HomeEntertainmentFilmဒီဇင်ဘာလ (၁၇)ရက်နေ့မှာ ထွက်ရှိလာတော့မယ့် The Witcher Season 2

ဒီဇင်ဘာလ (၁၇)ရက်နေ့မှာ ထွက်ရှိလာတော့မယ့် The Witcher Season 2

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Witcher ဇာတ်လမ်းတွဲကတော့ ၂၀၁၉ ခုနှစ်တုန်းက Netflix ကနေ ထွက်ရှိခဲ့တာ ဖြစ်ပြီး အခုဆိုရင်တော့ Season 2 ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

တခြားရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲတွေလိုပဲ The Witcher Season 2 ဟာ ကိုဗစ်ကြောင့် နှောင့်နှေးကြန့်ကြာမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ The Witcher ဇာတ်လမ်းတွဲကတော့ Andrzej Sapkowski ရဲ့ ဝတ္ထုတွေကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာတော့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Geralt of Rivia နေရာမှာတော့ နာမည်ကြီးသရုပ်ဆောင် ဖြစ်တဲ့ Henry Cavill က ပါဝင်သရုပ်ဆောင်ထားပါတယ်။ Season 1 ထဲမှာတော့ Geralt ရဲ့ တစ်ကိုယ်တော် စွန့်စားခန်းတွေအပြင် Yennifer နဲ့ Cirilla တို့ကိုလည်း မြင်တွေ့ခဲ့ရပြီး Season 1 ရဲ့ အဆုံးမှာတော့ Geralt နဲ့ Cirilla တို့ နှစ်ယောက် တွေ့ဆုံသွားကြပါတယ်။ ဒါကြောင့်ပဲ Season 2 ထဲမှာတော့ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

အခုဆိုရင်တော့ Season 2 ဟာ လာမယ့် ဒီဇင်ဘာလ (၁၇)ရက်နေ့မှာ Netflix ကနေ ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် စတင်ကြည့်ရှုလို့ရမယ့် အချိန်ကတော့ မြန်မာစံတော်ချိန်နဲ့ဆိုရင် နေ့လယ် (၂:၃၀)နာရီ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ပရိသတ်တွေအတွက် နောက်ထပ် ဝမ်းသာစရာတစ်ခုကတော့ Netflix ဟာ တခြားရုပ်သံလိုင်းတွေလို မဟုတ်ဘဲ ဇာတ်လမ်းတွဲတွေကို Season တစ်ခုလုံး တန်းပြီးတင်ပေးတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Season 2 ကို စောင့်နေတဲ့ ပရိသတ်တွေအတွက် နောက်ထပ်အပိုင်းသစ်တွေကို ထပ်ပြီးတော့ စောင့်ဆိုင်းနေစရာ မလိုတော့ပါဘူး။

photo via screenrant

ဒါ့အပြင် The Witcher ဟာ Season 3 ထပ်မံ ထွက်ရှိလာဦးမယ်လို့လည်း Netflix က အတည်ပြုပြီးသွားပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကလည်း Geralt ရဲ့ ဆရာဖြစ်သူ Vesemir အကြောင်းကို ဖန်တီးထားတဲ့ Nightmare of the Wolf လည်း ထွက်ရှိခဲ့ပါသေးတယ်။ ဒါကြောင့်ပဲ သေချာတာတစ်ခုကတော့ Season 2 အပြင် The Witcher နဲ့ ပတ်သက်တဲ့ နောက်ထပ် ပရောဂျက်တွေလည်း ထွက်ရှိလာဦးမယ်လို့ ယူဆနိုင်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

The Witcher ဇာတ္လမ္းတြဲကေတာ့ ၂၀၁၉ ခုႏွစ္တုန္းက Netflix ကေန ထြက္ရွိခဲ့တာ ျဖစ္ၿပီး အခုဆိုရင္ေတာ့ Season 2 ထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။

တျခား႐ုပ္ရွင္ေတြနဲ႔ ဇာတ္လမ္းတြဲေတြလိုပဲ The Witcher Season 2 ဟာ ကိုဗစ္ေၾကာင့္ ေႏွာင့္ေႏွးၾကန႔္ၾကာမႈေတြနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။ The Witcher ဇာတ္လမ္းတြဲကေတာ့ Andrzej Sapkowski ရဲ႕ ဝတၳဳေတြကို အေျခခံၿပီး ျပန္လည္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။

photo via screenrant

ဒီဇာတ္လမ္းတြဲထဲမွာေတာ့ အဓိကဇာတ္ေကာင္ျဖစ္တဲ့ Geralt of Rivia ေနရာမွာေတာ့ နာမည္ႀကီးသ႐ုပ္ေဆာင္ ျဖစ္တဲ့ Henry Cavill က ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ Season 1 ထဲမွာေတာ့ Geralt ရဲ႕ တစ္ကိုယ္ေတာ္ စြန႔္စားခန္းေတြအျပင္ Yennifer နဲ႔ Cirilla တို႔ကိုလည္း ျမင္ေတြ႕ခဲ့ရၿပီး Season 1 ရဲ႕ အဆုံးမွာေတာ့ Geralt နဲ႔ Cirilla တို႔ ႏွစ္ေယာက္ ေတြ႕ဆုံသြားၾကပါတယ္။ ဒါေၾကာင့္ပဲ Season 2 ထဲမွာေတာ့ သူတို႔ႏွစ္ေယာက္ၾကားက ဆက္ဆံေရးေတြကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

အခုဆိုရင္ေတာ့ Season 2 ဟာ လာမယ့္ ဒီဇင္ဘာလ (၁၇)ရက္ေန႔မွာ Netflix ကေန ၾကည့္ရႈႏိုင္ၿပီ ျဖစ္ပါတယ္။ ဒါ့အျပင္ စတင္ၾကည့္ရႈလို႔ရမယ့္ အခ်ိန္ကေတာ့ ျမန္မာစံေတာ္ခ်ိန္နဲ႔ဆိုရင္ ေန႔လယ္ (၂:၃၀)နာရီ ျဖစ္ပါတယ္။ ဒါတင္မကေသးဘဲ ပရိသတ္ေတြအတြက္ ေနာက္ထပ္ ဝမ္းသာစရာတစ္ခုကေတာ့ Netflix ဟာ တျခား႐ုပ္သံလိုင္းေတြလို မဟုတ္ဘဲ ဇာတ္လမ္းတြဲေတြကို Season တစ္ခုလုံး တန္းၿပီးတင္ေပးတာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Season 2 ကို ေစာင့္ေနတဲ့ ပရိသတ္ေတြအတြက္ ေနာက္ထပ္အပိုင္းသစ္ေတြကို ထပ္ၿပီးေတာ့ ေစာင့္ဆိုင္းေနစရာ မလိုေတာ့ပါဘူး။

photo via screenrant

ဒါ့အျပင္ The Witcher ဟာ Season 3 ထပ္မံ ထြက္ရွိလာဦးမယ္လို႔လည္း Netflix က အတည္ျပဳၿပီးသြားၿပီ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဩဂုတ္လတုန္းကလည္း Geralt ရဲ႕ ဆရာျဖစ္သူ Vesemir အေၾကာင္းကို ဖန္တီးထားတဲ့ Nightmare of the Wolf လည္း ထြက္ရွိခဲ့ပါေသးတယ္။ ဒါေၾကာင့္ပဲ ေသခ်ာတာတစ္ခုကေတာ့ Season 2 အျပင္ The Witcher နဲ႔ ပတ္သက္တဲ့ ေနာက္ထပ္ ပေရာဂ်က္ေတြလည္း ထြက္ရွိလာဦးမယ္လို႔ ယူဆႏိုင္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular