HomeCharacterEternals ရုပ်ရှင်ထဲက Thena နဲ့ ပတ်သက်ပြီး လူသိပ်မသိသေးတဲ့အချက်များ

Eternals ရုပ်ရှင်ထဲက Thena နဲ့ ပတ်သက်ပြီး လူသိပ်မသိသေးတဲ့အချက်များ

၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Eternals ရုပ်ရှင်ထဲမှာတော့ ဇာတ်ကောင်အသစ်တွေများစွာကို မြင်တွေ့ခဲ့ရပြီး Thena ကတော့ အဲဒီထဲကတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကိုတော့ ၁၉၇၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Eternals ကောမစ်ထဲမှာ စတင်မြင်တွေ့ခဲ့ရပြီး ကောမစ်ထဲက စွမ်းအားကြီး ဇာတ်ကောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ Eternals ရုပ်ရှင်ထဲမှာတော့ သူမရဲ့အကြောင်းကို များများစားစား မဖော်ပြခဲ့တာကြောင့် ကောမစ်ထဲက လူသိနည်းသေးတဲ့ စိတ်ဝင်စားစရာ အချက်တချို့ကို ဖော်ပြပေးချင်ပါတယ်။

(1) သူမကို စမ်းသပ်မှုတစ်ခုအနေနဲ့ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

စကြဝဠာထဲမှာ ဘာမှမရှိခင်တုန်းကတော့ First Firmament ဆိုတဲ့ Entity တစ်ခုပဲ ရှိပါတယ်။ သူကတော့ ပထမဆုံး Universe ပဲ ဖြစ်ပြီး အချိန်တွေ ကြာလာတဲ့အခါမှာ အထီးကျန်ပြီး ပျင်းလာတာကြောင့် သူ့ကို ခစားဖို့အတွက် Being နှစ်ခုကို ဖန်တီးခဲ့ပါတယ်။ သူတို့တွေကတော့ Aspirant နဲ့ Celestial တွေပဲ ဖြစ်ပါတယ်။ Aspirant ကတော့ အမိန့်ကိုနာခံပြီး သူတို့ရဲ့တာဝန်ကို ထမ်းဆောင်ကြပါတယ်။ Celestial တွေကတော့ သူတို့ကိုယ်တိုင် သက်ရှိတွေကို ဖန်တီးပြီးတော့ Universe အပါအဝင် အရာရာတိုင်းကို ဆင့်ကဲပြောင်းလဲစေချင်ကြပါတယ်။

ဒီအချက်ကြောင့်ပဲ Celestial တွေဟာ ပုန်ကန်မှုကို စတင်ခဲ့ပြီး First Firmament ဟာလည်း Celestial တွေရဲ့ တိုက်ခိုက်မှုကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားကာ Multiverse ဆိုတာကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Celestial တွေဟာ Eternal တွေနဲ့ Deviant တွေကို ဖန်တီးခဲ့ပါတယ်။ ဒါကြောင့်ပဲ First Firmament က စမ်းသပ်မှုအဖြစ် ဖန်တီးခဲ့တဲ့ Celestial တွေဟာ သူတို့ရဲ့စမ်းသပ်မှုအဖြစ်နဲ့ Thena အပါအဝင် Eternal တွေကို ထပ်မံဖန်တီးခဲ့တာ ဖြစ်ပါတယ်။

(2) သူမရဲ့ မူလအမည်ဟာ Azura ပဲ ဖြစ်ပါတယ်။

photo via screenrant

Zuras နဲ့ Eternal တွေဟာ အိုလံပီယာမှာ အခြေလာချတဲ့ အချိန်မှာတော့ ဂရိနတ်ဘုရားတွေဟာ အဲဒီသတင်းကို ကြားသိပြီး တွေ့ဆုံဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ဂရိနတ်ဘုရားတွေဟာ အိုလံပစ်တောင်ရဲ့ Pocket Dimension ထဲမှာ နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး Eternal တွေကတော့ ဂရိနတ်ဘုရားတွေရဲ့ နေရာကို ဝင်ယူခဲ့ပါတယ်။ ဖခင်ဖြစ်တဲ့ Zuras ကတော့ Zues ရဲ့ နေရာကို ယူခဲ့ပြီး သမီးဖြစ်တဲ့ Azura ကတော့ Athena ရဲ့ နေရာကို ယူခဲ့ပါတယ်။ ဒါ့အပြင် Azura ဟာ Athena နဲ့ ဆင်တူစေဖို့အတွက် နာမည်ကို Thena လို့ ပြောင်းလဲခဲ့ပြီး ဒါကြောင့်ပဲ လူသားတွေဟာ Eternal တွေကို နတ်ဘုရားတွေလို့ ထင်မှတ်ခဲ့ကြပါတယ်။

(3) လူသားတွေရဲ့ သမိုင်းကြောင်းကိုလည်း ပုံဖော်ပေးခဲ့ပါတယ်။

photo via screenrant

Eternal တွေကတော့ ဂရိနတ်ဘုရားတွေလိုပဲ Cosmic စွမ်းအင်တွေနဲ့ စွမ်းအားကြီးတဲ့ Being တွေ ဖြစ်ပါတယ်။ Thena ကတော့ Athena နဲ့ ဆင်တူတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားပြီး လူသားတွေရဲ့ သမိုင်းကြောင်းကိုလည်း ပုံဖော်ပေးခဲ့ပါတယ်။ Eternal တွေရဲ့ ခေါင်းဆောင်တွေထဲက တစ်ယောက် ဖြစ်တာကြောင့် သူမဟာ ကမ္ဘာပေါ်က လူသားတွေကိုလည်း လမ်းပြပေးခဲ့ပြီး လူသားတွေရဲ့ သမိုင်းကြောင်းကိုလည်း တချို့နေရာတွေမှာ အနည်းငယ် ပြုပြင်ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူမဟာ လူသားတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေမှာ အလွန်အမင်း မပါဝင်မိဖို့ သစ္စာဆိုခဲ့ပါတယ်။

(4) Odin နဲ့လည်း စစ်ခင်းခဲ့ဖူးပါတယ်။

photo via screenrant

အချိန်တစ်ခု ကြာမြင့်ပြီးတဲ့ နောက်မှာတော့ အကြောင်းတစ်ခုကြောင့် Thena အပါအဝင် Eternal တွေဟာ သူတို့ကိုယ်သူတို့ နတ်ဘုရားတွေ မဟုတ်ဘဲ Eternal တွေ ဖြစ်တဲ့အကြောင်း လူထုကို ချပြခဲ့ရပါတယ်။ အဲဒီအချိန်မှာတော့ လူထုဟာ Eternal တွေကို ဆန့်ကျင်ခဲ့ပြီး တချိန်တည်းမှာပဲ Odin ကလည်း Eternal တွေကို Celestial တွေရဲ့ နယ်ရုပ်တွေလို့ ဆိုကာ စစ်ခင်းခဲ့ကြပါတယ်။

အဲဒီလို Odin က Eternal တွေနဲ့ စစ်ခင်းနေချိန်မှာတော့ Thor ဟာ Eternal တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Celestial တွေရဲ့ အစီအစဉ်တွေကို အားလုံးက သိသွားခဲ့ကြပြီး Eternal တွေနဲ့ Asgardian တွေ ပူးပေါင်းကာ Celestial တွေကို ပြန်လည် တိုက်ခိုက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်တွေကြားထဲမှာပဲ ဖခင်ဖြစ်တဲ့ Zuras ဟာ သေဆုံးသွားခဲ့ပြီး သမီးဖြစ်တဲ့ Thena က Prime Eternal ဖြစ်လာခဲ့ပါတယ်။

(5) Deviant ခေါင်းဆောင် Kro နဲ့လည်း ချစ်ကြိုက်ခဲ့ပါသေးတယ်။

photo via screenrant

ကောမစ်ထဲမှာတော့ Thena ဟာ Deviant ခေါင်းဆောင် Kro နဲ့လည်း ချစ်ကြိုက်ခဲ့ပါသေးတယ်။ သူတို့နှစ်ယောက်ကတော့ Babylon မြို့မှာ စတင်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ တကယ်တော့ Kro ဟာ Thena ကို အဲဒီအချိန်မှာပဲ သတ်ပစ်ခဲ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Thena ရဲ့ အလှတရားနဲ့ သူမရဲ့သွင်ပြင်ပုံစံကြောင့် မသတ်ရက်ခဲ့ဘဲ နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက် ချစ်ကြိုက်သွားကြပါတယ်။ သူတို့နှစ်ယောက်ဟာ တွဲလိုက်၊ ပြတ်လိုက် အခြေအနေမျိူး ဖြစ်ပြီး သူတို့ရဲ့ ဆက်ဆံရေးဟာ နှစ်ပေါင်းထောင်နဲ့ချီပြီး ကြာမြင့်ခဲ့ပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက် ချစ်ကြိုက်နေတာကိုလည်း ဘယ်သူမှ မသိအောင် ဖုံးကွယ်ထားခဲ့ကြပါတယ်။

(6) သူမမှာ အမွှာကလေးလည်း ရှိပါတယ်။

photo via screenrant

Thena ဟာ Kro နဲ့ ဆက်ဆံရေးကြောင့် ဗီယက်နမ်စစ်ပွဲအချိန်ကာလမှာ ကိုယ်ဝန်ရသွားပြီး သူမရဲ့ပုံစံကို ထိန်းသိမ်းရမှာ ဖြစ်တာကြောင့် သန္ဓေသားလောင်းကို လူသားအမျိူးသမီးတစ်ယောက်ရဲ့ သားအိမ်ထဲကို လျှို့ဝှက်စွာ ထည့်ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ Deborah နဲ့Donald Ritter ဆိုတဲ့ အမွှာလေးနှစ်ယောက် မွေးလာပါတော့တယ်။ သူတို့နှစ်ယောက်ဟာ သာမန်လူသားပုံစံပဲ ဖြစ်ပေမယ့်လည်း Eternal နဲ့ Deviant မျိူးစပ်ထားတာကြောင့် ထူးဆန်းတဲ့ စွမ်းအားတွေကို ရရှိထားပြီး နောက်ပိုင်းမှာတော့ သူတို့ဟာ Thena အပါအဝင် တခြားစူပါဟီးရိုးတွေနဲ့လည်း တွေ့ဆုံခဲ့ကြပါတယ်။

(7) Eternal တွေရဲ့ ခေါင်းဆောင်လည်း ဖြစ်ခဲ့ပါတယ်။

photo via screenrant

Zuras သေဆုံးသွားပြီးတဲ့ နောက်မှာတော့ Thena ဟာ Eternal တွေရဲ့ခေါင်းဆောင် ဖြစ်လာပြီး Ikaris ကတော့ အဲဒီအချက်ကို သဘောမတူခဲ့ပါဘူး။ ဒါကြောင့်ပဲ Ikaris ဟာ Eternal တွေရဲ့ ခေါင်းဆောင်နေရာကို ရယူဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပြီး နောက်ဆုံးတစ်ခေါက်မှာတော့ သူဟာ Kro ကို ရှာဖွေတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ Thena ဟာ Kro ကို ကယ်တင်ပြီး သူတို့နှစ်ယောက်အကြောင်းကို လူအသိခံကာ ခေါင်းဆောင်နေရာကို စွန့်လွှတ်မလား၊ Kro ကို အသေခံကာ ခေါင်းဆောင်နေရာမှာ ဆက်နေမလား ဆိုတာကို ရွေးချယ်ရပါတော့တယ်။ Thena ကတော့ Kro ကို ကယ်တင်ဖို့ပဲ ရွေးချယ်ခဲ့တာကြောင့် Ikaris ဟာ ခေါင်းဆောင်နေရာကို ရရှိသွားပါတော့တယ်။

ဒါကတော့ Eternals ရုပ်ရှင်ထဲက ဇာတ်ကောင် Thena နဲ့ ပတ်သက်တဲ့ ကောမစ်ထဲက စိတ်ဝင်စားစရာ အချက်တွေပဲ ဖြစ်ပါတယ်။ အခုလို ဆောင်းပါးတွေ ဖတ်ရှုရတာ စိတ်ဝင်စားရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular