HomeEntertainmentFilmThe Lion King ဇာတ်လမ်းနဲ့ ပတ်သက်ပြီး လူသိနည်းသေးတဲ့အချက်များ

The Lion King ဇာတ်လမ်းနဲ့ ပတ်သက်ပြီး လူသိနည်းသေးတဲ့အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Lion King ဇာတ်ကားကို ၁၉၉၄ခုနှစ်မှာ ပထမဆုံး animated movie အနေနဲ့ Disney က ထုတ်လုပ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားဟာ Disney ရဲ့အအောင်မြင်ဆုံး ဇာတ်ကားတွေထဲမှာ ပါဝင်ခဲ့ပြီး The Lion King animated movie ဟာဆိုရင် ဝင်ငွေ ဒေါ်လာ(၉၆၈.၅)သန်းတောင် ရရှိခဲ့ပါတယ်။ Animated movie ကတော့ အားလုံးပေါင်း သုံးကားထွက်ရှိထားပါတယ်။ ၂၀၁၉ခုနှစ်မှာတော့ ဒီဇာတ်လမ်းကို Live Action အဖြစ် ပြန်လည်ဖန်တီးခဲ့ပြီး ဒေါ်လာတစ်ဘီလျံကျော်  ဝင်ငွေရရှိတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ The Lion King ဇာတ်လမ်းနဲ့ ပတ်သက်ပြီး သင်မသိလောက်သေးတဲ့ အချက်တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Mufasa ရဲ့အဖေဟာ Rafiki ကို “ခွေးအ”တွေရဲ့လက်ကနေ ကယ်တင်ခဲ့ပါတယ်။
photo via screenrant

Lion King ဇာတ်လမ်းဟာ ဇာတ်ကောင်အမျိုးမျိုးအတွက် ဝတ္ထုတွေ အများကြီး ထွက်ရှိထားတဲ့ ဇာတ်အိမ်ကျယ်ပြန့်တဲ့ ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ A Tale Of Two Brothers ဆိုတဲ့ စာအုပ်ထဲမှာတော့ Rafiki ဟာ အာဖရိကကို လေ့လာဖို့အတွက် ခရီးထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ သူဟာ Mufasa ရဲ့အဖေဖြစ်သူ Ahadi တို့နေထိုင်တဲ့ Pride Land ကို ရောက်ရှိလာပါတယ်။ ဖြစ်ချင်တော့ ခွေးအတွေက ဝိုင်းပြီး ခြုံခိုတိုက်ခိုက်တာကို ခံရပါတယ်။ အဲ့ဒီအချိန်မှာပဲ Ahadi ဟာ သူ့ကိုခွေးအတွေရဲ့လက်ကနေ ကယ်တင်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကနေ စပြီးတော့ ကျေးဇူးတင်တဲ့အနေနဲ့ Rafiki ဟာ Ahadi တို့တွေနဲ့အတူ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

Zazu အကြံပေးရာထူးကို ရရှိခဲ့တဲ့ အကြောင်းအရင်း
photo via screenrant

Friends In Need ဆိုတဲ့ စာအုပ်ထဲမှာတော့ Mufasa ဟာ ခွေးအတွေ အစားခံရတော့မယ့် Zazu ကို ကယ်တင်ပေးခဲ့ပါတယ်။ အဲ့ဒီ့အချိန်ကစပြီး Zazu ဟာ သူ့အနားမှာ အမြဲတမ်း လိုက်ကပ်နေတာကြောင့် Mufasa ဟာ သိပ်ကို စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း တစ်ရက်မှာတော့ Zazu ဟာ Mufasa ကို အရေးကြီးတဲ့ သတင်းတစ်ခု ပေးခဲ့ပါတယ်။ အဲ့ဒါကတော့ Mufasa ရဲ့မိန်းမဖြစ်သူ Sarabi ဟာ တွင်းထဲမှာ ပိတ်မိနေတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ အဲ့ဒီအဖြစ်အပျက်ကြောင့်ပဲ Mufasa ဟာ ကျေးဇူးဆပ်တဲ့အနေနဲ့ Zazu ကို သူ့ရဲ့အကြံပေးအဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ How True, Zazu? ဆိုတဲ့ စာအုပ်ထဲမှာတော့ Zazu ဟာ ခြင်္သေ့တွေကို အကြံပေးတဲ့ တော်ဝင်ငှက်မျိူးနွယ်က ဆင်းသက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ခွေးအတွေဟာ Scar ရဲ့ ငယ်သူငယ်ချင်းတွေ ဖြစ်ပါတယ်။
photo via screenrant

Scar ကလေးဘဝပဲ ရှိသေးတဲ့အချိန်မှာတော့ Mufasa ဟာ တစ်ခြားသူတွေ လုံခြုံစေဖို့အတွက် ခွေးအတွေကို ခြောက်လှန့်ပြီး မောင်းထုတ်ပစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Scar ဟာ အဲ့ဒီခွေးအတွေနဲ့ တွေ့ဆုံမိသွားပြီး ခွေးအတွေက သူ့ဘဝအတွက် အကြံဉာဏ်တွေ ပေးခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့မျိူးစိတ်နှစ်ခုဟာ ဘယ်တော့မှ အဆင်မပြေကြပေမယ့်လည်း သူတို့အုပ်စုကတော့ လုံးဝကို ခွဲမရတဲ့ သူငယ်ချင်းတွေ ဖြစ်သွားခဲ့ပါတယ်။

Scar ရဲ့မျက်နှာက အမာရွတ်
photo via screenrant

Scar ရဲ့ တကယ့်နာမည်အရင်းဟာ Taka ဖြစ်ပြီးတော့ နောက်ပိုင်းမှာမှ Scar ရယ်လို့ အမည်ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ အကြောင်းကတော့ တစ်ရက်မှာ Mufasa နဲ့ ဒေါသထွက်နေကြတဲ့ ကျွဲတွေရဲ့ တိုက်ပွဲမှာ ကြားက ဝင်ရောက်တိုက်ခိုက်ဖို့ ခွေးအတွေက Scar ကို မြှောက်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ သူလည်း ဝင်ရောက်တိုက်ခိုက်တဲ့အချိန်မှာတော့ မမျှော်လင့်ထားဘဲ ကျွဲတွေရဲ့ တန်ပြန် တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ရဲ့မျက်နှာမှာ အစင်းကြောင်း အမာရွတ်ကြီး ရရှိသွားတာ ဖြစ်ပါတယ်။ ဒီမှာတင် သူ့ရဲ့ပထမဆုံး ရှုံးနိမ့်မှုကို သူ့ကိုယ်သူ သတိပေးဖို့အတွက် သူ့ရဲ့နာမည်ကို Scar လို့ ပြောင်းလဲခေါ်တွင်စေခဲ့တာ ဖြစ်ပါတယ်။

Timon နဲ့ Pumbaa တို့ ဘယ်လိုမျိူး တွေ့ဆုံခဲ့ကြသလဲ?
photo via screenrant

Timon ဟာ သူ့ရဲ့မျိူးနွယ်တူအုပ်စုထဲမှာ နေထိုင်ရတာကို ငြီးငွေ့လာတာကြောင့် တစ်ယောက်တည်း ထွက်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ Pumbaa ဟာ Timon ကို စိတ်ပူပြီး အနောက်ကနေ နောက်ယောင်ခံလိုက်ရင်းနဲ့ သူတို့နှစ်ယောက်ဟာ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ စွန့်စားခန်းတွေ ထွက်လာရင်းနဲ့ သူတို့ရဲ့လက်သုံးစကား ဖြစ်တဲ့ Hakuna Matata ရဲ့ အဓိပ္ပာယ်ကို ရှာတွေ့ခဲ့ကြပါတယ်။

အစတုန်းက Simba ဟာ Scar ကို ရှုံးနိမ့်ခဲ့ပါတယ်။
photo via screenrant

ဒီဇာတ်လမ်းကို ပထမဆုံးအကြိမ် ဖန်တီးခဲ့တုန်းက ဇာတ်သိမ်းမှာ Simba ဟာ Scar ကို ရှုံးနိမ့်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ တိုက်ခိုက်ကြရင်းနဲ့ Simba ဟာ ရှုံးနိမ့်သွားပြီး ချောက်ကမ်းပါးကနေ ပြုတ်ကျသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း Simba ဟာ ကံကောင်းစွာနဲ့ အသက်ရှင်ခဲ့ပြီး Scar ကတော့ သူအနိုင်ရသွားပြီလို့ ယူဆကာ ရယ်မောနေရင်းနဲ့ တောင်လောင်နေတဲ့ မီးတွေဟာ သူ့ကို ဝါးမြိုသွားခဲ့ပါတယ်။ ဒါကတော့ ပထမဆုံးအကြိမ် ဖန်တီးခဲ့တဲ့ ဇာတ်သိမ်းဖြစ်ပြီး ဒီဇာတ်သိမ်းဟာ ပယ်ချခံလိုက်ရပါတယ်။ ပြောင်းလဲသွားတဲ့ ဇာတ်သိမ်းကတော့ အားလုံးသိကြတဲ့အတိုင်း Scar ဟာ Simba ဆီမှာ ရှုံးနိမ့်ခဲ့ပြီး ခွေးအတွေက အရှင်လတ်လတ် စားပစ်တာကို ခံခဲ့ရပါတယ်။

ဒါကတော့ Lion King ဇာတ်လမ်းနဲ့ ပတ်သက်တဲ့ လူသိနည်းသေးတဲ့ စိတ်ဝင်စားစရာအချက်လေးတွေ ဖြစ်ပါတယ်။ ဒီလိုစိတ်ဝင်စားစရာ ဆောင်းပါးလေးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင် ဒီပေ့ချ်လေးကို Like & Follow လုပ်ထားပါလို့ တိုက်တွန်းလိုက်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

The Lion King ဇာတ္ကားကို ၁၉၉၄ခုႏွစ္မွာ ပထမဆုံး animated movie အေနနဲ႔ Disney က ထုတ္လုပ္ခဲ့ပါတယ္။ ဒါ့အျပင္ ဒီဇာတ္ကားဟာ Disney ရဲ႕အေအာင္ျမင္ဆုံး ဇာတ္ကားေတြထဲမွာ ပါဝင္ခဲ့ၿပီး The Lion King animated movie ဟာဆိုရင္ ဝင္ေငြ ေဒၚလာ(၉၆၈.၅)သန္းေတာင္ ရရွိခဲ့ပါတယ္။ Animated movie ကေတာ့ အားလုံးေပါင္း သုံးကားထြက္ရွိထားပါတယ္။ ၂၀၁၉ခုႏွစ္မွာေတာ့ ဒီဇာတ္လမ္းကို Live Action အျဖစ္ ျပန္လည္ဖန္တီးခဲ့ၿပီး ေဒၚလာတစ္ဘီလ်ံေက်ာ္  ဝင္ေငြရရွိတဲ့အထိ ေအာင္ျမင္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ The Lion King ဇာတ္လမ္းနဲ႔ ပတ္သက္ၿပီး သင္မသိေလာက္ေသးတဲ့ အခ်က္ေတြကို ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။

Mufasa ရဲ႕အေဖဟာ Rafiki ကို “ေခြးအ”ေတြရဲ႕လက္ကေန ကယ္တင္ခဲ့ပါတယ္။
photo via screenrant

Lion King ဇာတ္လမ္းဟာ ဇာတ္ေကာင္အမ်ိဳးမ်ိဳးအတြက္ ဝတၳဳေတြ အမ်ားႀကီး ထြက္ရွိထားတဲ့ ဇာတ္အိမ္က်ယ္ျပန႔္တဲ့ ဇာတ္လမ္းတစ္ခု ျဖစ္ပါတယ္။ A Tale Of Two Brothers ဆိုတဲ့ စာအုပ္ထဲမွာေတာ့ Rafiki ဟာ အာဖရိကကို ေလ့လာဖို႔အတြက္ ခရီးထြက္လာခဲ့ပါတယ္။ ဒီလိုနဲ႔ သူဟာ Mufasa ရဲ႕အေဖျဖစ္သူ Ahadi တို႔ေနထိုင္တဲ့ Pride Land ကို ေရာက္ရွိလာပါတယ္။ ျဖစ္ခ်င္ေတာ့ ေခြးအေတြက ဝိုင္းၿပီး ၿခဳံခိုတိုက္ခိုက္တာကို ခံရပါတယ္။ အဲ့ဒီအခ်ိန္မွာပဲ Ahadi ဟာ သူ႔ကိုေခြးအေတြရဲ႕လက္ကေန ကယ္တင္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္ကေန စၿပီးေတာ့ ေက်းဇူးတင္တဲ့အေနနဲ႔ Rafiki ဟာ Ahadi တို႔ေတြနဲ႔အတူ ေနထိုင္ခဲ့တာ ျဖစ္ပါတယ္။

Zazu အႀကံေပးရာထူးကို ရရွိခဲ့တဲ့ အေၾကာင္းအရင္း
photo via screenrant

Friends In Need ဆိုတဲ့ စာအုပ္ထဲမွာေတာ့ Mufasa ဟာ ေခြးအေတြ အစားခံရေတာ့မယ့္ Zazu ကို ကယ္တင္ေပးခဲ့ပါတယ္။ အဲ့ဒီ့အခ်ိန္ကစၿပီး Zazu ဟာ သူ႔အနားမွာ အၿမဲတမ္း လိုက္ကပ္ေနတာေၾကာင့္ Mufasa ဟာ သိပ္ကို စိတ္အေႏွာင့္အယွက္ ျဖစ္ခဲ့ရပါတယ္။ ဒါေပမယ့္လည္း တစ္ရက္မွာေတာ့ Zazu ဟာ Mufasa ကို အေရးႀကီးတဲ့ သတင္းတစ္ခု ေပးခဲ့ပါတယ္။ အဲ့ဒါကေတာ့ Mufasa ရဲ႕မိန္းမျဖစ္သူ Sarabi ဟာ တြင္းထဲမွာ ပိတ္မိေနတဲ့အေၾကာင္းပဲ ျဖစ္ပါတယ္။ အဲ့ဒီအျဖစ္အပ်က္ေၾကာင့္ပဲ Mufasa ဟာ ေက်းဇူးဆပ္တဲ့အေနနဲ႔ Zazu ကို သူ႔ရဲ႕အႀကံေပးအျဖစ္ ခန႔္အပ္ခဲ့တာ ျဖစ္ပါတယ္။ How True, Zazu? ဆိုတဲ့ စာအုပ္ထဲမွာေတာ့ Zazu ဟာ ျခေသၤ့ေတြကို အႀကံေပးတဲ့ ေတာ္ဝင္ငွက္မ်ိဴးႏြယ္က ဆင္းသက္လာခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

ေခြးအေတြဟာ Scar ရဲ႕ ငယ္သူငယ္ခ်င္းေတြ ျဖစ္ပါတယ္။
photo via screenrant

Scar ကေလးဘဝပဲ ရွိေသးတဲ့အခ်ိန္မွာေတာ့ Mufasa ဟာ တစ္ျခားသူေတြ လုံၿခဳံေစဖို႔အတြက္ ေခြးအေတြကို ေျခာက္လွန႔္ၿပီး ေမာင္းထုတ္ပစ္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ Scar ဟာ အဲ့ဒီေခြးအေတြနဲ႔ ေတြ႕ဆုံမိသြားၿပီး ေခြးအေတြက သူ႔ဘဝအတြက္ အႀကံဉာဏ္ေတြ ေပးခဲ့ၾကပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔မ်ိဴးစိတ္ႏွစ္ခုဟာ ဘယ္ေတာ့မွ အဆင္မေျပၾကေပမယ့္လည္း သူတို႔အုပ္စုကေတာ့ လုံးဝကို ခြဲမရတဲ့ သူငယ္ခ်င္းေတြ ျဖစ္သြားခဲ့ပါတယ္။

Scar ရဲ႕မ်က္ႏွာက အမာ႐ြတ္
photo via screenrant

Scar ရဲ႕ တကယ့္နာမည္အရင္းဟာ Taka ျဖစ္ၿပီးေတာ့ ေနာက္ပိုင္းမွာမွ Scar ရယ္လို႔ အမည္ေျပာင္းလဲသြားတာ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ တစ္ရက္မွာ Mufasa နဲ႔ ေဒါသထြက္ေနၾကတဲ့ ကြၽဲေတြရဲ႕ တိုက္ပြဲမွာ ၾကားက ဝင္ေရာက္တိုက္ခိုက္ဖို႔ ေခြးအေတြက Scar ကို ေျမႇာက္ေပးခဲ့ပါတယ္။ ဒီလိုနဲ႔ သူလည္း ဝင္ေရာက္တိုက္ခိုက္တဲ့အခ်ိန္မွာေတာ့ မေမွ်ာ္လင့္ထားဘဲ ကြၽဲေတြရဲ႕ တန္ျပန္ တိုက္ခိုက္တာကို ခံခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူ႔ရဲ႕မ်က္ႏွာမွာ အစင္းေၾကာင္း အမာ႐ြတ္ႀကီး ရရွိသြားတာ ျဖစ္ပါတယ္။ ဒီမွာတင္ သူ႔ရဲ႕ပထမဆုံး ရႈံးနိမ့္မႈကို သူ႔ကိုယ္သူ သတိေပးဖို႔အတြက္ သူ႔ရဲ႕နာမည္ကို Scar လို႔ ေျပာင္းလဲေခၚတြင္ေစခဲ့တာ ျဖစ္ပါတယ္။

Timon နဲ႔ Pumbaa တို႔ ဘယ္လိုမ်ိဴး ေတြ႕ဆုံခဲ့ၾကသလဲ?
photo via screenrant

Timon ဟာ သူ႔ရဲ႕မ်ိဴးႏြယ္တူအုပ္စုထဲမွာ ေနထိုင္ရတာကို ၿငီးေငြ႕လာတာေၾကာင့္ တစ္ေယာက္တည္း ထြက္လာခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာ Pumbaa ဟာ Timon ကို စိတ္ပူၿပီး အေနာက္ကေန ေနာက္ေယာင္ခံလိုက္ရင္းနဲ႔ သူတို႔ႏွစ္ေယာက္ဟာ အခ်စ္ဆုံးသူငယ္ခ်င္းေတြ ျဖစ္လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ စြန႔္စားခန္းေတြ ထြက္လာရင္းနဲ႔ သူတို႔ရဲ႕လက္သုံးစကား ျဖစ္တဲ့ Hakuna Matata ရဲ႕ အဓိပၸာယ္ကို ရွာေတြ႕ခဲ့ၾကပါတယ္။

အစတုန္းက Simba ဟာ Scar ကို ရႈံးနိမ့္ခဲ့ပါတယ္။
photo via screenrant

ဒီဇာတ္လမ္းကို ပထမဆုံးအႀကိမ္ ဖန္တီးခဲ့တုန္းက ဇာတ္သိမ္းမွာ Simba ဟာ Scar ကို ရႈံးနိမ့္ခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ တိုက္ခိုက္ၾကရင္းနဲ႔ Simba ဟာ ရႈံးနိမ့္သြားၿပီး ေခ်ာက္ကမ္းပါးကေန ျပဳတ္က်သြားခဲ့ပါတယ္။ ဒါေပမယ့္လည္း Simba ဟာ ကံေကာင္းစြာနဲ႔ အသက္ရွင္ခဲ့ၿပီး Scar ကေတာ့ သူအႏိုင္ရသြားၿပီလို႔ ယူဆကာ ရယ္ေမာေနရင္းနဲ႔ ေတာင္ေလာင္ေနတဲ့ မီးေတြဟာ သူ႔ကို ဝါးၿမိဳသြားခဲ့ပါတယ္။ ဒါကေတာ့ ပထမဆုံးအႀကိမ္ ဖန္တီးခဲ့တဲ့ ဇာတ္သိမ္းျဖစ္ၿပီး ဒီဇာတ္သိမ္းဟာ ပယ္ခ်ခံလိုက္ရပါတယ္။ ေျပာင္းလဲသြားတဲ့ ဇာတ္သိမ္းကေတာ့ အားလုံးသိၾကတဲ့အတိုင္း Scar ဟာ Simba ဆီမွာ ရႈံးနိမ့္ခဲ့ၿပီး ေခြးအေတြက အရွင္လတ္လတ္ စားပစ္တာကို ခံခဲ့ရပါတယ္။

ဒါကေတာ့ Lion King ဇာတ္လမ္းနဲ႔ ပတ္သက္တဲ့ လူသိနည္းေသးတဲ့ စိတ္ဝင္စားစရာအခ်က္ေလးေတြ ျဖစ္ပါတယ္။ ဒီလိုစိတ္ဝင္စားစရာ ေဆာင္းပါးေလးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ ဒီေပ့ခ်္ေလးကို Like & Follow လုပ္ထားပါလို႔ တိုက္တြန္းလိုက္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular