစွာနဲ့ပဲ အဲ့ဒီနေရာကို သူတို့နဲ့အချိန်သိပ်မကွာဘဲ ရောက်လာတာကတော့ စုန်းမတွေရဲ့ ခေါင်းဆောင်ပဲ ဖြစ်ပါတယ်။ စုန်းမခေါင်းဆောင်ဟာ သူမရဲ့ဆိုးသွမ်းတဲ့ အစီအစဉ်တွေကို ပြုလုပ်ဖို့အတွက် ကမ္ဘာတစ်ဝှမ်းမှာ ရှိနေတဲ့ သူမရဲ့နောက်လိုက်တွေကို စုစည်းဖို့အတွက် ရောက်တာပဲ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ မြေးအဘွားနှစ်ယောက်ဟာ ဘယ်လိုအဖြစ်အပျက်တွေကို ကြုံတွေ့ရမလည်းဆိုတာကို ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားကိုတော့ Forrest Gump ဇာတ်ကားကို ရိုက်ကူးပေးခဲ့တဲ့ အော်စကာဆုရ ဒါရိုက်တာ Robert Zemeckis က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းရဲ့ အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ Anne Hathaway နဲ့ Octavia Spencer တို့ဟာလည်း အော်စကာဆုရ မင်းသမီးတွေ ဖြစ်တာကြောင့် ဒီဇာတ်ကားဟာ ကြည့်လို့ကောင်းမယ့် ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်မယ်ဆိုတာတော့ သေချာပါတယ်။

Legos

Source: indian express

(Zawgyi Version)

နာမည္ေက်ာ္ မင္းသမီးေတြျဖစ္တဲ့ Anne Hathaway နဲ႔ Octavia Spencer တို႔ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ The Witches ဆိုတဲ့ ဇာတ္ကားရဲ႕ ေထြလာဟာ ေအာက္တိုဘာလ(၂)ရက္ေန႔မွာ ထြက္ရွိလာခဲ့ပါတယ္။ ဒီဇာတ္ကားကေတာ့ စာေရးဆရာ Roald Dahl ရဲ႕ ၁၉၈၃ခုႏွစ္က ထြက္ရွိခဲ့တဲ့ The Witches ဆိုတဲ့ဝတၳဳကို ႐ုပ္ရွင္အျဖစ္ ဖန္တီးထားတာ ျဖစ္ပါတယ္။

ဇာတ္လမ္းအက်ဥ္းကေတာ့ မိဘမဲ့ေကာင္ေလးတစ္ေယာက္ဟာ သူ႔ရဲ႕အဘြားနဲ႔အတူ ေနထိုင္ဖို႔အတြက္ Demopolis ဆိုတဲ့ ၿမိဳ႕ေလးကို ထြက္လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ေျမးအဘြားႏွစ္ေယာက္ဟာ ဆိုးသြမ္းတဲ့ စုန္းမေတြနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ သူ႔ရဲ႕အဘြားကေတာ့ ဉာဏ္ရွိရွိနဲ႔ အဲ့ဒီေကာင္ေလးကို ေခၚၿပီးေတာ့ ပင္လယ္ကမ္းေျခ အပန္းေျဖစခန္းကို ေခၚလာခဲ့ပါတယ္။

ကံမေကာင္းစြာနဲ႔ပဲ အဲ့ဒီေနရာကို သူတို႔နဲ႔အခ်ိန္သိပ္မကြာဘဲ ေရာက္လာတာကေတာ့ စုန္းမေတြရဲ႕ ေခါင္းေဆာင္ပဲ ျဖစ္ပါတယ္။ စုန္းမေခါင္းေဆာင္ဟာ သူမရဲ႕ဆိုးသြမ္းတဲ့ အစီအစဥ္ေတြကို ျပဳလုပ္ဖို႔အတြက္ ကမာၻတစ္ဝွမ္းမွာ ရွိေနတဲ့ သူမရဲ႕ေနာက္လိုက္ေတြကို စုစည္းဖို႔အတြက္ ေရာက္တာပဲ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ေျမးအဘြားႏွစ္ေယာက္ဟာ ဘယ္လိုအျဖစ္အပ်က္ေတြကို ႀကဳံေတြ႕ရမလည္းဆိုတာကို ဆက္လက္ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

ဒီဇာတ္ကားကိုေတာ့ Forrest Gump ဇာတ္ကားကို ႐ိုက္ကူးေပးခဲ့တဲ့ ေအာ္စကာဆုရ ဒါ႐ိုက္တာ Robert Zemeckis က ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဇာတ္လမ္းရဲ႕ အဓိကသ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Anne Hathaway နဲ႔ Octavia Spencer တို႔ဟာလည္း ေအာ္စကာဆုရ မင္းသမီးေတြ ျဖစ္တာေၾကာင့္ ဒီဇာတ္ကားဟာ ၾကည့္လို႔ေကာင္းမယ့္ ႐ုပ္ရွင္ကားေကာင္းတစ္ကား ျဖစ္မယ္ဆိုတာေတာ့ ေသခ်ာပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular